တောင်ကိုရီးယားနိုင်ငံ၊ အင်ချောန်းမြို့တော် ဘူးဖြောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) အဋ္ဌမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော် လျာသင်္ကန်းကြီးကို နိုဝင်္ဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ကြပြီး ၊ ကထိန်အာနိသင်ရ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း အလှူတော်ကိုလက်ခံတော်မူ၍ ကထိန်ခင်းခြင်းအမှုကိုလည်း ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြပြီးဖြစ်ပါသည် ။ မဟာဘုံကထိန် အခြံအရန် ပစ္စည်း ပစ္စယများ ထပ်ဆောင်းလှူဒါန်းခြင်းနှင့် မဟာဘုံကထိန်အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-
နေရာ -
ဓမ္မဒူတ (ကိုရီးယား)
အလှူတော်နေ့ -
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက်၊ ( ၁၆ . ၁၁. ၂၀၁၄ ) တနင်္ဂနွေနေ့။
အချိန်-
- နံနက် ( ၇း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ
အလှူတော် အစီအစဉ် -
- နံနက် (၇း၀၀) အချိန် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် ( ၁၁း၁၅ ) နာရီ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည် ။
- နံနက် (၁၁း၂၀) နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။
အာဟာရဒါန နှင့် အလှူရှင်-
အရုဏ်ဆွမ်း အလှူ ၊
- ရှမ်းရိုးရာ ထူးကဲရသာ မြီးရှည် (စစ်ကိုင်းလူငယ်များအလှူတော်)
နေ့ဆွမ်း အလှူ
- မြန်မာ့အကြိုက် ရသာစုံ ထမင်း ဟင်း (စိန်ပန်းပြာ မိသားစုအလှူတော်) ။
စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ ကထိန် အခြံအရန် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀
ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အလို့ငှာ အောက်ဖော်ပြပါ ကထိန်အခြံအရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ
ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု-
အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ခုနှစ် နိုဝင်္ဘာလ ၉ ရက်
Sunday, November 9, 2014
ဓမ္မဒူတ (ကိုရီးယား) စုပေါင်းမဟာဘုံကထိန် အလှူတော် ရေစက်ချ မင်္ဂလာ ဖိတ်ကြားစာ
Saturday, November 9, 2013
ဓမ္မဒူတကျောင်းတော် ( ကိုရီးယား ) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန် အလှူတော်ဖိတ်ကြားစာ
တောင်ကိုရီးယားနိုင်ငံ၊ ဘူးဖျောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-
နေရာ
ဓမ္မဒူတ (ကိုရီးယား)
အလှူတော်နေ့ -
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်၊ ( ၁၀ . ၁၁. ၂၀၁၃ ) တနင်္ဂနွေနေ့။
အချိန်
- နံနက် ( ၁၀း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ
အလှူတော် အစီအစဉ် -
- နံနက် ( ၁၁း၁၅ ) အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည်။
- နံနက် ၁၁း၂၀ နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ အချိန်တွင် စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။
အာဟာရဒါနအလှူရှင်-
- ဓမ္မဒူတလူငယ်များ(ကိုရီးယား) ။
စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀
ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အတွက် အောက်ဖော်ပြပါ ကထိန်အရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ
ဗုဒ္ဓသာသနံ စီရံ တိဌတု-
အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၆ ရက်
Friday, October 25, 2013
ကိုရီးယားနိုင်ငံ ဂင်ဟဲမြို့တွင် (၄) ကြိမ်မြောက် ဘုံမဟာကထိန်ပွဲကျင်းပခဲ့
ကိုရီးယားနိုင်ငံ ဂင်ဟဲမြို့ ပြည်တော်ဦး ဓမ္မယာန သာသနာ့ရိပ်မွန်တွင် (၄) ကြိမ်မြောက် ဘုံမဟာကထိန်ပွဲကို အောက်တိုဘာလ(၂၀)ရက်နေ့က ကျင်းပခဲ့ပါသည်။
ကထိန်ပွဲသို့ ဘူဆန် ၊ ဂင်ဟဲ အနီးအနားရှိ အလုပ်လုပ်နေကြသော ရွှေမြန်မာ ညီအစ်ကိုများမှ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
အလှူပွဲသို့ ဘူဆန် ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ္စ ၊ ကိုရီးယား ထေရ၀ါဒသံဃရာဇာ ထဲဂျူံးဆာ ဒိုဆောင်းဆရာတော် ၊ ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် ၊ ဘူဆန် ဆာဆန် ကင်မ်ဟဲ ဓမ္မယာနအရှင်မဏ္ဍလ တို့ ကြွရောက်ခဲ့ကြပါသည်။
အလှူပွဲကို မနက်(၁၀)နာရီတွင် စတင်ကာ ကြွရောက်လာသော ပရိသတ်များကို ဂယောင်ဒုံဂျီဂုံ ညီအစ်ကိုများမှ ကြာဇံဟင်းခါး ၊ လက်ဘက်ရည်များဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။ နံနက် (၁၁) နာရီတွင် ဆရာတော် အရှင်သူမြတ်(၄)ပါးကို ဆွမ်းကပ်လှူကြပါသည်။
နေ့လည် (၁၂း၃၀) တွင် ဘုံကထိန် အလှူတော် မင်္ဂလာပွဲကို စတင်ကျင်းပပါသည်။ တက်ရောက်လာသော ပရိသတ်များကို သီလပေးပြီနောက် အသက်(၉၀) ကျော် ကိုရီးယား ထေရဝါဒသံဃရာဇာထဲဂျုံးဆာ ဒိုဆောင်းဆရာတော် မှ ပြောကြားရာတွင် "တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုးကွယ်တဲ့ ဘာသာတွေ အများကြီး ရှိပေမဲ့လဲ ရှေ့လျှောက် ထိပ်ပိုင်းကနေပြီး လူတကာအလေးစားခံရပြီတော့ ချုပ်ကိုင်ထားတဲ့ လမ်းညွန်နိုင်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာ ဖြစ်လာလိမ့်မယ် " လို့ မိန့်ကြားခဲ့ပါတယ်။
ထို့နောက် ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် ကတော့ " အလုပ်လုပ်လာလုပ်နေတဲ့ တကာတွေ အနေနဲ့ ရတနာမမေ့ပဲ နှင့် ငွေတွေ အမျာကြီး ရှာပြီးတော့ ကိုရီးယား ယဉ်ကျေးမှုစုံခေတ်ကြီးမှာ လာတဲ့ အတွက် ကိုရီးယားလူမျိုးများနှင့် လက်ဆက်ပြီးတော့ နေနိုင်ပါစေ ၊ မနေနိုင်တဲ့ လူတွေလဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် ပြန်နိုင်ကြပါစေ" လို့ မိန့်ကြားခဲ့ပါသည်။ ပြည်တော်ဦး ဆရာတော်ကတော့ "ကိုရီးယားမှာ မြန်မာတွေရဲ့ သမိုင်းမှတ်တိုင်တော့ စိုက်ခဲ့ချင်ပါတယ် " ဟု မိန့်ကြားခဲ့ပါသည်။
တစ်လတစ်ကြိမ် ဗုဒ္ဓဘာသာစကားဝိုင်း ဆွေးနွေးပွဲ လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် မှ ဆန်အိပ်(၃) အိတ် နှင့် တစ်ရှုးထုပ် ကြီး (၂) ထုပ် ကိုလည်း ပြန်လည် လှူဒါန်းခဲ့ပါသည်။ထို့နောက် ဆရာတော်များကို သင်္ကန်းကပ်လှူကြပါသည်။
ယနေ့ကောက်ခံရရှိသော အလှူငွေမှာ ဂယောင်ဒုံဂျီဂုံ ညီအစ်ကိုများမှ (၂၇)သိန်း နှင့် န၀ကမ္မအလှူငွေ(၁၂)သိန်း (၂)သောင်း ၊ စုစုပေါင်းအလှူငွေ (၃၉) သိန်း(၂)သောင်း ရရှိပါသည်။ ဘူဆန် ဆရာတော်သည် ဂင်ဟဲ မြို့ ပြည်တော်ဦး ဓမ္မယာန သာသနာ့ရိပ်မွန် တည်ထောင်ထားပါသည်။ ကိုရီယားနိုင်ငံရှိ ဘူခယောင်းတက္ကသိုလ် နှင့် ချိတ်ဆက်ကာ ဓမ္မယာန သာသနာ့ရိပ်မွန်တွင် ကိုရီးယား ဘာသာစကားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စသည် ဂင်ဟဲမြို့တွင် မြန်မာပိုင် ဗုဒ္ဓသာသနာကျောင်းတော် တစ်ကျောင်းကို ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး အလှူငွေများကို စတင်ကောက်ခံနေကြောင်း သိရှိရပါသည်။
Thursday, November 22, 2012
၁၃၇၄ခုနှစ် ၊ ဓမ္မဒူတ စုပေါင်း မဟာဘုံကထိန် အလှူတော် ဖိတ်ကြားလွှာ
နမောဗုဒ္ဓါယ ၊ နမောဓမ္မါ ယ ၊ နမောသံဃာယ ၊
ရတနာသုံးပါး ဦးထိပ်ပန်ဆင်လျက် ၊ ဗုဒ္ဓသာသနာ ကြာရှည်တည်တံ့ပါစေခြင်း အလို့ငှာ၊ ဓမ္မဒူတ (ကိုရီးယား) အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ အမေ့အိမ် ရွှေညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှု ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သဒ္ဓါကြည်ရွှင် သူတော်စင် အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် စုပေါင်းကျင်းပမည့် ၁၃၇၄ခုနှစ် ဓမ္မဒူတ စုပေါင်းမဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ရပ်နှီးရပ်ဝေးရှိ ရွှေမြန်မာများအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်-
နေ့ရက်
၁၃၇၄ခု၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ (၂၅-၁၁-၂၀၁၂)၊ တနင်္ဂနွေနေ့
ဧည့်ခံချိန်
နံနက် (၁၀) နာရီမှ နေ့လည် (၂)နာရီအထိ
တရားနာချိန်
နေ့လည် (၁) နာရီ
နေရာ
ဓမ္မဒူတ (ကိုရီးယား)
အာဟာရ
အထူးစပါယ်ရှယ် မြန်မာ့ရိုးရာ အမေ့အိမ် ထမင်းဟင်း
ပင်မအလှူရှင်
အမေ့အိမ် ရွှေညီအစ်ကိုများ
ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ(ကိုရီးယား)






