Thursday, May 7, 2009

ရွှေအင်အား စောင့်ရှောက်မည့်သတင်းအပေါ်သဘောထားများ

ကိုဝိုင်း(မိုးညှင်း)
၂၀၀၉ ဖေဖေါ်ဝါရီ ၈ ၊ ဟန်ဂုရွာ ။

ကျနော်တို့ ဟန်းဂုရွာ ဧည့်သည်အချို့ Comment ကို ဘယ်လို့ဖတ်ရမလဲ ၊ ကျနော်တို့လည်း ဝင်ရေးချင်တယ် ။ ဘယ်လိုရေးရမလဲ ဆိုပြီး မေးလာကြတဲ့သူတွေရှိသဗျ ။ ဒါကြောင့် ရွှေအင်အားစောင့်ရှောက်မည့် သတင်းအပေါ် စိတ်ဝင်တစား သဘောထားမှတ်ချက်များ ဝင်ရေးထားကြသည်ကို ၊ အဆိုပါ ကွန်မင့်ဖတ်ရန် အခက်အခဲရှိသူ ရွာသားများအတွက် ကွန်မင့်များစုစည်း တင်ပြလိုက်ရပါကြောင်း----
*******

ဒီမွေး၏ သဘောထား

ငွေယူပြီးစောင့်ရှောက်မယ့် ရွှေအင်အားရဲ့ အနိုင်ကျင့် တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့ အကျင့်ဆိုးကို အတူလက်တွဲတိုက်ပွဲဝင်ကြစို့
တို့မြန်မာနိုင်ငံသားတွေညီကြပါ၊ရလာတဲ့ သတင်းတွေ ကို pcnmbk@gmail.comကို ပေးပို့ပေးကြပါ။
2/3/09 1:24 AM
*******
ဝင်းပေါ်မောင်၏ သဘောထား

အလုပ်ပါမစ်စနစ် (ကိုရက်စ်) အရ ကိုရီးယား အလုပ်သမား ဌာနမှာ မှတ်ပုံတင်ပြီးရင် ခြားခံ ကိုယ်စားလှယ်/ကုမ္ပဏီ/ပွဲစား ဘယ်သူမှ ၀င်ပါစရာ မလိုတော့ပါဘူး။ ကိုယ့်ကိစ္စကို အလုပ်သမားဌာနနဲ့ တိုက်ရိုက် ဆယ်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေ အဖို့ ကိုယ့်အားကိုယ်ကိုး ရမှာပါ။ ရွှေအင်အားရဲ့ အစောင့်အရှောက်ကို ခံယူလိုလို့ စာချုပ် ချုပ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် နွားကျခံတာပဲ ဖြစ်ပါလိမ့်မယ်။
2/3/09 12:57 PM
*******
Win Latt ၏ သဘောထား

ခေါင်းပုံဖြတ်သူကို တိုက်ဖျက်ကြ။
အလိုတူအလိုပါ ကို(မြန်မာ)ကို နိုပ်ကွက်ကြ။
မသိနားမလည် ငွေဝယ်ကျွန်ဘဝ
မရှိစေရ။
မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြ။
*******
Aung၏ သဘောထား

ကိုကြီးဝိုင်းခင်ဗျား။
ရွှေအင်အားက အုပ်ချုပ်မှုစရိတ်ဆိုပြီး ၊ ကျနော်တို့ဆီက၂၀၀၈ ခု (၁) နှစ်လုံးဖြတ်ခဲ့ပါတယ်ခင်ဗျား ။
မဖြတ်ဖို့ စက်ရူံကိုပြောတော့ ၊ ရွှေအင်အားကိုပြောပါ ။ သူတို့ ဖြတ်ခိုင်းလို့ ဖြတ်ရတာဆိုပြီးပြောပါတယ် ။
ရွှေအင်အားကို မဖြတ်ဖို့ ပြောတော့ ၊ အဖြတ်မခံချင်ရင် အပြန်စရိတ်အာမခံငွေကို မပေးတော့ဘူး ။ ယူလိုက်မယ်ဆိုပြီး ပြောပါတယ် ။ အဲဒါနဲ့ပဲ - အောင့်သက်သက်နှင့် အဖြတ်ခံနေရတာပါ ။ အဲဒါကို ကျနော်တို့ မကျေနပ်ပါဘူး ။ ဘယ်လိုလုပ်ရင် ပြန်တောင်းလို့ရပါ့မလဲ ။ အကြံပေးပါဦးခင်ဗျာ ။
ကျနော်တို့စက်ရုံမှာ ရွှေ ၃ ယောက်ရှိပါတယ် ။
လေးစားစွာဖြင့်-
ညီငယ် ၊ အောင်အောင်
2/5/09 9:59 PM
*******
ကိုဝိုင်း(မိုးညှင်း)၏ သဘောထား

၎င်းကိစ္စ ကိုဝိုင်းနှာစေးနေပါသည် ။ နှာစေးပျောက်လျင် နည်းနည်းစီ ရေးပါဦးမည် ။ တောင်းတဲ့နည်းကတော့ အမျိုးမျိုးရှိပါသည် ။ ငါးပိရှင်က အိပ်လို့ကောင်း ဆားရှင်က ခွေးမောင်း ဆိုသလို ဖြစ်နေလို့က မသင့်တော်ဟု သဘောရပါသည် ။......

2/6/09 7:06 AM
*******
Burmaactionkorea ၏ သဘောထား

ကိုအောင်အောင်ခင်ဗျာ~
အလုပ်သမားတယောက်ရဲ့လစာကို အလုပ်သမားမှ သဘောတူညီချက်၊ ခွင့်ပြုချက် မပြုပါက အဆိုပါ လစာကို အခြားသူ တယောက်မှ တဆင့် အလုပ်သမားထံ လွှဲပေးခြင်း ၊ အခြားသူထံ လွှဲ ပြောင်းပေးခြင်း မပြုလုပ်ရလို့ ကိုရီးယားအလုပ်သ မားဥပဒေမှာ ဆိုထားပါတယ်။ ဥပဒေပါအကြောင်း အရာကနေ ဆန့်ကျင်ပြီး ဘယ်လိုချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါစေ တရားမ၀င်တဲ့ စာချုပ်ပဲ ဖြစ်ပါတယ်။ ကျေနပ်မှုမရှိရင် အလုပ်သမားရုံးကိုတိုင်ပါ။ အခက်အခဲရှိရင် ၀၁၀ ၇၁၅၅ ၆၅၈၁ကိုဆက်သွယ်ပြီး အကူအညီတောင်းခံ နိုင်ပါတယ်။
မတရား ခေါင်းပုံဖြတ် အနိုင်ကျင့်မှု ကျဆုံးရမည်။
*******
ပုဂံသား၏ သဘောထား

ရွှေအင်အားက ဟောက်စား လုပ်နေတာပါခင်ဗျာ..။ သင်တန်းသားတွေ မလာခင်က မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများ အာမခံထားရတဲ့ ကိစ္စကိုကြည့်ပါ။ ဒီရောက်တော့ ထွက်ပြေးသွားတဲ့သူတွေ အများကြီးပါ..။ အဲဒီတုန်းကလည်း ဦးတင်မောင်မြင့်ကြီး တရားစွဲမယ်ဆိုပြီး ပဲခူးက တစ်ယောက်ကို ရုံးတင်ပါတယ်ခင်ဗျာ..။ သူပဲ ရှုံးသွားတာနဲ့ အုတ်အော်သောင်းနင်း မဖြစ်အောင် ဟန်ကိုယ့်ဖို့ လုပ်ခဲ့ရပါတယ်ခင်ဗျာ..။ အခု ဒီအကျိုးဆောင်ခ ကိစ္စကိုလည်း ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူနဲ့ ဆွေးနွေးဖူးပါတယ်ခင်ဗျာ။ KFSB ကလည်း သူတို့ကို ကောက်ခံဖို့ တာဝန်ပေးမထားပါဘူးတဲ့...။ ဒီမှာ ရှိနေတဲ့ သင်တန်းသားတွေရဲ့ နောက်ကြောင်းပြန် ထိမ်းသိန်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကိုရီးယားနိုင်ငံမှာ ရုံးခွဲဖွင့်လုပ်ဆောင်ဖို့ ရွှေအင်အားနဲ့ KFSB စာချုပ်ချုပ်ဆိုစဉ်က ပါရှိခဲ့ပါတယ်။ သို့သော် ဒီရုံးရဲ့ ကုန်ကျစားရိတ်တွေကိုတော့ ရွှေအင်အားကသာလျှင် အကုန်ကျခံရမှာ ဖြစ်ပါတယ်တဲ့ခင်ဗျာ..။ တစ်ကယ်တော့ စာချုပ်ချုပ်ထားတာက ရွှေအင်အားနဲ့ ကိုရီးယားသူဌေးနဲ့ပါခင်ဗျာ..။ အစကတည်းက ရွှေအင်အားရရင် သူက ဒီမှာ အကျိုးဆောင်ခ ကောက်မယ်ဆိုပြီး သဘောတူထားတာပါခင်ဗျာ..။ ကိုရီးယားဘက်မှာတော့ ရွှေအင်အားက ဘာမှ လုပ်လို့မရပါဘူးခင်ဗျာ့... သူတို့ကောက်လို့ မရပါဘူး။ မြန်မာပြည်ဘက်မှာတော့ သူတို့က အလုပ်သမားဝန်ကြီးကို သိန်းရာနဲ့ချီပြီး ပေးကျွေးပြီးတော့ သူတို့ လိုချင်တဲ့ ဥပဒေကို ဘောင်ထဲက တောင်းယူပါတယ်။ ဟိုတစ်လောက ရွှေအင်းဝနဲ့ ရွှေအင်အား သတင်းစာထဲကနေ အပြိုင်အဆိုင်ကြော်ငြာတာကို ကြည့်ပါ..။ ၀န်ကြီးက ဒီဘက်ကျတော့ စစ်တပ်၊ ဟိုဘက်ကတော့ အရာရှိပိုင်းနဲ့ ပါတ်သက်ပြီး သူ့ကို ပေးကျွေးထားတဲ့သူဆိုတော့ အပြစ်လွတ်အောင် ရွှေအင်းဝကို နှုတ်မိန့်နဲ့ပဲ ချပေးလိုက်ပါတယ်တဲ့ခင်ဗျာ..။ ဒီဘက်အပိုင်းကိုတော့ ရွှေအင်အားကပဲ ပေးကျွေးပြီးတော့ အပိုင်ကိုင်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်မှာ သူတို့ ရနေလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ စက်ရုံတွေကိုလည်း သူတို့က ကိုင်ထားပြီး အဲဒီစက်ရုံတွေကနေ သူတို့ လက်ခံထားတဲ့လူတွေကို ပို့နိုင်အောင် ကျိုးစားဦးမှာပါ..။ ဒီဘက်အပိုင်းကို လုပ်ခွင့်မရတော့ကာ ရွှေအင်းဝမှာလည်း ဘာမှ သိပ်မတတ်နိုင်ရှာပါဘူး။ ကိုရီးယားဘက်က သူဌေးကလည်း ဒီဘက်အပိုင်းကို ပေးထားပါတယ်။ ဒါကြောင့် စာမေးပွဲဖြေဖို့ကို အကြာကြီး ကြာသွားရတာပါ။ ပြီးတော့ ကိုရီးယားစကား ကောင်းကောင်းမတတ်တဲ့သူတွေကို ငါတို့ စကားပြန်လုပ်ပေးမယ်ဆိုပြီး နားလှည့်ပါးရိုက်ပါတယ်။ ပြီးတော့ သူတို့ အပိုင်ကိုင်ထားတဲ့ စက်ရုံတွေ ရှိပါတယ်။ အလုပ်သမား ခေါ်ခွင့် သိပ်မရှိတဲ့ စက်ရုံတွေကို သူတို့က ဘောင်ထဲကနေ ပါးပါးလေး ချကျွေးထားပါတယ်။ ဒါတင်မကသေးပါဘူး..။ လက်ရှိ စကားပြန်လည်း ရှိပါသေးတယ်။ သူက ပြန်သွားလေတဲ့ စကားပြန်နဲ့ မတူတာတွေ ရှိပါတယ်။ ရောက်လာကတည်းက အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်။ အပိုင်းလေး နဲ့ သွားဖို့ ပြင်ပါတယ်။ သူက ဒီလမ်းကြောင်းလာချင်လို့ မြန်မာပြည်မှာထဲက သခင်အားရအောင် သင်တန်းသားတွေကို ဟောက်စားလုပ် နှိပ်စက်ခဲ့တာပါ။ ဒီရောက်တော့ သူလုပ်သွားတာက သင်းပါတယ်ခင်ဗျာ..။ အားလုံးကို အဆင်ပြေအောင် လုပ်ပေးတယ်ဆိုပြီး သတင်းထွက်အောင် လုပ်လိုက်ပါတယ်..။ အဲဒီတော့ ကြားကြားသမျှ ကိုကိုရွှေအပေါင်းကလည်း လှမ်းဖုန်းဆက်ပြီး အလုပ်ထွက်လိုက် ကျတော့တာပါပဲ..။ အလုပ်ထွက်တဲ့သူတွေ အများကြီးဖြစ်လာတော့မှ သူက စ ပါတော့တယ်။ လာထား..လာထား.. ပေါ့ဗျာ..။ ပြီးတော့ လူရင်းမွေးလိုက်ပါတယ်။ သူ မွေးထားတဲ့သူတွေ အများကြီးပါ..။ သူ့အခန်းခေါ်ထားပြီး သူတို့ အပိုင် စက်ရုံတွေက ခေါ်ရင် သူ့လူကို လက်သိပ်ထိုး ထည့်ပါတယ်။ သူများတွေ အလုပ်သမားရုံးက ရှာလာတဲ့အထဲက ရရင် သူ့လူတွေကို ညှပ်ထည့်ပါတယ်..။ ဒါကလည်း အကြောင်းရှိပါလိမ့်မယ်။ သူက ဒီမှာ တစ်ခြားလမ်းကြောင်း ရှာနေပုံရပါတယ်။ သူပုံစံကို ကြည့်ရတာ လူမွေးပြီး လမ်းကြောင်းပြောင်းမယ့် ပုံစံပါပဲ။ အရင်းစစ်လိုက်တော့ ဘာလဲ။ ကျွန်တော်တို့ အားလုံး အသုံးမကျလို့ ဖြစ်ရတာပါပဲ။ ကျွန်တော်တို့ သူတို့ အကူအညီ မရှိပဲ ကိုယ့်အားကိုယ်ကိုးနိုင်ရင် သူတို့ကို ဂရုစိုက်စရာ မလိုပါဘူး။ နောက်တစ်ခုက အသင်းအဖွဲ့တွေထဲကမှ မြန်မာအသင်းလိုအဖွဲ့ပါ။ သူတို့ မြန်မာအလုပ်သမားတွေကို ဘာမှ ထိထိရောက်ရောက် မကူညီနိုင်ပါဘူး။ အားနည်းနေပါတယ်။ အခုနောက်ပိုင်း အရည်အချင်းမရှိတဲ့သူတွေ များနေလို့ လို့ ထင်ပါတယ်။ ကျွန်တော်တို့ အားလုံးကလည်း တစ်ယောက်ကို တစ်လ သုံးလေးထောင်လောက် စုကြရင် ကိုရီးယားစကားကျွမ်းကျင်တဲ့သူ တစ်ယောက်ကို လစာပေးထားလို့ ရတာပေါ့ဗျာ..။ လစာရရင် စကားပြန်ပေးတဲ့သူလည်း လုပ်ပေးနိုင်တာပေါ့။ ဒီလို စကားပြန်ပေးတဲ့သူရှိပြီး မြန်မာအလုပ်သမားတွေရဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရင် ရွှေအင်အားဆိုတာ မလိုပါဘူး။ ကိုယ့်လူတွေကလည်း ပိုက်ဆံလေး သုံးလေးထောင်လောက်ကို နှမြောကြတယ်။ သောက်မယ် စားမယ်ဆိုရင်သာ လေး ငါး ခြောက်သောင်း သုံးလိုက်မှာ။ ဟုတ်တယ်နော်။ အသင်းအဖွဲ့တွေကလည်း ထိထိရောက်ရောက် လုပ်ပေးဖို့ လိုနေသလို၊ ကာယကံရှင်တွေကလည်း အသင်းအဖွဲ့တွေ အားရှိအောင် ထောက်ပံ့ပေးကြဖို့လည်း လိုပါတယ်။ အသင်းအဖွဲ့တွေကလည်း ဆိုင်းဘုတ်ကလေးတင်ပြီး အိပ်ငိုက်မနေဖို့လည်း လိုပါသဗျ။ အလွဲသုံးစားလုပ်နေတယ် မထင်ရအောင် ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင်လုပ်ပြဖို့ လိုသလို၊ မြန်မာ့အလုပ်သမားအရေးကို ထိထိရောက်ရောက် လုပ်ပေးဖို့ လိုနေပြီ ထင်ပါတယ်။ ပြောရတာလည်း ဂျာအေး သူ့အမေရိုက်ပါပဲဗျာ..။ ကျုပ်တို့အားလုံး အသုံးမကျတာနဲ့ပဲ ကြားထဲက ရွှေအင်အားက ငွေထုပ်ပိုက်နေတော့တာပါပဲ..။
အားလုံး မညီညွှတ်သရွေ့တော့ ခံပေဦးတော့ ကိုယ့်လူတို့ရေ..။
တော်ပြီဗျာ..။
မောတယ်။
ကျုပ်လည်း ဟိုဟိုဒီဒီ လည်လိုက်ဦးမယ်ဗျို..။
လူကြီးမင်းများ စဉ်းစားတော် မူကြပါကုန်....။
*******
ဒီမွေး၏သဘောထား

အခုလို တိတိကျကျ ထုတ်ဖော်ပြောကြားပေးတဲ ကိုပုဂံ သားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အမှန်တော့ အသင်းအဖွဲ့တွေထဲမှာ လှုပ်ရှားနေတဲ့သူမှန်သမျှဟာ စက်ရုံအလုပ်သမားတွေပါပဲ။ ဒါကြောင့် ပိတ်ရက်မဟုတ်တဲ့ရက်တွေမှာ ဆိုရင် အလုပ်သမား ကိစ္စတွေကို အပြင်ထွက်ပြီး ဖြေရှင်းပေးဘို့ရာမှာ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ တခါက နိုင်ငံခြားသား အလုပ်သ မားစင်တာဌာနတခုက ဥက္ကဌတယောက်က ကျနော့်ကို အကြံပေးဘူးတယ်။
ခင်ဗျားတို့ထဲမှာ အလုပ်သမားတွေကို ကောင်းကောင်းအကူအညီပေးနိုင်တဲ့သူ(စကားပြန်၊
အလုပ်သမားဥပဒေကိုနားလည်သူ)ကို အကူအညီ တောင်းခံတဲ့သူတွေက အလှူငွေပေးပြီး အကူအ ညီတောင်းမယ်ဆိုရင်၊လစဉ်ငွေအနည်းငယ်စီစုပြီးထောက်ပံ့ပေးခြင်းအားဖြင့် ရပ်တည်ခိုင်းမယ် ဆိုရင် ဖြစ်နိုင်မလားလို့ မေးပါတယ်။ ကျနော်က ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဒီအလေ့ အထက အတွေ့အကြုံနည်းတာရယ် ၊ ငွေပေးတာ ငွေယူတာကို အကောင်းထက် အဆိုးမြင်တာတွေ ကပိုများတာကြောင့် ကိုယ့်အိတ်စိုက်ပြီး ပီတိကိုစား အားရှိတယ်လို့ ခံယူချက်မရှိပဲ ဘယ်သူမှ လုပ်မှာမ ဟုတ်တာကြောင့် ဖြစ်နိုင်ရင် ခင်ဗျားတို့စင်တာမှာ မြန်မာအလုပ်သမားအရေးအကူအညီပေးမယ့် မြန်မာတယောက်ကို လစာပေးအလုပ်ခန့်ပါလား လို့ အကြံပေးဘူးပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟန်းဂုရွာညီအကိုတွေ မိမိတို့ ထင်မြင်ချက်၊အကြံကောင်းလေးတွေ ကွန်မင့်ပေးကြပါလားဗျို့~~
***********
ဝင်းပေါ်မောင် ၏ သဘောထား

ပထမဆုံး ပြောချင်တဲ့ အချက်က - သင်တန်းသား/ပါမစ်အလုပ်သမားတွေ ကိုယ်တိုင် စတင်လှုပ်ရှားလာဖို့ လိုပါတယ်။ အခု နည်းနည်း စလာပြီလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ လိုသေးတယ်။ အလုပ်သမား အခွင့်အရေးကို တကယ်စိတ်ဝင်စားပြီး အကူအညီ ပေးခဲ့ကြ ပေးနေကြသူတွေက အိုတွေနဲ့ အခြားသူတွေပါ။ ကာယကံရှင်တွေကိုယ်တိုင် ဥပဒေဘောင်ထဲကနေ အရင်ဆုံး လှုပ်ရှားကြဖို့ လိုပါတယ်။

ဒုတိယအချက်က - သင်တန်းသား/ပါမစ်အလုပ်သမားတွေကို အလုပ်သမား အဖွဲ့အစည်းတွေမှာ မပါဝင်ရဘူး၊ မဖွဲ့စည်းရဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါကိုကြည့်ပြီး တချို့က အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ်။ အချို့အလုပ်ရှင်က အကြပ်ကိုင်တယ်။ ဒါကြောင့် ပါးနပ်လိမ္မာစွာ ဆက်ဆံ လုပ်ကိုင်နိုင်ဖို့ လိုတယ်။ အဖွဲ့အစည်းတွေက ရှေ့ကို ကျော်ထွက်လို့ မရသေးဘူး။ ကာယကံရှင်က ရှေ့ကထွက် အဖွဲ့အစည်းက နောက်တွန်း၊ ဆိုသလို လုပ်ကြရဦးမယ်။

တတိယအချက်ကတော့ - အားလုံး စုပေါင်းပြီး ဆွေးနွေးပွဲတွေ၊ ၀ပ်ရှော့တွေ လုပ်နိုင်ဖို့ လိုတယ်။ အရင်ကတည်းက ဒါမျိုးတွေ လုပ်ဖို့ ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ တခါတရံ သင်တန်းတွေ ဘာတွေ လုပ်ကြတာလည်း တွေ့ပါတယ်။ တကြိမ်နဲ့တော့ မရဘူး။ များများ လုပ်နိုင်ဖို့ လိုတယ်။ လုပ်ရင်းနဲ့ လမ်းပွင့်သွားမှာပါ။

7 comments:

aaaaa said...

ရွှေအင်အားနှင့် ပက်သက်၍ မကြေနပ်ချက်များရှိပါက siwa@mptmail.net.mm Email သို့ Colonel Nyan Htun Aung
ဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင် ထံ လိပ်မူ၍ေ၇းသားပေးပို့ နိုင်ပါသည်။

winlatt said...

ကောင်းတယ်ဗျာ..ကျေးဇူးတင်တယ်...
မကြေနပ်ချက်တွေကအများကြီးဘဲ...
ကဲ...ဘော်ဒါတို့ရေ..
လုပ်လိုက်ကြစို့..
စကားပြန်ငတ ကစလို့ပေါ့....။

စစ်ကျွန်အဖြစ် နွံနစ်မခံ said...

ရွာထဲကို သားရဲဝင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမှာ ကာကွယ်ဖို့ပါ...။ အဲဒါကြောင့် ကာကွယ်ရေးကို အရင်ဆုံး စဉ်းစားလုပ်ဆောင်ကြစေချင်ကြပါတယ်...။ သားရဲဆိုတာ ဘယ်လို သတ္တ၀ါဖြစ်ဖြစ် အားလုံး အန္တရာယ်ရှိပါတယ်..။ အခု ရွှေအင်းဝကို လိပ်မူပြီး ပေးခိုင်းတာကလည်း ရွှေအင်အားကို ဖယ်ချင်လို့ပါ..။ မကောင်းတာကတော့ ဖယ်ရမှာပါ..။ အဲဒီ ဖယ်တဲ့နေရာမှာ ကောင်းတာနဲ့ အစားထိုးရမှာပါ..။ သူတို့ အရှုပ်ထုပ် သူတို့ဘာသာ သူတို့ ရှင်းပါစေ..။ ကိုယ့်လုပ်ရမယ့် ကာကွယ်ရေးကိစ္စကိုပဲ လုပ်သင့်ပါတယ်...။ ကိုယ့်ဘက် ကိုယ်လုံအောင် ကာကွယ်ထားရင် ဘယ်လို သားရဲဖြစ်ဖြစ် ကြောက်စရာမလိုပါဘူး..။ စဉ်းစားကြပါ..။ ကိုယ့်ဘက် ကိုယ်လုံအောင် ကာပြီးပြီဆိုရင်တော့ လုပ်စရာရှိ လုပ်ကြရမှာပါ..။ ကဲ.. အခု ရွှေအင်းဝ က ရောက်လာပြီပေါ့..။ စောင့်ကြည့်ဦးပေါ့ဗျာ..။

aaaaa said...

winlatt ရေ....ဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင် ဆိုတာက
ရွှေအင်အား ကို လုပ်ပိုင်ခွင့်  ပေးထားတဲ့  သူပါ၊andrea က အလကားသက်သက် လက်ညောင်းခံပြီး ၀င်ရေးမယ်သူ မဟုတ်ပါ ....ကိုဝင်းလတ် အားသိစေချင်ပါသည် ခင်ဗျာ

Unknown said...
This comment has been removed by the author.
Unknown said...

First of all,we(all concern parties) need to warn the guy officially who is taking responsiblity for Shwe IN ARR,then if he ignores or no any appropirate solution from him,a legal worker should bring a suit against him in a court with the evident documents.

Unknown said...

အလွန်သင့်မြတ်မှန်ကန်သော အကြံညာဏ်ဖြစ်သည်ဟု ယူဆကြောင်းပါခင်ဗျာ ။ အဲသလို လုပ်သင့် ဖြစ်သင့်တာ ကြာခဲ့ပါပြီ ။ ကာယကံရှင်တွေက ဘာမှမဖြစ်သလို (မသိတာလည်းဖြစ်နိုင်ပါတယ်) လုပ်နေတော့ ဘေးကလူတွေက ဘာလိုက်လုပ်ပေးရမှန်း မသိဖြစ်နေပါတယ် ။ ခက်တယ် ကို မျိုးရယ် .........ခက်တယ် ။.....လယ်သလိုလုပ်စား ၊ အသလိုခံဆိုသလို သဘောထားရမလို ၊ သည်အတိုင်းပဲထားကောင်းမလားလို့ပါဗျာ ။ အဟဲ ၊ ဟဲ ။