Showing posts with label လေ့လာစရာ အင်္ဂလိပ်စာ. Show all posts
Showing posts with label လေ့လာစရာ အင်္ဂလိပ်စာ. Show all posts

Monday, June 9, 2014

Let’s Study English by Singing Songs

သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင် ( ၆ )





ဒီတစ်ခေါက်တော့ အမေရိကန် Hard Rock / Heavy Metal အဖွဲ့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့ကို ၁၉၈၅ ခုနှစ် ဘော့စတွန်မြို့မှာ ဖွဲ့ခဲ့တာပါ။ အဓိက အဆိုတော် (Frontman)က Gary Cherone ဖြစ်ပြီး သီချင်းလည်း ရေးပါတယ်။ Lyricist ဆိုတာက သီချင်းရေးတဲ့သူပါ။ Nuno Bettencourt ကတော့ သီချင်းလည်းဆို၊ ဂစ်တာမှာလည်း ဆရာတစ်ဆူ (Guitar Virtuoso) ဖြစ်ပါတယ်။ တူရိယာပစ္စည်း တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့သူကို Virtuoso လို့ခေါ်ပါတယ်။ ဥပမာ He is a piano virtuoso.

အခုတင်ဆက်လိုက်တဲ့ သီချင်းကတော့ ဒီအဖွဲ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါ။ More Than Words ကတော့ အရမ်းကို နာမည်ကြီးတဲ့သီချင်း။ Utube မှာ ရှိပါတယ်။ များများနားထောင်၊ များများလိုက်ဆို၊ များများလည်း ဖတ်ရင် သေချာပေါက် တိုးတက်လာမှာပါ။

"Hole Hearted"


Life's ambition occupy my time ( ဘ၀ရဲ့ အလိုဆန္ဒတွေက ငါ့အချိန်တွေကို သိမ်းပိုက်ထားတယ်။)
Priorities confuse the mind ( ဦးစားပေး ကိစ္စတွေက စိတ်ကိုေ၀၀ါးထွေပြားစေတယ်။)
Happiness one step behind ( ပျော်ရွှင်မှုက နောက်မှာ ခြေတစ်လှမ်းစာ ပြတ်ကျန်ခဲ့ပေါ့။)
This inner peace I've yet to find ( ဒီအဇ္ဈတ္တငြိမ်းချမ်းရေးကို ငါရှာမတွေ့သေးပါလား။)

Rivers flow into the sea ( မြစ်တွေက ပင်လယ်ထဲကို စီးဝင်ကြတယ်။)
Yet even the sea is not so full of me ( ဒါတောင်မှ ပင်လယ်ကြီးက ငါနဲ့ မပြည့်သေးပါလား။)
If I'm not blind why can't I see ( ငါဟာ အကန်းတစ်ယောက် မဟုတ်ဘဲနဲ့…….)
That a circle can't fit ( အ၀ိုင်းက ….)
Where a square should be ( လေးထောင့်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့နေရာမှာ တပ်လို့မရတာကို ငါဘာလို့ မမြင်နိုင်ရတာလဲ။)

There's a hole in my heart ( ငါ့နှလုံးသားထဲက ကွက်လပ်ကို….)
That can only be filled by you ( နင်ဖြည့်မှပဲ ရမှာ။)
And this hole in my heart ( ငါ့နှလုံးသားထဲက ဒီကွက်လပ်က…)
Can't be filled with the things I do ( ငါလုပ်သမျှအရာတွေနဲ့ ဖြည့်လို ရကိုမရဘူး။)
Hole hearted Hole hearted

This heart of stone is where I hide ( နှလုံးသားမှာ မာကျောသယောင် ဆောင်ထားတဲ့)
These feet of clay kept warm inside (ဒီအားနည်းချက်က ရင်ထဲကို နှိပ်စက်နေဆဲပဲ။)
Day by day less satisfied ( တစ်နေ့ပြီးတစ်နေ့ ပိုဆိုးဆိုးလာတယ်။)
Not fade away before I die ( ငါသေတဲ့အထိ ပျောက်သွားမှာလည်း မဟုတ်ပါဘူး။)
Rivers flow into the sea ………………
Should have known from the start ( အစကတည်းက သိဖို့ကောင်းတာ…..)
I’d fall short with the things I do ( ငါလုပ်သမျှ အရာတွေက ငါလိုချင်တာကို ဖြည့်မပေးနိုင်တာကို)


ရှင်းလင်းချက်


ဒီသီချင်းက တော်တော်လေးနက်တယ်။ ဘ၀ဒဿနနဲ့ ဆိုင်တယ်လို့ နားလည်ပါတယ်။ အပေါ်ယံကြည့်ရင် အချစ်သီချင်းလို့ ယူဆနိုင်ပေမဲ့ သီချင်းထဲက မင်း(You)က ကိုယ့်နှလုံးသားကို အမှန်တကယ်ကော ဖြည့်ဆည်းနိုင်ပါ့မလားဆိုတာတော့ စဉ်းစားစရာပဲ။ ဒီနေရာမှာ စာဖတ်သူကို စေတနာနဲ့ ကိုယ့်အယူအဆကို အရိပ်အမြွက်တော့ မျှဝေချင်လွန်းလို့ပါ။ စကားဦးသန်းလိုက်သလို ဖြစ်သွားရင်တော့ ကြိုတင်တောင်းပန်ပါရစေ။ ကိုယ့်နှလုံးသားကို အမှန်အကန် ပြည့်ဝသွားစေမဲ့ အရာကတော့ စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှု(Spiritual Growth)လို့ ဆိုပါရစေ။ အကြာင်းညီညွတ်ရင်တော့ ဒီအကြောင်းကိုပဲ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်မှာပါ။ အခုတော့ ဒီလောက်ပဲ ဆိုပါရစေ။

ဒီသီချင်းထဲက ambitionဆိုတာကို ကျောင်းမှာကျက်မှတ်ထားတဲ့ အဓိပ္ပါယ်နဲ့ ဖော်ရင်တော့ ရည်မှန်းချက်လို့ ထွက်လာမှပေါ့။ ဒါကို ပိုရှင်းအောင်ပြောရင် အလိုဆန္ဒ(Desire)ပါပဲ။ အင်္ဂလိပ်လို ပြည့်ပြည့်စုံစုံ အနက်ပေးထားတဲ့ အဘိဓာန်မှာ ရှာကြည့်ပါ။ ဒီစကားပြောလိုက်တာနဲ့ကို စာဖတ်သူက အကင်းပါးရင် ဒီစာရေးသူလည်း စာဖတ်ရတာပဲဆိုတာကို သိမှာပါ။ ဒါဆို စာဖတ်သူကော တကယ်တတ်ချင်ရင် သေသေချာချာ လေ့လာရမယ်ဆိုတာကို သိရုံနဲ့မရပ်ထားဘဲ တကယ်လုပ်ဖို့လိုတယ်ဆိုတဲ့အသိက ရင်ထဲမှာ ရှိပြီးတော့ သိတဲ့အတိုင်း အတိအကျလိုက်လုပ်ဖို့ လိုပါတယ်။ ဘယ်အရာမှ အလကား မရပါဘူး။ စကားပုံရှိတယ်။ No pain, no gain. အနာခံမှ အသာစံရမယ်တဲ့။ Israel occupied Gaza strip and Golan Heights.ဆိုရင် အစ္စရေး ဂါဇာကမ်းမြောင်ဒေသနဲ့ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တယ်ပေါ့။ Roman occupation of Britainဆိုရင် ဗြိတိန်ကို ရောမက သိမ်းပိုက်လိုက်တာကို ဆိုပေမဲ့ occupationရဲ့ နောက်အဓိပ္ပါယ်က အလုပ်အကိုင် ဖြစ်ပြန်ကော။ ဒါတွေတော့ သတိထားရမယ်။ တချို့အိမ်သာတံခါးမှာ occupiedလို့ဆိုရင် အထဲမှာ လူရှိနေတယ်။ Vacantဆိုရင်တော့ အထဲမှာ လူမရှိဘူးပေါ့။ ဖတ်ရင်း မှတ်ရင်း လေ့လာရင်းနဲ့ သိကိုသိလာမှာ။ can ဆိုရင် နိုင်တယ်( be able)လို့ အဓိပ္ပါယ်ထွက်ပေမဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက သံဗူး ဖြစ်ပြန်ကော။ ဒါတွေကို သံတူကြောင်းကွဲ( Homonym)လို့ခေါ်ပါတယ်။ ဗမာစကားမှာလည်း ကိုကိုရေလို့ဆိုရင် ကိုကို့ကို ရေတောင်းတာမှ မဟုတ်တာ။

This is my first priority. ဒီအလုပ်က ငါ့ရဲ့ ပထမဦးစားပေးပဲ။ Be careful not to confuse quantity with quality. အရည်အတွက်နဲ့ အရည်အသွေး မရောစေနဲ့(ခွဲခွဲခြားခြား သိပါစေ)။ All sectors in our country has lagged behind. ကျနော်တို့နိုင်ငံမှာ ကဏ္ဍပေါင်းစုံ နောက်ကျကျန်ခဲ့ပြီ။ innerရဲ့ ဆန့်ကျင်ဘက်စကားလုံးက outer(ဗဟိဒ္ဓ)။ ပြင်ပအရာတွေကို ဆိုလိုတာပါ။ Hillary Clinton has yet to declare that she is running for presidency. ဒီအမျိုးသမီးဟာ သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်လို့ မကြေညာသေးဘူး။ Finished your job? Not yet.မပြီးသေးဘူး။ He has a good job, and yet he never seems to have any money. ဒီစာကြောင်းမှာ yet က nevertheless(ဒါပေမဲ့) အနေနဲ့ ရေးထားတာပါ။ အလုပ်ကောင်းကောင်းသာ ရှိတယ်။ သူ့ကြည့်ရတာ ပိုက်ဆံလည်း ဘယ်တော့မှ ရှိပုံမရဘူး။ feet of clay ဆိုတာ failure; weakness ချွတ်ယွင်းချက်၊ အားနည်းချက်ပါ။ fade away က disappear gradually တဖြည်းဖြည်း ကွယ်ပျောက်သွားတာ။

I could have bought such a car at that time. ဟိုတုန်းက ဒီလိုကားမျိုးကို ၀ယ်မယ်ဆိုရင် ၀ယ်လို့ရသားပဲ (ဒါပေမဲ့ မ၀ယ်လိုက်ခဲ့ဘူး)။ I should have known from the start that you really loved me so dearly. မင်းကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တာကို အစကတည်းက သိဖို့ကောင်းတာ (ဒါပေမဲ့ မသိလိုက်ရဘူး)။ fall short က အီဒီယမ်(idiom) မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ ဆိုလိုတာပါ။ hole hearted ဆိုတာ ဆာလောင်နေတဲ့သဘော၊ ဘယ်တော့မှ အလိုမပြည့်တဲ့ သဘော၊ ဟာနေတဲ့ နှလုံးသားလို့ ဆိုနိုင်ပါတယ်။ ခပ်ကြမ်းကြမ်း ပြောရရင် နှလုံးသားကြွက်တွင်းလို့သာ ဆိုလိုက်ချင်ပါတယ်။


Let’s share our knowledge.
သက်နိုင် (၀ါးပျံကုန်း)
၉. ၆. ၂၀၁၄

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 12, 2014

Let’s Study English by Singing Songs သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင်

အမှတ်စဉ်( ၅ )

ဒီတခါတော့ ဆွီးဒင်က ရော့ခ်အဖွဲ့ Europe ရဲ့သီချင်းလေးကို ဆိုကြည့်ကြဖို့ အကြောင်းတွေ ဖန်လာပါတယ်။ ကျနော်တို့နိုင်ငံမှာ မြေသိမ်းယာသိမ်း ကိစ္စတွေ နားနဲ့မဆံ့အောင် ကြားနေရလို့ပါ။ ဒီအဖွဲ့ကို ၁၉၇၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အဆိုတော်နာမည်က Joey Tempest ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Final Countdown အယ်လ်ဘမ်နဲ့ အောင်မြင်မှု သရဖူဆောင်းလာခဲ့ပါတယ်။ အယ်လ်ဘမ် (၉) ခု ထွက်ခဲ့ပြီးပါပြီ။ ဒီအဖွဲ့ရဲ့ သီချင်းတချို့ကတော့ The Final Countdown; Rock The Night; Open Your Heart; Superstitious; Hero; Prisoners In Paradise; Let The Times Rock; I’ll Cry For You; Tomorrow; Halfway To Heaven; Wish You Were Here ဖြစ်ပါတယ်။

CHEROKEE

They lived in peace not long ago A mighty Indian tribe
သူတို့တွေ အေးအေးချမ်းချမ်း နေလာခဲ့ကြတာ ဘာကြာသေးလို့တုန်း။ အင်ဒီးယန်း လူမျိုးစုကြီးပေါ့။
But the winds of change had made them realize
ဒါပေမဲ့ အပြောင်းအလဲတွေက
That the promises were lies ohh
(သူတို့ကို) ပေးခဲ့တဲ့ ကတိတွေဟာ အလိမ်အညာတွေလို့ သိသွားကြပြီလေ။
The white man's greed In search of gold made the nation bleed
လူဖြူတွေရဲ့ ရွှေလိုချင်တဲ့လောဘဇော တိုက်ချက်က (သူတို့)တိုင်းပြည်ကို ဒုက္ခသုက္ခတွေရောက်အောင် လုပ်ပစ်လိုက်တယ်။
They had lost their faith and now they had to learn
ယုံကြည်ကိုးစားမှုတွေ ပျောက်ဆုံးကုန်ပြီ။ အခုသူတို့ သိလိုက်ပြီ
There was no place to return Nowhere they could turn
ပြန်စရာ နေရာမရှိ၊ သွားစရာ နေရာမရှိဘူး ဆိုတာကို။
Cherokee (အမေရိကားက ဌာနေတိုင်းရင်းသား Red Indians တွေကို ခေါ်တဲ့နာမည်ပါ။)
Oh, marchin' on the trail of tears ( မျက်ရည်စက်လက်နဲ့ ထွက်သွားကြရပြီဗျာ။)
Cherokee
Oh, marchin' on the trail of tears
They were driven hard across the plains and walked for many moons
လွင်ပြင်တွေဆီကို အတင်းအကျပ် မောင်းထုတ်လိုက်ကြလို့ လနဲ့ချီပြီး လျှောက်လှမ်းခဲ့ကြရတယ်။
'Cause the winds of change
Had made them realize Had made them realize
That the promises were lies
So much to bear and all that pain left them in despair
ခံစားမှုတွေ တစ်လှေကြီးနဲ့ အဲဒီနာကျင်မှုတွေက မြှော်လင့်ချက်တွေ ခမ်းခြောက်စေခဲ့တယ်။
They have lost their faith And now they had to learn
There was no place to return Nowhere they could turn

ရှင်းလင်းချက်
Cherokee ဆိုတာကတော့ အမေရိကတိုက်ရဲ့ ဌာနေတိုင်းရင်းသားတွေကို ခေါ်တာပါ။ tribe ကတော့ လူရိုင်းတွေကို ခေါ်တာ။ ဒီမှာ Indian tribe က Red Indianတွေကို ဆိုလိုတာပေါ့။ သတိပြုရမဲ့ အချက်က Indianဆိုတဲ့ စကားလုံးက ဒီနေရာမှာ အိန္ဒိယလူမျိုးကို ပြောတာမဟုတ်။ ကျောင်းမှာ သမိုင်းသင်ခဲ့တုန်းက အရှေ့အိန္ဒိယကျွန်းစု(East Indies) ဆိုတာ စင်္ကာပူ၊ မလေး၊ ဘော်နီယိုစတဲ့ ကျွန်းစုတွေကိုခေါ်တာ။ အနောက်အိန္ဒိယကျွန်းစုက(West Indies) မြောက်အမေရိကနဲ့ တောင်အမေရိက(လက်တင်အမေရိကလို့လည်း ခေါ်ပါတယ်) ကြားမှာရှိတဲ့ ကျွန်းစုတွေကို ခေါ်တာပါ။ စာဖတ်သူက သိပြီးသားဆိုရင် ဆရာလုပ်တယ်လို့ မယူဆစေချင်ပါဘူး။ မသိသေးတဲ့ ဒါမှမဟုတ် မေ့နေတဲ့သူတွေအတွက် သိတာလေးကို မျှဝေပေးတာပါ။ စာရေးသူလည်း ဘုရားမဟုတ်တော့ ဘယ်အရာမှ အစအဆုံး မသိပါဘူး။
Mighty က powerful အားကြီးတာ။ နောက်အဓိပ္ပါယ်တစ်မျိုးက large ကြီးမားတာ။ a wind of change/winds of change က သူ့အသုံး(Usage)ပါ။ အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် အဖြစိအပျက်တွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်သွားတဲ့အခါ ဒီစကားကို သုံးပါတယ်။ realize ကတော့ I now realize that I’m in love with you. မင်းကိုချစ်နေတာကို အခုတော့ ကိုယ်သိလိုက်ပါပြီလို့ ဆိုလိုတာ။ Keep your promise. မင်းကတိ တည်ပါစေ။ lie က လိမ်တာ ညာတာ။ You are a liar.ဆိုရင် မင်းက လူလိမ်ပဲ။ Don’t bluff me. ငါ့ကို မညာနဲ့နော်။ greed လောဘ။ Don’t be so greedy. သိပ်ပြီး လောဘကြီးမနေနဲ့။ Don’t be so stingy/miserly. အဲဒီလောက်တောင် ကပ်စီးနှဲမနေနဲ့။ anger ဒေါသ။ delusion; ignorance မောဟ။ white man က လူဖြူတွေဆိုတာ သိမှာပါ။ in search of gold က ရွှေရှာတာပေါ့။ bleed က သွေးထွက်တာ။ ဒီနေရာမှာတော့ ဆီလျော်အောင် ပြန်ပေါ့။ faith က belief ယုံကြည်မှု။ I don’t believe in Socialism. ဆိုရှယ်လစ်ဝါဒကို မယုံဘူး။ I don’t trust you. နင့်ကို ငါမယုံဘူး။ a trail of blood ဆိုရင် သွေးစက်တွေ ကျသွားတဲ့လမ်းကြောင်း။ She had tears trailing down her cheeks. ပါးပြင်ပေါ်မှာ မျက်ရေတွေ စီးကျနေတယ်။ I can’t bear/stand/tolerate/ put up with it any longer. ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ put up with က idiom ပါ။ He gave up the struggle in despair. စိတ်ဓာတ်ကျပြီး သူ့ကြိုးစားမှုကို ရပ်ပစ်လိုက်တယ်။ He gave up/ stop/ quit smoking. ဆေးလိပ် ဖြတ်လိုက်တယ်။ Don’t despair. We’ll think of a way out of this. စိတ်ဓာတ်မကျနဲ့။ ငါတို့ ဒီအကျပ်အတည်းက ထွက်ပေါက်(နည်းလမ်း)ကို ရှာကြတာပေါ။ I’ve been waiting for you for hours. မင်းကို စောင့်နေရတာ နာရီနဲ့ချီ ကြာနေပြီ။ for years, for months, for decades(ဆယ်စုနှစ်နဲ့ချီ ကြာနေပြီ)။ ကြာချိန်ကို ပြောချင်ရင် for နဲ့ တွဲပြီး သုံးတာကို မှတ်ထားပါ။ လိုသလို အစားထိုးပြီး သုံးသွားတော့ပေါ့။
အင်္ဂလိပ်စာ တတ်ချင်ရင် များများဖတ်ပါ။ အစမှာတော့ လူတိုင်း အခက်အခဲနဲ့ ကြုံရမှာ သဘာဝဆိုတာကို ရိုးရိုးသားသား လက်ခံလိုက်ပါ။ ဘယ်ပညာမဆို ဒီအခက်အခဲကို ကျော်ဖြတ်ရမှာပါ။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ ဆန္ဒပြင်းပြရင် မအောင်မြင်တဲ့ အရာဆိုတာ မရှိပါဘူး။ စာဖတ်သူလည်း စာရေးသူနဲ့ ဥာဏ်ရည်ချင်း ဘာမှမကွာပါဘူး။ ကြိုးစားမှုက အဓိကပါ။

Let’s share our knowledge.
သက်နိုင် (၁၂. ၄. ၂၀၁၄)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 17, 2014

Let’s Read English (1)



အင်္ဂလိပ်စာ ဖတ်ရအောင်


Obama Calls Putin To Condemn Actions, Suspends U.S. Participation In G-8 Prep

March 2, 2014 Huff Post


အင်္ဂလိပ်စာဖတ်တတ်အောင် လေ့ကျင့်ဖို့အတွက် ဒီသတင်းကို ဖတ်ကြည့်ပါ။ ဘာသာပြန်ကို အရင်မကြည့်မိအောင် စာပိုဒ်တစ်ပိုဒ်ချင်းအောက်မှာပဲ စကားလုံးတွေရဲ့ အနက်ကိုပေးထားပါ့မယ်။ အရင်ဆုံး ကိုယ့်ဘာသာကိုယ် နားလည်အောင် ဖတ်ကြည့်ပါ။ မသိမှပဲ ဝေါဟာရအဓိပ္ပါယ်ကို ကြည့်ပါ။ ဒါမှ ဖတ်တတ်လာမှာပါ။ အစပိုင်းမှာ ကြုံတတ်တဲ့ အခက်အခဲတွေကို သီးခံကျော်လွှားနိုင်ရင် ၆ လလောက်အတွင်းမှာ သိသိသာသာတိုးတက်လာတာကို လက်တွေ့သိမှာပါ။ ဆရာတော် ဦိးဇောတိက စကားနဲ့ပြောရရင် စဖြစ်ဖို့နဲ့ စွဲမြဲဖို့က အဓိကပါ။

မျဉ်းသားထားတဲ့ အပြာရောင်စကားလုံးတွေကလွဲရင် တခြားမျဉ်းသားပြီး အရောင်ဆိုးထားတာတွေက စကားစုတွဲလိုက် မှတ်သားသင့်တဲ့ဟာတွေ ဖြစ်ပါတယ်။ ၀ိဘတ်တွေကိုတော့ အနီရောင် ခြယ်ပေးထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း အချိန်ကရှားပါးလွန်းလို့ ဆိုလိုရင်းကို နားလည်အောင်ပဲ ဘာသာပြန်ပါရစေ။ စာဖတ်သူက ဒီထက်ကောင်းကောင်း ဘာသာပြန်နိုင်အောင် အားထုတ်သင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

အလေးအနက် တိုက်တွန်းချင်တာက အလွယ်လိုက်ပြီးတော့ ဘာသာပြန်ကို အရင်မကြည့်ပါနဲ့။ ပေးထားတဲ့ ဝေါဟာရအနက်လောက်ကိုပဲ ကြည့်ပြီးတော့ အနည်းဆုံး သုံးလေးခေါက်တော့ နားလည်အောင် ကြိုးစားဖတ်ပါ။ တစ်ခေါက်ထက်တစ်ခေါက် ပိုနားလည်လာတာကို တွေ့ရမှာပါ။ စမ်းကြည့်ပါ။ ဖြစ်ကိုဖြစ်ပါတယ်။

U.S. President Barack Obama called Russian President Vladimir Putin on Saturday, condemning Russia's escalation of tensions with Ukraine.

(called; phoned ဖုန်းခေါ်တာ။ condemn ရှုတ်ချတာ။ escalate တိုးပွါးလာတာ၊ မြင့်တက်လာတာ။ tensions တင်မာမှုတွေ)


According to a White House release, the phone conversation lasted 90 minutes, with the U.S. calling on Russia to refrain from any further interference to Ukraine's sovereignty. The exchange comes one day after Obama warned Russia on "destabilizing" violations of that nature.

(according to အရ။ press release သတင်းထုတ်ပြန်ချက်။ called on တောင်းဆိုတာ။ refrain ရပ်တန့်တာ။ interfere ၀င်ရောက် စွက်ဖက်တာ။ sovereignty အချုပ်အခြာအာဏာ။ exchange နှစ်ဖက် စကားပြောတာ။ destabilize မတည်မငြိမ်ဖြစ်စေတာ။ violations ချိုးဖောက်တာတွေ)


"President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine1, the appropriate way to address them is peacefully through direct engagement with the government of Ukraine2 and through the dispatch of international observers under the auspices of the United Nations Security Council3 or the Organization for Security and Cooperation in Europe (OSCE)," the release read.

1.ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှု 2. ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံမှု 3. ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သဘောတူညီချက်အရ)


Below, the full readout (via The White House):


President Obama spoke for 90 minutes this afternoon with President Putin of Russia about the situation in Ukraine. President Obama expressed his deep concern over Russia’s clear violation of Ukrainian sovereignty and territorial integrity, which is a breach of international law4, including Russia’s obligations under the UN Charter, and of its 1997 military basing agreement with Ukraine, and which is inconsistent with the 1994 Budapest Memorandum and the Helsinki Final Act5. The United States condemns Russia’s military intervention into Ukrainian territory.

4. နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း 5. လိုက်လျောညီထွေ မရှိခြင်း


The United States calls on Russia6 to de-escalate tensions by withdrawing its forces back to bases in Crimea and to refrain from any interference elsewhere in Ukraine. We have consistently said that we recognize Russia’s deep historic and cultural ties to Ukraine7 and the need to protect the rights of ethnic Russian and minority populations within Ukraine8. The Ukrainian government has made clear its commitment to protect the rights of all Ukrainians and to abide by Ukraine’s international commitments9, and we will continue to urge them to do so.

5. ရုရှားကို တောင်းဆိုတာ 7. နက်ရှိုင်းတဲ့ ဆက်နွှယ်မှု 8. ရုရှားလူနည်းစု အခွင်းအရေးတွေ 9. နိုင်ငံတကာ ကတိက၀တ်တွေကို စောင့်ထိန်းလိုက်နာတာ


President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine, the appropriate way to address them is peacefully through direct engagement with the government of Ukraine and through the dispatch of international observers10 under the auspices of the United Nations Security Council11 or the Organization for Security and Cooperation in Europe (OSCE). As a member of both organizations, Russia would be able to participate. President Obama urged an immediate effort to initiate a dialogue between Russia and the Ukrainian government, with international facilitation, as appropriate. The United States is prepared to participate.

10. နိုင်ငံတကာ လေ့လာသူတွေကို စေလွှတ်ခြင်း 11. (3) မှာဖော်ပြပြီး


President Obama made clear12 that Russia’s continued violation of Ukraine’s sovereignty and territorial integrity would negatively impact13 Russia’s standing in the international community. In the coming hours and days14, the United States will urgently consult with allies and partners15 in the UN Security Council, the North Atlantic Council, the Organization for Security and Cooperation in Europe, and with the signatories of the Budapest Memorandum16. The United States will suspend17 upcoming participation in preparatory meetings for the G-8. Going forward, Russia’s continued violation of international law will lead to greater political and economic isolation18.

12. အတိအလင်း ပြောကြား 13. ဆိုးကျိုး သက်ရောက်တာ 14. လာလတ္တံ့သော အချိန်တွေမှာ 15. မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်တာ 16. ဘူဒါပက် နားလည်မှုစာချွန်လွှာမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ 17. ဆိုင်းငံ့ထားတာ 18. နိုင်ငံရေးအရရော စီးပွါးရေးအရပါ အထီးကျန်သွားစေလိမ့်မယ်


The people of Ukraine have the right to determine their own future19. President Obama has directed his Administration to continue working urgently with international partners to provide support for the Ukrainian government, including urgent technical and financial assistance20. Going forward, we will continue consulting closely with allies and partners, the Ukrainian government and the International Monetary Fund21, to provide the new government with significant assistance to secure financial stability22, to support needed reforms, to allow Ukraine to conduct successful elections, and to support Ukraine as it pursues a democratic future.

19. သူတို့ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့် 20. နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှု 21. နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ 22. ငွေကြေးတည်ငြိမ်မှု ရဖို့အတွက်


ဘာသာပြန်


သမ္မတအိုဘားမားက စနေနေ့မှာ ရုရှားသမ္မတပူတင်နဲ့ ဖုန်းနဲ့ပြောပြီး ရုရှားက ယူကရိန်းနဲ့ တင်းမာမှုတွေဖြစ်လာအောင် တိုးတက်လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ရှုတ်ချလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ မိနစ် ၉၀ ကြာ စကားပြောဆိုရာမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ ပြောလိုက်တာပါ။ ဒါဟာ အိုဘားမားက ယူကရိန်းကို မတည်မငြိမ်ဖြစ်အောင်လုပ်မဲ့ ချိုးဖောက်မှုတွေ မလုပ်ဖို့ သတိပေးပြီး နောက်တနေ့မှာ အခုလို ဖုန်းနဲ့ပြောလိုက်တာပါ။

ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုရှိတာဆိုရင် လုပ်သင့်တဲ့နည်းလမ်းက ယူကရိန်းအစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဒါမှမဟုတ် ဥရောပဆိုင်ရာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့သဘောတူညီချက်အရ နိုင်ငံတကာလေ့လာသူတွေကို စေလွှတ်တာတွေ လုပ်သင့်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


အိုဘားမားက ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုကိုရုရှားရဲ့သိသိသာသာချိုးဖောက်မှုအပေါ် အထူးစိုးရိမ်တဲ့အကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာပါတဲ့ စည်းမျဉ်းတွေ၊ ၁၉၉၇ ခုနှစ် ယူကရိန်းနဲ့ စစ်အခြေစိုက်စခန်းဆိုင်ရာ သဘောတူညီချက်၊ ၁၉၉၄ ခုနှစ် ဘူဒါပက် နားလည်မှုစာချွန်လွှာနဲ့ ဟယ်လ်ဆင်ကီ အပြီးသတ် စာချုပ်စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း၊ ယူကရိန်းကို ရုရှားရဲ့ စစ်ရေးအရ၀င်ရောက်စွက်ဖက်မှုအပေါ် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်က ရုရှားတပ်တွေကို ခရိုင်းမီးယားမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကို ပြန်ပြီးရုတ်သိမ်းဖို့နဲ့ ယူကရိန်းရဲ့ ဘယ်နေရာကိုမှ ၀င်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။ မိမိတို့အနေနဲ့ ရုရှားနဲ့ ယူကရိန်းဟာ သမိုင်းအရကော ယဉ်ကျေးမှုအရပါ နက်ရှိုင်းတဲ့ ဖက်နွှယ်မှုနဲ့ ယူကရိန်းမှာရှိတဲ့ လူနည်းစုရုရှားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာတွေကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ယူကရိန်း အစိုးရကလည်း နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို နိုင်ငံတကာကတိက၀တ်တွေအတိုင်း လိုက်နာစောင့်ရှောက် ကာကွယ်သွားမယ့်အကြောင်းနဲ့ နှစ်ဖက်လုံးကို အဲဒီလို လုပ်ဆောင်သွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းမယ့်အကြောင်း ပါရှိပါတယ်။

(ဒီစာပိုဒ်အတွက် ဘာသာပြန်အချို့ကို အထက်မှာဖေါ်ပြပြီး)။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံ ဆွေးနွေးမှုအတွက် နိုင်ငံတကာပံ့ပိုးမှုနဲ့ အတူ အမြန်ဆုံး ကြိုးစားဖို့နဲ့ အမေရိကန်အနေနဲ့လည်း ပူးပေါင်းပါဝင်ရန် အသင့်ရှိပါကြောင်း အိုဘားမားက ပြောလိုက်တာပါ။

ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုအပေါ်မှာ ဆက်ပြီးဖောက်ဖျက် ကျူးလွန်နေမှုတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရုရှားရဲ့ ရပ်တည်မှုကို ဆိုးကျိုးတွေ သက်ရောက်လာ လိမ့်မယ်လို့ အိုဘားမားက အတိအလင်း ပြောလိုက်တာပါ။ လာမဲ့ G-8 အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေမှုတွေကိုလည်း ဆိုင်းငံ့ထားလိုက်မယ်လို့ဆိုပါတယ်။ နိုင်ငံတကာဥပဒေကို ဆက်ပြီးဖောက်ဖျက်ကျူးလွန်နေမှုတွေဟာ ရုရှားရဲ့နိုင်ငံရေးနဲ့ စည်းပွါးရေးတွေကိုပါ ကြီးမားတဲ့ အထီးကျန်မှုတွေဆီ ဦးတည် သွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ယူကရိန်းပြည်သူတွေမှာ သူတို့ရဲ့အနာဂတ်ကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အိုဘားမားက သူ့အစိုးရကို နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆောတလျင် ပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်းအစိုးရအတွက် နည်းပညာနဲ့ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှုတွေပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဆက်လက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ရွေးကောက်ပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့နဲ့ ယူကရိန်းရဲ့ ဒီမိုကရေစီအနာဂတ်ဖော်ဆောင်မှုတွေကို ကူညီအားပေးဖို့ ပြောလိုက်ပါတယ်။


Let’s share our knowledge.

သက်နိုင်(၁၆. ၃. ၂၀၁၄)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 8, 2014

Let’s Study English by Singing Songs

Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင်


အမှတ်စဉ်(၄)

အခု အမေရိကားက နာမည်ကြီး Hard Rock Bandတစ်ခုဖြစ်တဲ့ Aerosmith ရဲ့သီချင်းကို လေ့လာကြည့်ရအောင်။ ဒီအဖွဲ့ကို ၁၉၇၀ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီအဖွဲ့ရဲ့ အဆိုတော်က Steven Tyler ဖြစ်ပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ် မှာ မွေးဖွားပါတယ်။ ကိုယ်တိုင် သီချင်းရေးပြီး တူရိယာတော်တော်များများကို တီးတတ်သူပါ။ အခုအသက် ၆၅ နှစ်ကျော်လာတာတောင် စင်ပေါ်မှာ အားမာန်အပြည့်နဲ့ သီဆိုဖျော်ဖြေနိုင်ဆဲပါ။ သူတို့ဓာတ်ပြား သန်း ၁၅၀ ကျော် အရောင်းစွန်ခဲ့လို့ the best-selling American Rock Band of all time တခေတ်လုံးမှာ ရောင်းအကောင်းဆုံး အဖွဲ့ဖြစ်ပါတယ်။


Angel


I’m alone, yeah, I don’t know if I can face the night.
ကိုယ်တစ်ယောက်တည်း..အင်း.. ဒီညကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ဘူး။
I’m in tears, and the cryin’ that I do is for you.
ကိုယ်ငိုနေရတယ်။ ကိုယ်ငိုကြွေးနေရတာ မင်းလေးကြောင့်ပေါ့။
I want your love. Let’s break the walls between us.
မင်းအချစ်ကို လိုချင်တယ်။ တို့နှစ်ဦးကြားက နံရံတွေ(အတားအဆီးတွေ)ကို ဖြိုဖျက်ကြစို့။
Don’t make it tough. I’ll put away my pride.
မတင်းပါနဲ့ကွာ။ ကိုယ့်သိက္ခာ၊ ကိုယ့်မာနတွေကို လွှင့်ပစ်လိုက်ပါ့မယ်။
Enough’s enough. I’ve suffered and I’ve seen the light.
ဒီလောက်ဆို တော်လောက်ပါပြီ။ ဝေဒနာတွေ ရလိုက်ပါပြီ။ အလင်းရောင်လေး တွေ့လိုက်ပါပြီ။
Chrous : (Bayayby, you’re my angel, come and save me tonight.
ဘေဘီ မင်းဟာ ကိုယ့်နတ်သမီးလေးပဲ။ ဒီညကိုယ်ကို ကယ်တင်လှဲ့ပါ။
You’re my angel, come and make it all right.)
အားလုံးအဆင်ပြေအောင် လုပ်ပေးလှဲ့ပါ။
Don’t know what I’m gonna do about this feeling inside.
ရင်ထဲက ဒီဝေဒနာကို ဘယ်လိုလုပ်ရမှန်း ကိုယ်မသိတော့ဘူး။
Yes it’s true, loneliness took me for a ride.
ကိုယ်တကယ်ပြောတာပါ။ အထီးကျန်ခြင်းက ကိုယ့်ကို သေအောင်တွန်းပို့နေပြီ။
Without your love I’m nothing but a beggar.
မင်းအချစ်မရှိတော့ ကိုယ်လေ သူဖုန်းစားလိုပဲ။
Without your love a dog without a bone.
မင်းအချစ်မရှိတော့ ကိုယ်လေ အရိုး(ကိုက်စရာ)မရှိတဲ့ ခွေးလေးလိုပဲ။
What can I do? I’m sleeping in this bed alone.
ကိုယ် ဘာလုပ်ရမှာလဲ။ တစ်ယောက်တည်း အိပ်နေရတယ်။
( Cho ) Come and save me tonight ( Solo )
You’re the reason I live. You’re the reason I die
မင်းကြောင့် ကိုယ်အသက်ရှင်နေတာ။ မင့်ကြောင့် ကိုယ်သေအုံးမှာ။
You’re the reason I give
မင်းကြောင့် ကိုယ်ပေးဆပ်နေတာ
When I break down and cry, don’t need no reason why. Baby, baby, bayayby …
ကိုယ်ချုန်းချပြီးငိုကြွေးတဲ့အခါ ဘာအကြောင်းပြချက်မှ မလိုပါဘူး။

Aerosmith အဖွဲ့ရဲ့သီချင်းတချို့ ဖော်ပြပေးလိုက်ပါတယ်။ Crying; Amazing; Crazy; Blind man; Eat the rich; Love in an elevator; Pink; Janie’s got a gun; Living on the edge; Sweet emotion; Jaded. Visit at http://www.youtube.com/results?search_query=aerosmith+angel.

ရှင်းလင်းချက်

အင်္ဂလိပ်စာဖတ်တဲ့အခါ ထူးခြားလှပတဲ့ စာစုတွေတွေ့ရင် မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ခဏခဏပြန်ကြည့်ပါ။ ခေါင်းထဲ စွဲသွားဖို့လိုတယ်။ တစ်သက်လုံး မှတ်မိချင်ရင်တော့ တစ်သက်လုံး အင်္ဂလိပ်စာအုပ်တွေ ဖတ်ပေတော့။ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကိုယ်နဲ့ကင်းကွာတာနဲ့အမျှ တဖြည်းဖြည်းမေ့သွားမှာပဲ။ စာမေးပွဲမှာ အင်္ဂလိပ်စာဖြေတဲ့အခါ Comprehension ဖြေရမှာပေါ့။ comprehend (=understand)နားလည်ရည် ဘယ်လောက်ရှိမရှိ စစ်တာပါ။ ဒါကြောင့် စာပိုဒ်ထဲမှာ မသိတဲ့စကားလုံးတွေကို တမင်တကာထည့်ပြီး မေးထားတာ။ ကျောင်းသားဟာ ဒါကိုဖတ်ပြီင်္း ဘယ်လောက် ခြုံငုံဆက်စပ်ပြီး နားလည်နိုင်သလဲဆိုတာကို စစ်ဆေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါဆို အင်္ဂလိပ်စာအုပ် ဖတ်ဖို့ဘာလို့ ၀န်လေးနေရမှာလဲ။ ဒါပေမဲ့ စစချင်းတော့ ကိုယ်နားလည်နိုင်လောက်တဲ့ စာမျိုးကိုတော့ ရွေးဖတ်ဖို့လိုတာပေါ့။ Time မဂ္ဂဇင်းလိုဟာမျိုးကို စကိုင်လို့တော့ မရဘူးပေါ့။ စကားလုံးတွေ အကုန်လုံးသိမှ ဖတ်မယ်ဆိုရင်တော့ သေတဲ့အထိ ဘယ်တော့မှ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူး။

နောက်တစ်ခု ပြောချင်တာက အသံထွက်ကိစ္စပဲ။ အခုခေတ်ကလေးတွေ အသံထွက်ရင် ပြည့်ပြည့်စုံစုံ မထွက်ကြတာ တော်တော်မှားတယ်။ Physics ဆိုလည်း အသတ်သံကို ထည့်မဆိုကြတော့ဘူး။ အဲဒါတွေကို ဂရုတစိုက်ပြင်ပါ။ ကောင်းပြီ။ သီချင်းစာသားတွေ လေ့လာကြစို့ရဲ့။

ဒီသီချင်းမှာ angel က နတ်သမီးပေါ့။ ဘုရားသခင်ရဲ့ တမန်တော်ကိုလည်း ဒီလိုပဲခေါ်တယ်။ guardian angel ဆိုတာက ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ (အစောင့်)ပုဂ္ဂိုလ်ကို ပြောတာပါ။ သူတို့ဆီမှာလည်း ဒီအယူရှိတယ်။ ယုံတာ မယုံတာတော့ တစ်ပိုင်းပေါ့။ alone က ထီးထီးလို့ အနက်ထွက်သလို အထီးကျန်(lonely)လို့လည်း အနက်ထွက်ပါတယ်။ alone ဟာ တစ်ယောက်တည်းလို့ အဓိပ္ပါယ်ထွက်တဲ့အခါမှ ထွက်ပါတယ်။ The two men alone went into the forest. ဆိုရင် တောထဲကို နှစ်ယောက်တည်း ထွက်သွာတယ်။ I am not sure if (=whether or not) I can meet her tonight. ဒီည သူနဲ့တွေ့ မတွေ့ မသေချာဘူး။ ဒီမှာ if က (လျင်) မဟုတ်တာကို သတိပြုပါ။ face (=encounter) ရင်ဆိုင်သည်။ She’s in tears. (= She’s crying.) ငိုနေတာ။ Walls have ears. (saying ဆိုရိုးစကား) နံရံတွေမှာ နားတွေရှိတယ်။ Don’t make it tough (difficult).ခက်ခဲအောင် မလုပ်ပါနဲ့။ He’s tough (strict). သူက တင်းတင်း ပြတ်ပြတ်သမား(ညှိနှိုင်းဖို့မလွယ်)။ tough meat လှီးရခက်တဲ့ အသား။ tough ကိုအသံထွက်ရင် (f)အသတ်သံနဲ့ဆိုပါ။

