Showing posts with label ပညာသင်ဆု. Show all posts
Showing posts with label ပညာသင်ဆု. Show all posts

Monday, January 21, 2013

ပညာဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း


ကိုရီးယားရောက် ထေရဝါဒ သာသနာပြု မြန်မာရဟန်းတော်များ၏ ပညာဒါယီ ပညာသင်ဆု ပေးအပ်ခြင်းကို ယခုအခါ ဆရာတော်များ၏ ဆန္ဒသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်လိုက်ပြီ ဖြစ်ပါသည်။ အဖွဲ့၏ သတ်မှတ်ချက်၊ အဖွဲ့၏ ဆုပေးနိုင်သည့် အနေအထားအရ ကျောင်းသားအများကြီးကို မပေးနိုင်ဘဲ (၄)ယောက်ကိုသာ ရွေးချယ်ပြီး ကျောင်းပြီးသည်အထိ ကျောင်းတက်နေချိန်ကာလအတွင်း ပေးအပ်သွားရန် ရွေးချယ်ခြင်း ဖြစ်ပါသည်။ 

သို့သော် ပညာသင်ဆု လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ပညာတော်ပြီး အလွန်ဆင်းရဲလှသည့် ကျောင်းသား၊ ကျောင်းသူများ အများအပြား ပါဝင်နေသည်ကို တွေ့ရသဖြင့် အဖွဲ့ဝင် ရဟန်းတော်များမှလည်း မိမိတို့၏ တစ်သီးပုဂ္ဂလ ဖောင်ဒေးရှင်းများမှ တစ်နိုင်တစ်ပိုင် ရွေးချယ်ပြီး ပညာသင်ဆုများ ပေးအပ်ခဲ့ပါသည်။  

သို့ဖြစ်ပါ၍ ပညာဒါယီ ဖောင်ဒေးရှင်းမှ ရွေးချယ်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဖွဲ့ဝင် ဆရာတော်များ၏ သီးသန့်ဖောင်ဒေးရှင်းများမှ ရွေးချယ်လိုက်သည့် ကျောင်းသား၊ ကျောင်းသူများအား အများသူငါ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 14, 2012

ပညာဒါယီ - ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူခြင်း သတင်း

ကိုရီးယားနိုင်ငံရောက် ထေရဝါဒ သာသနာပြု မြန်မာရဟန်းတော်များဖြစ်သည့် 
၁။ အရှင်နန္ဒက (ဓမ္မဒူတကျောင်း၊ ဘူဖျောင်း)
၂။ အရှင်သုမင်္ဂလ (မြန်မာဗုဒ္ဓသာသနာပြုကျောင်း၊ ဘူဖျောင်း)
၃။ အရှင်သုဝဏ္ဏ (သန္တိကရ ဝိဟာရကျောင်း၊ အန်ဆန်း)
၎။ အရှင်ပဏ္ဍိစ္စ (ပြည်တောင်ဦးကျောင်း၊ ဘူဆန်)
၅။ အရှင်ဗုဒ္ဓရက္ခိတ (ဗောဓိဝိပဿနာရိပ်သာ၊ ဆိုးလ်)
၆။ အရှင်ဝိစိတ္တ (စိတ္တသုခကျောင်း၊ ဒယ်ဂူး)
၇။ အရှင်ဥတ္တရ (မြန်မာဗုဒ္ဓသာသနာပြုကျောင်း၊ ဘူဖျောင်း)
၈။ အရှင်ကိတ္တိသာရ (ဓမ္မဒူတကျေင်း၊ ဘူဖျောင်း) တို့၏ မြန်မာပြည်တွင်း ပညာသင်ဆု ပေးအပ်ခြင်း အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်းကို ယနေ့မှစတင်ကာ အစိုးရသတင်းစာများနှင့် ဂျာနယ်များမှတဆင့် ကြော်ငြာလိုက်ပြီ ဖြစ်ပါသည်။ မကြာမီကာလတွင် ပညာဒါယီ ပညာသင်ဆု ပေးအပ်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွတ်ကြမည် ဖြစ်ပါကြောင်း ပညာသင်ဆု ဖောင်ဒေးရှင်း၏ ဦးဆောင် ဆရာတော်များနှင့် ကိုရီးယားရောက် ဒကာဒကာမများ သိရှိနိုင်စေရန် အသိပေး တင်ပြအပ်ပါသည်။

ဤပညာသင်ဆုသည် ကိုရီးယားနိုင်ငံရောက် ထေရဝါဒ ရဟန်းတော် (၈)ပါးတို့မှ လစဉ် တစ်ပါးလျှင် ဝမ်သုံးသောင်းစီ ထည့်ဝင်လှူဒါန်းကာ အကောင်အထည် ဖော်ထားသည့် ပညာသင်ဆု ဖောင်ဒေးရှင်း ဖြစ်ပြီး ရဟန်းတော်များအား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေကြသည့် ကိုရီးယားရောက် ရွှေမြန်မာများ၏ အလှူဟုလည်း ဆိုနိုင်မည် ဖြစ်ပါသည်။ ယခုနှစ်မှစတင်ကာ နှစ်စဉ် ပညာသင်ဆု ထောက်ပံ့ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အားလုံးသော ရဟန်းတော်များနှင့် မြန်မာဒကာဒကာမများအနေဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>