ကိုရီးယား အစိုးရသည် လူဝင်မှုကြီးကြပ်ရေးမူဝါဒကော်မရှင် (Immigration Policy Commission) ကိုဖွဲ့စည်းထားရှိပြီး ၊ လူဝင်မှုကြီးကြပ်ရေးမူဝါဆိုင်ရာ အခြေခံစီမံကိန်းများကိုချမှတ်ခဲ့ပါသည်။
၎င်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကိုရီးယားများအတွက် ရွေ့ပြောင်းသူများအကြောင်းပိုမိုနားလည်မှုရှိလာစေရေးနှင့် ရွှေ့ပြောင်းသူများကလည်း ကိုရီးယားအကြောင်းပိုမိုသိရှိလာစေရေး ပညာရေးအစီအစဉ် (better education of both Koreans about immigrants, and of immigrants about Korea) ပါရှိပါသည် ။ အဆိုပါ အစီအစဉ်အရ ၂၀၀၉ခုနှစ်မှစတင်၍ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Korean Immigration and Integration Program (KIIP) ကိုအကောင်အထည်ဖော်ခဲပ့ါသည် ။ လူမှုပူးပေါင်းဆောင်ရွက်မှုဌာနခွဲ(Social Integration Division) ကတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည် ။
၎င်းအစီအစဉ်တွင် ကိုရီးယားဘာသာစကား သင်တန်းနှင့် ကိုရီးယားလူမှုအသိုက်အဝန်းအကြောင်းနားလည်မှုရရှိစေရေးအစီအစဉ်ပါဝင်ပါသည် ။ အကြိုအစီအစဉ်များအဖြစ် အဆင့်(အတန်း) ၅ ခုခွဲခြားထားပါသည် ။ သင်တန်း တစ်ခုလျင် ၆ လအတွင်း လေ့ကျင့်ချိန် နာရီ ၁၀၀ သတ်မှတ်ထားပြီး ၊ သင်တန်းများပြီးဆုံးလျင် သင်တန်းဆင်းလက်မှတ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရပါသည် ။
ကိုရီးယားနိုင်ငံနှင့်အဝှမ်း သင်တန်းဌာန ၇၀ ကျော်ရှိသည်ဟုဆိုပါသည် ။ သင်တန်းပြီးဆုံးသူများအနေဖြင့် ကိုရီးယားနိုင်ငံသား လျှောက်ထားရာတွင် လူတွေ့စစ်မေးမှု (Intreview) ဖြေစရာမလိုဟုဆိုပါသည် ။ ထို့ပြင် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာန ပွိုင့်များဖြင့် အခြေချနေထိုင်ခွင့်(point system for residence status) လျှောက်ထားရေး အစီအစဉ် အတွက် ပွိုင့် ၁၀ (၁၀မှတ်) ရရှိမည်ဟု ဆိုပါသည် ။
အဆိုပါ သင်တန်းများသို့ ကိုရီးယားများနှင့် အိမ်ထောင်ပြုထားသည့် နိုင်ငံခြားသူများသာမက ၊ အီးပီလုပ်သားများလည်း တက်ရောက်ခွင့်ရှိသည်ဟုဆိုပါသည် ။ စိတ်ပါဝင်စားသူများ အသေးစိတ်အစီအစဉ်ကို (ဤနေရာတွင်) ဆွဲချရယူဖတ်ရှုပြီး ၊ လျှောက်လွှာပုံစံကို (ဤနေရာတွင်) ရယူ၍ လျှောက်ထားတက်ရောက်နိုင်ကြကြောင်းသိရသည် ။
ရည်ညွှန်းချက်များ -
http://test.korea4expats.com/article-social-integration-korea.html
http://www.kiip.kr/
http://www.kiip.kr/sub01/popup.php
Thursday, August 18, 2011
အီးပီလုပ်သားများလည်း ကိုးရီးယားလူဝင်မှုကြီးကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် သင်တန်းများ တက်ရောက်နိုင်
Labels:
သင်တန်း,
ဥပဒေနှင့်စည်းကမ်း,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment