Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

Friday, January 18, 2013

ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး

2013-01-17
ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင် ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်ရှင်ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်မင်း ဒေါက်တာစိုးရင် က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပြီး ၊ ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့ အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါက်တာဆိပ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား (above the law) ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရာဇဝင်တွင်ရစ်တော့မယ့် ဆောင်းပါး အပြည့်အစုံကို ဟန်ဂုရွာသားများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ပါတယ် ။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


ဒေါက်တာဆိတ်ဖွါး


Ref:
http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 9, 2012

ကားဝယ်ခွင့်ဖွင့်ပေးသဖြင့် ၊ ကားဈေးများထိုးကျ

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်အထက် ကားများကို လူတိုင်း တင်သွင်းခွင့်ပြုကြောင်း တရားဝင် ကြေညာလိုက်ရာ ကားဈေးနှုန်းများ ကျပ်သိန်းရာချီ ထိုးကျသွားပြီး ကားဈေးကွက် အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ကားအရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်အထိ စီစဉ်ရန် သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည် ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ (ခရီးသည်တင် ဘတ်စ်ကားများမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောသည်။
ယင်းကြေညာချက်ကြောင့် ကားဈေးကွက် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကားပွဲစားများထံမှ သိရှိရသည်။
“အရင်တုန်းက ကားပါမစ်ရှိမှ ကားသွင်းလို့ရတာလေ။ ကားပါမစ်ကလည်း တစောင်ကို အနည်းဆုံး သိန်း ၁၅၀ ရှိတယ်။ အခု ကားပါမစ် မလိုတော့ဘူးဆိုတော့ ကားဈေးတွေက အနည်းဆုံး သိန်း ၁၅၀ ကနေ သိန်းရာချီကို ထိုးကျကုန်တာ” ဟု ဟံသာဝတီကားပွဲဝင်းမှ ကားပွဲစားတဦးက ပြောသည်။
အငှားယာဉ် တက္ကစီများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ကားများကို ဘယ်မောင်းရော၊ ညာမောင်းပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ စစ်ဆေးထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားများ အသစ်တင်သွင်းလိုလျှင်လည်း ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ဘတ်စ်ကား ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“အငှားကားဆိုရင်တော့ သတ်မှတ်ထားတဲ့ အရောင်တင်သွင်းရမယ် ဆိုတာမျိုးတော့ရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတွေဆီမှာ အငှားကား လုပ်ကိုင်ချင်ပါတယ်ဆိုပြီး လျှောက်ထားပြီး တင်သွင်းခွင့်ရမယ်။ ဘတ်စ်ကားတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ကုမ္ပဏီဖွဲ့ပြီး သွင်းချင်တယ်ဆိုရင်လည်း သွင်းခွင့်ပြုမယ်” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။
ဤသို့ ကားလွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်သောကြောင့် ကားဈေးကွက်တွင် ကားဝယ်ရောင်း လုပ်ကိုင်နေသော ကား Show Room များနှင့် ကုမ္ပဏီများ သိန်းထောင်သောင်းချီ အရှုံးပေါ်သွားကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။
“ကားသွင်းတဲ့ကုမ္ပဏီတွေက အရှုံးပေါ်တာပေါ့။ အဓိက ထိခိုက်တာက ကားသွင်းတဲ့ကုမ္ပဏီတွေနဲ့ ကား Show Room တွေပေါ့။ သူတို့က ကားပါမစ်တွေဝယ်ပြီး ကားတွေသွင်းကြတာမျိုး ရှိပြီးတော့ လက်ထဲမှာ ကားစီးရေ တော်တော်များများ ထားကြတာ။ ကားစီးရေ လက်ထဲမှာ များများရှိတဲ့သူက ပိုရှုံးလေပဲ” ဟု ကားတင်သွင်းနေသော စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။
သိန်း ၁၅၀ ဈေးပေါက်ထားသောကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိ ဈေးကျသွားသဖြင့် သင်္ဘောသားများအတွက် ချပေးသော ကားသွင်းခွင့်ပါမစ်မှာ ကျပ် ၅ သိန်းသာ ဈေးရှိတော့ကြောင်း ပြည်တွင်းမှ 7 Day သတင်းဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
ယင်းသို့ အစိုးရက ကားတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်သော်လည်း ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်နိုင်မှုနှင့် လမ်းများ ကျပ်လာမည့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မည်သို့ဖြစ်စေကာမူ ကားတင်သွင်းခွင့်ကို လူတိုင်းပေးအပ်လိုက်ခြင်းအပေါ် လုံးဝကြိုဆိုထောက်ခံကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သင့်တာ ကြာပြီ။ ဒီကိစ္စက နိုင်ငံတကာမှာ ကားဆိုတဲ့အရာက အင်မတန်မှ ဈေးပေါနေပေမယ့် မြန်မာနိုင်ငံမှာ ကားဟောင်းကိုတောင် ဈေးကြီးကြီးပေးနေရတာပဲ။ ကြိုဆိုရမယ့်ကိစ္စပဲ။ ကားတွေ သွင်းတာများလာလို့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့လိုမှာပေါ့။ ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုရင်တော့ ဈေးကွက်ကို ဖွင့်ရမှာပဲ။ ကြိုဆိုတယ်” ဟု ဦးမော်သန်းက ဆိုသည်။
လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးလိုက်သည့်အတွက် ယခင်ကားပါမစ် လက်ဝယ်ရှိသူ၊ ဝယ်ယူထားသူများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခုလည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်နှစ်များမှစ၍ မော်ဒယ်နိမ့် ကားများကို နယ်နှင်ခြင်း၊ ကားဟောင်းများကို ပြန်အပ်စေပြီး ကားသစ်ဝယ်ရန် ပါမစ်ထုတ်ပေးခြင်း၊ သတ်မှတ် နိုင်ငံခြားငွေကြေး ရှိသူများကို ကားတင်သွင်းခွင့်ပြုခြင်းများ အစိုးရက ပြုလုပ်ခဲ့သည်။
အစိုးရက လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်းသည် မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်သောလုပ်ရပ်တခုအဖြစ်လည်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရှုမြင်ကြသည်။
“အစိုးရက ငွေလဲနှုန်းကိုလည်း အခုတော်တော်ငြိမ်အောင် ထိန်းထားနိုင်လာပြီ။ တဖြည်းဖြည်းနဲ့ ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဒါက စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အင်မတန်မှ ကောင်းပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ ဗဟိုအလုပ်မှုဆောင်တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ ရုပ်သိမ်းပေးခဲ့သည်။



Ref:
- http://abbsoluteright.blogspot.com/2012/05/blog-post_8688.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 11, 2012

အလွဲသုံးစား ပြုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနေမြဲ ၊အလွဲသုံးမှု ဖော်ထုတ် တိုင်ကြားသူများ ထောင်ကျ

မန္တလေး ၊ မတ်၁၀
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် လူးခင်း ကျေးရွာအုပ်စု ပျားဆွဲ အရှေ့ရွာ အုပ်ချုပ်ရေးမှူးသည် မူလတန်းကျောင်း ရန်ပုံငွေ၊ စာကြည့်တိုက် ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်း ခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြောင်း ထောင်ချခံခဲ့ရသူ ဦးဘကြိုင်က The Voice Weekly ကို ပြောကြားသည်။

တိုင်ကြားစာ ပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့ သုံးဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ အလွဲသုံးစားမှု ပြုကြောင်း ဝန်ခံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း မည်သို့သော အရေးယူမှုမျှ မရှိခဲ့ဘဲ တိုင်ကြားသူများကိုသာ အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးဘိုကြိုင်က ယင်းကျေးရွာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားသူ သုံးဦးမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ် တစ်လ ကျခံခဲ့ရကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 6, 2012

အင်တာနက်လိုင်းပါ နှစ်သိန်းတန်ဖုန်း မတ် ၁၄ တွင် စတင် ရောင်းချမည်

ရန်ကုန်၊ မတ် ၅
အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းအပြင် CDMA 450 MHz ဖုန်းများကို ကျပ် နှစ်သိန်း၊ WCDMA နှင့် CDMA 800 MHz ဖုန်းများကို ကျပ် နှစ်သိန်းခွဲဖြင့် အသီးသီး ရောင်းချမည် ဖြစ်ကြောင်း ၊ CDMA 800 MHz ဖုန်းမှာ အင်တာနက် ပိုမို မြန်ဆန်ခြင်းကြောင့် ဈေးနှုန်း ပိုများရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၅၀၀၀ ကျပ်တန် GSM ဖုန်းများ ရောင်းချခွင့် ပြုရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်း ကနဦး ကျပ်သုံးသိန်းဖြင့် ရောင်းချမည် ဆိုထားသော ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ရောင်းချရန် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
မိုဘိုင်းလ် တယ်လီဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးက ကျပ် ၁၅ သိန်းဖြင့် စတင် ရောင်းချခဲ့ပြီး ထိုမှတဆင့် ငါးသိန်း၊ နှစ်သိန်း စသည်ဖြင့် အသီးသီး ဈေးလျော့ရောင်းချ ခဲ့သော်လည်း ပြည်သူများထံမှ ငွေကြေးကို တစ်ရစ်ချင်း ရယူနေကြောင်း ပြည်သူလူထု အချို့က ဝေဖန်ခဲ့သည်။
ယင်း နှစ်သိန်းနှင့် နှစ်သိန်းခွဲကျပ် တန်ဖိုးရှိ ဖုန်းများ ချထားပေးမည့် သတင်းကို ကြိုဆိုသူ မရှိလုနီး ဖြစ်ပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များပြားသော ဈေးနှုန်းဖြစ်ဆဲ ဖြစ်ကြောင်း The Voice Weekly Facebook စာမျက်နှာတွင် ရေးသားထားသော စာဖတ်သူများ၏ မှတ်ချက်များအရ သိရသည်။
" (ဈေး) များတယ်။ မဝယ်ဘူး " ဟု ယင်းစာမျက်နှာတွင် စာဖတ်သူ တစ်ဦးက ရေးသားထားသည်။
ဖုန်းလိုင်း လေးသန်း ရောင်းချရန် အထက်ပါစီမံကိန်း ကုမ္ပဏီ ၂၃ ခုသို့ လုပ်ပိုင်ခွင့် ပေးထားပြီး စတင် ရောင်းချမည့် နေ့ရက်မှ စတင်၍ မည်သို့ ရောင်းချမည်ကို မတ် ၅ ရက်နေ့ ညနေပိုင်းအထိ မသိရှိရသေးကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
" ကျွန်တော်တို့ သူဌေးက နေပြည်တော် အစည်းအဝေးခန်းထဲ ရောက်နေတုန်း ရှိသေးတယ် " ဟု လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီတစ်ခုမှ အရောင်းကြီးကြပ်ရေးမှူး တစ်ဦးက ပြောကြားသည်။
နယ်ဒေသအချို့တွင် ယင်းတယ်လီဖုန်းများကို နှစ်သိန်း နှစ်သောင်း ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ် နေသော်လည်း မြန်မာ တစ်နိုင်ငံလုံးသို့ တပြေးညီ ဈေးနှုန်းဖြင့် တစ်ချိန်တည်း ရောင်းချ ပေးမည် ဖြစ်ကြောင်း ယင်းဖုန်းများအား နေပြည်တော်၊ ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေး မြို့တော်တို့တွင် ရောင်းချမည့် တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၏ စီမံဌာနမှ တာဝန်ရှိသူက မတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။
ယင်းဖုန်းများ ရောင်းချတော့မည့် သတင်းကြောင့် ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြောင်း ဟန်းဆက် အရောင်းဆိုင် အချို့ထံမှ သိရသည်။
Sources:
- The Voice Daily Newsletter March 5, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 1, 2012

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၁)

လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာ ကာလအတွင်း မိမိအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှ တစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာ ရှိတဲ့ မိဘပြည်သူများ အားလုံး၊ အကြောင်း အမျိုးအမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁) နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁) နှစ်ပြည့် အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော် အုပ်ချုပ်မှု အာဏာကို အပ်နှင်း ထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့ အစိုးရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်းကူးပြောင်းရေး လမ်းကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ' Burma Spring ' ' Myanmar Spring ' အစရှိတဲ့ အမည်နာမ အမျိုးမျိုး ကင်ပွန်းတပ်ခံ နေရာတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်မှန်ကန်တဲ့ အသွင်းကူးပြောင်းမှု အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူဘောင့်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမယ့် ရှေရှည် လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁) နှစ်ပြည့် ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင် ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယ ရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ်မျိုးစုံကို တွေ့ကြုံခံစား ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့ အစိုးရဟာ ဘယ်လိုအစိုးရမျိုါ် ဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက် နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းအသစ် အပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ် တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ် တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကို အရေးကြီးပါတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ဖြစ်စဉ်ဟာ မိဘပြည်သူတွေ အတွက် တစ်ကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော် အရပ်ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာ Stackeholder တွေ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင် ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေ ကြားမှာ မြန်မာ့ ဒီမိုကရေစီ ခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အားလုံး တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန် ပေါ်မှာ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသား အားလုံး နောက်ကြောင်း ပြန် မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်း လုပ်ကိုင် သွားကြမယ် ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -
ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူချိန်မှာလည်း မိဘပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ အဓိကဆန္ဒ နှစ်ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမ ဆန္ဒက ကျွန်တော်တို့ ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လို ကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကို အခြေခံပြီး အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အလေးပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်တဲ့သူတွေ အားလုံး ပါဝင်ခွင့် ရရှိရေး ဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်ခဲ့ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သိသိသာသာ အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒ၊ ကျွန်တော်တို့အစိုးရဲ့ စစ်မှန်တဲ့ စေတနာ၊ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်း နိုင်ငံရေး အင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာ ကျင့်သုံးပြီး ပြည်သူ့ ကိုယ်စားလှယ်တွေ အဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်စွာ ကြိုးပမ်းလာကြတာ ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အစိုးရရဲ့ (၁) နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် (၁) နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ရေ အများဆုံး ပေးခဲ့တဲ့ မှတ်တမ်း အသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလ အတွင်းမှာ (၂) ကြိမ် တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့်ကြိုဆို ဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲက တက်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာ ရင်သန့်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးမျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း အားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံတည်ဆောက် သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ဆက်စပ်လျက် ရှိနေပါတယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်း ညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် ထိတွေ့ ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများ နည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသား လူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေ ရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။

အပိုင်း (၂) ဆက်ရန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 29, 2012

မန္တလေး မြို့တော်ဝန် နှင့် တိုင်းဘဏ္ဍာ အခွန်ဝန်ကြီး နေရာချင်း လွဲပြောင်းခန့်အပ်

မန္တလေး၊ ဖေဖော်ဝါရီ -၂၈
မန္တလေးမြို့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး အတွက် မြေနေရာ ရှာပေးခဲ့သော မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို တိုင်းဒေသကြီး ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။

NLD ပါတီ စည်းရုံးရေးအတွက် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင်ဆင်းကာ အောင်ပင်လယ် ရပ်ကွက် အတွင်းရှိ မြေကွက်လပ်ကြီး တစ်ခုကို ရွေးချယ် ပေးခဲ့ခြင်းကြောင့် တာဝန် ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟု MCDC ဝန်ထမ်းများက သုံးသပ်သော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိပေ။

မိမိကိုယ်တိုင်လည်း ယနေ့နံနက်မှသာ သိရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်မောင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဖုန်ဇော်ဟန်နှင့် လက်ရှိ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ ကြား၌လည်း အခန့်မသင့်မှုများ ရှိရာ နိုင်ငံတော်သမ္မတ ရုံးထိတိုင်အောင် အပြန်အလှန် တိုင်ကြားမှုများ ပြုလုပ်သည့် သတင်းများမှာ မန္တလေး လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း၊ လက်ရှိ မြို့တော်ဝန်နေရာကို တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်သည့် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းကို ပြောင်းလဲ တာဝန်ပေးခြင်း ဖြစ်ပြီး အဆိုပါ မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ချမ်းအေးသာဇံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ရောက် ရွေးချယ်ခံ ရသည့် ပုဂ္ဂိုလ် ဖြစ်သည်။

Sources:
- The Voice Daily Newsletter Feb 28, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 24, 2012

