လွန်ခဲ့တဲ့ စနေည ဆိုင်ပိတ်ခါနီးမှာ ၊ မြန်မာ အီးနိုင်းကိုကို တစ်ယောက် ၊ အကူအညီတစ်ခု တောင်းချင်လို့ ဆိုပြီး ခွင့်တောင်းပါတယ် ။ ပြော-ညီလေး ဆိုတော့ ၊ တရားရုံးကစာလာလို့တဲ့ စာကို ထုတ်ပြတယ် ။
အဲသည်ဖြစ်စဉ် နှင့် ပတ်သက်ပြီး အခြားသော အီးနိုင်း ညီငယ်တွေလည်း သိရှိ ဆင်ခြင် နိုင်ကြစေဖို့ သည်စာကိုရေးပါတယ် ။
ဖြစ်စဉ်ကတော့ ၊ အင်တာနက် ကြည့်ကြ ။ ဖေ့စ်ဘွတ်ကြည့်ကြ ၊ ပုံတွေ တင်ကြ ၊ ရှယ်ကြတယ် ။ အဲသည်မှာ ခလေးသူငယ် များ မမြင်အပ်တဲ့ ပုံတွေ ၊ တင်ကြ ရှယ်ကြ ၊ ဖုန်းထဲမှာ သိုလှောင်ထားကြရာမှာ (아동•청소년의 성보호에 관한 법률) ခလေး နှင့် သူငယ် လိင် စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ နှင့်ငြိပြီး ဖြစ်တဲ့အမှုပါ ။
- အမှုတွဲမှာ ပူးတွဲစွပ်စွဲခံရသူ အားလုံးပေါင်း ၄ ယောက် ၊ မြန်မာတွေချည်းပါပဲ ။ ၃ ယောက်ကတော့ ပြန်သွားကြပြီ ။ လွန်ခဲ့တဲ့လ ဗီဇာ ကုန်လို့ ဗီဇာ သွားတိုးကြရာမှာ အမှု ရှိလို့ဆိုပြီး လဝက က ဗီဇာ တိုးမပေးတော့ဘဲ ၊ ပြန်သွားကြရတယ်လို့ ဆိုပါတယ် ။ သူကတော့ လာမယ့် ၄ လပိုင်းမှာ ဗီဇာကုန်မယ် ။
- လွန်ခဲ့သော နှစ် ၉ လပိုင်း ၊ တစ်နေ့ အခန်းသို့ ရဲတွေ ရောက်လာပြီး ၊ ဖုန်းတွေကို ယူစစ်ကြောင်း ၊ ပြန်သွားကြပြီဖြစ်သည့် ၃ ဦးသော ဖုန်းတွေ ထဲမှာတော့ ခလေးသူငယ်များ မမြင်အပ်တဲ့ ပုံတွေ သိုလှောင်ထားတာကို တွေ့သွားကြောင်း ။ နောက် (ယခုကျန်သူ) ရဲ့ ဖုန်းထဲမှာတော့ အဲဒါမျိုးမတွေ့ ။ သို့သော်လည်း ဖေ့စ်ဘုတ် အကောင့်တစ်ခု ကို ညွှန်ပြကြောင်း ၊ ၄င်းဖေ့စ်ဘုခ်မှာ ယခင်က ၄င်းအသုံးပြုခဲ့ဖူးသော အကောင့် ဖြစ်နေကြောင်း ၊ ၄င်းအကောင့် တွင် တင်ထားသော ကလေးသူငယ်များ မမြင်အပ်သည့် ပုံများမှာ ၄င်းတင်ခဲ့သော ပုံများ မဟုတ်လားဟု ထောက်ပြမေးမြန်းရာ မှန်ကြောင်း ဝန်ခံခဲ့တယ်လို့ ပြောပြသိရှိရပါတယ် ။
- ဒဏ်ငွေ ဘယ်လိုဆောင်ခဲ့ကြရတာလဲ လို့မေးကြည့်တော့ ၊ အမှုစွဲတင်အရာရှိက ဖုန်းဆက်ပြီး ဘဏ်အကောင့်ပေးတယ် ၊ အဲသည် အကောင့် ထဲ ပိုက်ဆံ လှမ်းထည့်ပေးရမယ်ဆိုလို့ ထည့်ပေးလိုက်ကြတယ် ။ ပြန်သွားကြတဲ့ ၃ ယောက် အမှုက အဲသည်လို ပြီးသွားတယ်လို့ ဆိုပါတယ် ။
တကယ်တော့ အဲသည် အမှုက မပြီးသေးပါဘူး ။ အခုမှ တရားရုံးတင်မှာပါ ။ ခု တရားရုံးကို အမှုတွဲတင်ပို့ချိန်မှာတော့ ပူးတွဲစွပ်စွဲခံ ၃ ယောက်က မြန်မာပြည်ပြန်သွားကြပြါုပီ ။ ဒါပေမယ့် ရဲဌာနာမှာ အမှုအစစ်ခံရပြီ ဆိုကတည်းက လက်ဗွေတွေယူ ၊ ကိုယ်ရေးမှတ်တမ်းမှာ ပြစ်မှု အတွက် သံသယ ဖြစ်ခံရသူ (피의자) သို့မဟုတ် အမှုဖြစ်နေသူအဖြစ် မှတ်ပုံတင်ခြင်းခံရပြီးသားပါ ။ အဲသည်မှာ ဗီဇာ သက်တမ်းတိုးမယ်လုပ်ကြတော့ အလုပ်လုပ်ခွင့်ဗီဇာ (E9) ပေးဖို့ ငြင်းဆန်ခံလိုက်ကြရတာပါ ။ (အမှန်တကယ်သာ အမှုကို နည်းလမ်းတကျ ရင်ဆိုင်ခဲ့ရမယ်ဆိုလျင် ၊ အမှုမပြိးသေးချိန်မှာ မိမိတို့မှာ အပြစ်ရှိတယ်မရှိဘူး မသိရသေးတဲ့အတွက် အလုပလ်လုပ်ခွင့်ဗီဇာ မရတောင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဗီဇာ တစ်ခုခု လျှောက်ထားခွင့်ရရှိကြရမှာပါ ။)
အဲသည်လိုမျိုးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လို ကိုင်တွယ်ဖြေရှင်းကြရတယ် ဆိုတာကို မြန်မာ အီးနိုင်း ညီအစ်ကိုများ ဥာဏ်မုန်တိုင်းဆင်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ် ။
- အဲသည်အမှုကို စတင်စစ်ဆေးတဲ့သူတွေက ဆိုင်ဘာရဲဌာန (사이버경찰청) က အမှုလိုက်ရဲ(수사경찰) တွေပါ ။ ရဲတွေက အမှုတွဲကို အမှုစွဲအရာရှိ(검찰관) ထံတင်ပြရပါတယ် ။
- အမှုစွဲအရာရှိ (검찰관) က စွဲချက်လွှာ(공소장) ရေး ပြီး အမှုတွဲကို သက်ဆိုင်ရာ တရားရုံး (관할법원) ထံ အမှုစွဲတင်ရပါတယ် ။ အမှုစွဲချက်လွှာ(공소장) နမူနာကို ပုံနှင့်တကွ ပူးတွဲ တင်ပြထားပါတယ် -
- အဲသည်လို စွဲတင်ရာမှာ လိုအပ်မယ်ဆိုရင် ရီမန်လို့ ခေါ်တဲ့ ချုပ်မိန့် (구속영장) တောင်းခံခြင်း ၊ ဒဏ်ကြေးအာမခံငွေ ပေးသွင်းမိန့် တောင်းခံခြင်း (가납명령청구) တို့ကို ၂၄ နာရီအတွင်း ဆောင်ရွက်ရပါတယ်
- အမှုစွဲတင်အရာရှိဟာ တရားရုံးက စွပ်စွဲခံရသူအပေါ် ဒဏ်ငွေပေးဆောင်စေရန် အမိန့် (가납명령) ချမှတ်ခဲ့ပါက ၊ စွပ်စွဲခံရသူအနေဖြင့် ဒဏ်ငွေမဆောင်ဘဲ တိမ်းရှောင်လိမ့်မည် သို့မဟုတ် ပေးဆောင်နိုင်စွမ်းမရှိလို့ ယူဆတဲ့အခါမှာ မိမိရဲ့ ထင်မြင်ချက် (검사의견) နှင့်တကွ ဒဏ်ကြေးအာမခံငွေပေးသွင်းရန် ကြားဖြတ်မိန့် (약식명령) ချမှတ်ပေးဖို့ တရားသူကြီးထံ တင်ပြရပါတယ် - 
- တရားရုံးကတော့ အဲသည်လို အမိန့်တောင်းခံလာမှု အတွက်အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ဆောင်စေ သို့မဟုတ် ဆောင်စေခြင်းမှ ကင်းလွတ်စေဆိုတဲ့ ကြားဖြတ်မိန့်ကို ချမှတ်ပေးရပါတယ် ။
- တရားရုံးက ဒဏ်ငွေပေးဆောင်စေရန်အမိန့် (가납벌과금납부명령) ချမှတ်ပါက အမှုသည်ဟာ သက်ဆိုင်ရာ အမှုလိုက်အရာရှိရုံး (검찰청) က ညွှန်ကြားတဲ့ ဘဏ်စာရင်းသို့ လွဲပို့ခြင်း သို့မဟုတ် မိမိအမည် သီးသန့် ဘဏ်စာရင်းဖွင့် အပ်နှံခြင်းတို့ကို ဆောင်ရွက်ရပါတယ် ။
- အမှုလိုက်ဌာနမှာသုံးနေတဲ့ ငွေသွင်းပုံစံ ရှိပါတယ် ။ အလွဲသုံးစားလုပ်တာတွေ ၊ မသမာမှုတွေ မရှိရအောင်လို့ စနစ်တကျ စီမံထားကြတာပါ ။ ဒဏ်ငွေပေးဆောင်ရန် အမိန့်စာကို ပူးတွဲ တင်ပြထားပါတယ် -
- စွပ်စွဲခံရသူဟာ အမှုကို ရင်ဆိုင်ပြီး တရားရုံးအမိန့် ကျချိန်မှာ ၊ အမှုနိုင်ရင် အဲသည် သွင်းထားတဲ့ငွေတွေကို ပြန်လည်ထုတ်ယူရရှိနိုင်တဲ့ငွေဖြစ်ပါတယ် ။ ဒဏ်ငွေပါခဲ့မယ် ဆိုရင်တော့ ပေးသွင်းထားတဲ့ ဒဏ်ကြေးအာမခံငွေ ထဲက ခုနှိမ်ပေးဆောင်ရမှာပါ ။ ဆောင်ရမယ့် ဒဏ်ငွေက နည်းနေရင် ပိုငွေကို ပြန်လည်လျှောက်ထားရယူနိုင်ပြီး ၊ လိုနေရင်တော့ ထပ်ဆောင်းပေးရမှာဖြစ်ပါတယ် ။
- အမှုစွဲတင်အရာရှိများအနေဖြင့် တရားရုံးရဲ့ အမိန့်မပါဘဲ ဘယ်သူဆီကမှ ဒဏ်ကြေး အာမခံငွေကို တောင်းခံခွင့် ၊ လက်ခံခွင့်မရှိပါဘူး ။ အထက်ဖော်ပြပါ အမှုမှာ အမှုစွဲအရာရှိက ဒဏ်ငွေဆောင်စေရန် ဖုန်းဆက် ညွှန်ကြားပြီး ၊ ဖုန်းဖြင့် ဘဏ်အကောင့် ပေးသဖြင့် ဒဏ်ငွေဆောင်လိုက်ရသည်ဆိုခြင်းမှာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုရှိပါ၏လောဟု မေးခွန်းထုတ်လိုက်ချင်ပါတယ်။
- စဉ်းစားနိုင်ကြပါစေလို့ ။
- မေတ္တာဖြင့်-
- ကိုဝိုင်း (မိုးညှင်း)
- ၂၀၁၅-၀၃-၂၃
Wednesday, March 25, 2015
ဒဏ်ကြေး အာမခံငွေ (가납금) ဘယ်လို ပေးသွင်းကြရမှာလဲ
Saturday, April 5, 2014
တယ်လီတော်ကီ နှစ်သစ်ကြို ၊ အီးနိုင်းကိုလူသစ်များအတွက် ဖုန်းလိုင်းအခမဲ့ ဖွင့်ပေးမည်
မြန်မာသင်္ကြန် နှင့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာရန် ရောက်ရှိလာကြသည့် အီးနိုင်း (လူသစ်) ညီငယ်များအား တစ်ဖက်တစ်လမ်းမှ ကူညီသောအားဖြင့်လည်းကောင်း ၊ တယ်လီတော်ကီ အနေဖြင့် ယနေ့မှ စ၍ ဧပြီလ လကုန်အထိ ၊ ကတ်ဖုန်း(Prepaid Phone) များကို အခမဲ့ လိုင်းဖွင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ရှင်ကတ်(USIM) = အခမဲ့ ။
- Charged = ဝမ် ၁ သောင်းဖိုးပါရှိပါမည် ။
- ဝန်ဆောင်ခ= မယူပါ ။
မိမိတို့ ကြိုက်နှစ်သက်ရာ (KT, SK, LG) လိုင်း တစ်ခုခု ရယူနိုင်ပါသည် ။
ဆိုင်သို့ကိုယ်တိုင်မလာနိုင်သူများ နှင့် ရပ်ဝေးနေသူများဖြစ်လျင် လိပ်စာအတိအကျ(ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုခုပါရှိစေ) ပြောပြရပါမည် ။ စာတိုက်မှ ပေးပို့မည်ဖြစ်သဖြင့် စာပို့ခ ၄၅၀၀ ကို ကျခံရပါမည်။
အားလုံးအဆင်ပြေကြပါစေ ။
မေတ္တာဖြင့်-
တယ်လီတော်ကီ
Mobile: ၀၁၀-၂၃၃၁-၂၄၅၇
Phone: ၀၇၀-၇၇၆၁-၂၄၅၇
Fax: ၀၃၂-၄၂၅-၂၄၅၇
(၂၀၁၄၀၄၀၂၀၉၀၀)
Saturday, March 1, 2014
မြန်မာဖုန်းဆိုင်များတွင် အားပေးခြင်းဖြင့် ဖုန်းနှင့်ပတ်သက်သည့် အထွေထွေဝန်ဆောင်မှုများကို အလွယ်တကူရယူနိုင်ပါသည်
////(ကြော်ငြာအထူး ၊ အထူးကြော်ငြာ၊ အထူးကြော်ငြာ ၊ ကြော်ငြာအထူး ) ////
မနေ့က မြန်မာ ဖောက်သည်ညီလေးတစ်ယောက် ဆိုင်ရောက်လာပြီး ၊ လိုင်းကြေး (Charge-Plan) လျှော့ချင်တယ်အစ်ကိုလို့ ပြောလာပါတယ် ။ မေးကြည့်တော့ မြန်မာပြည်ခဏပြန်မလို့ ၊ မြန်မာပြည် ပြန်နေတုန်းဖုန်းဘီလ်တွေအများကြီးတက်မှာစိုးရိမ်လို့ပါတဲ့။ ဟာ ၊ ဒါဆို ခဏပိတ်ထားလိုက်ပါလား ညီလေးလို့ ဆိုတော့ ၊ ဟာ အစ်ကို အဲသည်လို လုပ်ထားလို့ရသလားတဲ့ ။ ဒါနှင့်ပဲ သူနှင့် စကားပြောဖြစ်ပါတယ် ။
(ကျွန်ုပ်)-
ညီလေး မြန်မာပြည်ပြန်နေတုန်း လိုင်းကို ခေတ္တ ပိတ်ထားလို့ ရတယ် ညီလေး ။
(မောင်ညီလေး)-
ပြန်လာရင် လိုင်းပြန်ဖွင့်နေရမှာပေါ့ ။ ကျနော်က အောက်ပိုင်းကဆိုတော့ ဆိုင်ကိုခဏခဏ မလာအားဘူး အစ်ကို ။ အစ်ကိုကြည့်လုပ်ပေးထားလို့ရမလား။
(ကျွန်ုပ်)-
ရတယ်ညီလေး ။ ညီလေးပြန်ရောက်မယ့်ရက်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကိုအလိုအလျောက် ပြန်ပွင့်အောင် လုပ်ထားလို့လည်း ရပါတယ် ။
(မောင်ညီလေး)-
အာ ၊ ဒါပေယ့် အစ်ကိုရေ ၊ ကျနော်က လေယာဉ်ပေါ်တက်တဲ့အချိန်ထိ ဖုန်းကိုသုံးသွားချင်သေးတယ်အစ်ကို။
(ကျွန်ုပ်)-
ဒါလည်း အလွယ်လေးပဲ ငါ့ညီ ။ မင်း လေယာဉ်ပေါ်တက်ပြီးချိန်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကို ပိတ်ပေးလို့လည်းရပါတယ် ။
(မောင်ညီလေး)-
အော် ၊ နောက်တစ်ခု မရှင်းလို့အစ်ကိုရေ ။ လိုင်းပြန်ဖွင့်တော့ နံပတ်က ပြောင်းသွားမလားအစ်ကို။ သည်နံပတ်ပြောင်းသွားလို့မဖြစ်လို့ပါ ။
(ကျွန်ုပ်)-
ဘာမှ မပြောင်းဘူးငါ့ညီ ။ သည်အတိုင်းပဲ ။ လိုင်းကို ခဏလေး ရပ်ထားတာပဲရှိတယ် ။ သုံးလက်စ အိုဗာဆီးကတ်တွေလည်း ဆက်ပြီးသုံးလို့ရတယ် ။
(မောင်ညီလေး)-
အော် ၊ ဒါဆို ကျနော့်ကို အဲသည်လိုလုပ်ပေးပါလား အစ်ကို ။ ညီ နောက်လ ၂၅ ရက်နေ့ပြန်လာမယ်အစ်ကို။
သည်လိုနှင့် လိုင်းကြေးကိုမလျှော့ဖြစ်တော့ဘဲ ၊ ကိုရီးယားမှထွက်ပြီး နောက်တစ်ရက်မှာ အလိုအလျောက်လိုင်းပိတ်ပြီး ၊ ကိုရီးယားသို့ပြန်မရောက်မှီ တစ်ရက်အလိုမှာ လိုင်းအလိုလို ပြန်ပွင့်အောင် လျှောက်လွှာတစ်စောင် ဖက်စ်ပို့ပေးလိုက်ရပါတယ် ။
ဟုတ်ကဲ့ပါ ။ ကျနော်တို့ မြန်မာညီအစ်ကိုတွေ မြန်မာဖုန်းဆိုင်မှာပဲ အားပေးကြတယ်ဆိုတာ ၊ မြန်မာဖုန်းဆိုင်များဟာ မြန်မာ မိတ်ဆွေများအတွက် ဖုန်းနှင့်ပတ်သက်ပြီး -
- ကတ်ဖုန်း(Prepaid) မှ လိုင်းဖုန်းပြောင်းခြင်း
- လိုင်းဖုန်း(Postpaid)မှ ကတ်ဖုန်းပြောင်းခြင်း
- ကတ်ဖုန်းများ အတွက် အလိုအလျောက်ငွေဖြည့်(Auto-refill)စနစ်လျှောက်ထားခြင်း
- လိုင်း(အသစ်သို့)ပြောင်းခြင်း(နံပတ်မပြောင်း)
- ဖုန်းပျောက်ဆုံးသဖြင့် ဖုန်းကိုခေတ္တရပ်ဆိုင်းခြင်း
- ခေတ္တရပ်ဆိုင်းထားသည့်ဖုန်းကို ပြန်ဖွင့်ခြင်း
- ရှင်မ်ကတ်(USIM)အသစ်(နံပတ်မပြောင်း)ပြန်လျှောက်ခြင်း
- (ရှင်မ်ကတ်မပြောင်း) နံပတ်ပြောင်းလျှောက်ခြင်း
- ဖုန်းဘီလ် (Charge-plan) ပြောင်းခြင်း
- ဘီလ်လိပ်စာ (စသဖြင့်) အချက်အလက်တစ်ခုခု ပြင်ဆင်ပြောင်းလဲခြင်း
- သက်တမ်းကုန်ဖုန်းများ သက်တမ်းတိုးခြင်း
- ဖုန်းပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်း
- လိုင်းအပြီးအပိုင်ပိတ်ခြင်း
- ဖုန်းအဝင်အထွက်မှတ်တမ်းများလျှောက်ထားခြင်း
- (ကတ်ဖုန်းများကို) အဝေးမှ အသက်ကတ်ဖြည့်ပေးခြင်း
- ရှင်မ်ကတ်(USIM)မပါသောဖုန်းမှ ရှင်ကတ်ပါသောဖုန်းသို့ပြောင်းလဲပေးခြင်း
- ရှင်မ်ကတ်ရှိသောဖုန်းမှ ရှင်ကတ်မရှိသောဖုန်းသို့ပြောင်းလဲပေးခြင်း
- အစရှိတဲ့ အထွေထွေဝန်ဆောင်မှုများကို (လူကိုယ်တိုင်လာဖို့မလိုဘဲ ၊
ဖုန်းတစ်ချက်ဆက်လိုက်ခြင်းဖြင့်) အလွယ်တကူဖြည့်ဆည်းပေးနိုင်လို့ ဖြစ်တယ်ဆိုတာကို အလေးအနက်ယုံကြည်ပါတယ် ။
ကိုရီးယားနိုင်ငံရောက် မြန်မာများ ၊ ဖုန်းနှင့်ပတ်သက်သည့် ဒုက္ခများကင်းဝေးကြပါစေ ။
အားလုံးအဆင်ပြေကြပါစေ ။
မေတ္တာဖြင့်-
တယ်လီတော်ကီ
၂၀၁၄-၀၂-၂၇
Monday, December 30, 2013
တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း
တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)
အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ
ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)
မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။
အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။
မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့
Sunday, October 27, 2013
ပန်းရောင် Galaxy S3 Hand set အသစ် လျော့ဈေး
ရေးသားသူ — ပိတောက်ရိပ်ကုမ္ပဏီ
Galaxy S3 Hand set
- အသစ်
- ပန်းရောင်
- 32G
စက်ရောင်းဈေး 450.000 ၀မ်