ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
အစီအစဉ် (၁)
ကွယ်လွန်သူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ရည်စူးသည့် ဆွမ်းကျွေးအလှူ
နေရာ ။ ။ ဖူပြောင်း ဓမ္မဒူတ ကျောင်းတိုက်
နေ့ရက် ။ ။ ၂၀၁၄ခုနှစ် မေလ ၁၈ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မနက် ၆ နာရီမှ မွန်းလွဲ ၁၂ နာရီ အထိ
အကျွေးအမွေး ။ ။ ရွှေတောင်ခေါက်ဆွဲ ( ကိုကျော်ကျော်ဦး + မဥမ္မာကျော်)
သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ရည်စူး၍ ဘုရားအမှုးရှိသော ဆရာတော် သံင်္ဃာတော်အရှင်သူမြတ်များအား
လှူဖွယ်ဝတ္ထု အစုစုနှင့် အတူ အာရုဏ်နှင့် နေ့ဆွမ်းကပ်လှူပြီး ကုသိုလ်ကောင်းမှုများအား အမျှပေးဝေခြင်းပြုလုပ်ပါမည်။
အစီအစဉ် (၂)
သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အောက်မေ့ဘွယ်အခမ်းအနားနှင့်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နှင့် ကိုရီးယားနိုင်ငံရောက်
မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးပွဲ
နေ့ရက်။ ။ ၂၀၁၄ ခုနှစ် မေလ ၁၈ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ ည ၇ နာရီ တိတိ အချိန်တွင် စတင်မည်။
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ရုံး ခမ်းမဆောင်
Friday, May 16, 2014
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဖိတ်ကြားခြင်း
Monday, January 27, 2014
ကိုရီးယားနှစ်သစ်ကူး အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
ကိုရီးယားနိုင်ငံ၏ နှစ်သစ်မင်္ဂလာ အချိန်အခါကာလ သမယတွင် မိမိတို့ ကာယ ဥာဏ ဝိရီယအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ မိဘ ဆရာသမားတို့၏ ဂုဏ်ကို ဦးထိပ်ရွက် ပန်ဆင်လျှက် ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း ဧည့်ခံကျွေးမွေးပါမည်။
၁။ ဇန်န၀ါရီ ၃၀ ရက်၊ ကြာသာပတေးနေ့
ဂေါ်ဂျယ် (MGDSME) ရွှေညီအကိုများ
အရုဏ် ဆွမ်း ။ ကြာဇံချက်
နေ့ဆွမ်း ။ ဧရာဝတီလွမ်းပြေ ငါးခြောက်ထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ သီးစုံဟင်း။
၂။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့
အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။ အလှူရှင် - ကိုစည်သူနှင့်သူငယ်ချင်းများ။
နေ့ဆွမ်း ။ ဒံပေါက်။ အလှူရှင် ကိုအောင်မြတ်သိန်းနှင့် သူငယ်ချင်းများအဖွဲ့။
၃။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။ အလှူရှင် - Over Sea မေတ္တာရှင်လေးများ။
နေ့ ဆွမ်း ။ ထောပတ် ထမင်း။ အလှူရှင် - မြင်းခြံ ညီအကိုများအဖွဲ့။
၎။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
အလှူရှင် - ရွာမ (အင်းစိန်) လူငယ်များ အဖွဲ့။
အရုဏ် ဆွမ်း ။ မုန့်ဟင်းခါး
နေ့ ဆွမ်း ။ မြန်မာ ထမင်း၊ ဟင်း
ဆရာတော်နှင့် အကျိုးတော်ဆောင်များ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်
၁၃၇၅ ခုနှစ် ပြာသို လဆုပ်၁၂ ရက်၊ တနင်္လာနေ့
Sunday, January 26, 2014
အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ညီအစ်ကို မိသားစု၏ နှစ်စဉ်ပြုလုပ်နေကျ ကိုရီးယား နှစ်သစ်ကူး နှစ်ဦးဆွမ်းကပ်အလှူကို အန်ဆန်းမြို့ သန္တိကရဝိဟာ၌ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံပြီး ကျင်းပပြုလုပ်မည်ဖြစ်သည်။
မိတ်ဟောင်းများနှင့် တွေ့ဆုံပြီး မိတ်သစ်များနှင့်လည်း မိတ်ဖွဲ့ရင်း အလှူရှင်များ၏ ကုသိုလ်ပါရမီကို ဖြည့်ဆည်းသည့်အနေဖြင့် လာရောက်နိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။
အလှူတော်မင်္ဂလာကို
မနက် (၁၀း၀၀)နာရီတွင် တရားတော်နာ ရေစက်ချပါမည်
မနက် (၁၁း၀၀)မှစ၍ ဧည့်ခံပါမည်။
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့၇က် - ၃၁၊ ၁၊ ၂၀၁၄ (သောကြာနေ့)
ဆက်သွယ်ရန်
ကိုသန်းလွင် (၀၁၀-၄၁၃၉-၄၂၄၁)
ကိုဘီဂျေ (၀၁၀-၉၈၈၁-၅၄၂၅)
Saturday, January 25, 2014
၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ဓမ္မဒူတဆရာတော် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်

ဇန္နဝါရီ၂၅ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ဆရာတော်ကြီးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုရီးယားသို့ရောက်ရှိတော်မူပြီး ၊ နေ့လည် ၁ နာရိ ၃၀ မိနစ်တွင် ဓမ္မဒူတသိမ်တော်ခမ်းမတွင် ကျင်းပမည့် နှစ်ကူးအထူးဓမ္မသဘင်တွင် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည် ။
ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၂၅
Tuesday, January 21, 2014
ဂင်မ်ဟဲ ဓမ္မယာနကျောင်း အလှူတော် ဖိတ်ကြားလွှာ
Monday, January 20, 2014
ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲ ဖိတ်ကြားလွှာ
ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား ရွှေအလင်းတန်း မြန်မာအသင်း၏ နှစ်ဦး ဆွမ်းကပ်ပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
Wednesday, January 1, 2014
ဘူဆန် ၊ ဂမ်ဟဲ အနီးအနားက ရွှေညီအစ်ကိုများ သို့ ဦးဦးဖျားဖျား နှစ်ဦးအလှူတော်မင်္ဂလာဖိတ်ကြားလွှာ
နေ့ရက်....: : 2014/01/01 ဗုဒ္ဓဟူးနေ့
အချိန်...: : နံနက် ၁၀ နာရီမှ နေလည် ၁ နာရီ..
နေရာ...: : 경남 김해시 진영읍 의전리
275-2 번지 (주)영신티알
(ဂင်ဟဲမှလာမည်သူများ BUS ..44 စီပြီး (ဂွမ်ဂုတ်မာအူလ်း) မှတ်တိုင်မှာဆင်းပါ။
ဆက်သွယ်ရန်....
ကိုခိုင်..... 01086711877
ကိုဇော်ဝင်းထွန်....0106466002
အောင်းစိုးလင်း ... 01028127659
ကိုဇော်ဦး..... 01098785647
Sunday, October 27, 2013
ကထိန်အောင်ပွဲ အလှူတော်ဖိတ်ကြားလွှာ
Saturday, October 19, 2013
ဂမ် ဟဲမြို့ ပြည် တော် ဦး (ဓမ္မယာန -မဇ္ဈိမယာန )ရိပ်မွန် တွင် မဟာဘုံကထိန် အောင်ပွဲ အလှူတော် မင်္ဂလာ ကျင်းပမည်
ရတနာ သုးံပါး ဦးထိပ် ပန်ဆင် လျက် ဗု ဒ္ဓသာသနာ ကြာရှည် တည်တံ့ပါ စေ ခြင်း အလို့ ငှာ တောင် ကို ရီးယားနိုင် ငံBusan မြို့ ၌ကျောင်း ထိုင် သီတင်း သုးံလျက် ရှိသော ပြည် တော် ဦး ကျောင်း ဆရာ တော် "အရှင် ပဏ္ဍိစ္စ "Busan ဆရာ တော် ဘုရား အား အမှူးထား၍ ဘူဆန် (ဓမ္မယာန -မ ဇ္ဈိ မ ယာန အ ဖွဲ့  ) ၏ဦး ဆောင် မှု ဖြင့် ဘူဆန် ၊ ဂျင် ယောင်း ( ဂ ယောင်း ဂုးံဂီ ဂုးံ - CNC စက် ရုံ )မှ ရွှေ မြန် မာ သူ ငယ် ချင်း တစု တို့ ၏အဟာရဒါန လှူ ဒါန်း မှု ကို ရီးယားနိုင် ငံ ရောက် ဗု ဒ္ဓဘာသာ ဝင် သဒ္ဓါ ကြည် ရွှင် သူ တော် စင် အ ပေါင်း တို့ ၏ ပါ ဝင် လှူ ဒါန်း မှု တို့ ဖြင့် စု ပေါင်း ကျင်း ပမည့် စုပေါင်း မဟာ ဘုံကထိန် အောင် ပွဲ အလှူ တော် ကို အောက် ဖော် ပြပါ အစီအစဉ် အတိုင်း စည် ကား သိုက် မြိုက် စွာ ကျင်းပ ပြုလုပ် မည် ဖြစ်ပါသဖြင့် ကြွ ရောက် ကြပါ ရန် လေးစားစွာဖြင့် ဖိတ် ကြား အပ် ပါ သည် ။
နေ့ ရက် ......20.10.2013 (sunday)
နေရာ..........ဂင် ဟဲ ပြည် တော် ဦး (ဓမ္မယာန -မဇ္ဈိမယာန )ရိပ်မွန် ရွှေအလင်း တန်း စာ ကြည့် တိုက်
ဧည့် ခံ ချိန် .............နံနက် ၁၀ မှ နေ့ လည် ၂ နာ ရီ အထိ ကြွရောက် လာ ကြ သော ပရိသတ် များ ကို
အထူး စပါယ် ရှယ် ( ကြက် သားကြာဇံချက် )ဖြင့် ဧည့် ခံကျွေး မွေး ပါ မည် ။
နေ့ လည် ၁၁နာရီတွင် ဆရာတော် နှင့် သံဃာတော် အရှင် သူ မြတ် များ .ကိုရီးယား ဆရာတော် များ ကို နေ့ ဆွမ်း ဆပ်ကပ် လှူဒါန်း ပါ မည်။
နေ့ လည် ၁ နာရီ တွင် ပင် မ အလှူ ရှင် (ဂ ယောင်း ဂုးံဂီဂုးံ) သူငယ် ချင်း တစု မှ ဆရာ တော် တရားပွဲများတွင် အသုးံပြု နိုင် ရန် (ကြိုးမဲ့မိုက် ကရိုဖုန်း ) နှင့် ဓမ္မယာန -မဇ္ဈိမယာန ရိပ် မွန် တွင် အသုးံပြု နိုင် ရန် ဂတ် စ် မီးဖို လှူဒါန်း ခြင်း.သဒ္ဓါ ကြည် ရွှင် သူတော် စင် များ မှ ဆရာ တော် နှင့် သံဃာတော် အရှင် သူမြတ် များအား ကထိန် သင်္ကန်း များ နှင့် လှူဖွယ် ဝတ္ထု ပစ္စည်း များဆပ်ကပ် လှူ ဒါန်း ပြီး လှူ ဒါန်း မှုကုသိုလ် အစုစု တို့ အတွက် ရေစက် သွန်းချ တရား တော် နာကြားမည် ဖြစ် ပါသည်။
Wednesday, October 16, 2013
မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော် ဓမ္မသဘင်ခန်းမသစ်ဖွင့်ပွဲဖိတ်ကြားလွှာ
Friday, September 13, 2013
ရေးသားသူ — စိုင်းဒြား
ဖခင်ကြီးနှစ်လည်ဆွမ်းအလှူဖိတ် ကြားစာ
လွန်ခဲ့သော ၁နှစ်က ဘဝ တစ်ပါးသို့ပြောင်းသွားသည့်ကိုစောအောင်သင်း(ရခိုင်အသင်း(ကိုးရီးယား)) ၏ချစ်လှစွာသောဖခင်ကြီး အားရည်စူး၍ မြတ်စွာဘုရားအမှူးပြူသော
သံဃာတော် အရှင်သူမြတ်တို့အားဆွမ်းခဲဘွယ်ဘောဇဉ်အာဟာရတို့ကို ဆက်ကပ်လှူဒါန်း ပြီးကုသိုလ်ပြု
အမျှအတန်းပေးဝေ လိုပါသဖြင့် ကြွ ရောက်ကုသိုလ် ယူတော်မူကြပါရန်
လေးစားစွာဖိတ်ကြားအပ် ပါသည်။
နေ့စွဲ- ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက် (တနင်္ဂနွေနေ့)
အချိန်- နံနက် ၆နာရီ ၃၀မိနစ် မှ နေ့လည် ၁နာရီ၃၀မိနစ်ထိ
နေရာ- မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော် ကိုးရီးယား (အလုပ်သမားကျောင်း)
အာရုံဆွမ်း(ရခိုင်မုန့်တီ) ၊ နေ့ဆွမ်း( ရခိုင်ချက်)
Thursday, September 12, 2013
ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
