Monday, March 5, 2012

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် ဖိတ်ကြားခြင်း

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်



မြန်မာအသင်း(ကိုရီးယား)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ၁၅၊ ၄၊ ၂၀၁၂ တွင် ကျင်းပမည်ဖြစ်ပါသဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆင်နွှဲကြမည့် ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအား ဖိတ်ကြားအပ်ပါသည်။ ပူးပေါင်းပါဝင်ဆင်နွှဲကြမည့် အဖွဲ့အစည်းများ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ဦးခင်မောင်ရင် (၀၁၀ - ၂၇၈၈ - ၇၁၅၃)၊ ဦးသန့်ဇင်အောင် (၀၁၀ - ၉ ၀၅၄ - ၄၇၂၇) တို့ဖြစ်ပါသည်။

နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဧည့်ခံဖျော်ဖြေရေးအစီအစဉ် အသေးစိတ် ရေးဆွဲလိုပါသဖြင့် ပါဝင်ဆင်နွှဲကြမည့် ၀ါသနာရှင် ညီအကိုများအား ၁၈ ၊ ၃၊ ၂၀၁၂ နေ့လည် ၁ နာရီ အချိန်တွင် ပူချွန်းမြို့ မြန်မာအသင်းရုံးခန်းသို့ မပျက်မကွက် အစည်းအဝေးတက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာအသင်း (ကိုရီးယား)


No comments: