Monday, January 27, 2014

ကိုရီးယားနှစ်သစ်ကူး အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် ရွှေမြန်မာညီအကိုမောင်နှမအပေါင်းတို့ခင်ဗျား 

ကိုရီးယားနိုင်ငံ၏ နှစ်သစ်မင်္ဂလာ အချိန်အခါကာလ သမယတွင် မိမိတို့ ကာယ ဥာဏ ဝိရီယအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ မိဘ ဆရာသမားတို့၏ ဂုဏ်ကို ဦးထိပ်ရွက် ပန်ဆင်လျှက် ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း ဧည့်ခံကျွေးမွေးပါမည်။

အောက်ပါ အစီအစဉ်အတိုင်း အလှူရှင်အများမှ အလှူတော်မင်္ဂလာများပြုလုပ်မည် ဖြစ်ပါ၍ အလှူရှင်များနှင့်အတူ ကုသိုလ်ပြုလုပ်နိုင်ရန် မေတ္တာရှေ့ထား ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည် ။
                 
အလှူ  အစီအစဉ်များ

၁။ ဇန်န၀ါရီ ၃၀ ရက်၊ ကြာသာပတေးနေ့
    ဂေါ်ဂျယ် (MGDSME) ရွှေညီအကိုများ
    အရုဏ် ဆွမ်း ။ ကြာဇံချက်
    နေ့ဆွမ်း       ။ ဧရာဝတီလွမ်းပြေ ငါးခြောက်ထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ သီးစုံဟင်း။

ညနေ ၅ နာရီအချိန်တွင် ဒုလ္လဘ ရဟန်းခံကြမည်ဖြစ်ပါသည်။ 

၂။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့ 
     အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။ အလှူရှင် - ကိုစည်သူနှင့်သူငယ်ချင်းများ။
     နေ့ဆွမ်း       ။  ဒံပေါက်။     အလှူရှင် ကိုအောင်မြတ်သိန်းနှင့် သူငယ်ချင်းများအဖွဲ့။

၃။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
     အရုဏ် ဆွမ်း ။ နန်းကြီးသုပ်။   အလှူရှင် - Over Sea မေတ္တာရှင်လေးများ။
     နေ့ ဆွမ်း      ။ ထောပတ် ထမင်း။ အလှူရှင် - မြင်းခြံ ညီအကိုများအဖွဲ့။

၎။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
    အလှူရှင် - ရွာမ (အင်းစိန်) လူငယ်များ အဖွဲ့။ 
    အရုဏ် ဆွမ်း ။ မုန့်ဟင်းခါး
    နေ့ ဆွမ်း      ။ မြန်မာ ထမင်း၊ ဟင်း

ဆရာတော်နှင့် အကျိုးတော်ဆောင်များ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်
၁၃၇၅ ခုနှစ် ပြာသို လဆုပ်၁၂ ရက်၊ တနင်္လာနေ့


No comments: