Monday, March 5, 2012

အီးပီ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ဖွဲ့စည်းကြောင်းကြေညာ

ဆောအူးလ်မြို့တော် ၊ မတ်လ ၅ ရက်


ဒေသခံ ကိုရီးယားအလုပ်သမားများ နှင့် သာမန်နိုင်ငံခြားသား အလုပ်သမားများ ရေရှည်လုပ်ကိုင်လိုခြင်းမရှိသဖြင့် ၊ လုပ်သားအင်အားအစဉ်အမြဲ လိုအပ်လျက်ရှိသော အန္တရာယ်များခြင်း(Dangerous) ၊ ညစ်ပတ်ခြင်း(Dirty) ၊ အရမ်းပင်ပမ်းခက်ခဲခြင်း(Difficult)နှင့် လစာရက် မမှန်ခြင်း(Delay Payment) ဟူသော ကိုရီးယားနိုင်ငံ၏ ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံး စက်ရုံအလုပ်ရုံများတွင် ၊ မြန်မာနိုင်ငံဖွား အီးပီလုပ်သားများ အချိန်ကာလရှည်ကြာစွာ စိတ်ဆင်းရဲခံလျက် လုပ်ကိုင်နေရခြင်းမရှိစေရေးအတွက် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုတွင် အတူတကွ ပါဝင်ဆောင်ရွက်လိုသူများကို အောန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ပါသည် ။


အဆိုပါ လှုပ်ရှားမှုတွင် အတူ တကွ ပါဝင်ဆောင်ရွက်လိုပါကြောင်း စိတ်အားထက်သန်စွာ ဆက်သွယ်မေးမြန်း ဆန္ဒပြုလာကြသည့် မြန်မာ ညီအစ်ကို များဖြင့် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးကော်မတီ(Committee for Anti 3 Years Contract: A3YCommittee) ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည် -
- အဖွဲ့ဝင်(၁) ။ ကိုဝိုင်း (မိုးညှင်း) (wyne1969@gmail.com)
- အဖွဲ့ဝင်(၂) ။ ကိုအောင်ခိုင် (010-2967-4773)
- အဖွဲ့ဝင်(၃) ။ ကိုကံလှ (kokanhla@gmail.com)
- အဖွဲ့ဝင်(၄) ။ ကိုသန့်စင်အောင်(thantsinnaung@gmail.com)


မိမိတို့ ကော်မတီအနေဖြင့် ၊ ကိုရီးယား ဒီ (၄) လုံးစာရင်းဝင် လုပ်ငန်းရှင်များက အလစ်အငိုက်ဖမ်း ကမ်းလှမ်းလာမည့် ၃-နှစ်အလုပ်စာချုပ်များအား မြန်မာအီးပီလုပ်သားလောင်းများ လက်မှတ်မထိုးမိစေရေး သို့မဟုတ် ၃-နှစ်အလုပ်စာချုပ် မချုပ်မိစေရေးအတွက် မိမိတို့ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကြေညာအပ်ပါသည် ။


မြန်မာပြည်ဖွား အီးပီလုပ်သားလောင်း ညီအစ်ကိုများ ၃-နှစ်အလုပ်စာချုပ်များ အလစ်အငိုက်ခံ ချုပ်ဆိုမိခြင်းမရှိစေရေး အတွက်လည်းကောင်း ၊ အနာဂါတ် သားကောင်းမြန်မာ လူငယ်များ အနေဖြင့် ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံးသော အလုပ်ခွင်များ၌ ရေတိမ်မနစ် စေရေးအတွက်လည်းကောင်း ၊ မြန်မာအီးပီလုပ်သားများ ကိုယ်လက်အင်္ဂါ စုံစုံလင်လင် ကျမ်းကျန်းမာမာ ပြည်တော်ပြန်နိုင်ကြစေရေး အတွက်လည်းကောင်း ၊ မေတ္တာရှေ့ထား လူသားခြင်းစာနာသောနှလုံးအားဖြင့် မိမိတို့စွမ်းသည်များဖက်မှ နှုတ်အား စာအား မီဒီယာအားဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ။


လေးစားမှုဖြင့် -


၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်

2 comments:

Anonymous said...

ကိုးရီးယားလာဖို့ အရင်လို သိန်း၅၀လောက်မကုန်တော့ဘူးရယ်လို့  ကိုး၇ီးယားရောက် မြန်မာတစ်ယောက်က အသိပေးတာကြောင့် မလေး၇ှာမှပြန်ပြီး လာရောက်လုပ်ကိုင်ဖို့ လေ့လာနေတဲ့သူတစ်ယောက်ပါ သိပ်ပြီးနားမလည်ပေမယ့် သတိထားစရာတစ်ချက် သိလိုက်ရတဲ့အတွက် စာရေးသူအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါတယ်ခင်ဗျာ...ခင်မင်လေးစားစွာဖြင့်..မောင်(စွယ်စုံကျမ်း) www.zwmnna.com

Nyi Nyi said...

ကျွန်တော်က အခုဆို ကိုရီးယားကို သွားဖို့အတွက်ccvi ကျလာပါပြီ။ စာချုပ်က ၃နှစ်စာချုပ်ပါ။ လျှောက်တုန်းကတော့ ကုန်ထုပ်ပါ ကျလာတာက service တဲ့ ဘာကွာတာလဲတော့နားမလည်ပါဘူးအစ်ကို ရယ်
အဲဒါ အစ်ကိုတင်ထားတဲ့ post ကိုတွေ့ပီး ဘာလုပ်ရမှန်းမသိဒွိဟဖြစ်နေတယ် ဟဲ
သူတို့က ၃ နှစ်လှမ်းချုပ်တာကို ကိုယ်က ၁နှစ် ၂နှစ် ပြောင်းချုပ်လို့ရပါသလား အစ်ကို ဖြစ်နိုင်ရင်တော့ကျွန်တော်လဲ ၁နှစ်ပဲချုပ်ချင်ပါတယ် ဘယ်လိုလုပ်ဆောင်ရမလဲအစ်ကိုကျေးဇူးပြုပီး ကျွန်တော့်ကို အကြံလေးပေးပါဦး တော်ကြာဟိုရောက်မှ ဆို ဘာမှလုပ်ရမှာမဟုတ်တော့ဘူး ဟုတ်ကဲ့ လေးစားစွာဖြင့် ခင်မင်လျှက်
ဝင်းမင်း pku