ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
နှစ်ကူးပိတ်ရက် ဂျဲဂျူးကျွန်းသို့ သွားမည့် ခရီးစဉ်တွင် လိုက်ပါမည့်သူများသည် အောက်ပါအချက်များကို ပြည့်စုံအောင် ပြင်ဆင် ယူဆောင်လာကြရန် ကြိုတင် သတိပေးအပ်ပါသည်။
၁) နေထိုင်ခွင့် ဗီဇာကတ်ပြား ID card
၂) အသားကပ်ဝတ်စုံ၊ လက်အိတ်၊ ဦးထုပ်/ခေါင်းစွပ်၊ နားကာ၊ မာဖလာ
၃) အအေးဒဏ် ခံနိုင်သည့် အနွေးထည်
၎) လမ်းလျှောက်ဖိနပ် (walking shoe)သို့မဟုတ် တောင်တက်ဖိနပ်
၅) ရေကူးလိုသူများ ရေကူးဝတ်စုံ
၆) တောင်တက်လိုသူများ တောင်တက်ဝတ်စုံ
ခရီးစဉ်
၁) စုရပ်ဖြစ်သည့် ပူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ (မြန်မာအသင်းရုံးခန်း) သို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (သောကြာနေ့) ညနေ ၄း၀၀ နာရီ အရောက် လာရောက်ရမည်။
၂) ညနေ ၆း၃၀ တွင် အင်ချွန်းဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး နောက်တနေ့ မနက် ၈း၀၀ နာရီတွင် ဂျဲဂျူးကျွန်းသို့ ရောက်ရှိမည်။
၃) ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ နှစ်ရက် ကျွန်းပေါ်တွင် အပမ်းဖြေ နေထိုင်မည်။
(한라산 등반 (1 일) , 제주관광 버스투어 (1 일))
၎) ၁၄ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ဂျဲဂျူးမှ ပြန်လည် ထွက်ခွာပြီး နောက်တနေ့ မနက် အင်ချွန်းသို့ ပြန်ရောက်မည်။
(မှတ်ချက်= ပူချွန်းမှ အင်ချွန်းသို့ သွားသည့် ခရီးစရိတ် ၀မ် ၇၀၀၀ ကို သီးခြားပေးရပါမည်။)
Monday, February 8, 2010
ဂျဲဂျူးခရီး လိုက်မည့်သူများအတွက် သတိပေးချက်
ကိုရီးယား နှစ်သစ်ကူး အလှူပွဲများ ဖိတ်ကြားလွာ

ကိုရီးယား နှစ်သစ်ကူး (설날 ) ဆောလ ပိတ်ရက် ၌ မြန်မာ ဗုဒ္ဓသာသနာ ပြုကျောင်းတော်(ကိုရီးယား)တွင် အောက်ဖော်ပြပါ အလှူရှင်များ က အလှူ ဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာ မိတ်ဆွေ အပေါင်းအား ခင်မင် ရင်နှီး စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
(၁၀.၂.၁၀)ဗုဒ္ဒဟူးနေ့၊ ၊ကွယ်လွန်သူ (မောင်ငြိမ်းချမ်း )၂၀နှစ် အားရည်စူးပြီး ကျန်ရစ်သူ မိသား(အရုဏ်ဆွမ်း ၊ ကြာဇံဆီချက်)
(၁၃.၂.၁၀)စနေနေ့၊ ၊၁၃ ရက်နေ့ ဂေါဂျယ် ဒေ၀ူးသင်္ဘောကျင်းအဖွဲ့ (အရုဏ်ဆွမ်း/နေ့ဆွမ်းနန်းကြီးသုတ်၊မြန်မာထမင်းဟင်း၊)
(၁၃.၂.၁၀)စနေနေ့၊ ၊ကျောက်တန်းသားညီအစ်ကိုများ (အုန်းနို့ခေါက်ဆွဲ)
(၁၄.၂.၁၀)တနင်္ဂနွေ နေ့၊ ၊ ကွယ်လွန်သူ ဖခင်ကြီး (ဦးအောင်လှမြင့်) ၆၆နှစ်အားရည်စူးပြီး က
ိုအောင်ထွန်းဇော် အရုဏ်ဆွမ်း(မြီးရှည်)
)(၁၄.၂.၁၀.)တနင်္ဂနွေ နေ့၊ ၊မြင်းခြံမြို့သူမြို့သားများ (နေ့ဆွမ်း ၊ဒံပေါက်ထမင်း)
(၁၅.၂.၁၀) တနင်္လာနေ့ ၊ ၊ကိုညီညီဦး (အရုဏ်/ နေ့ဆွမ်း ပလာတာ၊ အုန်းထမင်း)
ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁
Labels: ဘာသာရေး, လူမှုရေး, မောင်းသတင်း
၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား)မှတ်တမ်းပုံများ
နားလည်ပေးကြပါ
အထက်ပါ မှတ်တမ်းပုံများကို Server သို့ Upload လုပ်ချိန်တွင် မူလက Save လုပ်ထားသော ရေစာ(Water Mark)များကို တည်းဖြတ်ရန် ၊ မေ့လျော့သွားပါသဖြင့် ၊ ပုံများတွင် Snapshot of Ko Wyne ဟူသော စာတမ်းများပါရှိနေခြင်းဖြစ်ပါသည် ။ ထိုမှတ်တမ်းပုံများကို ကိုဝိုင်းက ရိုက်ကူးခဲ့ခြင်းမဟုတ်ပါ ။ သို့ပါ၍ အထက်ပါပုံများကို မေတ္တာဖြင့် မှတ်တမ်းတင်ပေးခဲ့ကြသည့် ကိုဝင်းထွန်း ၊ ကိုဇော်တိုးလွင် နှင့် ကိုမြင့်ကျော်(ဝိုင်အိုင်တီ)တို့ကို အနူးညွှတ် တောင်းပန်ပါသည် ။
Labels: ဒီမိုလှုပ်ရှားမှု, မှတ်တမ်းဓါတ်ပုံ, သတင်းဖတ်စာ, သမိုင်း, မောင်းသတင်း
Sunday, February 7, 2010
မြန်မာအသင်းတည်ရှိရာ ဘူချွန်းအလုပ်သမားရိပ်သာ၌ သင်တန်းများတက်ရောက်နိုင်
မြန်မာအသင်း ရုံးစိုက်ရာ ဘူချွန်းမြို့ အလုပ်သမားရိပ်သာက ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ သက်မွေးဝမ်းကျောင်းအတတ်ပညာ ထောက်ပံ့ရေးအစီအစဉ်အရ ၂၀၁၀ ခုနှစ် သင်တန်းကာလအတွက် သင်တန်းသားများ လက်ခံနေကြောင်း ကြားသိရပါတယ်။ တက်ရောက်နိုင်သည့် သင်တန်းအမျိုးအစားများမှာ ကားမောင်းသင်တန်း၊ Photoshop ၊ Excel ၊ ကွန်ပြူတာတပ်ဆင်ခြင်းသင်တန်းနှင့် CAD သင်တန်းတို့ ဖြစ်ကြပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်မှ ၂၁ ရက်အတွင်း စာရင်းပေးသွင်းနိုင်ကြပါတယ်။ အသေးစိတ် သိရှိလိုပါက ဦးခင်မောင်ရင် ဖုန်း- ၀၁၀ ၉၃၈၆ ၇၁၅၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်ခင်ဗျာ။
2010년도 기술교육 프로그램
신청을 받습니다
| 개설과목 | 기 간 | 장 소 | 회 비 | 모집인원 | 담 당 |
| 운전면허 | 3~5월중 (토요일,일요일) | 운전면허학원 | 30만원지원+본인부담금 = 학원비 | 선착순7명! | 이한나 |
| 포토샵 | 2~6월중 (일요일) | 부천외국인 노동자의집 | 10,000원 | 10명 | 공경미 |
| 엑셀 | 2~4월중 (일요일) | 부천외국인 노동자의집 | 10,000원 | 10명 | 공경미 |
| 컴퓨터 조립 | 4,5월중 (일요일) | 부천외국인 노동자의집 | 10,000원 | 15명 | 정현실 |
| CAD | 4,5월중 (일요일) | 부천외국인 노동자의집 | 10,000원 | 15명 | 시탈아 |
| 신 청 기 간 | |||||
| 2010년 2월 7일 ~ 2010년 2월 21일 | |||||
★ 운전면허 과목은 운전면허증으로 인해 미등록이실 경우 신청불가.★
--- 교육기간은 사정에 따라 일부 변경 될 수 있습니다. ---
Saturday, February 6, 2010
၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖိတ်ကြားစာ
Labels: ဖိတ်စာ
Friday, February 5, 2010
ဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကိုရီးယားနှစ်သစ်ကူးပိတ်ရက်တွင် ကိုရီးယားသို့ ကြွရောက်တော်မူမည်
ကိုဝိုင်း(မိုးညှင်း)
ဇန်နဝါရီလ ၁၇ ရက်။
ဓမ္မဒူတစင်တာ(ကိုရီးယား)
၏ ၊ ပဓာန နာယကဆရာတော်အရှင်ဆေကိန္ဒ(ဓမ္မဒူတ) သည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၊ တောင်ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်တော်မူလာပြီး ၊ နောက်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် (တနင်္ဂနွေနေ့) ညနေပိုင်းတွင် မြန်မာပြည်သို့ ပြန်လည်ကြွမြန်းတော်မူမည်ဖြစ်ကြောင်း သိရသည် ။ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် ၊ ကိုရီးယားနှစ်သစ်ကူးပိတ်ရက် ဓမ္မသဘင်ကို အောက်ပါအစဉ်အတိုင်း ကျင်းပမည် ဟုဆိုသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက် (စနေနေ့) ၊ ဖေဖော်ဝါရီလ ၁၄ ရက် (တနင်္ဂနွေနေ့)၊
အချိန် ။ မွန်းလွဲ ၁နာရီ ၃၀ မိနစ် (တစ်နာရီခွဲ) ၊
နေရာ ။ ဓမ္မဒူတ သိမ်တော်ခမ်းမ
အဆိုပါ ကိုရီးယားနှစ်သစ်ကူးကာလအတွင်း ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာသူကြီးမိသားစုနှင့် မြိတ်အသင်း(ကိုရီးယား) အသင်းသူအသင်းသားများက လည်းကောင်း ၊ ၁၄ ရက်နေ့တွင် ဂုံဂျီအမ် မြန်မာလူငယ်များကလည်းကောင်း အမျိုးမျိုးသော အာဟာရတို့ဖြင့် ဒါနပြု ကုသိုလ်တော်ယူကြမည် ဖြစ်ကြောင်းသိရသည် ။
Labels: ဖိတ်စာ, ဘာသာရေး, မောင်းသတင်း, ကြေညာချက်
ပူဆန်းမြို့ မြန်မာဘုန်းတော်ကြီးကျောင်းတက်ပွဲသို့ ဖိတ်ကြားခြင်း
ကိုရီးယားနိုင်ငံအတွင်း ထေရ၀ါဒ ဗုဒ္ဓသာသနာ ရွှေရောင်ထွန်းစေဖို့ရာ ရည်ရွယ်၍ ပူဆန်းမြို့တွင် ဖွင့်လှစ်မည့် ပြည်တော်ဦး မြန်မာ-ကိုရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန် ကျောင်းတက်ပွဲသို့ ကြွရောက်ကြပါရန် အမျိုးသားကောင်း၊ အမျိုးသမီးကောင်း သူတော်ကောင်းအပေါင်းတို့အား ဖိတ်မန္တက ပြုလိုက်ပါသည်။ဗုဒ္ဓရိပ်သာကို လွန်ခဲ့သောနှစ်အတန်ကြာကပင် ကိုရီးယားသို့ မကြာခဏ ကြွရောက်ကာ သာသနာပြုနေ တ်ာမူသော သံဃာတော် အရှင်မြတ် အရှင် ပဏ္ဍိစ္စ၏ ဦးဆောင်မှုဖြင့် သာသနာ အဓွန့်ရှည်ရေးနှင့်ပြန့်ပွား ရးကို အကျိုးမျှော်သော ပူဆန်းဒေသနေ မြန်မာနိုင်ငံသား ဒါယကာ၊ ဒါယိကာမများ ၏ ပံ့ပိုးမှုတို့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။အခြားသော ဒေသများရှိ မြန်မာဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် မြန်မာနိုင်ငံသားများ၏ သာသနာရေး ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ တရားသဘင်များ၊ သာသနာရေးဆိုင်ရာ အခမ်းအနားနှင့် ပွဲတော်များကို လည်းလုပ်ဆောင်သွားမည်ဖြစ်သလို၊ သာသနာ့ရိပ်သာကို မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးသော ဓလေ့နှင့်အညီ အရိပ်လိုသူ မြန်မာနိုင်ငံသားများအတွက် ခိုကိုးရာ နေရာ တခုအဖြစ်လည်း ထားရှိဆောင်ရွက် သွားမည်ဖြစ် သည်။
ကျောင်းတက်ပွဲ အချိန်။ ။ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ရက် နေ့လည် ၁နာရီမှ ၃နာရီထိ
အကျွေးအမွေး။ ။ ကြက်သားပလာတာ (နံက် ၁၀နာရီမှ ၁၂နာရီထိ )
ခရီးလမ်းညွှန် ။ ။
နမ်ချွန်းဘူတာ(남천역) နံပါတ် ၁ ထွက်ပေါက်မှ 수영구 남천 2동(ဆူယောင်းဂူ နမ်ချွန်း အပိုင်း၂ ) 삼익비치 아파트( စမ်းမစ်ဘီဂျီ Apartment) 213동 205호 ( တိုက်အမှတ် ၂၁၃၊ အခန်းအမှတ် ၂၀၅) (နံပါတ်2လိုင်း(အစိမ်း)
နာမ်ချွန်းဘူတာ နံပါတ် ၁ ထွက်ပေါက်တွင် အကျိုးဆောင်အဖွဲ့မှ ခရီးကြိုပေးမည်ဖြစ်ပါသည်။
ဆက်သွယ်ရန် ----
ကိုလှထွန်း ၀၁၀ ၂၂၈၉ ၃၄၉၀ ကိုတိုးသူရ ၀၁၀ ၈၆၈၉ ၃၄၃၈
ကိုဇော်သူရ ၀၁၀ ၂၃၄၉ ၄၇၄၇ ကိုမောင်လွင် ၀၁၀ ၂၅၄၁ ၉၄၆၄
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
ဗုဒ္ဓသာသနာ နေရောင်ဖြာသို့ - ရောင်ဝါထွန်းလို့ လင်းစေသောဝ်။
ပြည်တော်ဦး မြန်မာ-ကိုးရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန်
ပြည်တော်နိဗ္ဗာန် ဦးမဂ္ဂံ၊
ပြည်တော်ဦးက မဂ်ရှစ်တန်။
ရွှေပြည်နိဗ္ဗာန် ဆိုက်ရောက်ရန်၊
ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်။
ရွှေပြည်တော် နိဗ္ဗာန်နန်းကိုလ မှန်းဆမျှော်မြှင်
ဦးအစ မဂ်ရှစ်အင် ပြည်တော်ဦး မဂ်လမ်းစဉ်ကို
ရွှေဘုန်းရှင် တွင်တွင်ပွားစို့လေး။ ။
Labels: ဘာသာရေး, မောင်းသတင်း
Thursday, February 4, 2010
မတရားဖြတ်တောက်ငွေများ ပြန်လည်ရရှိရေး အမှုစွဲဆိုရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ လက်မှတ်ရေးထိုးကြရန်ကိစ္စ
ကိုဝိုင်း(မိုးညှင်း)
ဇန္နဝါရီလ ၂၁ ရက် ။
ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂသည် ၊ မြန်မာအလုပ်သမားများ မတရားဖြတ်တောက်ခံထားရသည့် အုပ်ချုပ်မှုစရိတ်နှင့် ပြည်တော်ပြန်စရိတ်များ ပြန်လည်ရရှိရေး အတွက် တင်ပြထားကြသည်များကို စုစည်းလျက် ၊ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ၊ အမှုတွဲကို ပြည်သူ့အကျိုးပြု ကိုရီးယားရှေ့နေများအဖွဲ့ (공익변호사그룹:공감) သို့ လွဲအပ်ခဲ့ကြောင်း ၊ အဆိုပါ ပြည်သူ့အကျိုးပြုကိုရီးယားရှေ့နေများအဖွဲ့ အနေဖြင့်လည်း အဖွဲ့အတွင်း အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်ရှေ့နေ Mr Jeong Jeong Hun, Mr Jang Seo Yeon, နှင့် Mr Hwang Phil Kyu တို့အား တာဝန်အပ်နှင်းခဲ့ကြောင်း သိရပါသည် ။
ဖော်ပြပါ တာဝန်ခံ အကျိုးဆောင်ရှေ့နေများ ၏ ညွှန်ကြားချက်အရ အမှုလွဲအပ်သည့် ပုဂ္ဂိုလ်များအနေဖြင့် တရားဝင် ရှေ့နေကိုယ်စားလှယ်လွဲစာ ပေးအပ်ရမည်ဖြစ်ပြီး ၊ တရားရုံးသို့ ဥပဒေနှင့်အညီ ခိုင်လုံစွာ တင်ပြနိုင်ရန် အောက်ပါစာရွက်စာတမ်းများလိုအပ်နေကြောင်းလည်း သိရပါသည်-
- ကိုယ်စားလှယ်လွှဲအပ်သူအမှုသည်၏ နိုင်ငံခြားသားကပ် (မိတ္တူ)
- အုပ်ချုပ်မှုစရိတ်ဖြတ်တောက်ငွေ အထောက်အထားများ(ငွေစုစာအုပ်ပါမှတ်တမ်း ၊ ဖြတ်တောက်ငွေစာရင်းပါသည့် လစာစာအိပ် သို့မဟုတ် Slip စသည်) မိတ္တူ ၊
- မည်သည့်အချိန်က ကိုရီးယားသို့ ရောက်ခဲ့ပြီး မည်သည့် အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သည် ၊ အုပ်ချုပ်မှုစရိတ်နှင့် အာမခံငွေကို မည်သို့ပေးသွင်းခဲ့သည် စသည့် မှတ်တမ်းအကျဉ်း ၊
ထို့ပြင် ၊ အမှုစွဲဆိုကြမည့် ပုဂ္ဂိုလ်များအနေဖြင့် ၊ ရှေ့နေကိုယ်စားလှယ်လွဲစာကို လက်မှတ်ရေးထိုး၍ လာမည့် ကိုရီးယားနှစ်ကူးပိတ်ရက်(ဖေဖော်ဝါရီ ၁၃ ၊ ၁၄ ၊ ၁၅ ) အတွင်း ၊ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ အပ်နှံပေးကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သိရပါသည် -
- ကိုစိုးမိုးသူ (၀၁၀-၇၁၅၅-၆၅၈၁) သို့မဟုတ်
- ကိုဝိုင်း (၀၁၀-၂၃၃၁-၂၄၅၇)
ယခင်အမည်စာရင်း ပေးထားပြီးသူများအပြင် ၊ အမှုသစ်စွဲဆို လိုသူများရှိပါကလည်း ၊ ယခု သတင်းလွှာတွင် ဖော်ပြထားသည့် လိုအပ်ချက်များကို ပြည့်စုံစွာ ဖြည့်စွက် တင်သွင်းနိုင်ကြကြောင်းသိရသည် ။
***
ရှေ့နေကိုယ်စားလှယ်လွှဲစာ (အောက်ပါနေရာ) တွင် ရရှိနိုင်ပါသည် ။
Labels: သတင်းဖတ်စာ, အလုပ်ခွင်ရေးရာ, ဥပဒေနှင့်စည်းကမ်း, မောင်းသတင်း, ကြေညာချက်
ကိုရီးယား ရုပ်ရှင် ဟာမိုနီ ဇာတ်ဝင်သီချင်း
ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
ဟန်းဂုရွာကို အလည်တစ်ခေါက် ရောက်လာကြတဲ့ သူတွေ နည်းနည်းလေးပဲဖြစ်ဖြစ် စိတ်အပမ်းပြေစေဖို့ မကြာခင်က ရုံတင်သွားတဲ့ ကိုရီးယား ရုပ်ရှင်ကား ဟာမိုနီ(Harmony) ရဲ့ ဇာတ်ဝင်သီချင်းလေးကို မျှဝေလိုက်ပါတယ်ဗျာ။
Harmony
Song by – Leeyounghyun(Bigmama), ZE:A (Brown Eyed Girls)
이영현(빅마마) , 제아 (브라운아이드걸스)
Harmony ဇာတ်ဝင်သီချင်း ကြည့်ရန်
ကျန်းမာရွှင်လန်းပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။
Type rest of the post here
Labels: ဖျော်ဖြေရေး
ပြည်ထောင်စုနိုင်ငံ
ဒီစာတမ်းက ကိုရီးယားမှာ ၂၀၀၆ ခုနှစ်က ကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ တင်ပြ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အခု လေးနှစ်အကြာမှာ အချို့ အချက်အလက်တွေက ပြောင်းလဲတာတွေတောင် ရှိသွားပါပြီ။ အခြေခံ အချက်အလက်နဲ့ သဘောတရားကတော့ မပြောင်းလဲသေးပါ။ ထပ်မံ ဖြည့်စွက်ချင်တာတွေလည်း ရှိပါသေးတယ်။ သို့ပေမယ့် ဒီအတိုင်းပဲ ဖြန့်ဝေလိုက်ပါတယ်။ စိတ်ဝင်စားသူများ ဆက်လက် တွေးဖြစ်စေဖို့ပါ။
Union State by Wpm
Labels: ဒီမိုလှုပ်ရှားမှု, ဖတ်စရာ, သမိုင်း, အယူအဆ
Tuesday, February 2, 2010
ကိုရီးယားရောက် မြန်မာများ ဆောင်းရာသီ အပန်းဖြေခရီးထွက်မည်
ကိုဝိုင်း(မိုးညှင်း)
ဇန္နဝါရီ ၁၉ ။
လာမည့် ဖေဖော်ဝါရီလ ၁၄ ရက် (ကိုရီးယားနှစ်သစ်ကူးပိတ်ရက်ကြီးနေ့) တွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး ၊ဆောင်းရာသီ အပန်းဖြေခရီးထွက်ကြမည်ဖြစ်ကြောင်း ၊ သွားရောက်မည့်နေရာမှာ (Vivaldi Park Ski World) ဗီဗယ်လ်ဒီစကိတ်စီးအပန်းဖြေဥယျာဉ်ဖြစ်ကြောင်း သိရသည် ။