ငွေလဲကောင်တာ ဘောက်ချာဖြင့် မည်သူ မဆို ကန်ဒေါ်လာ တစ်သောင်း ကိုင်ခွင့် ရပြီ

နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာမှ ဘောက်ချာဖြင့် မည်သူ မဆို ကန်ဒေါ်လာ တစ်သောင်း ကိုင်ဆောင်ခွင့် ရရှိပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကန်ဒေါ်လာ တစ်သောင်း ကလူတိုင်းကိုင်ဆောင်သုံးစွဲနိုင်တဲ့ ပုံစံရှိတယ်။ နိုင်ငံတကာမှာလည်း ဒီလို ဒေါ်လာတစ်သောင်းလောက် က အစစ်အဆေးအမေးအမြန်း မရိ ဘဲ ကိုင်ဆောင်နိုင်တယ်ဆိုပြီး IMF က အကြံပြုထားလို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာပါ"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ငွေလဲကောင်တာများတွင် ယခင်အရောင်းများပြားခဲ့ရာမှ ယခု နောက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူ မျှတမှုရှိလာကြောင်း၊ ကန်ဒေါ်လာ အပြင် FEC များပါ အဝယ်လိုက် လာကြောင်း၊ ကောင်တာအနေဖြင့် နေ့စဉ်လာရောက်ရောင်းချသော ငွေ ကြေးများကို ဝယ်သူ အား ပြန်လည် ရောင်းချပေးခြင်းဖြင့် အရောင်း အဝယ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။
"ငွေက အဝယ်များလာတယ်။ နိုင်ငံခြားသွားတဲ့ အခါတရားဝင် ကိုင်ဆောင်သွားချင်တဲ့ သူတွေက လာဝယ်ကြတယ်၊ FEC ကလည်း ကားတင်သွင်းတဲ့သူတွေအခွန်ဆောင် ဖို့အဝယ်များတယ်။ လာရောင်းတာ ရသမျှ အကုန်လာဝယ်တဲ့သူတွေကို ပြန်ရောင်းပေးပါတယ်။ ကောင်တာ မှာ သွားဝယ်လို့မရဘူးဆိုတာရောင်း စရာမရှိလို့ပါ"ဟု ၄င်းကပြောသည်။
ကားတင်သွင်းသူများ ကညန တွင် အခွန်ပေးဆောင်ရာ၌ FEC ဖြင့် ပေးချေရခြင်းကြောင့် FEC အဝယ်လိုက်လာခြင်းဖြစ်ပြီး၊ ကားတစ်စီး၏ ၃၀ ရာခိုင်နှုန်း တန်ဖိုးကို FEC ဖြင့်ပေးချေရခြင်းကြောင့် ငွေလဲကောင်တာမှ ဝယ်ယူမှုဖြင့် မလောက်ငခြင်းကြောင့် ပြင်ပတရား မဝင်ငွေကြေးဈေးကွက်မှ ဝယ်ယူ ပေးချေမှုများ ပြုလုပ်နေရကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။
ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ကားတင်သွင်း သူများ အခွန်ပေးဆောင်ရန်လာရောက်ဝယ် ယူပါကလိုသလောက် ရောင်းချပေး နေကြောင်းပြောသည်။
င်္FECအဝယ်လိုက်လာခြင်း ကြောင့်ပြင်ပငွေဈေးကွက်တွင်္င်နဃ တန်ဖိုးမှာ ကန်ဒေါ်လာ တန်ဖိုးထက် အနည်းငယ်မြင့် တက်နေပြီး ငွေလဲ ကောင်တာများတွင်မူ ဒေါ်လာနှင့် င်္FEC ကိုတန်ဖိုးတူ ငွေကြေးဖြင့် သာ အရောင်းအဝယ်ပြုလုပ်ပေးနေ ကြောင်း ၄င်းထံမှ သိရသည်။
ဝေယံမိုးမြင့်
http://www.yoyarlay.com/local-news/local-news/l-local-news/23201-2012-02-22-07-11-08

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, January 23, 2012

ပြည်ပလုပ်သား လေးဆယ်ကျော် ကားသွင်းခွင့် စတင်လျှောက်ထား ၊ အဝေးရောက်များ အီးမေးလ်ဖြင့် လျှောက်ထားနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၈


ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ဖူးသူနှင့် လုပ်နေဆဲ မြန်မာနိုင်ငံသားများကို ကားတင်သွင်းခွင့်ပြုခဲ့ရာလျှောက်ထားသူ ၄ဝဦးကျော် ရှိပြီဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ဇန်နဝါရီလ ၆ ရက်နေ့ကစပြီးပြည်ပရောက်မြန်မာအလုပ်သမားတွေ၊ပြည်ပနိုင်ငံတွေက ပြန်ရောက်လာခဲ့တဲ့ မြန်မာအလုပ်သမားတွေကို ကားသွင်းခွင့်လျှောက်ထားခွင့်ပြုတဲ့နေရာမှာ ဇန်နဝါရီလ ၁၇ ရက်နေ့အထိသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အလုပ်သမား၎ဝ ကျော်ရဲ့လျှောက်လွှာကို လက်ခံထားပြီးပြီ။ လာစုံစမ်းတဲ့သူတွေကတော့အများကြီးပဲ'' ဟု အထက်ပါပုဂ္ဂိုလ်ကဇန်နဝါရီလ ၁၈ ရက်နေ့က ဆိုသည်။
ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ဖူးသူများ၊ လက်ရှိ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ဆဲ မြန်မာအလုပ်သမားများသည် နိုင်ငံတော်ကို ဝင်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ နှင့်အထက်ရှိလျှင် ကားတင်သွင်း ခွင့်ပြုလျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရှိရသည် ။
ယင်းသို့လျှောက်ထားရာတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား ကိုယ်တိုင် လက်ဗွေနှင့် တကွ သတ်မှတ်လျှောက်လွှာဖြင့် လက်မှတ် ရေးထိုးလျှောက်ထားရ မည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် တရားဝင် အလုပ်လုပ် ကိုင်ခဲ့သည့် အထောက် အထားများ၊ မြန်မာနိုင်ငံဘဏ် နိုင်ငံခြားငွေစာရင်း စာအုပ်မူရင်းနှင့် မိတ္တူပါရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားငွေစာရင်းတွင် အခွန်ဆောင်ထားသော အခွန်ကြေကြောင်း သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံးများ၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်ခြင်းအတွက် နိုင်ငံတော်သို့ FEC ၁ဝဝ ပေးသွင်းထားသော ချလန်မူရင်းနှင့် မိတ္တူလိုအပ်ကြောင်း၊ ယင်းအချက်အလက် များ ပြည့်စုံပါက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အလုပ်သမား မှတ်ပုံတင်ခြင်းအတွက် နိုင်ငံတော်သို့ FEC ၁ဝဝပေးသွင်းပြီးသည့် ချလန် မူရင်းနှင့် မိတ္တူမရှိသူများကို အဆင်ပြေ စေရန်အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်ပေးနေကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
''တခြားအချက်တွေပြည့်စုံတယ်။ အလုပ်သမားကတ်အတွက် နိုင်ငံတော်ကို FEC ၁ဝဝ ကို မသွင်းရသေးသူတွေဆိုရင် အခုပြန်လုပ်ပေးမယ်'' ဟု ၄င်းကဆိုသည်။
ပြည်ပတွင် ယခုလက်ရှိလုပ်ကိုင်နေသူများဆိုပါက အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီသို့ Governmentagency@gmail.com သို့မဟုတ် g-o-e-dol@myanmar.com.mm အီးမေးလ်လိပ်စာဖြင့် လျှောက်ထားနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
Sources:
- The Voice Weekly (8/6)
-

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 20, 2011

အမျိုးသား အချင်းချင်း ထိုင်းနိုင်ငံတွင် လက်ထပ်ကြခြင်း


လွန်ခဲ့သော ဒီဇင်္ဘာလ ၄ ရက် တနင်္ဂနွေနေ့က ၊ သြစတြေးလျ အမျိုးသား တစ်ယောက်က ထိုင်းအမျိုးသားတစ်ယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ တစ်သန်းကျော်) အကုန်အကျခံပြီး လက်ထပ်လိုက်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသား ၂ ဦးတို့၏ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊
သြစတြေးလျ သတို့သား Mr Chaiyanon က အသက် ၆၀ ဖြစ်ပြီး ၊ Chachoengsao ခရိုင်မှ ထိုင်းအမျိုးသား (သတို့သမီး)က အသက် ၂၇ ဖြစ်ကြောင်း ၊ သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ (ဒေါ်လာ တစ်သန်းကျော်) ထက်မနည်း တန်သော အိမ်ခြံမြေပိုင်ဆိုင်မှု ၊ ငွေသား၊ လက်ဝတ်ရတနာများကို သတို့သမီး (ယောက်ျားလေး) လက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါသည်ဟု သတင်းက ဆိုပါသည် ။

သတို့သားသည် ထိုင်းတွင်ရှိသည့် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ၊ မင်္ဂလာမောင်နှံ နေကြရန် Doi Saket အရပ်၌ ရေကူးကန်ပါသော ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်လိုက်ကြောင်း ၊ သတို့သားသည် ဘွဲ့ရပြီးကတည်းက ချင်းမိုင်မှာ နေခဲ့ကြောင်း ၊ ဧည့်ခံပွဲတွင် လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အဝတ်အစား ကို နှစ်ဦးသား ဝတ်ထားကြကြောင်း ၊ ၄င်းတို့၏ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူကြကြောင်း သတင်းများက ဆိုပါသည် ။
အဆိုပါ အမျိုးသားအချင်းချင်း လက်ထပ်ကြသည့်ကိစ္စကို မည်သို့ပင် သဘောတူကြစေကာမူ ၊ သြစတြေးလျနိုင်ငံရော ထိုင်းနိုင်ငံပါ ၂ နိုင်ငံစလုံးက တူညီသောလိင် အမျိုးအစားချင်း ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ ခွင့်မပြုသေးသောကြောင့် ၊ တရားဝင် လင်လင် (လင်မယား) ဖြစ်ရေးက ခရီးဝေးပါသေးသည်ဟု လည်း သတင်းက ဝေဖန်ထားပါသည် ။

သတင်းအခြေအမြစ်များ -
http://www.irrawaddyblog.com/2011/12/blog-post_6607.html
http://seattle99.wordpress.com/2011/12/05/aussie-pays-bt40mn-boybride-price/
http://www.phuketgazette.net/queernews/index.asp?id=11607

http://seattle99.files.wordpress.com/2011/12/12.jpg

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 14, 2011

ကမ္ဘာမှာ ဘယ်သူတွေက လက်နက် ရောင်းချပြီး စီးပွါးဖြစ်နေကြသလဲ

ဆွီဒင်နိုင်ငံအခြေစိုက် SIPRI (Stockholm International Peace Research Institute) ရဲ့ သုတေသနပြု လေ့လာ ချက်များအရ ကမ္ဘာ့လက်နက် အရောင်းချဆုံးနိုင်ငံများမှာ အမေရိကန် ၊ ရုရှား ၊ ဂျာမဏီ ၊ပြင်သစ် နဲ့ ဗြိတိန် နိုင် ငံတို့ဖြစ်ကြတယ် လို့ဆိုပါတယ် ။ နိုင်ငံအလိုက် လက်နက်ရောင်းချမှုရာခိုင်နှုန်း တွေကိုတော့ အောက်ကပုံမှာ ဖေါ်ပြ ထားပါတယ် -



ဒီနိုင်ငံကြီးတွေဟာ သူတို့နဲ့ နိုင်ငံရေးအရ အဆင်ပြေတဲ့နိုင်ငံတွေ ကိုတိုက်ရိုက်ရောင်းပြီး သိပ်အဆင်မပြေရင် တော့ ကြားခံ နိုင်ငံတွေကနေတဆင့် ရောင်းချနေတယ်လို့ စစ်တမ်းမှာဖေါ်ပြထားပါတယ်။ လုံးလုံးအဆင်မပြေတဲ့ နိုင်ငံတွေကို ရောင်းရင်တော့ ရောင်းသူဝယ်သူကို တရားမ၀င်လက်နက်ရောင်းဝယ်မှုနဲ့ အရေးယူပါတယ် ။
The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏဟာ ယခင် ၅ နှစ်ကာလဖြစ်တဲ့ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် ။ ဒီနေရာမှာ တရားဝင်တယ်ဆိုတာ ဒီနိုင်ငံ ကြီးတွေ ဒီလိုလက်နက်တွေ ရောင်းနေတာကို ကမ္ဘာ့ငြိမ်းချမ်းရေး လုံခြုံရေးကို အလေးပေးဆောင်ရွက် နေပါတယ်ဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သဘောတူတယ် ခွင့်ပြုတယ် ဆိုတဲ့သဘောပါ။

အံသြစရာကောင်းတာက ဒီလက်နက်အများဆုံးရောင်းနေတဲ့ နိုင်ငံကြီးတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ၊ လူသားဖြစ်တည်မှုကို အရေးထားကြောင်း ဒေသတွင်းလုံခြုံရေးကို မထိခိုက်ကြဖို့ လိုကြောင်း အသံအကျယ်ဆုံး အော်နေကြတဲ့ နိုင်ငံတွေ ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံက မြေမြှုပ်မိုင်း သုံးနေတာဟာ အန္တရာယ်ကြီးမားကြောင်း ဆက်ပြီးတော့မသုံးကြဖို့ လိုကြောင်း လက်မှတ်တွေ လျှောက်ထိုးနေတဲ့ နိုင်ငံတွေ ဖြစ်နေ ကြတာပါပဲ ။
ဆင်သေကို ဆိတ်ရေနဲ့ဖုံး ၊ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ဆိုတဲ့ စကားပုံတွေဟာ ဒီနေရာမျိုးတွေမှာ သုံးဖို့ ထားတာပါ ။ ဒေသတွင်းလုံခြုံရေး ၊ တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးအတွက် လက်နက်တွေရောင်းတယ်ဆိုတာဟာ မီးမလောင်အောင် ဓါတ်ဆီနဲ့ မီးခြစ်ရောင်းပေးနေ တာနဲ့ တူနေပါတယ် ။

လွတ်လပ်ခြင်းရှိပါဘိ၊တရားမျှတာပါဘိ ၊ငြိမ်းချမ်းရေးအတွက်အလားအလာ ကောင်းပါဘိ ဒီမိုကရေစီ ဆန်ပါဘိ ...အိုကမ္ဘာကြီးရယ်လို့ ပြောရမဲ့ ကိန်းဆိုက်နေပါပြီ ။

ဒေါက်တာဆိတ်ဖွား
Ref:
http://doctorsatephwar.blogspot.com/2011/03/blog-post_27.html
http://www.reuters.com/article/2011/04/10/military-spending-idUSLDE73322820110410
http://en.wikipedia.org/wiki/List_of_countries_by_military_expenditures
http://en.wikipedia.org/wiki/Military_budget
http://www.globalsecurity.org/military/world/spending.htm
http://armscontrolcenter.org/policy/securityspending/articles/US_vs_Global/
http://www.globalissues.org/article/75/world-military-spending#USMilitarySpending

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 8, 2011

အင်တာနက်စနစ်ပါ GSM ဖုန်းများကို ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် အင်တာနက်စနစ်ပါ GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် အင်တာနက်စနစ်ပါ GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။

Ref:
http://www.searchmyanmar.com/link/frame/cid/5411

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 11, 2011

ကလေး(၃)ဦး မွေးဖွားခဲ့တဲ့ ယောက်ျား

“ယောကျာ်း ဖောင်စီး မိန်းမ မီးနေ” ဆိုတဲ့ စကားက မှန်တော့ မှန်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် အပြည့်အဝ မမှန်တော့ ဘူး လို့ ဆိုရမှာပါ။ မိန်းမတစ်ဦး အရွယ် ရောက်ပြီး အိမ်ထောင်ကျရင် သားဖွားခြင်း အလုပ်ကို အသက်နဲ့ ရင်းပြီး လုပ်ဆောင် ကြရတာ မဟုတ်ပါလား။ အခုတော့ အဲဒီသားဖွားခြင်းအလုပ်ကို ယောကျာ်းတွေ လည်းလုပ်နေကြပါပြီ။
ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ သောမတ်စ်ဘီတီ (Thomas Beatie,) ဟာ ယောကျာ်းတစ်ဦး ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် ကလေးမွေးဖွား ခဲ့ရာ မှာ တစ်ကြိမ်မကတော့ပါဘူး။
ကလေး (၃)ဦးတောင်မွေးဖွားခဲ့တာကြောင့် နောက်ထပ် ကလေးမမွေးတော့ဘူးလို့ ဖွင့်ဟပြောဆိုလိုက် ပါပြီ။ သောမတ်စ်ဟာ အသက်(၂၀)အရွယ်မှာ testosterone ဟိုမုန်းတွေ စတင်ထိုးခဲ့ပြီး သူ့ရဲ့ အသံဟာလည်း မိန်းမအသံပြောင်းသွားခဲ့ပါတယ်။ ၂၀ဝ၂ ခုနှစ်အရောက်မှာတော့ သူဟာ မိန်းမမျိုးပွားအင်္ဂါတွေရှိနေတဲ့ ယောကျာ်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးသမီးလေးဆူဆန်ကို ၂၀ဝ၇ ခုနှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့တာ ကြောင့် သူနဲ့ဇနီးနန်စီတို့ကို ကမ္ဘာတစ်ဝန်းလုံးက အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။
နန်စီဟာ ငယ်စဉ် ကတည်းက သားအိမ် ခွဲထုတ်ခဲ့တာကြောင့် ဆူဆန်ကိုမမွေးခင်ရက်အနည်းငယ်အလိုမှာ ဖြစ် ပေါ်ခဲ့တဲ့ ခံစားချက်နဲ့ပတ်သက်ပြီး သောမတ်စ်က “ကျွန်တော်ဖော်မပြနိုင်လောက်အောင် ဝမ်းသာခဲ့ရပါတယ်။ ဆူဆန် လေး ကျွန်တော့် ဗိုက်ထဲရှိနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံခဲ့ပါဘူး။ ဒါဟာမိသားစုဘဝ တည် ဆောက်ဖို့ ကျွန်တော်နဲ့နန်စီတို့ နှစ်ရှည်လများ မျှော်လင့်ခဲ့ရတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။ အရီဇိုးနား ပြည်နယ်မှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင် နေတဲ့ သောမတ်စ်ဟာ ကလေးထပ်မယူဘူးလို့ ဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့် သားအိမ်ကို ခွဲစိတ် ဖယ်ရှားပစ်တောာ့မယ်လို့ သိရပါ တယ်။

Ref:
- http://www.searchmyanmar.com/link/frame/cid/5027
- http://www.dailymail.co.uk/news/article-2019579/Worlds-pregnant-man-Thomas-Beatie-unveils-muscular-body-3-babies.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>