Saturday, November 9, 2013

လာမည့် ၁၆ရက်နေ့မှာ ၂၀၀၃ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး သပိတ်တိုက်ပွဲ ၁၀နှစ်ပြည့် အခမ်းအနား ကျင်းပမယ်။

ရေးသားသူ — စိုးမိုးသူ
လာမယ့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်ဟာ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ကိုရီးယားတွင်း အထောက်အထားမဲ့ေ၇ွှ့ပြောင်းအလုပ်သမားများကို အတင်းအကြပ် ဖမ်းဆီးပြန်ပို့ခြင်းကို ဆန့်ကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ သပိတ်တိုက်ပွဲ ၁၀နှစ်ပြည့်နေ့ပဲ ဖြစ်ပါတယ်။ 



သပိတ်စခန်း
သပိတ်တိုက်ပွဲဝင်သူများ

























နိုင်ငံပေါင်းစုံက ရွှေ့ပြောင်းအလုပ်သမားများနဲ့ သက်ဆိုင်ရာ ကိုရီးယားအင်န်ဂျီအိုအဖွဲ့များဟာ အင်္ဂလိကန် ဘုရားကျောင်းရှေ့ ရွက်ဖျင်တဲထိုးပြီး ကိုရီးယားရဲ့ အင်မတန် အေးမြလွန်းတဲ့ ဆောင်းရာသီရဲ့ ရိုက်ခတ်မှုကို အံတု၊ အလွန်အေးတဲ့ ရေနဲ့ ကိုယ်လက် ဆေးကြော၊ နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒပြ၊ ညဘက် သပိတ်စခန်းတွင်းအိပ်နဲ့ လနဲ့ချီပြီး မိမိတို့ရဲ့ လူပီသစွာ၊ အလုပ်သမားပီသစွာနေထိုင်ခွင့်ရရှိနိုင်ဖို့အတွက် တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကိုရီးယားရောက် မြန်မာများကလည်း မြန်မာအသင်းကြီးရဲ့ ပံ့ပိုးမှုဖြင့် သပိတ်တိုက်ပွဲတွင်း ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။
သပိတ်စခန်းတွင်း ထမင်းစားချိန်
သပိတ်တိုက်ပွဲဝင် ရွှေ့ပြောင်းအလုပ်သမားများ

အတင်းအကြပ်ဖမ်းဆီးမှုကြောင့် မိမိကိုယ်ကိုသတ်သေသွားသည့်ရွှေ့ပြောင်းအလုပ်သမားများဓာတ်ပုံကိုသယ်ဆောင်လာစဉ်

 



သပိတ်တိုက်ပွဲဝင်မြန်မာများ(အလယ်က စာရေးသူ)
















ကိုရီးယားအစိုးရကလည်း အဲ့ဒီ သပိတ်စခန်းတွင်းပါဝင်ခဲ့သူ ရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထား ဖမ်းဆီးပြန်ပို့ခဲ့တာကြောင့် လက်ရှိ ကိုရီးယားမှာ သပိတ်စခန်းတွင်း ပါဝင်ခဲ့သူများထဲက အနည်းငယ်သာ ကျန်ရှိပါတော့တယ်။
 
လာမယ့် ၁၆ရက်နေ့ စနေညနေ ၅နာရီမှာ လက်ရှိ ကျန်ရှိနေတဲ့ သပိတ်တိုက်ပွဲ ရွှေ့ပြောင်းအလုပ် သမားများနဲ့ ပါဝင်ခဲ့ကြတဲ့ အင်န်ဂျီအို အဖွဲ့များ စုပေါင်းပြီး  အောက်မေ့ဖွယ်ဆုံစည်းပွဲလေးကို ပိတောက်ရိပ်ကဖေးမှာ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

သပိတ်စခန်းတွင်း ပါဝင်ခဲ့ကြတဲ့ မြန်မာအလုပ်သမားများ၊ သပိတ်တိုက်ပွဲကို အားပေးပံ့ပိုးပေးခဲ့ကြတဲ့ တသီးပုဂ္ဂလနဲ့ မြန်မာအသင်း အပါအ၀င် အဖွဲ့အစည်းများ အနေနဲ့ လာမည့် ဆုံစည်းပွဲလေးကို တက်ရောက်ပေးကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်။


ဒီပွဲကို သပိတ်နဲ့ ပတ်သက်သူများကိုယ်တိုင် စုပေါင်းပြီး အကုန်အကျခံ ကျင်းပတာဖြစ်တာမို့ တက်ရောက်သူများ အနေဖြင့် တဦးကို ၀င်ကြေး၃သောင်းစီ ထည့်ဝင်ပေးဖို့ တိုက်တွန်းပါတယ်။
Human is One. Labor is One.Stop Crack Down!!


အောက်ပါလင့်ခ်မှာ 2003သပိတ်တိုက်ပွဲ ရုပ်သံကို ကြည့်ရှုနိုင်ပါတယ်။


 

No comments: