၂၀၁၅ ဖေဖေါ်ဝါရီ ၁၄ ၊ အင်ချောန်း
ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၅-ခုနှစ် ၊ ဆောလားပိတ်ရက် ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် ဖေဖေါ်ဝါရီလ ၁၉ ရက်(ကြာသပတေး) တွင် ဂန်ဝေါန်ဒို (Ganweon Do) ရှိ ကမ္ဘာကျော် vivaldipark (ဤနေရာနှိပ်ပါ) သို့ အပမ်းဖြေခရီး ထွက်ခွါရန် စီစဉ်ထားပါသည် ။
အဆိုပါ ရေခဲတောင် အပမ်းဖြေ ခရီးစဉ်သို့ လိုက်ပါလိုသူများ ကားခ အသွားအပြန်စရိတ် တစ်ဦးလျင် ဝမ် ၃ သောင်း (သုံးသောင်းတိတိ) နှုန်းဖြင့် လိုက်ပါနိုင်ပါသည်။
၎င်း ဝမ်သုံးသောင်းမှာ အသွားအပြန်ကားခ သက်သက်သာ ဖြစ်ပြီး ၊ အခြားစရိတ်များမှာ အပမ်းဖြေ ခရီးသွား ညီအစ်ကိုမောင်နှတို့၏ လွတ်လပ်သည့်ဆန္ဒအရ ရွေးချယ်အသုံးပြုနိုင်ပါသည် ။
ဝင်ကြေးမရှိပါ ။
အောင်မြင်-ပျော်ရွှင်-ချမ်းမြေ့-သာယာသော ခရီးစဉ်ဖြစ်စေရေး အတွက် အသေးစိတ်အစီအစဉ်တို့ကို ထပ်မံအသိပေးတင်ပြပါမည် ။
မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရေးအတွက် ၊ လူဦးရေ ကန့်သတ်ထားပါသည် ။ ဦးရာလူ စနစ်ဖြင့် လက်ခံသွားပါမည် ။
လိုက်ပါလိုသူများ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး ၊ အောက်ဖော်ပြနေရာများတွင် ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါသည်-
- 032-521-7571: Sagawar
- 032-521-2290: Mother’s House
- 070-7761-2457: Teletalki
အသက်သာဆုံးသော ဝန်ဆောင်မှုများဖြင့် ၊ မြန်မာတို့၏ အကျိုးကိုဆောင်ပါအံ့ ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)လူငယ်များ
http://www.vivaldipark.com/
Saturday, February 14, 2015
ဓမ္မဒူတ (ကိုရီးယား) လူငယ်များ ၂၀၁၅-ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး ထွက်မည်
Monday, July 28, 2014
မြန်မာစင်တာ၏ နွေရာသီခရီးစဉ် အကြောင်း
ရေးသားသူ — အမည် မြန်မာစင်တာ
မြန်မာစင်တာဧ။် နွေရာသီ ခရီးစဉ်တွင်လိုက်ပါကြမည့် ညီအစ်ကိုမောင်နှမများအတွက် မြန်မာစင်တာမှ ခရီးသွားအာမခံ ပြုလုပ်ပေးမည်ပါသောကြောင့် လိုက်ပါရန် စာရင်းပေးထားသူများ အားလုံးသည် -
၁။ အမည်
၂။ ဖုန်းနံပါတ်
၃။ ID (or) Passport number
၎။ လက်ရှိနေရပ်လိပ်စာ
တို့ကို ခရီးသွားတာဝန်ခံများထံသို့ ဖြစ်စေ၊ နီးစပ်ရာ မြန်မာစင်တာအမှုဆောင်များထံသ
မှတ်ချက် ။ ။ ခရီးစဉ်အတွက် လူဦးရေ (၁၆)ယောက်သာ လိုပါတော့၍ အမြန်စာရင်းပေးနိုင်ကြပါရန်
Monday, April 28, 2014
ရွှေအလင်းတန်း မြန်မာအသင်းမှ ပိတ်ရက် (၅-၅-၂၀၁၄) နေ့ တွင် ဘူဆန် အနီးတစ်ဝိုက်တွင် လေ့လာရေး ခရီးထွက်မည်..



ဘူဆန် အနီးအနားရှိ ရွှေမြန်မာများ နှင့် ရွှေအလင်းတန်း မြန်မာအသင်းသားများအတွက် ပိတ်ရက်တွင် ဗဟုသုတ ရစေရန် နှင့် ရွှေညီအစ်ကိုများအတွက် ပျော်ပွဲစားခရီးစဉ်အဖြစ် (၅-၅-၂၀၁၄) တနလာင်္နေ့ တွင် ဘူဆန် အနီးတစ်ဝိုက်တွင် လေ့လာရေး ထွက်မည်ဖြစ်ပါသည်။
လေ့လာမည့် နေရာများမှာ...
(၁) ဘူဆန် အမျိုးသားပြတိုက်
(၂) ရေအောက်ကမ္ဘာပြတိုက်
(၃) ဘူဆန်ကုလသမဂ္ဂ စစ်သချိုင်္င်း
(၄) ဟဲဝန်းဒဲ ကမ်းခြေ နှင့်
အခြား ဗဟုသုတ ရရှိနိုင်သော နေရာများသို့လည်း သွားရောက်မည် ဖြစ်ပါသည်.
--တစ်ဦးလျှင် ခရီးစရိတ် အတွက် ၀မ်(၁၀၀၀၀) တစ်သောင်း ကောက်ခံပါမည်.
-ရွှေညီအစ်ကိုများအတွက် ၀င်ကြေးများ နှင့် စားစရိတ်များကို BFC (Busan Foreign
Worker Support Centre) မှ ကျခံပေးမည် ဖြစ်ပါသည်။
လိုက်ပါလိုသော ရွှေညီအစ်ကိုများအနေဖြင့်
ကိုတိုးသူရ 010-8916-7619
ကိုမင်းလတ် 010-7459-3070
ကိုဇော်မင်း 010-5946-6694 ထံသို့
(4-5-2014) ရက်နေ့ နောက်ဆုံး စာရင်းအမြန် ပေးသွင်းကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
- ရွှေအလင်းတန်း စာကြည့်တိုက်တွင် (၅-၅-၂၀၁၄ ) မနက် (၈)နာရီ အရောက် လာပေးကြပါရန်
Tuesday, April 22, 2014
မြန်မာစင်တာမှ ဒုတိယကြိမ်မြောက် ခရီးထွက်ပါမည်။
ကိုရီးယားနိုင်ငံရောက် ညီအကိုမောင်နှမများခင်ဗျာ။
လာမည့် ၂ဝ၁၄ ခုနှစ် မေလ ၅ ရက်(တနင်္လာနေ့) နှင့် ၆ရက်(အင်္ဂါနေ့) တွင် (တစ်ညအိပ်နှစ်ရက်)ခရီးစဉ်အဖြစ် မြန်မာစင်တာမှ ဒုတိယကြိမ်မြောက် ခရီးထွက်ပါမည်။ ကိုရီးယားနိုင်ငံအတွင်း လှပသောရုပ်တုပန်းခြံ(정동진)၊ ၆၇၁ ခုနှစ်က ရှီလာဘုရင်တည်ထားကိုးကွယ်ခဲ့သော စေတီ၊ ရှေးခေတ်ယဉ်ကျေးမှုနှင့်သဘာဝအလှတို့တည်ရှိရာ(낙산사)နေရာ၊ပင်လယ်ပြင်မှ လျောင်းတော်မူ ဘုရားဆင်းတုပုံသဏ္ဍာန် ကျောက်တုံးကြီးရှိရာ(휴휴암)၊ ပင်လယ်ပြာပြာ ရှုခင်းလှလှ (강릉 경포대) နှင့် အထူးထင်ရှားသောတောင်(설랃산)တို့ပါဝင်ပါသည်။
ဂျောင်ဒုံးဂျင်း(정동진)
SUN CRUISE RESORT & YACHTသည် ကိုရီးယားနိုင်ငံ နေထွက်ရာအရပ်ဖြစ်သော အရှေ့ပိုင်းတွင်ရှိပြီး၊ တက်သစ်စ အာရုဏ်ဦး ၏ သဘာဝအလှကို ခံစားရန် အကောင်းဆုံးသော နေရာအဖြစ်တင်စားခံထားရပြီး၊ ခရီးသွားများအား ဆွဲဆောင်မှုအပေးဆုံးမှာ ပင်လယ်ရေပြာပြာ၊ သဲသောင်ဖြူဖြူ ပြန့်ပြန့်နှင့် အတူ တောင်ရှိနေပြီး၊ ထိုတောင်ပေါ်တွင်လည်း ရေမှာရှိရမည့် သဘောင်္က တောင်ထိပ်ပေါ်ရောက်နေပြီး တောင်ထိပ်မှ ပင်လယ်ထဲသို့ ဆင်းမည့် ဟန်ဖြင့် တင်ထားလျက်ရှိပါသည်။ ထိုသဘောင်္ကို ဟိုတယ်၊ ပြတိုက်၊ ပန်းပု ဥယျာဉ်တို့နှင့်တွဲဖက်ထားလျက်ရှိခြင်းကိုက ခရီးသွားများအား ဆွဲဆောင်မှုကို ပေးနိုင်ဆုံးသောနေရာဖြစ်ပါသည်။ ၁နှစ်ပတ်လုံး ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်းကားလျက်ရှိသည့်နေရာလည်း ဖြစ်သည်။
휴휴암 (ရှူးရှူးအမ်း)
မြန်မာစကားသံဖြင့် ခေါ်ရခက်သောအမည်ဖြစ်သော်လည်း လေးနက်သော အဓိပ္ပါယ်ရှိသည့် ငြိမ်းအေးသော ဗုဒ္ဒတရားရိပ်ရှိရာ အရပ်ဖြစ်ပါသည်။ “အနားရခြင်း၊ ထပ်၍ အနားရခြင်း”ဆိုသည့် အဓိပ္ပါယ်ကိုဆောင်သည့်အမည်ဖြစ်သည်။ လောဘ၊ ဒေါသ၊မောဟ ဆိတ်ကွယ်ရာနေရာဟု အဓိပ္ပါယ်ဖွင့်ရလောက်အောင် ငြိမ်းချမ်းသည့်သဘာဝအလှရှိသောနေရာလည်းဖြစ်သည်။ ၁၉၉၉ခုနှစ်တွင် တောင်ပင်လယ်ပြင်မှ လျောင်းတော်မူ ဘုရားဆင်းတုပုံသဏ္ဍာန် ကျောက်တုံးကြီးကိုတွေ့ရှိရာမှ ကိုရီးယားဗုဒ္ဒဘာသာဝင်အပေါင်း၏ အလေးအမြတ်ထားရာနေရာလည်းဖြစ်လာသည်။
နတ်ဆန်းစာ(낙산사)
ဂန်ဝန်းခရိုင် ယန်းယန်းမြို့နယ်တွင်ရှိပြီး အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် ရှိနေသော စေတီနှင့်ဘုန်းတော်ကြီးကျောင်းဖြစ်သည်။ ၆၇၁ ခုနှစ်တွင် ရှီလာဘုရင် မွန်းမွန် (၁၁ဆက်)မှ တည်ထား ကိုးကွယ်ခဲ့ သည့်စေတီဖြစ်သည်။နှစ်ပေါင်း ထောင်ချီရှိနေပြီဖြစ်သော ကိုရီးယား၏ ရှေးခေတ် ယဉ်ကျေးမှုနှင့်၊ သဘာဝအလှကိုပါ တပါတည်းခံစားနိုင်မည်ဖြစ်ပြီး၊ ဗုဒ္ဒဘာသာဝင်အများစု လာရောက်လည်ပတ်ကြရာနေရာလည်းဖြစ်သည်။
ဆောလ်လတ်တောင်(설랃산)
အရှေ့ဖက်ဒေသဖြစ်သော ဂန်ဝန်းခရိုင်တွင်ရှိသော တောင်တန်းဖြစ်ပြီး၊ ကိုရီးယားတွင် အထူးထင်ရှားလှပသော တောင်းလည်းဖြစ်ပါသည်။ ၁၂ ရာသီကာလပတ်လုံး အပန်းဖြေသူများ၊ တောင်တက်သူများ၊ ခရီးသွားများဖြင့် စည်ကား လျက်ရှိနေသောနေရာဖြစ်ပြီး၊ တောင်ထိပ်အထိ ကေဗယ်လ်ကားဖြင့်တက်နိုင်ပြီး၊ သဘာဝရှုခင်းနှင့် လေကောင်းလေသန့်အရသာ ကိုတပြိုင်နက်တည်း တဝကြီးခံစားနိုင်သော နေရာလည်းဖြစ်သည်။ ဒါကြောင့် ကိုရီးယားရောက် ညီအကိုမောင်နှမများအနေဖြင့် လာမည့်ပိတ်ရက် အနားယူရက်အတွင်း မိမိတို့၏ ပင်ပန်းနွမ်းနယ်နေသောစိတ်ကို ပြန်လည်လန်းဆန်းတက်ကြွလာစေရန့်  မြန်မာစင်တာမိသားစုနှင့်အတူ ဒီခရီးစဉ်လေးကို ပါဝင်ပူးပေါင်းကြပါရန် နှိုးဆော်လိုက်ပါတယ်…
ခရီးစဉ်ပထမနေ့အဖြစ်(၅)ရက်နေ့နံနက်၇နာရီတွင် မြန်မာစင်တာမှ စတင်ထွက်ခွာမှာဖြစ်ပြီး ဂျောင်ဒုံးဂျင်းရုပ်တုပန်းခြံနှင့်ဂန်းင်လုင်ဂေါင်းဖိုဒဲ(강릉 경포대)၊
- ခရီးစဉ်ဒုတိယနေ့အဖြစ် (၆)ရက်နေ့တွင် တည်းခိုခန်းမှ ထွက်ခွာပြီး၊ ရှူးရှူးအမ်းအနီးအနားရှိ တောင်၊ပင်လယ်နှင့်ဘုရားကျောင်း၊ရှုခင်းသာတို့ကို ပို့ဆောင်ပေးပါမည်။ ဆက်လက်၍ နာ့ဂ်ဆန်းစာရှိ တောင်၊ပင်လယ်နှင့် ရှုခင်းသာတို့ကိုပို့ဆောင်ပေးပါမည်။ယင်းနောက် ဆောလ်လတ်ဆန်းတောင်သို့သွားပါမည်။ပြီးနောက် ကျနော်တို့၏ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါသောကြောင် မိမိတို့ဆုံရပ်ဖြစ်သော ဘူဖျောင်းမြို့  ရှိမြန်မာစင်တာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
ထို့နေ့အတွက် နံနက်စာနှင့်နေ့လည်စာကို မြန်မာစင်တာမှကျွေးပါမည်။ ယင်းခရီးစဉ်အတွင်း ခရီးစရိတ်အဖြစ် တစ်ဦးလျှင် (၆)သောင်းဝမ်ဖြစ်ပါသည်။
ထမင်းလေးနပ်ကျွေး၊တည်းခိုခန်းခအပါအဝင်ဖြစ်ပါသည်။
( 2.5.2014 သောကြာနေ့ နောက်ဆုံးထား၍ တစ်ဦးလျှင် ဝမ် 60,000 နှင့် အတူ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ် )
မှတ်ချက်။ ။ လူဦးရေ ကန့်သတ်ထားပါတယ်။ ပန်းခြံဝင်ကြေးနှင့်ကေဘယ်လ်ကားစီခများကို လိုက်ပါမည့် သူများမှ ကျခံရမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက -
ကိုရဲနိုင်ဝင်း 010-4026-4322
ကိုဇေယျာအောင် 010-5923-0565
ကိုကျော်ဇောလင်း 010-3271-7708 တို့အားဆက်သွယ်မေးမြန်နိုင်ပါသည်။
Bank Account - WIN NAING OO 339-068133-02-012 (IBK Bank)
Monday, January 13, 2014
ဓမ္မဒူတ လူငယ်များ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး ထွက်မည်
ဇန္နဝါရီ ၁၃ ၊ အင်ချောန်း
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၄-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် ဇန္နဝါရီလ ၂၆ ရက်(တနင်္ဂနွေ) နှင့် ၃၁ ရက်နေ့ (ဆောလားပိတ်ရက်)တို့တွင် ဂန်ဝေါန်ဒို (Ganweon Do) ရှိ vivaldipark (ဤနေရာနှိပ်ပါ) သို့ အပမ်းဖြေခရီး ထွက်ခွါရန် စီစဉ်ထားပါသည် ။
အဆိုပါ ရေခဲတောင် အပမ်းဖြေ ခရီးစဉ်သို့ လိုက်ပါလိုသူများ ကားခ အသွားအပြန်စရိတ် တစ်ဦးလျင် ဝမ် ၂ သောင်း ၅ထောင်(ဝမ်နှစ်သောင်းငါးထောင်) နှုန်းဖြင့် လိုက်ပါနိုင်ပါသည်။
ဝမ်နှစ်သောင်းငါးထောင်မှာ အသွားအပြန်ကားခ သက်သက်သာ ဖြစ်ပြီး ၊ အခြားစရိတ်များမှာ ညီအစ်ကို ခရီးသည်များ၏ လွတ်လပ်သည့်ဆန္ဒအရ ရွေးချယ်အသုံးပြုနိုင်ပါသည် ။
ဝင်ကြေးမရှိပါ။
လိုက်ပါလိုသူများ အောက်ဖော်ပြနေရာများတွင် ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါသည်-
- 032-521-7571: Sagawar
- 032-518-1792: Myanmar Thagyi
- 032-521-2290: Mother’s House
- 032-507-3236: Son See Yar
- 070-7761-2457: Teletalki
- 010-4303-0399: Ywet Hla Ein
အသက်သာဆုံးသော ဝန်ဆောင်မှုများဖြင့် ၊ မြန်မာတို့၏ အကျိုးကိုဆောင်ပါအံ့ ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)လူငယ်များ
http://www.vivaldipark.com/
Sunday, January 12, 2014
ပိတောက်ရိပ်ကုမ္ပဏီ- ကိုရီးယားနှစ်သစ်ကူးပိတ်ရက် ဂန်ဝန်ဒို နှင်းတောင်သွား အပန်းဖြေခရီး

ဂျန်န၀ါရီ ၃၁ရက် နေ့ချင်းပြန်
စရိတ်ငြိမ်း 150,000 ၀မ်
(အသွားအပြန် ဘတ်စ်ကားခ၊ နေ့လယ်စာ၊ ဆော်လက်တောင်တက်/ဆင်း ကေဘယ်လ်ကားခ၊
နှင်းတောင်တက် ကေဘယ်လ်ကားခ၊နှင်းလျောစီး ၀င်ကြေး၊ ၀တ်စုံ၊စကီးဘုတ် ငှားခ အားလုံးအပါအ၀င်)
ခရီးအစီအစဉ်။။
၁) မနက် ၆နာရီ ဘူဖြောင်း ပိတောက်ရိပ်ကဖေးရှေ့မှ ကားထွက်ပြီး မနက် ၁၀နာရီ ဆော်လက်တောင် ရောက်ရှိ၊ အပန်းဖြေ၊ အမှတ်တရဓာတ်ပုံရိုက်
(တောင်တက်၊ တောင်ဆင်းကို ကေဘယ်လ်ကားဖြင့်)
၂) နေ့လယ်စာ စားသောက်ပြီး ယုန်ဖြောင်း နှင်းတောင်သို့ထွက်ခွာ
၃) နှင်းတောင်သို့ ကေဘယ်ကားဖြင့်တက်မည်၊ ၀တ်စုံ၊စကီးဘုတ်ငှားပြီး နှင်းလျောစီး အပန်းဖြေမည်
၎) ည၁၀နာရီ ဘူဖြောင်းသို့ပြန်လည်ရောက်ရှိ
လိုက်ပါလိုသူများ စရန်ငွေ ၁သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင် (သို့မဟုတ်)
- Kookmin Bank 392801-04-104589 ZAY MIN သို့  ပေးပို့ နိုင်ပါတယ်။
( ဂျန်န၀ါရီ ၁၉ရက်နေ့ထိ နောက်ဆုံးထား စာရင်းပေးသွင်းပေးပါရန်)
ဆက်သွယ်ရန်။ 010-4187-5218 010-7155-6581
Friday, August 23, 2013
ပိတောက်ရိပ်ကုမ္ပဏီရဲ့ ချူဆော့ဂ်ပိတ်ရက် (၁၈၊၁၉၊၂၀၊၂၁) ၃ညအိပ် ၄ရက် ဂျဲဂျူးကျွန်း အပျော်ခရီးစဉ်
ရေးသားသူ — စိုးမိုးသူ
- ကိုရီးယားရုပ်ရှင်ကားထဲမှာပါတဲ့ နေရာကို သွားမယ်
ထူးခြားတဲ့ သဘာဝ အလှကို တပြိုင်နက် ခံစားမယ်



- အရသာရှိတဲ့ ဂျဲဂျူးရဲ့ ၀က်နက်သား စားမယ်
၂၁ရက်နေ့ ညနေ ပြန်လည်ရောက်ရှိပါမယ်။
ဆက်သွယ်ရန်။ ။010 4187 5218 ၊ 010 7155 6581
လိုက်ပါလိုသူများ စရန်ငွေ ၂သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်
Sunday, August 18, 2013
ပိတောက်ရိပ်နဲ့အတူ ချူးဆော့က်ပိတ်ရက်မှာ ဂျဲဂျူးဒို သွားကြစို့
ရေးသားသူ —စိုးမိုးသူ
ပိတောက်ရိပ်ကုမ္ပဏီနဲ့ အတူ ၉လပိုင်း ချူးဆော့က်ပိတ်ရက် ၁၈၊၁၉၊၂၀၊၂၁ ၃ညအိပ်၎ရက် ဂျဲဂျူးဒိုကို သ င်္ဘောခရီးနဲ့ သွားကြရအောင်။
ကားခ၊ တည်းခိုခန်း၊စားစရိတ်၊ လည်ပတ်စရိတ်၊
မြင်းစီးခ၊ဘာဘီကျူးပါတီ ၊ ဂိုက်လမ်းညွှန်
အားလုံး စရိတ်ငြိမ်း
ဝမ် ၄သိန်း(၅သိန်းတန် ခရီးစဉ် လျော့ဈေး)
အားလုံး သိထားတဲ့ အတိုင်း
ချူးဆော့က်ပိတ်ရက်လို ခရီးသွားရာသီမှာ ဘယ်ကို သွားလည်လည် စရိတ်ကြီးပါတယ်။
သို့သော်လည်း ပိတောက်ရိပ်ရဲ့ မူအတိုင်း မိတ်ဆွေများအတွက် သက်သာပြည့်စုံတဲ့ စရိတ်နဲ့ ၀န်ဆောင် မှုကို ရရှိနိုင်စေဖို့ကြိုးစားထားပါတယ်။
ဂျဲဂျူးဒိုဟာ ခုအချိန်မှာ ခရီးသွားများ ပြည့်ကြပ်နေတာကြောင့်
လေယာဉ်၊သင်္ဘော လက်မှတ်များ ကုန်နေပါပြီ။
ကျနော်တို့ ကုမ္ပဏီအနေနဲ့လည်း လိုက်ပါနိုင်သူအား လူဦးရေ ၄၀အထိသာ လက်ခံနိုင်ပါတယ်။
လိုက်ပါလိုသူများ စရန်ငွေ ၂သိန်းကို
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်င
010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား
Kookmin Bank 392801-04-104589 ZAY MIN သို့  ပေးပို့ နိုင်ပါတယ်။
ခရီးစဉ် အသေးစိတ်ကို မကြာမီ ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာတင်ပြပေးပါ့မယ်။
Tuesday, July 30, 2013
(8လ 1ရက်) ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဘူဆန်းဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ အပန်းဖြေခရီးစဉ်
ရေးသားသူ — စိုးမိုးသူ
ပိတောက်ရိပ်ကုမ္ပဏီမှ နွေရာသီပိတ်ရက် အပန်းဖြေ ခရီးစဉ်များအား ချိုသာသော ဈေးနှုန်းများဖြင့် စီစဉ်ပေးနေပါပြီ။
ဘတ်စ်ကားဖြင့် ၈လ ၁ရက်ည ၁၀နာရီတွင် ဘူဖြောင်းရှိ ပိတောက်ရိပ်ကုမ္ပဏီ(ပိတောက်ရိပ်ကာဖေး)ရှေ့မှ စတင် ထွက်ခွာပြီး ဟဲအွန်းဒဲပင်လယ်ကမ်းစပ်တွင် အနားယူပြီးနောက်
၈လ ၂ရက်ည ၁၀နာရီတွင် ဘူဖြောင်း ပိတောက်ရိပ်ကုမ္ပဏီရှေ့သို့ ပြန်လည်ရောက်ပါမည်။

ပထမဦးဆုံး နွေရာသီ ခရီးစဉ် ဘူဆန်းဟဲအွန်းဒဲ ပင်လယ်ကမ်းခြေသို့ အတူလိုက်ပါလိုသူ ညီအကိုမောင်နှမများအနေဖြင့် စရန်ငွေ ၅သောင်းနှင့်အတူ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။
ကြိုတင်စာရင်းပေးသွင်းလို သူများအနေဖြင့်
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်ငန်းတာဝန်ခံ 010-4187-5218၊ 010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား Kookmin Bank 392801-04-104589 ZAY MIN သို့ ပေးပို့နိုင်ပါတယ်။
kookmin bank code numberက (004)ဖြစ်ပါတယ်။
မိတ်ဆွေတို့ အလိုရှိရာ နွေရာသီ အပန်းဖြေခရီးများကိုလည်း လွတ်လပ်စွာ ဆက်သွယ် တောင်းဆိုနိုင်ပါတယ်။
ညီအကိုမောင်နှမများ အားလုံး အတွက် ကျန်းမာပျော်ရွှင်သော နွေရာသီ အားလပ်ရပ် ဖြစ်ပါစေ။
Enjoy with Fairness!
ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဟဲအွန်းဒဲ ခရီးစဉ် ၀န်ဆောင်မှု အသေးစိပ်
ရေးသားသူ — စိုးမိုးသူ

လာမည့် ၈လ ၁ရက်နဲ့ ၂ရက်မှာ ပိတောက်ရိပ်ကုမ္ပဏီက ကိုရီးယားရောက် ညီအကိုမောင်နှမများရဲ့ တန်ဘိုးရှိတဲ့ နွေရာသီ အပန်းဖြေခရီးစဉ်အတွက် အခုလို နွေးထွေးစွာဖြင့် ကျေနပ်မှုအပြည့်ပေးနိုင်အောင် စီစဉ်ထားပါတယ်။

၁ရက်နေ့(ကြာသပတေးနေ့)ည၁၀နာရီမှာ ပိတောက်ရိပ်ကုမ္ပဏီ(ကာဖေးဆိုင်)ရှေ့ကနေ ဘတ်စ်ကားဖြင့် ဘူဆန်းသို့ စတင် ထွက်ခွာပါမယ်။
၎နာရီခွဲခန့် ဘတ်စ်ကားစီးရမှာ ဖြစ်တာမို့ မိတ်ဆွေများ သက်တောင့် သက်သာ အနားယူပြီး လိုက်ပါစီးနင်းနိုင်မယ့် ပြင်ဆင်မှုများပါတဲ့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်မှာ မိတ်ဆွေသစ်တွေလည်း တိုးပွားကြဦးမှာ ဖြစ်ပါတယ်။
ဘူဆန်း ဟဲအွန်းဒဲ ကမ်းခြေကို မနက်မလင်းတလင်းလေးမှာ ရောက်ပါပြီ။

ဒါပေမယ့် ၄နာရီခွဲလောက် ကားစီးလာရတာ ဖြစ်တာမို့ မိတ်ဆွေတို့ရဲ့ တင်းမာနေတဲ့ အကြောအခြင်တွေကို ဖြေလျော့ဖို့ လိုနေပါတယ်။
ဒါကြောင့် အညောင်းပြေ လမ်းလျှောက်ဖို့ လေကောင်းလေသန့်နဲ့ စမ်းလန်းစိုပြေတဲ့ နုရီမာရူး ပန်းခြံမှာ ရပ်နားမှာ ဖြစ်ပါတယ်။


ဒီပန်းခြံမှာ APECအစည်းအဝေးလုပ်ခဲ့တဲ့ အဆောက်အဦလည်းရှိပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ခဲ့တဲ့နေရာပေါ့ဗျာ။
လေကောင်းလေသန့်တွေ တ၀ရှူ လမ်းလျှောက်ရင်း ကျနော်တို့ကို နှုတ်ဆက်ဖို့ ထွက်လာတဲ့နေမင်းကြီးနဲ့ အထီးကျန် ရေသူမလေးကိုလည်း အတူ နှုတ်ဆက်ကြရအောင်။

.jpg)
ပြီးရင် မနက်စာ စားကြမယ်ဗျာ၊
ခဏနေ ရေရေလည်လည် ပျော်ပါးရမှာမို့ မိတ်ဆွေတို့တွေ အားရှိဖို့ လိုတယ်လေ။
ဒါကြောင့် အရသာရှိတဲ့ မနက်စာကို ပိတောက်ရိပ်က စီစဉ်ထားပါတယ်။
ကဲ ပြီးရင် အေးမြလှတဲ့ ဟဲအွန်းဒဲ ရေလှိုင်းထဲမှာ အားရပါးရ ရေကူးကစားရင်း မိတ်ဆွေတို့ ကိုရီးယားမှာ ပင်ပန်းထားသမျှကို အတိုးချ ဖြေဖျောက်နိုင်ကြပါပြီ။
ဒါနဲ့ နေဦး နေပူထဲ ရေကစားရင် မိတ်ဆွေတို့ အသားတွေ နေလောင်လိမ့်မယ်လေ။
ဒါကြောင့် ပိတောက်ရိပ်က နေလောင်ခံ ခရင်မ်နဲ့ လိုးရှင်းတွေကို လက်ဆောင်ပေးမှာမို့ အသားအရည်ပျက်စီးမှာ ပူပင်စရာ မလိုပဲ စိတ်တိုင်းကျ အပမ်းဖြေနိုင်ပါတယ်။
နေကပူတော့ ထီးအမိုးအောက်မှာ အနားယူဖို့လိုတယ်လေ။
ကမ်းစပ်မှာ မြင်တွေ့ရတဲ့ ထီးလေးတွေကို ငှားလို့ရပါတယ်။
