Monday, February 25, 2013

၁၈ ကြီမ်မြောက် သမတ ဘဂီ(န်)ဟဲ သမတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို

 
ဓာတ်ပုံ အင်တာနက်က တဆင့် ကူးယူဖော်ပြပါတယ်။ 
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီအချိန် ဘဂီ(န်)ဟဲသည် ဆိုးလ် (ဆောအုလ်) ဆမ်ဆောန်ရပ်ကွက် နေအိမ်မှ စတင် ထွက်ခွာပြီး နိုင်ငံတော် ပြည်သူ့ သုဿာန်သို့ သွားရောက်ပြီး အာဇာနည် ခေါင်းဆောင်များကို ဂါဝရ အလေးပြုပြီး ၁၁ နာရီ အချိန် ကိုရီးယား ပြည်သူ့ လွှတ်တော်တွင် ကျင်းပမယ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ သွားရောက်ခဲ့ပါတယ်။ ကျမ်း သစ္စာ ကျိန်ဆိုပွဲ မစတင်မှီအချိန်အတွင်း ကိုရီးယား အဆိုတော်များက ၁၉၆၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် ထင်ရှားကျော်ကြား ခဲ့သော တေးသီချင်းများနဲ့ ဂုဏ်ပြု ဖျော်ဖြေပေးခဲ့ပြီး သမတ ဘဂီ(န်)ဟဲသည် ပြည်သူ့ ကိုယ်စားလှယ် ၃၀ ဦး ခြံရံပြီး အခမ်းအနား စင်မြင့်စင် ပေါ်သို့ တက်လှမ်းခဲ့ပါတယ်။ နံနက် ၁၁ နာရီအချိန် ကျမ်း သစ္စာ ကျိန်ဆိုပွဲကို စတင်ခဲ့ရာ ၁၇ ကြီမ်မြောက် သမတ ယီမြောင်ဘနဲ့ ဇနီး၊ သမတ ဟောင်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများက ခေါင်းဆောင်များ၊ နိုင်ငံတကာ ဖိတ်ကြားထားတဲ့ နိုင်ငံခေါင်းဆောင်များ၊ သံတမန်များအပါအ၀င် ကိုရီးယား ပြည်သူ ၇ သောင်းကျော် တက်ရောက်ကြပါတယ်။ ကျမ်းသစ္စာ ကျန်ဆိုပွဲ အခမ်းအနားကို နံနက် ၁၁ နာရီအချိန်မှာ စတင်ပြီး နိုင်ငံ အလံအား အလေးပြုခြင်း၊ ကျဆုံးသွားကြသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုခြင်း၊ တပ်မတော် ဘင်ခရာ တီးဝိုင်းကြီးနဲ့ နိုင်ငံတော် ရိုးရာ တီးဝိုင်းကြီးက ချီတက်ပြီးနောက် သမတ ကျမ်း သစ္စာ ကျိန်ဆိုပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ၀န်ကြီးချုပ်က ဂုဏ်ပြု အမှာစကား ပြောဆိုပါတယ်။ ၄င်းနောက် ၁၈ ကြီမ်မြောက် သမတ ဘဂီ(န်)ဟဲက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၅ အရ သမတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုပါတယ်။ ကိုရီးယား အမျိုးသား တေးသီးချင်း အာရီလာန်ကို သီချင်းကို သီဆိုပြီးနောက် သမတ ဘဂီ(န်)ဟဲက နိုင်ငံတော် ပြည်သူများအား မိန့်ခွန်း ပြောကြားပါတယ်။ မိန့်ခွန်း ပြောကြားရာတွင် ပြည်သူများ စိတ်ချမ်းသာ ပျော်ရွှင်ရေးအတွက် အဓိက ထား လုပ်ဆောင်ပြီး၊ ပညာရေးကို ထောက်ပံ့ ပေးသွားမှာဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး အလုပ်အကိုင်များ တိုးတက်ရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက်လည်း ထောက်ပံ့ ကူညီ သွားမှာဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နူးကရီးယားနဲ့ တာဝေး ပစ် ဒုံးကျည်များ ထုတ်လုပ်မှု ရပ်စဲရေးအတွက် နိုင်ငံတကာနဲ့ ဆွေးနွေးပြီး ဖွံ့ဖြိုးရေးအတွက်ကို လုပ်ဆောင် ပေးသွားမှာဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် စိတ်ချရသော နိုင်ငံရေး၊ စီးပွား၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ ဘက်စုံ တိုးတက် ဖွံ့ဖြိုးရေး စွမ်းစွမ်းတမံ လုပ်ဆောင် သွားမှာဖြစ်ကြောင်း ပြည်သူအများကလည်း ၀န်းရံ ပူးပေါင်း လုပ်ဆောင်သွားရန် ပြောကြားသွားပါတယ်။ မိန့်ခွန်း ပြောကြားပြီး ပြည်သူအများကို နုတ်ဆက်ရာ ဗဟို စင်မြင့်စင်သို့ သွားရောက်ပြီး တက်ရောက် လာကြသော ပြည်သူများကို လက်ရမ်း နုတ်ဆက်ပါတယ်။ သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားပြီးနောက် ဂွာန်ဟွာမု(န်) ရင်ပြင်သို့ သွားရောက်ပြီး ပြည်သူများ ရင်ဖွင့်သံ အနာဂတ် သစ်ပင်ကို ဖွင့်လှစ်ပြီး သစ်ပင်တွင် ချိပ်ထားသော ပြည်သူ့ ရင်ဖွင့်သံ ၃၆၅ ခုထဲက ၃ ခုကို ကိုယ်တိုင် ဆွတ်ခူးပြီး ဖြေကြားသွားပါတယ်။ ကျန်ရှိသော ပြည်သူ့ ရင်ဖွင့်သံ စာများကို အိမ်ပြာတော်သို့ သယ်ဆောင်ပြီး အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး သမတ အိမ်ပြာတော် အ၀င်ဝတွင် ကြိုဆိုနေကြသော ပြည်သူများကို နုတ်ဆက်ပြီး သမတ အိမ်ပြာတော်သို့ ၀င်ရောက်သွားခဲ့ပါတယ်။ ည ၇ နာရီအချိန် သမတ အိမ်ပြာတော် ဧည့်ခံ ခမ်းဆောင်ကြီး၌ ဖိတ်ကြားထားသော နိုင်ငံတကာက ခေါင်းဆောင်များ၊ သံတမန်များနဲ့ ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ညနေစာဖြင့် ဧည့်ခံသွားမှာ ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ထုတ် သတင်းများက ဆီလျော်အောင် ဘာသာပြန်ဆိုလိုက်ပါတယ်။ သမတ ဘဂီ(န်)ဟဲသည် သမတ အိမ်ပြာတော်သို့  ၃၄ နှစ်အကြာမှာ ပြန်လည် ၀င်ရောက်ပြီး နိုင်ငံတကာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။

2 comments:

စိုးမိုးသူ said...
This comment has been removed by the author.
စိုးမိုးသူ said...

ကိုဇော်မိုးအောင်ရေ။ 박근혜ကို ဘဂူနဲ လို့ရေးတာ ပိုနီးစပ်မလား မသိဘူး။