လိုက်ပါလိုသူများ ဓမ္မဒူတဗုဒ္ဓဘာအသင်း(ကိုရီးယား) နှင့် မြန်မာဆိုင်များတွင် ယာဉ်နေရာများ ကြိုတင် မှာကြားရယူနိုင်ပြီဖြစ်ကြောင်း ၊ တစ်ဦးလျင် ခရီးစရိတ် ဝမ် ၃ သောင်း ၅ထောင် (အပန်းဖြေဥယျာဉ်အတွင်း ကွန်ဒိုရာမိုးပျံယာဉ်စီးခ အပါအဝင်)နှုန်း သတ်မှတ်ထားကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ဓမ္မဒူတ(ကိုရီးယား)မှ ယာဉ်များစတင်ထွက်ခွါမှာဖြစ်ပြီး ၊ နေ့လည် ၁၂ နာရီခန့်တွင် အပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၊ အပမ်းဖြေဥယျာဉ်အတွင်း စိတ်ကြိုက် အပန်းဖြေကြပြီး ညနေ ၅ နာရီတွင် အပန်းဖြေစခန်းမှ ပြန်လည်ထွက်ခွါမည်ဖြစ်ကြောင်း ၊ ကိုရီးယားနှစ်ကူးပိတ်ရက်ကြီးခရီးစဉ်ဖြစ်သဖြင့် ယာဉ်ကြိုတင်စီစဉ်ရမည်ဖြစ်ရာ ၊ လိုက်ပါလိုသူများ ဖေဖော်ဝါရီလ ၇ ရက်(တနင်္ဂနွေနေ့)ညနေ ၆ နာရီ နောက်ဆုံးထားပြီး ၀၁၀-၂၃၃၁-၂၄၅၇ ထံ စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း ၊ ၄င်းခရီးစဉ်နှင့် အတူလိုက်ပါရန် ဗီဇာရှိဖို့မလိုကြောင်း သိရသည် ။
အပန်းဖြေစခန်း အခြေအနေ ကြိုတင်သိရှိလိုသူများ ၊ အောက်ပါ ဗီဒီယိုကလစ်နှင့် ၊ ပုံများ ကြိုတင် လေ့လာနိုင်သည်ဟု ဆိုပါသည်-
ဓါတ်ပုံများမှာ- (ကလစ်)
Labels: ဘ၀နေဟန်, သတင်းဖတ်စာ, ဖျော်ဖြေရေး, မောင်းသတင်း
Monday, February 1, 2010
ကိုရီးယားရောဂါ
Labels: Multimedia, သုခုမရင်ပြင်, ဖျော်ဖြေရေး
Saturday, January 30, 2010
၆၃ ကြိမ်မြောက် ၊ မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်
မွန်အသင်း(ကိုရီးယား)၏ ဦးဆောင်မှုဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မွန်အမျိုးသားများ စုစည်းလျက် ၊ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ (၂၀၁၀ပြည့်နှစ် ဇန္နဝါရီလ ၃၀) အထိမ်းအမှတ် အခမ်းအနားနှင့် အာဟာရဒါန အလှူပွဲကို ၊ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည် -
နေရာ ။ ဓမ္မဒူတစင်တာ(ကိုရီးယား)
အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးကြရန် ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးတို့ကို ဖိတ်ကြားထားသည် ။ဧည့်သည်တော်များကို ထိုင်းအစားအစာ (ဖတ်ကဖောင်)ဖြင့် တည်ခင်းဧည့်ခံမည်ဟု ဆိုသည် ။
လမ်းညွှန်နှင့် အသေးစိတ်အစီအစဉ်ကို ဖုန်းနံပါတ် ၀၁၀-၅၈၀၅-၆၀၃၁
ထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း သိရသည် ။
Labels: ဖတ်စရာ, ဖိတ်စာ, မောင်းသတင်း, ကြေညာချက်
Thursday, January 28, 2010
Realtek High Definition Audio Driver R2.39
အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .
Download Driver for Windows 2000, Windows XP/2003 (32/64 bits)
Download
Download Driver for Windows 7/ Vista (32/64 bits)
Download
Labels: ကွန်ပျူတာ
မျိုးတူစု
- မောင်းသတင်း
- ကိုရီးယားသတင်း
- ဖတ်စရာ
- လူမှုရေး
- ဘာသာရေး
- သတင်းဖတ်စာ
- အလုပ်ခွင်ရေးရာ
- ဘ၀နေဟန်
- ကြေညာချက်
- ဖိတ်စာ
- ဒီမိုလှုပ်ရှားမှု
- ပြည်တွင်းသတင်း
- အယူအဆ
- စာအုပ်စင်
- ဆောင်းပါး
- ကဗျာ
- အထေ့အငေါ့
- မှတ်တမ်းဓါတ်ပုံ
- သုခုမရင်ပြင်
- Multimedia
- နည်းပညာ
- အလုပ်သမား အထောက်အကူပြု အစီအစဉ်
- ဟန်းဂုရွာစာတိုက်
- ကွန်ပျူတာ
- နိုင်ငံတကာ
- ဘာသာစကား
- အက်ဆေး
- အင်တာနက်
- နာဂစ်
- ကိုရီးယားယဉ်ကျေးမှု
- ကိုရီးယားစကား
- ကျန်းမာရေး
- ဟာသ
- မိတ်ဆက်ကိုရီးယား
- ၀တ္ထုတို
- ဥပဒေနှင့်စည်းကမ်း
- ထိုးနှက်ချက်
- ဖျော်ဖြေရေး
- မြန်မာစာ မြန်မာစကား
- နာရေး
- သာဓုအနုမောဒနာ
- အလုပ်ကြော်ငြာ
- ဥပဒေနှင့်စည်းကမ်း
- MWFF
- ကျန်းမာရေး လူမှုရေး
- သမိုင်း
- ကဗျာရှည်
- စကားပုံ
- အားကစား
- Internet ဈေးဝယ်လမ်းညွှန်
My Blog List
-
မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်.... - *“ ပြည်သူ မပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီး များ ပိုင်သော ပုဂ္ဂလိက ပိုင်” ဆို သော ကျမ ရဲ့ စာ အတွက်.. အီးမေးလ် နဲ့ ရရှိလာ တဲ့.. ဆောင်းပါး တပုဒ် ပါ။* ...5 hours ago
-
US Citizen Burmese - Nyi Nyi Aung sentenced 5 years by the Burmese Junta - *အမေရိကန်နိုင်ငံသား မြန်မာပြည်သား ညီညီအောင်ကို ထောင် ၅ နှစ် ချမှတ် - AAPP ထုတ်ပြန်* *မိုးမခအထောက်တော် ၀၀၉* *ဖေဖော်ဝါရီ ၁၀၊ ၂၀၁၀* ယနေ့ ထုတ်ပြန်ချက်တွင် ၂၀၀၉ ...6 hours ago
-
အလုပ်သမားတွေ ဖက်က တနိုင်ငံလုံးရပ်တည်ကြပါစို့ - အလုပ်သမား အရေးတော်ပုံ (ဂုဏ်ပြုသီချင်း) အလုပ်သမား လယ်သမား စွမ်းအားနဲ့ တို့ပြည်ထောင်သစ်ကို ထူထောင်မည် တပ်မတော်သားတွေလဲ ပါဝင်မည် ။ ကျောင်းသားတွေလဲပါဝင...8 hours ago
-
ဦးခွန်ထွန်းဦးနှင့် တိုင်းရင်သားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို) ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်။ - http://pnsjapan.blogspot.com/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ဖေဖေါ်ဝါရီလ(၉)ရက်နေ့  မတရားဖမ်းဆီးခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံေ...19 hours ago
-
Opportunity Cost and Health - Opportunity cost ဆိုတာ ဘောဂဗေဒ အသုံးအနှုန်း တစ်ခုဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တစ်စုံတစ်ခုကို လိုချင်လို့ အဲဒီပစ္စည်း ဒါမှ မဟုတ် ရွေးချယ်မှုတစ်ခုကို လုပ်လိုက်...1 day ago
-
ကျနော်ဆက်မတွေးချင်သော ကဗျာတပုဒ် - ဒီကနေ့ ကျနော် ဝတ္ထုတိုတပုဒ် တင်လိုက်ပါတယ်။ ဒီဝတ္ထုတိုကလေးက ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျနော်နဲ့ အတူတူ တရုံးထဲအလုပ်လုပ်ခဲ့ဖူးတဲ့ လူတယောက်ကိုအကြောင်းပြုပြီ...2 days ago
-
ဟိုပေါက် ဒီပေါက် - 3D ရုပ်ရှင်ကြည့်ပြီး ရေးလိုက်ကြတာ။ ကလူသစ်ကတော့ အဲ့ဒီလောက်နဲ့ မရဘူး။ 7D ရုပ်ရှင်လာမှ ကြည့်မယ် အားခဲထားတာပဲ။ မူးပြီး ပေါက်ကရရေးနေတယ် မထင်နဲ့အုန်း။ သေသေချာချာ...3 days ago
-
ကဗျာမဟုတ်.... - စိတ်ကျ… ဆိုတာ ဆိုလို့ ကောင်းတဲ့ သီချင်းတပုဒ်မဟုတ်။ ကဗျာရေးစရာ စကားလုံးတလုံး မဟုတ်..။ ပန်းချီရေးမယ်ဆိုရင်တောင် Surrealism နဲ့သာ ရေးလို့ကောင်းမယ့် အဖြစ်..။ ဒ...1 week ago
-
သေခြင်းကင်းသောမြို့ - မြို့ နာမည်က "သေခြင်းကင်းသောမြို့"တဲ့။ ဖိုးလုံးက အဲသည့်မြို့သား။ မြို့ကလေးရဲ့ ပတ်ဝန်းကျင် တခိုကို ကြည့် လိုက်ရင် လည်း တောရိပ် တောင်ရိပ်တွေနဲ့ စိတ်ချမ်းမြေ...1 week ago
-
အဓိပတိ လမ်းပေါ်က ရဟန်းတစ်ပါး - (၁) “သစ်ပုတ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊ အဓိပတိလမ်းနှင့် လွမ်းမောဖွယ်ရာမြကျွန်းသာ၊ အင်လျားကန်ဘောင်က ဗူးသီးကြော်။ စောင့်မျှော်နေသောညနေ၊ တက္ကသိုလ်ကျောင်းကငွေလ...1 week ago
-
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပတ်ဝန်းကျင်တွင် လူများ စုဝေး - ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ နေ့လည် ၄ နာရီ ပတ်ဝန်းကျင်ခန့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ဘက်တွင် နအဖ လုံခြုရေးများနှင့် အခြား သာမန် ပြည်သူများ စုရုံး...1 month ago
-
အမှတ်တရ ကဗျာ (၁) - ကိုယ်ဟာ နီရိုးဘုရင်လို အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး တစ်ခုခုလိုနေလိမ့်မယ်ဗျာ… မရေးတာကြာတော့ ဘာမှန်းကို မသိဘူး… စိတ်ညစ်တယ်… အမှတ်တရ ကဗျာ (၁) ...2 months ago
-
ထောင်ကလွတ်တဲ့ ရဟန်းတော်တွေ - . ထောင်ထဲက လွတ်မြောက်လာခဲ့တဲ့ ရဟန်းတော်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမား တွေ အခြေအနေကြားရတာ ၀မ်းသာစရာပါ။ ဘာရည်ရွယ်ချက်နဲ့ပဲ ပြန်လွှတ် လွှတ်၊ လွတ် မြောက်ခြင်...4 months ago
-

.jpg)