တောင်ကိုရီးယားနိုင်ငံရောက် ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ က လာမည့်ကိုရီးယားချူးဆော့ပွဲတော်အခါသမယတွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား မွန်မြတ်သည့် အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများဆပ်ကပ်ပူဇော်လှူဒါန်းကြပြီးလျင် ၊ ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနပြု ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်သုံးဆောင်တော်မူကြပါရန်လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
အလှူတော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အလှူတော်နေရာ-
- မြန်မာဗုဒ္ဓသာသနာပြုကျောင်း
အလှူတော်နေ့ရက်-
- ၂၀၁၃ခုနှစ် ၊ စက်တင်္ဘာလ ၁၉ ရက် (ချူးဆော့ရက်ကြီး)
အလှူတော်အစီအစဉ်-
- နံနက်= မုန်းဟင်းခါး ။
- နေ့လည် = မြန်မာပြည်အလွမ်းပြေထမင်း ဟင်း ။
ခင်မင်လေးစားမှုဖြင့်-
ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ
၂၀၁၃ခုနှစ် စက်တင်္ဘာလ ၁၂ရက်
အင်ချောန်း
Wednesday, August 7, 2013
၈လေးလုံး အထိမ်းအမှတ် ဆွမ်းကပ်ပွဲသို့ ကြွရောက်ပါရန် ဘားမားအက်ရှင်မှ ဖိတ်ခေါ်ပါတယ်။
Thursday, July 25, 2013
Sunday, July 21, 2013
ဂျုအာန် ကားစက်ရုံက ညီအကိုတို့ရဲပ ၀ါဆို အလှူ ဖိတ်ကြားလွှာ
လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင်၂၈ ရက် တနင်္ဂနွေနေ့ အင်ချောန်မြို့ ဂျုအာန်ရှိ ဂီအာ (KIA) ကားပစ္စည်း ထုတ် စက်ရုံမှ ညီအကိုတစ်စုတို့က ဘုရားအမှူးထား၍ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလနှင့် ပင့်သံဃာအပေါင်းတို့အား ဆွမ်း ဘောဇဉ်ခဲဘွယ်တို့ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို နံနက် ၈ နာရီမှ ၉ နာရီအထိ သျှမ်းခေါက်ဆွဲ နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်တို့ဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီအချိန်တွင် ပြုပြုသမျှသော ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသဖြင့် တရားနာ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Saturday, July 20, 2013
ဇူလိုင် ၂၁ မြင်းခြံ အဖွဲ့သားများ၏ အလှူ ဖိတ်ကြားလွှာ
လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ တနင်္ဂနွေနေ့တွင် ဘုရားအမှူးထားပြီး ဦးဇာဂရ (ထီးချိုင့်မြို့၊ ကြက်တကောင်းဆရာတော် )နှင့် ပင့်သံဃာတော် အသျှင်သူမြတ်တို့အား ဆွမ်း ဘောဇဉ် ခဲဘွယ်တို့ကို ကိုရီးယားနိုင်ငံရောက် မြင်းခြံအဖွဲ့သားများက ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ်များကို နံနက် ၈ နာရီမှ ၉ နာရီအထိ နန်းကြီးသုပ်၊ နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်တို့ဖြင့် ဧည့်ခံသွားမည်ဖြစ်ပါသည်။ ၄င်းနောက် ပြုပြုသမျှသော ကုသိုလ် အလှူအပေါင်းတို့ကို တရားနာ ရေစက်ချ အမျှပေးဝေသွားမည်ဖြစ်ပါသဖြင့် တရားနာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Thursday, July 18, 2013
ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ
နေ့ရက် ။ ။ ၁၃၅၇-ခုနှစ် ၊ ၀ါဆိုလဆန်း(၁၄) ရက် ၊ (၂၁-၇-၂၀၁၃) တနင်္ဂနွေနေ့
အချိန် ။ ။ နံနက် (၁၀း၀၀) နာရီ မှ နေ့လည် (၂း၀၀) နာရီ အထိ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ဓမ္မယာန အသင်း ၊ ရွှေအလင်းတန်း စာကြည့်တိုက်
အကျွေးအမွေး ။ ။ နုတ်ဆန်း Sunday Friends သူငယ်ချင်းများမှ မြန်မာထမင်းဟင်းများနှင့် ဧည့်ခံကျွေးမွေးမည်
Wednesday, July 17, 2013
ဝါဆို သက်င်္န်း ဆက်ကပ်ခြင်း ရက်ရွှေ့ပြောင်းခြင်း
၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ၀ါဆို သင်္ကန်းနှင့် န၀ကမ္မ ၀တ္တုငွေများ လှူဒါန်းကြမည့် အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ ဇူလိုင် ၂၁ ရက်နေ့အထိ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ကျောင်းထိုင် ဆရာတော်တို့က လေယာဉ်ပျံ လက်မှတ် ပြောင်းရွှေ့မရသဖြင့် လာမည့် သြဂတ် ၃ ရက် စနေနေ့တွင် ၀ါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း အကြောင်းကြား အသိပေးအပ်ပါသည်။ ဆရာတော်များက ဇူလိုင် ၂၃ ရက် နံနက်ပိုင်း လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ကြွချီလာမှာ ဖြစ်ပါကြောင်းနှင့် သြဂတ် ၃ ရက် အမှီ လှူဒါန်းကြမည့် အလှူရှင်များ ဆက်လက် လှူဒါန်းနိုင်ရန် အကျိုးမျှော်ကာ နိုးဆော်လိုက်ပါသည်။
Sunday, July 14, 2013
မြတ်ဝါဆိုသင်္ကန်းအလှူ ဖိတ်ကြားလွှာ
ဝါဆိုသင်္ကန်းအလှူသည် နိဗဒ္ဓအလှူတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိဗဒ္ဓအလှူကို ပေးလှူသူသည် သောတာပန်ကဲ့သို့ အပါယ်မလားနိုင်ဟု ကျမ်းဂန်၌ဆိုသည်။
အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း၌ ဒုတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (၂၈၊ ရ၊ ၂၀၁၃) နေ့တွင် ကိုရီးယားရောက် မြန်မာမိသားစုများ စုပေါင်းကာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ပင့်ဖိတ်၍ ကြွေ၇ာက်လာကြမည့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပ၇ိတ်သတ်အပေါင်းအားလည်း အာဟာရဒါနဖြင့် ဧည့်ခံကျွေမွေးမည် ဖြစ်ပါ၍ အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းအား ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။
လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး
ပရိက္ခရာအစုံ - ၅၀,၀၀၀ ဝမ်
တိစီဝ၇ိတ် - ၃၀,၀၀၀ ဝမ်
သင်္ကန်းဒွိစုံ - ၂၀,၀၀၀ ဝမ်
ခြုံထည် - ၂၀,၀၀၀ ဝမ်
ထီး ၊ ဖိနပ် ၊ ယပ် - ၅၀၀၀ ဝမ်စီ
သပိတ် - ၁၀,၀၀၀ ဝမ်
ကြိုတင်ဆက်သွယ်လှူဒါန်းလိုသော ပါရမီရှင်များ အောင်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉ ၉ ၂၆)
ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉ ၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉ -၀၃၂၄)
အလှူေ၇စက်ချ အချိန် - မနက် ၁၀း၀၀ နာ၇ီ
ဆွမ်းကပ်ချိန် - မနက် ၁၁း၁၅ နာ၇ီ
နေ့၇က် - ဝါဆိုလပြည့်ကျော် (၆)၇က်။ (၂၈၊ ၇၊ ၂၀၁၃)
စားသောက်ဖွယ် - မြန်မာဟင်းထ္မင်း
နေ၇ာ - သန္တိက၇ဝိဟာ၇၊ အန်ဆန်းမြို့
Thursday, July 11, 2013
ဝါဆိုဦး ဆွမ်းကပ်အလှူ






