Saturday, November 9, 2013

ဓမ္မဒူတကျောင်းတော် ( ကိုရီးယား ) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန် အလှူတော်ဖိတ်ကြားစာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူးဖျောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-

နေရာ
ဓမ္မဒူတ (ကိုရီးယား)

အလှူတော်နေ့ -
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်၊ ( ၁၀ . ၁၁. ၂၀၁၃ ) တနင်္ဂနွေနေ့။

အချိန်
- နံနက် ( ၁၀း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ

အလှူတော် အစီအစဉ် -
- နံနက် ( ၁၁း၁၅ ) အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည်။
- နံနက် ၁၁း၂၀ နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ အချိန်တွင် စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။

အာဟာရဒါနအလှူရှင်-
- ဓမ္မဒူတလူငယ်များ(ကိုရီးယား) ။

စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀

ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အတွက် အောက်ဖော်ပြပါ ကထိန်အရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ

ဗုဒ္ဓသာသနံ စီရံ တိဌတု-

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၆ ရက်

No comments: