Showing posts with label သင်တန်း. Show all posts
Showing posts with label သင်တန်း. Show all posts

Wednesday, June 18, 2014

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (၅)ကြိမ်မြော်က် ကိုရီးယားဘသာစကားသင်တန်းများ ဖွင့်လှစ်မည်

credit to - Ngwekyi Myonaing
ချစ်ခင် လေးစားရပါသော ရွှေ မြန်မာ အစ်ကို တို့ မောင် တို့ရှင့်

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ မှ ရွှေမြန်မာများအတွက် ပူးပေါင်း ပြုလုပ်ပေးသော ကိုရီးယားဘာသာ အခမဲ့ ငါးကြိမ်မြောက် သင်တန်းများကို ဂင်မဲဓမ္မယာန ပြည်တော်ဦးဘုန်းကြီး ကျောင်းနှင့် ဂွမ်ဂျူး ပြည်တော်ဦးဘုန်းကြီး ကျောင်းများတွင်၂၀၁၄-၆-၂၂ မှ ၂၀၁၄-၈-၂၄ အထိ အပတ်စဉ် တနင်္ဂနွေတိုင်း ဆယ်ပတ်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်ရှင့်။ ပြုလုပ်ခဲ့ပြီးဖြစ်သော သင်တန်းများတွင် လေးကြိမ်တိုင်တိုင် ကြိုးကြိုးစားစား တက်ရောက် သင်ကြားခဲ့သော သင်တန်းသားဟောင်းများ အပြင် အသစ် အသစ်သော သင်တန်းသားများ အောက်ပါ တာဝန်ခံ ဆရာ/ဆရာမများထံ ဆက်သွယ် သင်တန်းစာရင်းသွင်း တက်ရောက် နိုင်ပါတယ်ရှင့်။ ယခု သင်တန်းတွင် မြန်မာဆရာ/ဆရာမများ အပြင် ကျွန်မတို့ ရွှေမြန်မာများ ကိုရီးယားစကားပြော အရည် အသွေး တိုးတက်စေရန် ကိုရီးယားလူမျိုး ဆရာများမှ Free korean topik သင်တန်းကိုလဲ ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။

ဂင်မဲ ဓမ္မယာန ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် အောက်ပါ တာဝန်ခံဆရာ/ဆရာမများမှ 
တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

Level 1 (အခြေခံမှ စသင်သော သင်တန်းပါ။)
ဆရာမ ခင်ချမ်းမြေ့အောင် Ph- 010-5953-7141 နေ့လည် ၂နာရီ မှ ၄နာရီ

Level 2
ဆရာမ ခင်ငြိမ်းဆင့် ph- 010-6452-6730 နေ့လည် ၂နာရီ မှ ၄နာရီ

Level 3
ဆရာ စိုးလွင်လွင် ph- 010-2600-1294 နေ့လည် ၁၂နာရီ မှ ၂နာရီ

Level 4
ဆရာမ ငွေကြည်မျိုးနိုင် ph- 010-4170-0556 နေ့လည် ၁၂နာရီ မှ ၂နာရီ

ဂွမ်ဂျူး ပြည်တော်ဦး ဓမ္မယာန ဘုန်းကြီးကျောင်းတွင်
Level 2 နှင့် Level 3 သင်တန်းများကို
ဆရာမ ဒေါ်ခင်သူဇာ ph- 010-575-65641 နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

သင်တန်းရွေးချယ်မှု့၊ ယခု သင်တန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
ဘူဂယောင်းတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်သော ကျွန်မတို့ မောင်နှမ တစ်စုမှ ရွှေမြန်မာ အစ်ကိုတို့ ကိုရီးယားစကားအရည်အသွေး မြင့်မားလာရန် ကျွန်မတို့ တတ်စွမ်းသမျှဖြင့် ကူညီပေးချင်ပါတယ်ရှင့်။ သင်တန်းသား အဟောင်းများအပြင် အသစ်အသစ်သော သင်တန်းသားများ တက်ရောက်နိုင်ရန် မျှော်လင့်ပါတယ်ရှင့်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 11, 2013

မြန်မာစင်တာ ရုပ်ရှင်ပြပွဲက ဖိတ်ကြားအပ်ပါတယ်

2013 이주노동자 미디어교육 상영회 2013 Migrant Workers' Film festival
발언(發言-한자)하다
Express Your Opinion Season 4

နေ့ရက်= ၂၀၁၃ ဒီဇင်ဘာ ၁၅ ရက်နေ့
အချိန်= မွန်းလွဲ ၂ နာရီမှ ၄ နာရီ
နေရာ= Cine Space Ju-an Screen#3 (영화공간 주안 3관)

မြန်မာစင်တာ မီဒီယာသင်တန်း ၂၀၁၃ မှ သင်တန်းဆင်းသူများရဲ့ ဖန်တီးမှုလက်ရာ မှတ်တမ်းရုပ်ရှင်များကို ပြသမယ့် “အတွေးကိုယ်စီ ဖွင့်ဟမယ်” ရုပ်ရှင်ပြပွဲသို့ အထက်ပါ အစီအစဉ်အတိုင်း လာရောက် အားပေးကြည့်ရှုကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

၁) စေတနာရောင်ပြန်
၂) Something
၃) ပတ်ကူ
၎) My Poinion
၅) My Life
၆) Someday
၇) Crazy ကားများ ပါဝင်ပြသပါမယ်။

လမ်းညွှန်= ရထားလိုင်း နံပတ် ၁၊ ဂျူအန်းဘူတာ ထွက်ပေါက် ၈ မှထွက်၍ မီတာ ၂၀၀ ခန့် လမ်းလျှောက်ပါ။

ဤသင်တန်းနှင့် ရုပ်ရှင်ပြပွဲကို 미얀마센터 Myanmar Center, 이주노동자미디어교육기획단(인천인권영화제 이주노동자미디어교육교사네트워크 한국이주인권센터 Migrant Workers' Media Class Planning Team (Incheon Human Rights Film Festival, Migrant Workers' Media Class Teacher Network Korea Migrant Workers' Human Rights Center) တို့ ပူးတွဲ ဆောင်ရွက်သည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 4, 2013

မြန်မာစင်တာ သင်တန်းဆင်းပွဲ ဖိတ်ကြားစာ



ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ၂၀၁၃ ဒုတိယနှစ်ဝက်အတွင်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်းအသီးသီးမှာ စိတ်ဝင်တစား ကြိုးစားတက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများကို ဂုဏ်ပြုတဲ့ သင်တန်းဆင်းပွဲသို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် = ၂၀၁၃ ဒီဇင်ဘာ ၈ ရက်
အချိန် = မွန်းလွဲ ၂း၀၀ မှ ၄း၀၀ နာရီအထိ
နေရာ = မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

အစီအစဉ်- နှုတ်ခွန်းဆက်
- သင်တန်းဆိုင်ရာ တင်ပြခြင်း
- သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း
- ဆရာများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း
- မြန်မာစင်တာအကြောင်း မှတ်တမ်းရုပ်သံ တင်ပြခြင်း

ပြီးဆုံးသည့် သင်တန်းများ

1) #2/8 TOPIK 3-4 Class
2) #3/8 TOPIK 3-4 Class
3) #4/7 TOPIK 1-2 Class
4) #5/7 TOPIK 1-2 Class
5) #3/7 SPOKEN Class
6) #4/7 SPOKEN Class
7) Advance Computer #4
8) Advance Computer #5
9) Media Class 2013
10) Community Organization 2013

လေးစားလျက်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 7, 2013

တတိယအကြိမ် စနေစကားဝိုင်းမှ ဖိတ်ခေါ်ပါတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ စနေည တပတ်ခြား “စနေစကားဝိုင်း” ပြုလုပ်လျက်ရှိရာ ယခုတပတ်မှာ တတိယအကြိမ်မြောက် စကားဝိုင်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ၀ိုင်းဖွဲ့ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

တတိယအကြိမ် အစီအစဉ် -
နေ့ရက် = ၂၀၁၃ မေလ ၂၅ (စနေနေ့)
အချိန် = ည ၇ နာရီမှ ၉ နာရီ အထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
အဆိုပြုခေါင်းစဉ် =”အလုပ်ရှင်နဲ့ ဘယ်လို ဆက်ဆံမလဲ”

- အသိပညာ၊ ဗဟုသုတ၊ အနုရသ၊ အတွေ့အကြုံတို့ကို ဆွေးနွေးဖလှယ်ခြင်း
- ခေတ်ရေစီးကြောင်းအတွင်း ပါဝင်စီးမျောနေရသူတို့ရဲ့ ဘ၀အကြောင်း နားထောင်ခြင်း
- မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း သုံးသပ်ဝေဖန်ခြင်း
- အမြင်အတွေး မတူသူတို့အကြား လွတ်လပ်ပွင့်လင်းစွာ စကားဝိုင်းဖွဲ့ခြင်း တို့ဖြင့်
ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အကြား တိုးတက်သစ်လွင်တဲ့ အသိအမြင် အလေ့အကျင့်တွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။

မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 31, 2013

ဇွန်လ ပထမပတ် မြန်မာစင်တာမှာ ဆေးစစ်ရှိတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ ယခုတပတ် ၂၀၁၃ ဇွန်လ ၂ ရက် တနင်္ဂနွေနေ့ ပထမပတ် ဆေးစစ် ရှိပါတယ်။ အထွေထွေ ဆေးစစ်၊ အရိုးနဲ့ ခန္ဓာကိုယ်ပြင်ပရောဂါများ စစ်ဆေးကုသပေးမှာပါ။
ညနေ ၄း၀၀ မှ ၆း၀၀ နာရီအထိ ဖြစ်ပါတယ်။

အခြား ပုံမှန်သင်တန်းများ ဖြစ်တဲ့ -

နံနက် ၁၀း၀၀ နာရီ - မီဒီယာသင်တန်း သင်တန်းဖွင့် မိတ်ဆက်ပွဲ
နံနက် ၁၀း၀၀ မှ ၁၁း၅၀ - ကိုရီးယာဘာသာ TOPIK 1/2
မွန်းတည့် ၁၂း၀၀ မှ ၁း၅၀ - ကွန်ပျူတာ အမှတ်စဉ်-၎
မွန်းလွဲ ၁း၃၀ မှ ၃း၂၀ - ကိုရီးယားစကားပြော
မွန်းလွဲ ၂း၀၀ မှ ၃း၅၀ - ကွန်ပျူတာ အမှတ်စဉ်-၅
ညနေ ၃း၃၀ မှ ၅း၂၀ - ကိုရီးယာဘာသာ TOPIK 1/2
ညနေ ၅း၃၀ မှ ၇း၃၀ - စုပေါင်းဆောင်ရွက် လူမှုဗေဒ

တို့ အသီးသီး ရှိပါတယ်။ သက်ဆိုင်ရာ သင်တန်းသားများ မပျက်မကွက် အချိန် နောက်မကျစေဘဲ တက်ရောက်ကြဖို့ လေးစားစွာ နှိုးဆော်ပါတယ်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 24, 2013

မီဒီယာသင်တန်း ဇွန်လ ၂ ရက်နေ့ စမယ်


ဘူဖျောင်းမြို့ မြန်မာစင်တာတွင်“မီဒီယာသင်တန်း” ဖွင့်လှစ်ရန် သင်တန်းတက်လိုသူများ လက်ခံလျက်ရှိရာ လာမည့် တနင်္ဂနွေနေ့ (မေလ ၂၆)တွင် နောက်ဆုံးနေ့အဖြစ် ကျန်နေသေးသည့် နေရာ ၂ နေရာစာအတွက် လာရောက် စုံစမ်းနိုင်ပါသေးသည်။
ဇွန်လ ၂ ရက်နေ့မှ စ၍ နိုဝင်ဘာလထိ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးမည့် မီဒီယာသင်တန်းကို အင်ချွန်း ရွေ့ပြောင်းအလုပ်သမား ရိပ်သာ၊ အင်ချွန်း နိုင်ငံခြားသား မီဒီယာ သင်ကြားရေး အဖွဲ့ တို့နှင့် မြန်မာစင်တာ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။

သင်တန်းတွင်-

က) ရုပ်သံ ကင်မရာ ကိုင်တွယ် ရိုက်ကူးခြင်း
ခ) ကွန်ပျူတာပေါ်တွင် ရုပ်သံ တည်းဖြတ်ခြင်း
ဂ) ရုပ်သံ သတင်းနှင့် မှတ်တမ်း၊ ဇာတ်လမ်း ရိုက်ကူးတည်းဖြတ်ခြင်း
ဃ) သတင်းပညာနှင့် မတတ်မဖြစ် နည်းစနစ်များ
င) မီဒီယာ ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးများ
စ) ဖြန့်ချိရေး နည်းနာများ၊ ပိုက်ဆံဖြစ်အောင် လုပ်ကိုင်ခြင်း နှင့်
ဆ) ပြည်သူသတင်းသမားကောင်း တယောက်ဖြစ်လာအောင် လေ့ကျင့် သင်ကြားပေးမည်။

သင်တန်း တက်လိုသူများ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက် အင်တာဗျူး၍ စာရင်းပေးသွင်းပါ။
သင်တန်းသား ၁၀ ဦး တိတိသာ လက်ခံပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 12, 2013

စုပေါင်းဆောင်ရွက် လူမှုဗေဒ သင်တန်း မေ ၂၆ စမယ်


ဘူဖျောင်းမြို့ မြန်မာစင်တာတွင်“စုပေါင်းဆောင်ရွက် လူမှုဗေဒ” (Community Organization) နှင့် ပတ်သက်၍ ဆွေးနွေး ပို့ချ လေ့ကျင့်ပေးမည့် သင်တန်းကို မေလ ၂၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ သင်တန်းတက်မည့်သူ အများစု၏ အချိန်အဆင်ပြေစေရန် တနင်္ဂနွေနေ့တိုင်း ညနေ ၅ နာရီမှ ၇ နာရီအထိ သင်တန်းချိန် ၁၀ ကြိမ် ဖြစ်သည်။

ဤသင်တန်းက

- ပရဟိတ အလုပ် စိတ်ဝင်စားသူ၊ ရပ်ကျိုးရွာကျိုး သယ်ပိုးချင်သူ၊ လူအများနှင့် လက်တွဲလုပ်ဆောင်ချင်သူများ အတွက် လက်တွေ့ကျကျ အထောက်အကူပြုမည်။
- အန်ဂျီအိုအဖွဲ့အစည်း လုပ်ချင်သူ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်သူများအတွက် သဘောတရားဆိုင်ရာ အထောက်အကူပြုမည်။
- အသင်းအဖွဲ့ တခုခုတွင် ပါဝင်လုပ်ဆောင်နေသူများ အတွက် လေ့လာရန် သင့်တော်သည်။
- ၀ါရင့် ကိုရီးယား ဆရာများက သင်ကြားမည် ဖြစ်ပြီး၊ ကျွမ်းကျင်သူများက ဘာသာပြန်ပေးမည်။

တက်ရောက်လိုသူများ မေလ ၁၉ ရက်နေ့တွင် မွန်းတည့် ၁၂ မှ ညနေ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်း အင်တာဗျူးရန် အသိပေး ဖိတ်ကြားအပ်ပါသည်။

လေးစားလျက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယားအစိုးရအသိအမှတ်ပြု ကိုရီးယားစားဖိုမှူး သင်တန်းဖွင့်မည်

အင်ချောန်း ၊ မေ ၉

ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားအစိုးရအသိအမှတ်ပြု စားဖိုမှူး သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -

သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)

သင်တန်းကာလ (၆-လ)
- တနင်္ဂနွေ တစ်ပတ်ခြား (တစ်လ၂-ရက်)

သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၄ နာရီထိ

- နေ့လည်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းချိန်ပြီးပါက ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ ကန့်သတ်ထားပါသည် ။
- အမှန်တကယ်တတ်မြောက်လိုသူများ နစ်နာမှုမရှိစေရေးနှင့် သင်တန်းစီစဉ်သူများ အနှောက်အယှက် မဖြစ်စေရေးအတွက် အမှန်တကယ်တက်ရောက်နိုင်မှသာ အမည်စာရင်းပေးသွင်းပါရန်မေတ္တာရပ်ခံပါသည် ။
- မိမိဦးစားပေးသင်ယူလိုသော (အချက်အပြုတ်) အမျိုးအမည်များအဆိုပြုနိုင်ပါသည် ။

- စိတ်ပါဝင်စားသူများ မေလ၂၀ ရက်နေ့ နောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 3, 2013

ဒီတပတ် ဆေးစစ်ရှိတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာတွင် ယခုတပတ် မေလ ၅ ရက်နေ့မှာ ပထမပတ် ကျန်းမာရေးဆေးစစ် အစီအစဉ် ရှိပါတယ်။ ညနေ ၄ နာရီကနေ ၆ နာရီ အထိ အထွေထွေ ဆေးစစ်နဲ့ အရိုးအကြော ဝေဒနာများကို ကုသပေးမှာ ဖြစ်ပါတယ်။

*** မေလ ၅ ရက်နေ့မှာ ဆရာမ ဒေါ်လေးလေးမွန်ရဲ့ သင်တန်းများ ရှိပါတယ်။ (ယခင် တပတ်ကျော်က အချိန်ကို အစားထိုး သင်ကြားတာ ဖြစ်လို့ စကားပြောနဲ့၊ TOPIK 3/4 သင်တန်းသားများ တက်ရောက်ရန် ဖြစ်ပါတယ်။)

** အခြား ကိုရီးယားဘာသာ သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ ပုံမှန်အတိုင်း ရှိမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 28, 2013

ယခုတပတ် မြန်မာစင်တာမှာ...


၂၀၁၃ မတ်လ ၃ ရက်နေ့ တနင်္ဂနွေနေ့၊ ဘူဖျောင်းမြို့ မြန်မာစင်တာမှာ အောက်ပါ သင်တန်းများ ရှိပါတယ်။

၁) နံနက် ၁၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်လေးလေးမွန်)
၂) နံနက် ၁၀ နာရီ - ကိုရီးယားဘာသာ TOPIK 1/2 (ဆရာမ ဒေါ်သန်းသန်း)
၃) နံနက် ၁၁း၃၀ နာရီ - ကိုရီးယားဘာသာ TOPIK 3/4 (ဆရာမ ဒေါ်လေးလေးမွန်)
၎) မွန်းလွဲ ၁း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာမ ဒေါ်သန်းသန်း)
၅) ညနေ ၃း၃၀ နာရီ - ကိုရီးယား စကားပြော (ဆရာ ဦးသူရ)
၆) မွန်းတည့် ၁၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်စန်းစန်းကြည်)
၇) မွန်းလွဲ ၂ နာရီ - ကွန်ပျူတာ ကျွမ်းကျင်သင်တန်း (ဆရာမ ဒေါ်ဥမ္မာကျော်)

ယခုတပတ်မှ စတင်ဖွင့်သော တန်းခွဲသစ်များဖြစ်တဲ့ အမှတ်စဉ် ၂ နဲ့ ၄ သို့ တက်ရောက်မည့်သူများ မပျက်မကွက် စောစော လာရောက်ကြဖို့ နှိုးဆော်ပါတယ်။

ကွန်ပျူတာသင်တန်းမှာ နေရာ အနည်းငယ် ကျန်နေသေးတာမို့ တက်ရောက်လိုသူများ အမြန်ဆက်သွယ် လာရောက်ပါ။

ယခုသတင်းပတ်က ပထမပတ် ဖြစ်သော်လည်း ဆေးကုသပေးတဲ့ ဆရာဝန်များရဲ့ အချိန်အခက်အခဲကြောင့် ဒီတပတ်မှာ ဆေးစစ် မရှိပါ။ တတိယပတ် (မတ်လ ၁၇) ရက်နေ့ကျမှ ဆေးစစ် ရှိပါမယ်။

အားလုံးကို လေးစား ကြိုဆိုလျက်...
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 24, 2013

ကိုရီးယားနိုင်ငံ ဂမ်မဲင် ရှိ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ကိုရီးယားဘာသာစကားသင်တန်း အပတ်စဉ်(၃) ဆင်းပွဲ ကျင်းပခဲ့


ကိုရီယားနိုင်ငံ ဂမ်မဲင်မြို့ရှိ ရွှေအလင်းတန်းစာကြည့်တိုက်တွင် ကိုရီယားဘာသာစကားသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဖေဖေါ်ဝါရီလ (၂၄) ရက် ၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီက ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ ဘူဆန် ၊ ဂမ်မဲင် အနီးအနားရှိ ရွှေမြန်မာများမှ လာရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစမီ လာရောက်ကြသော ရွှေမြန်မာများကို မြန်မာအစားအစာ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံခဲ့ပါသည်။


ကိုရီးယားဘာသာစကားသင်တန်းကို ဆရာလှမင်းထွန်း ၊ ဆရာရဲသီဟ ၊ ဆရာမ ဂျောင်ဂွီဆွန်း ၊ ဆရာ ဟာဆန်ဒယ်တို့မှ သင်ကြားခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစတင်မှီ အပတ်စဉ်(၄) သင်တန်းကို တက်ရောက်ရန်အတွက် သင်တန်းသား အသစ်များကို ၀င်ခွင့်ဖောင်များကို ဖြည့်ခိုင်းကြပါသည်။ သင်တန်းဆင်းပွဲတွင် အခမ်းအနားမှူးအဖြစ် ကိုတိုးသူရ မှ ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ ကိုရီးယားဘာသာ စကားသင်တန်း Level(1) သင်တန်းသားဆင်းလက်မှတ်များကို ဆရာလှမင်းထွန်း ပေးအပ်ခဲ့ပြီး ၊ Level(2) အောင် သင်တန်းသားများကို ကိုရီးယားဆရာမ ဂျောင်ဂွီးဆွန်း (နိုင်ငံခြားအလုပ်သမားကူညီပေးရေးရုံးမှ ဥက္ကဌ) မှ သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ပါသည်။ 

ထို့နောက် ဆရာမ ဂျောင်ဂွီဆွန်းမှ  သင်တန်းဆင်းအမှာစကားပြောကြားရာတွင်   “ ကိုယ့်ရဲ့အခက် အခဲတွေကို အလုပ်မှာပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ပြီးတော့ အလုပ်အကိုင်တွေ အားလုံးအဆင်ပြဖို့ ရည်ရွယ်ပါတယ်လို့ ” ပြောကြားခဲ့ပါတယ် ၊ ဆရာလှမင်းထွန်း နှင့်ကိုတိုးသူရတို့မှလဲ အမှာစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆရာလှမင်းထွန်း နှင့် ဆရာမ  ဂျောင်ဂွီဆွန်း တို့ကို အသီးအသီးလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်း ကျောင်းသားများကိုယ်စား ကိုရန်နောင်စိုး နှင့် ကိုအေးကိုတို့မှ လဲ ကျေးဇူးတင်စကား များပြောကြားခဲ့ကြပါသည်။ ထို့နောက် ရွှေအလင်းတန်းစာကြည့်တိုက် ကိုမင်းလတ်မှလဲ စာကြည့်တိုက်ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပါသည်။ 

သင်တန်းဆင်းလက်မှတ်များကို နိုင်ငံခြားသားအလုပ်သမားကူညီပေးရေးရုံးနှင့် ရွှေအလင်းတန်းစာကြည့်တိုက် ကိုရီးယားဘာသာစကားသင်တန်းတို့ ပူးပေါင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အပတ်စဉ်(၃) သင်တန်းကို သင်တန်းကာလ (၆) လ သင်ကြားပေးခဲ့ပါသည်။ ဆက်လက်၍ အပတ်စဉ်(၄) သင်တန်းများကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကွန်ပျူတာသင်တန်း ၊ အလုပ်သမားဥပဒေသင်တန်း ၊ မြန်မာပြည်ပြန်ရောက် သည့်အခါ ကိုရီးယားလုပ်ငန်းရှင်များထံတွင် ပြန်လည်လုပ်ကိုင်အသုံးချနိုင်ရန် သင်ကြားပေးမည့် သင်တန်းများကို ဘူဆန်မြို့ ၊ မိုလာဒုံရှိ  နိုင်ငံခြားအလုပ်သမား ကူညီပေးရေးရုံး (BFC- Busan Foreign Workers Support Centre) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။

------------------
https://www.facebook.com/groups/goldenlight009/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 21, 2013

ကွန်ပျူတာ ကျွမ်းကျင် သင်တန်း ဖွင့်မည်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ “ကွန်ပျူတာ ကျွမ်းကျင် သင်တန်း” ဖွင့်လှစ်ပါမယ်။

တက်ရောက်လိုသူများ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၄) နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း လူကိုယ်တိုင် လာရောက် စာရင်းသွင်းပါ။ သင်တန်းတက်လိုသူများကို လူတွေ့စစ်ဆေးခြင်း (အင်တာဗျူး) ပြုလုပ်ပြီးမှ လက်ခံမှာ ဖြစ်ပါတယ်။

ဒီသင်တန်းက ကွန်ပျူတာကို မိမိဘာသာ ကျွမ်းကျင် ပိုင်နိုင်စွာ သုံးစွဲတတ်သည် အထိ သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သင်တန်းကို တက်ရောက်ပြီးသူများ၊ သို့မဟုတ် ကျွမ်းကျင်အဆင့် ရှိသူများကိုသာ နောင်ဆက်လက် ဖွင့်လှစ်မယ့် အဆင့်မြင့် ဂရပ်ဖစ်သင်တန်း၊ မီဒီယာသင်တန်း စသည်တို့မှာ လက်ခံမှာ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ အခြေခံသင်တန်း တက်ရောက်ပြီးသူများ တနင်္ဂနွေနေ့ အင်တာဗျူးသို့ လာရောက်ကြပါ)

ကွန်ပျူတာ ကျွမ်းကျင် သင်တန်း
Advance Computer Training Course

Hardware: Computer Relative Hardware
Windows: Window7 and Applications
Programs: Knowledge and Installing, Using and Maintenance
Personal Office: Microsoft Words, Excel, Publisher and Myanmar Language
Internet: Email, World Wide Web, Security, Online Shopping, Downloading, Social Networking, Blogging and Create your mind
Graphics: Introduction to Photoshop
Smart Using: Banking, Buying and Multi Purpose တို့ ဖြစ်ပါတယ်။

သင်တန်းချိန်-
၂၀၁၃ မတ်လမှ ဇူလိုင်လ အထိ။
တနင်္ဂနွေနေ့တိုင်း (တစ်လ တစ်ရက်နားမည်)
တစ်ရက် ၂ နာရီ

မြန်မာစင်တာ၊ 070-4154-8824

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 17, 2013


နုတ်ဆန်း နှင့် ယွန်းဝန်းဒေသတွင် ကိုရီးယားဘာသာစကားသင်တန်းများနှင့် အလုပ်သမားဥပဒေသင်တန်းများ ဖွင့်လှစ်မည်
------------------------------------------------------------------------------------------------------------
လာမည့် စနေနေ့ ( ၂ လပိုင်း ၁၆ ရက်) မှ စတင်၍ နုတ်ဆန်းနှင့် ယွန်းဝန်းနယ်မြေအတွင်းရှိ ကိုရီးယား ဘာသာစကားကို လေ့လာသင်ယူလိုသူ မြန်မာညီအကိုတို့အတွက် ကိုရီးယားဘာသာသင်တန်းကို စတင် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ကိုရီးယားဘာသာစကား အပြင် အာမခံကိစ္စများ ၊ အလုပ်နှင့် ပတ်သက်သည်များ ၊ ကျန်းမာရေး ၊ ဥပဒေ အစရှိသည်တို့ကိုလည်း အခါအားလျှာ်စွာ ဖြည့်စွက်ပို့ချပေးသွားမည် ဖြစ်ပါသောကြောင့် ရွှေမြန်မာညီအကိုတို့အား သင်တန်းတက်ရောက်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည် ..။

သင်တန်းရက် ........အပါတ်စဉ် စနေနေ့တိုင်း
သင်တန်းချိန်  ........ ညနေ ၇ နာရီ
သင်တန်းနေရာ ...... ယွန်ဝန်း ကျန်းမာရေးစောင့်ရှောက်မှု့ ရုံး

ဆက်သွယ်ရန်ဖုန်း .. ၀၁၀ - ၈၉၁၆ - ၇၆၁၉ (တိုးသူရ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, February 12, 2013

ကိုရီးယား စကားပြောနှင့် သဒ္ဒါ သင်တန်းသစ် ဖွင့်မယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ “ကိုရီးယား စကားပြောနှင့် သဒ္ဒ့ါ” သင်တန်း တန်းခွဲအသစ် တစ်ခုကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

သင်တန်းသား ၁၀ ဦးသာ ကန့်သတ်ထားပါတယ်။ သင်တန်းတက်လိုသူများကို လူတွေ့စစ်မေးခြင်း (Interview)လုပ်ပြီး စိစစ်လက်ခံမှာ ဖြစ်ပါတယ်။

သင်တန်း တက်လိုသူများ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အတွင်း လူကိုယ်တိုင် လာရောက် စာရင်းသွင်း အင်တာဗျူး ဖြေဆိုပါ။

လက်ရှိ ဖွင့်လှစ်နေတဲ့ သင်တန်းများ ပုံမှန်အချိန်အတိုင်း ဆက်လက် ရှိနေပါတယ်။ သင်တန်းသားများ မပျက်မကွက်ကြဖို့ တိုက်တွန်းပါတယ်။

မြန်မာစင်တာသို့ ဆက်သွယ် လာရောက်ကြတဲ့ မိတ်ဆွေများ အားလုံးကို လေးစားလျက်-

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 2, 2013

ဒီအပတ် မြန်မာစင်တာ အစီအစဉ်များ

ဘူဖြောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်-

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကျန်းမာရေး ဆေးစစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 20, 2013

2013-KIIP (Korea Immigration and Integration Program) သင်တန်းများမကြာမှီဖွင့်လှစ်မည်

ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (F-5) ၊ အခြေချနေထိုင်ခွင့်ဗီဇာ(F-2) နှင့် အထူးအလုပ်လုပ်ခွင့်ဗီဇာ(E-7)တို့ လျှောက်ထားရာမှာ “ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း(Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူဖြစ်ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ အဆင့် ၃ (TOPIK Level-3) အောင်လက်မှတ် မရရှိနိုင်သူများအဖို့ ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနမှ ကြီးမှူးကျင်းပတဲ့ ကိုရီးယား ယဉ်ကျေးမှုသင်တန်း (KIIP) ကို တက်ရောက်ထားသင့်တယ်လို့ ယူဆပါတယ် ။

သင်ရိုးကုန်တက်ဖို့လိုအပ်တယ်ဆိုပေမယ့် ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲရှိပြီး ၊ သင်တန်းဝင်ဆန်းစစ်စာမေးပွဲမှာ ရရှိတဲ့ အမှတ်အခြေအနေ (사전평가점수) အရ ၊ မိမိနှင့် သင့်တော်တဲ့ အတန်းကစပြီး သင်ယူနိုင်ကြောင်းလည်း သိရပါတယ် ။ ယခုအခါ ၂၀၁၃ခုနှစ်အတွက် သင်တန်းလမ်းညွှန်နှင့် အချိန်ဇယား (Click Here and Download) ထွက်လာပြီဖြစ်ကြောင်း ၊ မကြာခင်မှာ အဲသည်သင်တန်းတွေ ကိုရီးယားနိုင်ငံနှင့်အဝှမ်း စတင်တော့မှာဖြစ်ကြောင်း ၊ ပထမအသုတ် သင်တန်းသားလောင်းများ လျှောက်လွှာကို အောန်လိုင်း [Click Here] မှတစ်ဆင့် ၊ အောက်ဖော်ပြပါကာလအတွင်း ၊ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ် -
- From 10 Jan 2013 (9am) to 1 Feb 2013 (5pm).

http://www.socinet.go.kr စာမျက်နှာ soci-Net တွင် အဖွဲ့ဝင် (회원가입) အဖြစ် ဦးစွာမှတ်ပုံတင်ပြီးမှသာ ၊ KIIP တွင် သင်တန်း လျှောက်လွှာ တင်သွင်း (사회통합프로그램신청) ရမည်ဖြစ်ကြောင်း ၊ စာမေးပွဲ ညွှန်ကြားချက်များကို ဤနေရာတွင် (CLICK HERE) ကြည့်ရှုနိုင်သလို ၊ ထပ်မံသိရှိလိုသော အချက်အလက်များ ရှိပါက အင်တာနက်စာမျက်နှာ (http://www.kiip.kr/) တွင်ဖြစ်စေ ၊ Immigration Contact Centre (Tel. 1345) နှင့် အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဌာန ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းခြင်းဖြင့်ဖြစ်စေ သိရှိနိုင်ကြောင်း သိရပါတယ် ။
- Seoul (02-2650-6229)/ 158-076 서울시 양천구 목동동로 121
- Pusan (051-461-3082)/ 600-814 부산시 중구 충장대로 20
- Incheon (032-890-6404, 6411)/ 400-800 인천시 중구 항동7가 1-31
- Suwon (031-695-3821~2)/ 441-340 수원시 영통구 영통동 1012-6
- Jeju (064-722-0080)/ 690-800 제주시 임항로 277
- Daegu (053-980-3558~9)/ 701-040 대구시 동구 안심로 117
- Daejeon (042-220-2192)/ 301-840 대전시 중구 목동길 150
- Yeosu (061-689-5517)/ 555-110 전남 여수시 무선로 267
- Yangju (031-828-9487)/ 480-848 경기도 양주시 덕계동 467-2
- Kwangju (062-381-1345)/ 502-838 광주시 서구 화정로 196
- Changwon (055-222-9279)/ 631-410 경남 창원시 마산합포구 해안로 260
- Chuncheon (033-269-3215~6)/ 200-882 강원도 춘천시 동내면 사암길 12
- Cheongju (043-235-4905)/ 361-825 충북 청주시 흥덕구 새터1길 23
- Jeonju (063-245-6164)/ 561-211 전북 전주시 덕진구 호성로 213


အောင်မြင်ကြပါစေ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Sources:
- http://www.kiip.kr/
- http://www.socinet.go.kr/soci/main/main.jsp?MENU_TYPE=S_TOP_SY
- http://dhammaduta.info/others/2013_KIIP_Time-table.pdf
- http://dhammaduta.info/others/2013_KIIP_Application_Procedure.pdf

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 5, 2013

မြန်မာစင်တာမှာ ဒီတပတ် ဆေးစစ်ရှိတယ်...

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၃ ဇန်န၀ါရီ ၆ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်။

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကျန်းမာရေး ဆေးစစ်

(ရာသီဥတု အေးသော်လည်း ဆရာတွေက အချိန်မီ ရောက်အောင်လာကြတာမို့ သင်တန်းသားတွေ မပျက်မကွက် အချိန်မီရောက်အောင် လာကြပါရန် တိုက်တွန်းပါတယ်။ သင်တန်းချိန် နောက်ကျသူများကို ပျက်ကွက်အဖြစ် သတ်မှတ်မယ့် အကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 4, 2013

မြန်မာကလေးငယ်များအား မြန်မာစာ မြန်မာစကား အားအခမဲ့သင်ကြားပေးမည်

ကိုရီးယားနိုင်ငံရှိမြန်မာကလေးငယ်များအားအပတ်စဉ်စနေနေ့တိုင်းမြန်မာစာနှင့် မြန်မာစကား အားအခမဲ့သင်ကြားပေးရန်အစီအစဉ်ရှိပါသဖြင့်စိတ်ပါဝင်စားသော ကလေးမိဘများအောက်ပါဖုန်းနံပါတ်သို့ဆောလျင်စွာ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ကြေညာမောင်း ထုလိုက်ပါသည်-
- ဒေါ်ဥမ္မာ 010-2447-4084


လေးစားစွာဖြင့်-
ဥမ္မာ
03-Jan-2013

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, December 14, 2012

ယခုတပတ် မြန်မာစင်တာမှာ...

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်။

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုးရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

TOPIK စာမေးပွဲ ဖြေဆိုလိုသူများ အတွက် အွန်လိုင်း ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းပေးမယ့် အစီအစဉ်ကို မွန်းလွဲ ၁း၀၀ နာရီမှာ ဆောင်ရွက်ပါမယ်။ တင်လိုသူများ လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်ကြေး ၀မ် ၄၀၀၀၀ နဲ့အတူ လာရောက်နိုင်ပါတယ်။

အလုပ်သမားသင်တန်း နောက်ဆုံးအချိန် လူ့အခွင့်အရေးဆိုင်ရာ ပို့ချဆွေးနွေးပွဲကို “အင်ချွန်း လူ့အခွင့်အရေးရုံး”တွင် ပြုလုပ်မှာ ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်မည့်သူများ မြန်မာစင်တာသို့ မွန်းတည့် ၁၂ နာရီ အရောက် လာကြပါရန် နှိုးဆော်ပါတယ်။

ယခုလက စပြီး တတိယပတ် ဆေးစစ်အစီအစဉ် မရှိတော့ပါ။
တစ်လမှာ ပထမပတ် တစ်ကြိမ်တည်းသာ ဆေးစစ်အစီအစဉ် ရှိတော့မှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပဲကြီးနှပ်ကွပ် (동지팥죽) ချက်နည်းသင်တန်း ဖိတ်ခေါ်စာ


အင်ချောန်း ၊ ဒီဇင်္ဘာလ ၁၄
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ပဲကြီးနှပ်ကွပ် လက်တွေ့ ချက်ပြုတ်နည်း (동지팥죽 만들기) သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ဂျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)

သင်တန်းနေ့ရက်
- ဒီဇင်္ဘာလ ၂၃ ရက် ၊ တနင်္ဂနွေနေ့

သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၆ နာရီထိ

မှတ်ချက်-
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဒီဇင်္ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>