Thursday, May 7, 2009

ဓါတ်ပုံပညာသင်တန်းဖွင့်လှစ်မည်

ကိုဝိုင်း(မိုးညှင်း)
မေ ၇ ၊ဆောအူးလ် ။

ကိုရီးယားနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ အသက်မွေးမှုပညာ အဖြစ် အထောက်အကူဖြစ်စေရန်ရည်ရွယ်လျက် ၊ မြန်မာအသင်း(ကိုရီးယား)အခြေစိုက်ရာ ဘူချောန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ (BMWH) တွင် ၊ ဓါတ်ပုံအတတ်ပညာ(사진기술) ကို အောက်ပါအစီအစဉ်အတိုင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြေင်း သိရသည်-

သင်တန်းကာလ ။ ၂၀၀၉ မေ ၂၄ မှ ဇွန် ၂၈ ထိ
သင်တန်းရက် ။ တနင်္ဂနွေနေ့တိုင်း
သင်တန်းအချိန် ။ နေ့လည် (၁)နာရီမှ ညနေ(၆) နာရီထိ

သင်တန်းတက်ရောက်လိုသူများ ဘူချောန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ(Bucheon Migrant Worker’s House)သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ ၊ မြန်မာအသင်း(ကိုရီးယား) သို့ ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ကြကြောင်းသိရသည်။
ဘူချောန်ရွှေ့ပြေင်းအလုပ်သမားများရိပ်သာတွင် ဖိုတိုရှော့ဖ်(포토샵) ၊ အိပ်က်ဇယ်(엑셀)၊ အော်တိုကက်ခေါ် စီအေဒီ(CAD)နှင့် မော်တော်ကားပြင်(자동차정비)သင်တန်းတို့ ကိုလည်း ယခုလက်ရှိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း နှင့် မြန်မာလူငယ်အချို့ အဆိုပါသင်တန်းများတွင် ကြိုးစား တက်ရောက် သင်ယူလျက်ရှိကြကြောင်းလည်း သိရသည် ။

No comments: