အောက်တိုဘာ ၃ဝ ၊ ဆောအူးလ်မြို့ ။
တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် DICACO 2009 နိုင်ငံတကာကာတွန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကာတွန်းဆရာလေးဦးတို့ ဆုရရှိခဲ့ကြောင်းသိရှိသည်။
ယင်း ကာတွန်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၈ နိုင်ငံမှ ကာတွန်းပညာရှင် ၅၈၇ဦးတို့က ၊ ကာတွန်းပုံပေါင်း ၅,၇၆၅ ပုံ ပေးပို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း နှင့် မြန်မာနိုင်ငံမှပြိုင်ပွဲဝင် ကာတွန်းဆရာ ၂ဦးတို့က The Best Cartoon Prize နှစ်ဆုရရှိခဲ့ကြောင်း ၊ ရန်ကုန်မြို့မှ ကာတွန်းဆရာ ဇော်သိန်း နှင့် မန္တလေးမြို့မှ ကာတွန်းလေရူးတို့ ဖြစ်ကြောင်း၊ ထို့ပြင် Honoable Mention ဆု နှစ်ဆုကိုလည်း ရရှိခဲ့ရာ ၊ ရန်ကုန်မြို့မှ ကာတွန်းအောင်မင်းမင်းနှင့် ကာတွန်းအောင်ကိုမြင့်တို့ ဖြစ်ကြောင်း သိရသည် ။
DICACO 2010 (The 19th Daejeon International Cartoon Contest) ပြိုင်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လတွင် ကျင်းပရန်ရှိကြောင်း ၊ ပြိုင်ပွဲဝင်လိုသူများသည် ၂၀၁၀ပြည့်နှစ် ဇွန်လ ၃၀ ရက်နောက်ဆုံးထား ၍ Daejeon International Cartoon Institute, 450, Wolpyongdong, Daejeon, Seoul, KOREA 302-280 သို့ပေးပို့ရမည်ဖြစ်ကြောင်း သိရသည် ။
ပြိုင်ပွဲဝင်ပုံများကို ၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ဒေဂျွန်မြို့ the Daejeon Public Gallery တွင် ပြသထားမည်ဖြစ်ကြောင်း ၊ အထူးချွန်ဆုံးဆု (the Grand Prix prize) ရရှိသူအတွက် ချီြးှမင့်မည့် ဆုကြေးငွေမှာအမေရိကန်ဒေါ်လာ ၃,၀၀၀ (သုံးထောင်) ဟုဆိုသည် ။ ၂၀၁၀ ပြိုင်ပွဲအတွက် ခေါင်းစဉ်မှာ Oddity – Monster (အူကြောင်ကြောင်-အကောင်ကြီး) ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းချက်များကို (ဤနေရာ) တွင် ကြည့်ရှုနိုင်ကြောင်းသိရသည် ။
ရည်ညွှန်းချက်-
- The Voice Weekly (5-49)
- http://caricaturque.blogspot.com/2009/09/19th-daejeon-international-cartoon.html
- http://www.tabrizcartoons.com/en/detail.asp?ID=1328
- http://dicaco.kongju.ac.kr/content.php?db=menu03_01
Sunday, October 11, 2009
ကိုရီးယား ကာတွန်းပြိုင်ပွဲတွင် မြန်မာကာတွန်းဆရာ လေးဦး ဆုရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment