Thursday, March 12, 2009

ထပ်တူ ၀မ်းနည်းကြေကွဲခြင်း။

ဟန်းဂုရွာဘလော့ဂ်တွင် ပို့စ်များ စဉ်ဆက်မပြတ် ရေးသားပေးနေသည့် ဆရာ အောင်ခိုင်(မန်း)၏ မွေးသမိခင် ဒေါ်ဝင်နီမောင်မောင်(၅၈ နှစ်)သည် ၈.၃.၂၀၀၉ (တနင်္ဂနွေ)နေ့ မနက်၂နာရီခွဲ တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း ကြားသိရသည့်အတွက် ဟန်းဂုရွာအဖွဲ့သားများမှ ဆရာအောင်ခိုင်(မန်း)နှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း...။

8 comments:

အောင်ခိုင်(မန်း) said...

ကိုယ်ချင်းစာ ၀မ်းနည်းပေးကြတဲ့ ဟန်းဂုရွာအဖွဲ့သားများ
အား ကျေးဇူးအထူးတင်ရှိပါ ကြောင်း။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) said...

အောင်ခိုင်ရေ...
ထပ်တူဝမ်းနည်းမိပါတယ်ကွယ်... မိခင်ကြီးကောင်းရာသုဂတိ ရောက်စေဖို့ပြုပြုသမျှကုသိုလ်အားလည်း အမျှပေးဝေပေးနေပါတယ်... သာဓုခေါ်နိုင်ပါစေ...

win latt said...

ကိုအောင်ခိုင်ခင်ဗျား...
မိဘနှစ်ပါးစလုံးမရှိတော့ဘူးဆိုတော့ ဘဝတူအဖြစ် ကိုယ်ချင်းစာမိပါတယ်...။ မိဘဂုဏ်ကျေးဇူးကို ရည်မှန်းပြီး ပြုသမျှကုသိုလ်ကို ကြားရာရောက်ရာဘုံဘဝ မှ မိခင်ကြီးသာဓု ခေါ်နိုင်ပါစေ...

ဝင်းပေါ်မောင် said...

သားတယောက်ကဲ့သို့ ၀မ်းနည်းရပါတယ်။ မနေ့က မသိလိုက်လို့ နောက်ကျသွားပါတယ်။ ဘာသာတရားရဲ့ အရိပ်အောက်မှာ ဖြေသိမ့်နိုင်ပါစေ...

စိုးမိုးသူ said...
This comment has been removed by the author.
စိုးမိုးသူ said...

ညီလေးအောင်ခိုင်ရေ~
တို့တွေအားလုံးညီလေးနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်။
အရင်သွားနှင့်တဲ့သူနဲ့ နောက်မှသွားတဲ့သူ ဆိုတာပဲ ကွာတာပါ။
ဘယ်သူမဆို မလွဲမသေ သွားကြရမယ့် လမ်းလေး တခုပါပဲ။
ညီလေး ဖြေသိမ့်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
မိခင်ကြီးအတွက် တို့တွေပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ် တွေကို အမျှပေးဝေပါတယ်။သာဓုခေါ်ဆိုပြီး ကောင်း ရာဘုံဌာနမှာ စံမြန်းနိုင်ပါစေ....

ကိုဝိုင်း (မိုးညှင်း) said...

အလှည့်ကျတော့ ၊ မနွဲ့ကြစတမ်းပေါ့ ။
တစ်နေ့ ငါ့အလှည့် ။

hnin said...

ဆရာတော်ဦးသောဓန(ဘူဂေး)၊ဆရာတော်ဦးမဏ္တလ(ရန်ကုန်)၊ဆရာတော်ဦးစန္ဒိမာ (ဆိုလ်း)တို.အား စိတ်ဓတ်ကျစိတ်ဆင်းရြဲပည်တော်ပြန်အောင် ပြုလုပ်ခဲ့ဖူးသော (ကိုဝိုင်း) အလှည့် မြန်မြန် ရောက်ပါစေ။