ပြီးတော့ ၀မ်၃ထောင်ပေးပြီး မိမိအ၀တ်အစားတွေကို သေတ္တာထဲမှာ သိမ်းဆည်းနိုင်သလို ၀မ်၁ထောင်ပေးပြီး ရေချိုးသန့်စင်နိုင်ပါတယ်။
အားပါးတရ ရေကစား၊ အပမ်းဖြေ၊ ရေချိုးပြီးတော့ ညနေ၃နာရီခွဲ အရောက် ဘတ်စ်ကားရှိတဲ့နေရာကို ပြန်လာခဲ့ပေးပါ။
၃နာရီခွဲ အတိမှာ ဘတ်စ်ကား စထွက်ပါမယ်။
တနေကုန် ရေကစားထားတာမို့ မိတ်ဆွေတို့ရဲ့ ၀မ်းတွေ ဆာလောင်နေမှာ အမှန်ပဲလေ။
ဒါကြောင့်မို့ ပိတောက်ရိပ်က ဘူဆန်းရဲ့ အရသာရှိတဲ့ ပင်လယ်အသားဘူဖေးဆိုင်မှာ ညနေစာကို စီစဉ်ထားပါတယ်။
ကဲ အားမနာတမ်း အားရှိပါးရှိသာ ကိုယ့်အိမ်လို သဘောထားပြီး ဆွဲကြပေတော့။

ကဲ ဗိုက်လည်း ၀၊ လူလည်းပမ်းပြီဆိုတော့ အချိန်တန်ရင် အိမ်ပြန်ကြရတော့မယ်လေ။
အားလုံး ဘတ်စ်ကားပေါ်တက်ပြီး ဘူဆန်းရဲ့ ညအလှရှုခင်းကို ခံစားရင်း ဘူဖြောင်း ပိတောက်ရိပ်ကုမ္ပဏီရှေ့ကို ပြန်ကြရအောင်။
အော် ဒါနဲ့ ဒီလောက် ပြည့်ဝတဲ့ ၀န်ဆောင်မှုတွေက ခရီးစရိတ် ၀မ်၈သောင်းနဲ့ တန်ပါ့မလားလို့ သိချင်ကြလိမ့်မှာ ဖြစ်တာမို့ အောက်မှာ ဘူဆန်းကို သွားတဲ့ ဘတ်စ်ကားခ၊ရထားခ ဇယားလေးကို ဖော်ပြထားပါတယ်။
ရထားခ၊ ကားခ အသွားအပြန်နဲ့တင် ၀မ် ၈သောင်းကျော်နေပြီဆိုတာ တွေ့ရပါလိမ့်မယ်။
ဒါလေးကို ကြည့်လိုက်ရင် ပိတောက်ရိပ်က Enjoy with Fairness! ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကုမ္ပဏီရဲ့ အကျိုးအမြတ်ထက် မိတ်ဆွေတို့ရဲ့ ပျော်ရွှင်မှုကို အဓိကထားတယ် ဆိုတာကို တွေ့မြင်ရမှာပါ။
ကဲ အတူလိုက်ပါလိုတဲ့ ညီအကိုတွေ စရန်ငွေ ၅သောင်းနှင့်အတူ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။
ကြိုတင် စာရင်းပေးသွင်းလို သူများအနေဖြင့်
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်ငန်းတာဝန်ခံ 010-4187-5218၊ 010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား Kookmin Bank 392801-04-104589 ZAY MIN သို့ ပေးပို့နိုင်ပါတယ်။
kookmin bank code numberက (004)ဖြစ်ပါတယ်။
ပြီးတော့ မိတ်ဆွေတို့ အလိုရှိရာ အခြား နွေရာသီ အပန်းဖြေခရီးများကိုလည်း လွတ်လပ်စွာ ဆက်သွယ် တောင်းဆိုနိုင်ပါတယ်။
ညီအကိုမောင်နှမများ အားလုံး အတွက် ကျန်းမာပျော်ရွှင်သော နွေရာသီ အားလပ်ရပ် ဖြစ်ပါစေ။
Enjoy with Fairness!
နေဦး
ကျနော်ဖော်ပြတဲ့ ဓာတ်ပုံလောက်နဲ့ မ၀သေးဘူးဆိုရင်တော့ အောက်က ရုပ်သံကို ဆက်လက် ရှုစားပါဦး။















.jpg)

_023.jpg)




