ယနေ့ မနက်၉နာရီခွဲ တွင် မန္တလေးမြို့နေအိမ်၌ဘ၀တစ်ပါး သို့ကူးပြောင်းသွားသော ချစ်လှစွာသော ညီငယ်မောင်ငြိမ်းချမ်း(၂၀နှစ်)ကောင်းရာမွန်ရာဘ၀သို့ရောက်ရှိစေရန်အားရည်စူး၍ ဆွမ်းသွတ်ပွဲကို(၁၁.၁၀.၀၉)တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တရားတော်နာကြွရောက် အမျှအတန်း ပေးဝေပေးကြပါရန် ခင်မင်ရင်းနှီးသော မိတ်ဆွေများ၊ချစ်ခင်ရသော ညီအစ်ကိုမောင်နှမများ၊အဖွဲ့ အစည်း အသီးသီး၌ လှူပ်ရှားနေကြတဲ့ လေးစားရပါသော အစ်ကိုများအား ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့် 
ကိုအောင်ခိုင်
(ဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးတော်ဆောင်)
တရားပွဲအချိန်~~~ မွန်းလွဲ ၁နာရီ (၁၁.၁၀.၀၉)
နေရာ ~~~မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(၀၃၂ ၅၁၁ ၂၈၄၁)
4 comments:
ကိုအောင်ခိုင်ရေ...
စိတ်မကောင်းပါဘူးဗျာ။
ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း...။
မိခင်ကြီး ကွယ်လွန်သွားတာမှ မကြာသေးဘူးနော်..
ဒီလိုပါပဲဗျာ..။လူ့ဘဝက လူသားတွေအားလုံး သေမျိုးတွေချည့်ပါ။
ညီလေး အောင်ခိုင်ရေ
ဆုံးရှုံးသွားတဲ့ ညီငယ်လေးအတွက်
အကို မင်းနဲ့အတူ ထပ်တူထပ်မျှ
စိတ်မကောင်းဖြစ်ရပြီး
အထူးဝမ်းနည်းကြေကွဲရပါတယ်ကွာ။
ရှောင်လွှဲလို့မရတဲ့ အရာတွေထဲမှာ
သေဆုံးခြင်းဆိုတာက အသေချာဆုံးပါပဲ။
အားတင်းပါကွာ။
ကိုယ်ချင်းစာဝမ်းနည်းပေးကြတဲ့ သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်
ညီငယ်က လူတုပ်ကွေး ကိုယ်ပူရှိန်ကြီးပြီး အဖျားတက်ခါ သတိလစ်ပြီး ဆုံးပါးသွားတယ်လို့ဆိုပါတယ်။အဲဒီသတိလစ်နေချိန်ဘေးမှာ ဘယ်သူမှမရှိလို့ မဆုံးပါသင့်ပဲ ဆုံးပါးသွားခဲ့ရပါတယ်။အန်တီမှ ဆေးခန်းပို့ရန် ကားစီစဉ်ပြီးအစ်ကိုနှင့်ပြန်ရောက်ချိန်မှာနောက်ကျသွားခဲ့ပါပြီ။မဆုံးပါသင့်ပဲ ဆုံးပါးသွားခဲ့ရလို့ ယူကြုံးမရဖြစ်နေချိန်မှာ တစ်ချို့ က အပြစ်တင်တဲ့လေသံမျိုး၊ဘယ်သူတွေကဘာလုပ်နေလဲ....နေတာလဲကြာပြီ မပြန်သေးဘူးလား..ရှေ့ဘာဆက်လုပ်မှာလဲ...သေချာစဉ်းစားနော်...ဒီကောင် ပြန်မယ်ပြန်မယ် ပြောနေတာကြာပါပြီ ဘယ်နှနှစ်ရှိပြီလဲ....ဆိုတာမျိုးတွေ၊ကျနော်နဲ့ မတန်တဲ့တာဝန်တွေထမ်းနေရတာတွေမသိတဲ့သူတွေက်တော့ မသိဘူးပေါ့။ကိုယ့်ဘ၀ကို စိတ်နာတယ်...တစ်ချို့ လူတွေရဲ့
အားပေးပုံမေးမြန်းပုံတွေဟာ ကျနော့်ကို စိတ်သက်သာမရစေပဲ ပိုပြီး ပိုပြီးစိတ်ဆင်းရဲစေပါတယ်။
ကိုအောင်ခိုင်ရေ..
သေခြင်းတ၇ားက အချိန်မရွေး၊နေရာမရွေး၊လူပုဂ္ဂိုလ် မရွေး ဘူးဆိုတာ အသက်အရွယ်လေးရလာတာနဲ့ အမျှ နက်နက်နဲနဲ သိလာခဲ့တယ်ဗျာ။ဆုံးရှုံးခြင်းတွေနောက် ကို ဝမ်းနည်းပူဆွေးပြီးလိုက်မနေတော့ပဲ နေ့သစ်တွေအတွက် ဖြူစင်ခြင်းစိတ်သစ်တွေနဲ့ လှမ်းကြ ၇အောင်ဗျာ။ရှုတ်နေတဲ့ လောကကြီးထဲမှာ ရှင်းအောင်ကြိုးစားနေသွားမှ ကျွန်တော်တို့ ခြေလှမ်းတွေ မြဲမြံခိုင်မာနေမှာပါ။တစ်ခုတော့ရှိတယ်ဗျ “ငါကိုယ်တိုင်မသိတဲ့ ငါ့ဘဝကို ဘယ်သူက ပြဌာန်းလို့ရမှာလဲ..။” ဆိုတဲ့ အိုင်ဒီယာ ကျွန်တော်ယူထားတယ်။ ကို အောင်ခိုင် သဘောတူလား...။
သုခီအတ္တာနံပရိဟရန္တု.....
Post a Comment