Wednesday, February 29, 2012

မန္တလေး မြို့တော်ဝန် နှင့် တိုင်းဘဏ္ဍာ အခွန်ဝန်ကြီး နေရာချင်း လွဲပြောင်းခန့်အပ်

မန္တလေး၊ ဖေဖော်ဝါရီ -၂၈
မန္တလေးမြို့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး အတွက် မြေနေရာ ရှာပေးခဲ့သော မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို တိုင်းဒေသကြီး ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။

NLD ပါတီ စည်းရုံးရေးအတွက် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင်ဆင်းကာ အောင်ပင်လယ် ရပ်ကွက် အတွင်းရှိ မြေကွက်လပ်ကြီး တစ်ခုကို ရွေးချယ် ပေးခဲ့ခြင်းကြောင့် တာဝန် ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟု MCDC ဝန်ထမ်းများက သုံးသပ်သော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိပေ။

မိမိကိုယ်တိုင်လည်း ယနေ့နံနက်မှသာ သိရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်မောင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဖုန်ဇော်ဟန်နှင့် လက်ရှိ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ ကြား၌လည်း အခန့်မသင့်မှုများ ရှိရာ နိုင်ငံတော်သမ္မတ ရုံးထိတိုင်အောင် အပြန်အလှန် တိုင်ကြားမှုများ ပြုလုပ်သည့် သတင်းများမှာ မန္တလေး လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း၊ လက်ရှိ မြို့တော်ဝန်နေရာကို တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်သည့် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းကို ပြောင်းလဲ တာဝန်ပေးခြင်း ဖြစ်ပြီး အဆိုပါ မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ချမ်းအေးသာဇံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ရောက် ရွေးချယ်ခံ ရသည့် ပုဂ္ဂိုလ် ဖြစ်သည်။

Sources:
- The Voice Daily Newsletter Feb 28, 2012

No comments: