Showing posts with label အလှူ. Show all posts
Showing posts with label အလှူ. Show all posts

Wednesday, April 9, 2014

ဘူဆန် ၊ ဂင်မ်ဟဲ မြို့တွင် ရှိသော ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီးယား) မှ ပြည်တွင်းသို့ ကျပ်သိန်း (၂၀) ကို လှူဒါန်းခဲ့



ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရွေ့လျား စကြည့်တိုက်) သို့ ရွှေအလင်းတန်း မြန်မာအသင်း ဥက္ကဌ ဦးလှထွန်းမှ Project Director Dr. Thant Thaw Kaung သို့ ရွှေအလင်းတန်း မြန်မာအသင်း ကိုယ်စား အလှူငွေ ကျပ် (၁၀)သိန်း ကို သွားရောက် လှူဒါန်းခဲ့ပါသည်။


ပျော်ဘွယ်မြို့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းသို့လည်း ကျပ်(၂) သိန်း လှူဒါန်းခဲ့ပါသည်။

ထို့အပြင် လှော်ကားရှိ ဥက္ကဌ ဦးလှထွန်းသို့ ရွှေအလင်းတန်း စာကြည့်တိုက် အသစ် ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်(၈) သိန်း ကို လှူဒါန်းခဲ့ပါသည်။

မြန်မာပြည်တို့ ပေးပို့ လှူဒါန်းလိုက်သော အလှူငွေ အသီးသီးအတွက် အသင်းသားများ အားလုံး သာဓု အနုမောဓနာ ခေါ်ဆို နိုင်ကြစေဖို့...



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 1, 2014

မွန်၊ ဖားအောက်တိုက်နယ်ရဲ့ အလှူ သာဓု ခေါ်

မွန်ပြည်နယ် ဖားအောက်တိုက်နယ်အသင်းဧ။် ပထမအကြိမ် အလှူတော်မင်္ဂလာ အောင်ပွဲ 

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စနေနေ့ ကိုရီးယားနှစ်သစ်ကူး (설날) တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ဖားအောက်တိုက်နယ် ညီအကိုများအသင်းက တူညီသောစိတ်ထား တူညီသောသဒ္ဓါတရားတို.ဖြင့် အညီအညွတ် စုပေါင်း၍ ဖူဆန်းမြို့၊ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် မြန်မာပိုင်ကျောင်းတော်ကြီး ပြည့်စုံပြီးမြောက်စေရန် စိတ်ရည်သန်လျက် ကျောင်းမြေနှင့် ဘုရားခန်းအတွက် ပထမအကြိမ် ဝိဟာရဒါန အလှူတော်ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြပါသည်။ ကျောင်းအလှူတော်မင်္ဂလာပွဲတွင် ဘုရားအမှူးရှိသော ပင့်သံဃာများဖြစ်ကြသည့် ဖူဆန်းဓမ္မယာန ပြည်တော်ဦး ဆရာတော်၊ ဆာ့ဆန်ဓမ္မယာန ဆရာတော် အရှင်မဏ္ဍလနှင့် ကင်မ်ဟဲဓမ္မယာန ဆရာတော် အရှင်သြဒါတာလကာင်္ရ (၃)ပါးတို့အား ဆွမ်းဘောဇဉ်တို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ကြွရောက်လာသည့် ဧည့်ပရိသတ်တို.ကို ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံကာ အလှူအောင်ပွဲအဖြစ် ဓမ္မမိတ်ဆွေများနှင့် အတူတကွ သီလယူ အလှူပေး၍ အနုမောဒနာတရားကို နာကြားခဲ့ကြပါသည်။ အသင်းသူ၊အသင်းသားအားလုံး ၀မ်းမြောက်နုမော်သာဓုခေါ်ယူနိုင်ကြပါစေ။ 

ယနေ့လှူဒါန်းသောကုသိုလ်အစုစုမှာ-- 
စုပေါင်းကောက်ခံရရှိငွေ ---    ၂၃၀၀၀၀၀ 
ဆရာတော်သုံးပါးအတွက် ၀တ္ထုကပ်လှူငွေ ၆၀၀၀၀၀
ပည်တော်ဦးကျောင်းသစ်အတွက် ကျောင်းမြေအလှူငွေ ၃၆၀၀၀၀
ပြည်တော်ဦးကျောင်းသစ်ဘုရားခန်းအလှူငွေ ၃၆၀၀၀၀ 
ဂင်ဟဲလ် ဓမ္မယာနကျောင်းအတွက်ဝေယျာဝစ္စအလှူတော်ငွေ ၁၉၀၀၀၀ 
ဧည့်ခံကျွေးမွေးအထွေထွေအလှူငွေ ၇၉၀၀၀၀ 

ကိုရီးယားရောက် ဖားအောက်တိုက်နယ် ညီအစ်ကိုများ 


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 28, 2014

မမီးမီးကြိုင်၏ နှလုံးအပေါက် ပိတ်ဆို့ရန် အတွက် တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...

ကိုရီးယား ရောက် ညီအစ်ကိုတို့ ရေ    မရှိလို့ မလှူ /မလှူလို့ မရှိတဲ့နော်
တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...
မီးမီးကြိုင်အတွက် အကူညီလိုအပ်

အသက် ၃ နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့ ကွဲကွာခဲ့ပြီး အဖိုးကြီး အမယ် ဇနီးမောင်နှံမှ မွေးစားခဲ့သော မြန်မာအမျိုးကောင်းသမီး မမီးမီးကြိုင်သည် နှစ်လုံးသွေးကြော နှစ်ခုကြားမှာ မွေးရာပါ အပေါက်တစ်ခု ရှိနေပါတယ် အခုချိန်မှာ မကြာခဏ အသက်ရှူမ၀တာမျိုး သတိလစ်တာမျိုး ဖြစ်နေတက်ပါတယ် နှစ်လုံးအပေါက်အား ပိတ်စို့ရန်အတွက် ဆရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ ခန့်မှန်းခြေ သိန်း(40)လောက်ကုန်ကျမယ်လို့ သိရပါတယ် ။ ရောဂါဝေဒနာက ငယ်ငယ်လေးကတည်းက ခံစားနေရတဲ့ရောဂါပါ။ သူ့ရောဂါဝေဒနာအတွက် အဖိုးကြီးအမယ်ကြီးတွေကလည်းတက်နိုင်သေးတဲ့ အချိန်မှာတော့ ပြုစုကုသပေးခဲ့ပါတယ်။ သူ့ရောဂါဝေဒနာ စတင်ဆိုးဝါးလာတာက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေရင်း ပစ်လဲတဲ့ထိ ဖြစ်ခဲ့ရပါတယ်။
အဖိုးကြီးအမယ်ကြီးတွေလဲ ငွေးကြေး မတက်နိုင်တော့တာကြောင့် သူ့ကို ကိုအောင်လင်းသူ ဦးဆောင်တဲ့ 
FM ပရဟိတအဖွဲ့(ရန်ကုန်)က အလှူငွေစုဆောင်းပြီး ကူညီစောင့်ရှောက်ပေးနေပါတယ်
ယခင်က မမီးမီးကြိုင်ဟာ သီလရှင်ဝတ်ပါသေးတယ် အဲ့အချိန်က ဇိဝိတဒါနဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့သလို လက်ရှိအချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဇိဝိတဒါနဆေးရုံ ၂ခုစလုံးကို အပတ်စဉ် သွားရောက်ပြသနေပါတယ် 
ဖေဖော်ဝါရီလမှာ operation ပြုလုပ်နိုင်ရန်အတွက် ညီအကို မောင်နှစ်မများ အနေဖြင့်
Like&share ပြုလုပ်ပေးခြင်းဖြင့် အလှူရှင်များ ရှာပေးကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ 
ဆက်သွယ်ရန်...
ရန်ကုန်
ကိုအောင်လင်းသူ 09401623525
မနီလာ 0931614545
ကိုဇော်ရဲထက် 0933192151

ကိုရီးယား
လမင်းကိုကို 01046951397

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 5, 2014

မြန်မာညီအကိုတစ်စုရဲ့ အလှူ သာဓုခေါ်စေသော်။

၂၀၁၄ ခု ဇန်န၀ါရီ ၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီအချိန် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် မြန်မာညီအကို တစ်စုက ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်များဖြစ်ကြသော ဦးသုဝဏ္ဏ ( သန္တိကရ၀ိဟာရကျောင်း၊ အန်ဆန်)၊ ဦးဝေဠု ( စိတ္တသုခကျောင်း၊ ဒဲဂု)၊ ဦးက၀ိသာရ (ဓမ္မဒူတ (ကိုရီးယားကျောင်းတော်)တို့အား ဆွမ်းဘောဇဉ် ခဲဘွယ်တို့ကို ဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိသတ်များကို ဒံပေါက် ထမင်းတို့ဖြင့် ဧည့်ခံကြပါသည်။ ဆက်လက်ပြီး ဓမ္မခန်းမဆောင်၌ ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအကို တစ်စုက မြန်မာပိုင်ကျောင်းတော်ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ၅ သိန်းဝမ်၊ ထမင်းပေါင်းအိုးကြီး တစ်လုံး၊ ကိုရီးယားနိုင်ငံတွင် မြန်မာ့ ယဉ်ကျေးမှု လက်ရာတို့ဖြင့် တည်ထားမည့် ငြိမ်းချမ်းအေးရွှေစေတီအတွက် စေတီတော် တစ်ဆူနှင့် မြေတော်အတွက် အလှူတော်ငွေ ၂သိန်း ၁သောင်း ၀မ်းတို့ကို လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေကြပါတယ်။ နတ်လူ သာဓု ခေါ်စေသော်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 13, 2013

ဂွမ်ဂျူး ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲ အောင်မြင်စွာ ပြီးဆုံး

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဓမ္မယာန ပြည်တော်ဦး နာယက ကမ္မဌာနာစရိယ ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဦးဆောင်မှုဖြင့် ကိုရီးယား နိုင်ငံရောက် ဂွမ်ဂျူ ရွှေမြန်မာညီအကိုမောင်နှမများ စုပေါင်းကျင်းပသော ဂွမ်ဂျူ ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲနှင့် ဆရာတော် ဒေါက်တာဝဏ္ဏ အသျှင်သူမြတ်ကို ပဓာနနာယကအဖြစ် ကျောင်းတင်အပ်နှံပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါသည်။  
နံနက် (၁၀)နာရီခွဲအချိန်တွင် အသျှင် သုမင်္ဂလ ( ဝေါဆရာတော်- မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၊ အသျှင် ပဏ္ဍိစ္စ ( ပူဆန် ဆရာတော်)၊ အသျှင် ၀ဏ္ဏ (ဂွာန်ဂျူဆရာတော်)၊ အသျှင် မဏ္ဍလ ( ကင်းမ်မဲဆရာတော် ) နှင့် ဘိုမွန် ကိုရီးယား ဆရာတော်တို့က ဘုရားအနေကဇာတင်ကြပါသည်။ ဘုရားအနေကဇာတင်ပြီးနောက် ဂွာန်ဂျူ ဓမ္မယာန ပြည်တော်ဦးကျောင်းတော် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီ အားပေး လုပ်ဆောင်ပေးကြသည့် ကိုရီးယားနိုင်ငံများအား ကျေးဇူးတင်စကားကို အသျှင် ပဏ္ဍိစ္စက ပြောကြားပြီး ကိုရီးယားဆရာတော်နှင့် ဘူဆန်၊ ကင်းမ်မဲ၊ ဂွာန်ဂျူက ကိုရီးယား ဗုဒ္ဓဘာသာဝင်များက တာဝန်ရှိသူများက ကျောင်းတော် တိုးတက်အောင်မြင်ရေးနှင့် ဂရုတစိုက် ၀န်းရံ ကူညီကြရန် စကားများ အသီးသီးပြောကြားကြပြီးနောက် ပင့်သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်ပါသည်။ ကိုရီးယား၊ မြန်မာ အလှူရှင်များနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ ဒံပေါက်ဖြင့် ဧည့်ခံပါသည်။ ဆက်လက်၍ နေ့လည် ၁နာရီခွဲအချိန်တွင် ဂွာန်ဂျူ ဓမ္မယာန ပြည်တော်ဦးကျောင်း ပဓာနနာယက ဆရာတော် ဒေါက်တာ ၀ဏ္ဏထံက ငါးပါးသီးလများ ခံယူ ဆောက်တည်ကြပြီး ကြွရောက်လာကြသော သံဃာတော် အသျှင်သူမြတ်ထံမှ သြ၀ါဒများ ခံယူကြပါသည်။ ၄င်းနောက် အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ပြီး  ပြုပြုသမျှသော ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ နတ်၊ လူ သာဓု ခေါ်စေသော်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 12, 2013

ငြိမ်းချမ်းအေးရွှေစေတီအတွက် လှူဒါန်းကြ

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက် စနေနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ကိုရီးယားနိုင်ငံတွင် တည်ထားမည့် ငြိမ်းချမ်းအေးရွှေစေတီ အတွက် ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါဂ်ဆာန် ( ဘိုမု(န်)ဂျောန်ဆာ ကျောင်းထိုင်ဆရာတော်၊ ယုန်အင်မြို့)သို့ အောက်ပါ အလှူရှင်များက သွားရောက် လှူဒါန်းကြပါသည်။ 
 ၁။ ကိုဟန်ဝင်း                                                        ၁၀၀၊ ၀၀၀ (၀မ်) 
၂။။ U Tan Chein Gwan + Daw Mya Sein Family            ၅၀၀၊ ၀၀၀ (၀မ်) 
၃။ ကိုဇော်မင်းထွန်း + မသိဂီ င်္ချို                                       ၅၀၊ ၀၀၀ (၀မ်) 
၎။ ကိုဟိန်းကိုကို                                                        ၁၀၀၊ ၀၀၀ (၀မ်) 
၅။ ကိုဝင်းမြင့်အောင် + မ၀င့်အိမ်ဖြူ                                    ၈၀၊ ၀၀၀ (၀မ်)  နှင့်
စိန်ဖူးတော်အတွက်          ရွှေ ကွပ်၊ ပတ္တမြား ဆွဲပြား တစ်ခု။   
၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ခေတ္တ ရောက်ရှိစဉ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါဂ်ဆာန် ဆရာတော်ထံသို့ သွားရောက်လှူဒါန်းကြသည့် အလှူရှင်များမှာ 
၁။ Good and More Family, Yangon $ 200 
၂။ U Maung Maung Hein and Daw Than Than Win Family , Yangon, Myanmar $ 100 
ဘဏ်မှ တဆင့် လှူဒါန်းကြသည့် အလှူရှင်များမှာ 
၃။ ကိုဇင်မင်းထွန်း ( ဂယောင်ဂီပြည်နယ်၊ ဂွာန်ဂျူမြို့) ၅၀၊ ၀၀၀ (၀မ်) 
၎။ ကိုသန့်ဇင်ဝင်း ( ဂယောင်ဂီပြည်နယ်၊ ကင်းမ်ဖိုမြို့ ) ၁၅၀၊ ၀၀၀ (၀မ်) 
နတ်၊ လူ သာဓု ခေါ်စေသော်။ 
Bank Account Number - 
630 007542 534   KEB    보문정사 
Tel : 1899 - 3239
ကျော်ဇင် 
ပြန်ကြားရေး တာဝန်ခံနှင့် ကိုရီးယား တာဝန်ခံ 
၀၁၀ ၈၈၉၄ ၄၇၇၀ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 9, 2013

ကိုကျော်စွာနှင့် မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ ဆွမ်း ဆက်ကပ်လှူဒါန်း


၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ကိုရီးယား စာနေ့တွင် ကိုကျော်စွာနှင့် မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ ဆွမ်းအဖြစ် ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအဖြစ် ဆွမ်း၊ ဘောဇဉ်ခဲဘွယ်တို့ကို ဆက်ကပ် လှူဒါန်းကြပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံပါသည်။ ပြုသမျှ ကုသိုလ် အပေါင်းကို နတ် လူ သာဓု ခေါ်စေသော်။
ရန်ကုန်မြို့ လမ်းမတော် ၆ လမ်းနေ ဦးထွန်းငွေနှင့် ဒေါ်လှမြင့်တို့၏ သားလတ် မောင်ကျော်စွာနှင့် ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ ပိတောက်ရိပ် ကဖေးပိုင်ရှင် ဦးဇေမင်းနှင့် ဒေါ်ခင်သက်ဦးတို့၏ သမီးထွေး မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့ ညနေ ၃ နာရီမှ ၅ နာရီအချိန်အထိ ဘူဖြောင်းဘူတာ အပေါ်ထပ် ၅ လွှာရှိ မင်္ဂလာ ခန်းမဆောင်ကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ပါသည်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 6, 2013

ဘုန်းညောန်ဆာမှာ ကျင်းပတဲ့ ဆွမ်းဟင်းပွဲတော် အောင်မြင်စွာ ပြီးဆုံး

 
၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် သောကြာနေ့နှင့် စနေနေ့တို့တွင် အရှေ့ဆူဝါန်ရှိ ဘုန်းညောန်ဆာ ( သီလရှင် ကျောင်း )က ဦးစီး ကျင်းပသည့် နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်းများ ပွဲတော်မှာ ဦးသုမင်္ဂလ (ဝေါဆရာတော်) နှင့် ဦးဥတ္တရတို့က ဦးဆောင်၍ မြန်မာနိုင်ငံသားများ ပူးပေါင်း ပါဝင်ခဲ့ပါသည်။ ပွဲတော်တွင် ကိုရီးယားနိုင်ငံ မဟာယန ဘုန်းတော်ကြီးကျောင်းများတွင် ဘုန်းပေးကြသည့် ဆွမ်းနှင့် သားသတ်လွတ် အစားအစာများကို ပြသထားပါသည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်များကို ကိုရီးယား ရိုးရာ ထမင်းသုပ်ဖြင့် ဧည့်ခံကြပြီး ကိုရီးယား ရိုးရာ အစားအစာများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချကြပါသည်။ နိုင်ငံတကာ ကိုယ်စားပြုအဖြစ် ဂျပန်၊ ဘူတန်၊ တရုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နီပေါ၊ တီဘက်နှင့် မြန်မာနိုင်ငံတို့က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ရိုးရာ အစားအစာများနှင့် ရောင်းချ၊ ဧည့်ခံကြပါသည်။ ပွဲတော်ရက်အတွင်း ကိုရီးယား ဘုန်းတော်ကြီးကျောင်းအတွင်း စားသောက်နေထိုင်မှုများကို ပုံဖော်ပြသပြီး တေးသီချင်းများနှင့် ဖျော်ဖြေကြပါသည်။ ဘုရားကျောင်းတော် ၀န်းအတွင်းတွင် သီလရှင် ဆရာကြီးများက ကိုရီးယား ဘုန်းတော်ကြီးကျောင်း အစားအစာများနှင့် ပတ်သက်ပြီး ဟောပြောကြပြီး တက်ရောက်လာကြသည့် နိုင်ငံ ကိုယ်စားပြု ဘုန်းတော်ကြီးများက မဏ္ဍပ်အတွင်း ဧည့်ခံထားသည့် အစားအစာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောပြကြပါသည်။  မြန်မာ ကိုယ်စားပြု မဏ္ဍပ်မှာ ပထမနေ့တွင် မြန်မာ အစားအစာများဖြစ်သည့် မျှစ်ကြော်၊ မြေပဲအစပ်ကြော်၊ ပြောင်းဖူးကြော်တို့နှင့် ဧည့်ခံခဲ့ပြီး ဒုတိယ နောက်ဆုံးနေ့တွင် ကန်ဇွန်းဥ ရွှေကြည်နှင့် သာကူတို့နှင့် ဧည့်ခံခဲ့ပါသည်။ ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံတကား ဧည့်သည်များကို မြန်မာ့ အစားအစာများကို စိတ်ပါဝင်စား အရသာရှိရှိ သုံးဆောင်ကြသဖြင့် ၀မ်းသာ ပီတိဖြစ်ရပါသည်။ အလုပ်မအားသည့်ကြားထဲက လာရောက် ကူညီပေးကြသည့် ကျောင်းအကျိုးတော်ဆောင်များနှင့် မြန်မာနိုင်ငံသားများကို အားလုံး အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, October 1, 2013

မြန်မာ၊ ကိုရီယား ချစ်ကြည်ရေး ငြိမ်းချမ်းအေးရွှေစေတီ တည်ထားမည်

ကိုရီးယားနိုင်ငံ ယုန်အင်မြို့တွင် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးအတွက် ငြိမ်းချမ်းအေးရွှေစေတီကို တည်ထားမည်ဖြစ်ပါသည်။ ငြိမ်းချမ်းအေးရွှေစေတီဖြစ်မြောက်ရေး ကော်မတီတွင် နာယက ဆရာတော်များအဖြစ် 
၁။ ဒေါက်တာ ဘဒ္ဒ န္တ ကုမာရာဘိဝံသ ( သကျသီဟ ဝဋံ သကာ၊ ပါဠိ သိရောမဏိ၊ ဘီအေ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ဥက္ကဋ္ဌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက၊ နဝမမြှောက် ဗန်းမော်ဆရာတော် )
၂။ အသျှင် ဥာဏိဿရ ( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ) ( ကုသိန္နာရုံ ဆရာတော်၊ အိန္ဒိယနိုင်ငံ )
၃။ ဂျုန်ဟာ ( ဥက္ကဋ္ဌ ၊ ဗုဒ္ဒဘာသာ အသံလွှင့်ဌာန၊ ကိုရီးယား၊ ဂျိုဂျဲးဂိုဏ်း၏ မဟာနာယက ဆရာတော်)
၎။  ဘဒ္ဒ န္တ သဒ္ဓိယ ( အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက  - ရွှေသုဝဏ်ကျောင်းတိုက် ဆရာတော် )
၅။ ဘဒ္ဒ န္တ နာရဒါဘိဝံသ ( ကျော်လေးကျော် ဆရာတော် ) ( ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ဝဋံသကာ၊ ပါဠိပါရဂူ၊ သ-စ-အ ဓမ္မာစရိယ၊လှရတနာကျောင်းဆရာတော်၊ညောင်တုန်းပါဠိတက္ကသိုလ်၊ ဗဟန်း၊ ရန်ကုန်မြို့) တို့က ဆောင်ရွက်ပြီး ကိုရီးယား ယုန်အင်မြို့ ဘိုမု(န်)ဂျောန်ဆာ ကျောင်းထိုင် ဆရာတော် ဒေါဂ်ဆာန်တို့က ဦးစီးပြီး တည်ထားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးအဖြစ် တည်ထားမည့် ငြိမ်းချမ်းအေးရွှေစေတီအတွက် လှူဒါန်းကြပါရန် နိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေး ကော်မတီအတွက် အလှူငွေများ ကောက်ခံလျက် ရှိနေပါသည်။ 
ငြိမ်းချမ်းအေးရွှေစေတီကို ၁၀၈ မီတာ ဥာဏ်တော်အမြင့် တည်ထားမှာဖြစ်ပါသည်။ စေတီတော် အတွင်းတွင် ဗုဒ္ဓဘုရား ဆင်းတုတော်ပေါင်း တစ်သန်းကို ပူဇော်ထားပြီး စေတီတော် ၀န်းအတွင်းတွင် ၀ိပဿနာ တရား အားထုတ်ဆောင်များ၊ ရေကန်တော်၊ စေတီတော်ကို အတွင်းအပြင် ဖူးမျှော်ဆောင်၊ ပွဲတော်များ ကျင်းပနိုင်မည့် ကွင်းပြင်၊ မြန်မာ ဗုဒ္ဓ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ ခရီးသွားများနှင့် ကိုရီးယားနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ့ တိုင်းရင်းသားများ၏ တည်းခိုနားနေဆောင်၊ ဘောလုံး ကစားကွင်း၊ ကားရပ်နားကွင်း၊ မြန်မာ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြခန်းများကို တည်ဆောက်သွားမည်ဖြစ်ပါသည်။ မြေ တစ်ပေကို တစ်သောင်း ၀မ်နှင့် ဗုဒ္ဓဘုရား ဆင်းတုတော် တစ်သန်းဆူအတွက် တစ်ဆူလျှင် တစ်သိန်း ၀မ်တို့ဖြင့် သဒ္ဓါဖွေးဖြူ လှူဒါန်းနိုင်ကြပါသည်။ အလှူတော်ငွေ ဖြတ်ပိုင်းများနှင့် အလှူခံပေးမည့် အကျိုးတော်ဆောင်အပေါင်းတို့က အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ကြပါသည်။  

ကျော်ဇင် (ခ) ဇော်မိုးအောင်
ပြန်ကြားရေး တာဝန်ခံနှင့် ကိုရီးယား တာဝန်ခံ
ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေးကော်မတီ
ဆက်သွယ်ရန် ( ၀၁၀ - ၈၈၉၄ ၄၇၇၀ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 22, 2013

သူငယ်ချင်း တစ်စုရဲ့ အလှူကို သာဓုခေါ်


၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့ ကိုရီးယားရောက် သူငယ်းချင်း တစ်စုက ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထား၍ သံဃာတော် အသျှင်သူမြတ်များတို့ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းကြပါသည်။ ကြွရောက်လာကြသော မိတ်ဆွေ သင်္ဂဟများနှင့် ဧည့်ပရိသတ်များကို ဧည့်ခံကြပါသည်။ သူငယ်ချင်း တစ်စုရဲ့ ကုသလကို သာဓု ခေါ်စေသော်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, September 20, 2013

ပြုပြူသမျှ ကုသိုလ်အပေါင်း သာဓုခေါ်စေသော်

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၀ ရက် သောကြာနေ့ ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထား၍ သံဃာတော် အသျှင်သူမြတ်တို့အား ဒန်ဂျင်းညီအကိုများအဖွဲ့က အရုဏ်ဆွမ်းအဖြစ် ကြက်သားပလာတာနှင့် လဖက်ရည် ( ထူးရှယ် ) ၊ နေ့ဆွမ်းကို KBJ ဆရာကိုအောင်ကိုလတ်နှင့် သူငယ်ချင်းကျောင်းသားများ အဖွဲ့တို့က မြန်မာထမင်းဟင်း ( စပါယ်ရှယ် ငါးကြော်နှပ် ) တို့ကို ဆက်ကပ် လှူဒါန်းကြပါသည်။ ၄င်းနောက် ကြွရောက်လာကြသော ဧည့်ပရိသတ်များကိုလည်း ဧည့်ခံကြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 19, 2013

ဓမ္မဒူတကျောင်းတော် (ကိုရီးယား)တွင် ဒေါက်တာ အသျှင် ဆေကိန္ဒက တရားချီးမြင့်

 
၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် နေ့လည် ၁ နာရီခွဲက ဓမ္မဒူတကျောင်းတော် (ကိုရီးယား)တွင် မြန်မာသူကြီးမိသားစုနှင့် မြိတ်အဖွဲ့သူ အဖွဲ့သားများ၏ စတုတ္ထ အကြီမ် ရဟန်းခံ အလှူပွဲနှင့် အဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းခံအလှူ တော် သာဓုအနုမောဒနာတရားကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ချီးမြှင့်တော်မူပါသည်။  
အဆိုပါ တရားချီးမြှင့်ပွဲသို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် သန္တိကရ၀ိဟာရကျောင်းတော် (အန်ဆန်)တို့မှ ဒုလ္လဘ ရဟန်းများလည်း ကြွရောက် တရားတော် နာယူကြပါသည်။ အလှူရှင် ဒါယိကာ ဒါယိကာမများနှင့် သူတော်စင်အပေါင်းတို့ ကြည်ညို သဒ္ဓါပွားများစေရန်အတွက် ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပဌာန်းရွတ်ဆို ပူဇော်ပွဲ


၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက် ၆ နာရီအချိန်ခန့်က မြန်မာအသင်း (ကိုရီးယား)၏ ပင့်ဖိတ်မှုအရ ပူချွန်းမြို့ ၀ါန်မိရပ်ကွက်ရှိ ဆောဂ်ကွာန်ဆာ ဘုန်းတော်ကြီးကျောင်းအတွင်းတွင် သီတင်းသုံး အပူဇော်ခံနေသော တိလောကမုနိ ဗုဒ္ဓဆင်းတုတော် ရှေ့တွင် ဦးသုမင်္ဂလ (ဝေါဆရာတော် - ကျောင်းထိုင်ဆရာတော်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် သံဃာတော် အသျှင်သူမြတ်တို့က ပဌာန်းဒေသနာတော်ကို ရွတ်ဖတ် ပူဇော်ကြပါသည်။
အဆိုပါ စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီမှ ညနေ ၄နာရီအချိန်အထိ ၁၅ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာအသင်း (ကိုရီးယား)က ဦးစီး၍ စည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>