His pride was hurt. သူ့သိက္ခာ ထိခိုက်သွားတာပေါ့။ It’s time to swallow your pride (=hide your feelings of pride) and ask for your job back. ဒီအချိန်မှာ အလုပ်ပြန်ရဖို့အတွက် မင်းသိက္ခာကို မြိုသိပ်ထားလိုက်ပါကွာ။ I take (a) pride in my work. ငါ့အလုပ်ကို ဂုဏ်ယူတယ်။ The new suspension bridge is the pride of the town. ဒီကြိုးတံတားအသစ်ဟာ မြို့ကျက်သရေဆောင်ပဲ။ အနက်ချင်း မတူတာကို သတိပြုပါ။ Enough is enough. ဆိုတာ ပြောလေ့ရှိတဲ့ ဆိုရိုးစကား(saying)ပါ။ take for a rideက (idiom)ပါ။ ဒီသီချင်းမှာ (to transfer to a place and kill)တနေရာကိုပို့ပြီး သတ်တာလို့ ဆိုပါတယ်။ nothing but ဆိုတာ only(မျှသာ) ဖြစ်ပါတယ်။ I used to love her but she’s nothing to me any more. အရင်ကတော့ချစ်ခဲ့ပေမဲ့ အခုတော့ သူဟာ ငါ့အတွက် ဘာမှအရေးမပါတော့ဘူး။ Nothing else matters to him apart from his job. သူ့အတွက်တော့ သူ့အလုပ်ကလွဲရင် တခြားဘာမှ အရေးမကြီးဘူး။ He’s always trying to get something for nothing. သူဟာ အလကားရဖို့ပဲ ချောင်းနေတယ်။ break down ရဲ့အသုံးကလည်း ကျယ်ပြန့်တယ်။ ဒီသီချင်းမှာတော့ ခံစားမှုတွေကို မမြိုသိပ်နိုင်တဲ့အဆုံးမှာ ငိုချပစ်လိုက်တာကို ဆိုလိုပါတယ်။ The car broke down. ကား စက်ပျက်တာ။ Negotiations between the two sides have broken down. နှစ်ဖက်ကြား ဆွေးနွေးပွဲတွေ ပျက်သွားတယ်။ Idiom Dictionary လည်း မရှိမဖြစ်လိုအပ်ပါတယ်။ မအားမလပ်လွန်းလို့ ဒီဆောင်းပါးကိုတော့ အရင်အတိုင်းပဲ တင်လိုက်ပါတယ်။ နောက်များမှာတော့ လေ့ကျင့်ခန်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ တင်ဆက်သွားပါ့မယ်။

ဝေဘန် အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ thetnaing1988@gmail.com


Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 5, 2014

Let’s Study English by Singing Songs



သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်
အမှတ်စဉ် (၃)

အခုတစ်ခေါက်တော့ အော်စီက ရော့(ခ်)အပျော့စားအဖွဲ့( A Soft Rock Band)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့လည်း မြန်မာပြည်ကို လာဖျော်ဖြေသွားသေးတယ်။ ၁၉၇၅ ခုနှစ်က ဒီအဖွဲ့ကို ကိုယ်တိုင်တေးရေးတေးဆို ဂစ်တာသမား Graham Russell နဲ့ အဓိကအဆိုတော် Russell Hitchcock တို့က စတင်တည်ထောင်ခဲ့တဲ့ အတွဲညီတဲ့သူတွေ soft rock duo(နှစ်ယောက်တွဲ) ဖြစ်ပါတယ်။ တစ်ဦးချင်းကော စုံတွဲသီချင်းတွေပါ ဆိုကြတယ်။ အခု မိန်းကလေးသံနဲ့ ပိုင်ပိုင်နိုင်နိုင်ဆိုတတ်တဲ့ Russsell Hitchcock ရဲ့သီချင်းကို မြည်းစမ်းကြည့်ကြရအောင်။

Lonely Is The Night

Really thought that I could live without you
မင်းမရှိလည်း ကိုယ်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Really thought that I could make it on my own
ကိုယ့်ဖာသာ ရှင်သန်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Sent you away yeah, I said “I didn’t need you”
“ငါနင့်ကို မလိုအပ်တော့ဘူး” လို့ ပြောပြီး နှင်ထုတ်ခဲ့မိတယ်။
I let you go I let you go I let you go
မင်းကို မတားမိခဲ့ဘူး။
Now I’m so lost without you
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။
Now you’re not here and now I know
အခု မင်းမရှိတော့ ကိုယ်သိလိုက်ပါပြီ။
(Lonely is the night when I’m not with you lonely is the night
မင်းမရှိတော့ ညကအထီးကျန်လိုက်တာ။
Ain’t no/there’s no light shining through
(ကိုယ့်ဘ၀ရဲ့)အလင်းရောင်လေး မရှိတော့ဘူး။
Till you’re in my arms till you’re here by my side Lonely am I)
မင်း ကိုယ့်ရင်ခွင်ထဲ ရောက်တဲ့အထိ မင်း ကိုယ့်နဘေးမှာ ရှိတဲ့အထိ ကိုယ်အထီးကျန်နေရပြီ။
Never thought that I That I would need you
မင်းကို ကိုယ်လိုအပ်လိမ့်အုံးမယ်လို့ မထင်ခဲ့မိဘူး။
Never thought I That I’d be missing you
မင်းကို ကိုယ်လွမ်းနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
Gotta get you back I’ve just got to find a way now
မင်း ပြန်လာမှဖြစ်မှာ။ ဒီအတွက် ကိုယ်နည်းလမ်းရှာမှ ဖြစ်တော့မယ်။
To let you know to let you know to let you know
မင်း သိစေဖို့
That I’m so lost without you and now this world just ain’t right (……there’s no light shining……. )
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။ အခုတော့ လောကကြီးတစ်ခုလုံး ကမောက်ကမနဲ့ပါလား။
I can make it through the day I can fake it OK
ဟန်မပျက် နေနိုင်လိမ့်မယ်၊ အေးအေးဆေးဆေးပဲဆိုပြီး
I just smile and pretend and I tell myself I’ll be alright but lonely………..
ဟန်ဆောင်ပြုံးပြီး ကိုယ့်ကိုယ်ကို အေးအေးဆေးဆေးပဲလို့ နှစ်သိမ့်နေပေမဲ့……….

ရှင်းလင်းချက်
သီချင်းကို သေသေချာချာ နားထောင်ပါ။ စကားလုံး တစ်လုံးနဲ့တစ်လုံး အသံဆက်ယူသွားတာတွေ(link-up)ကို ဂရုစိုက်နားထောင်ပါ။ အဓိပ္ပါယ်သိရင် အလွတ်ရဖို့ သိပ်မခက်ပါဘူး။ စာရေးသူ ဘာသာပြန်ပေးတဲ့ နေရာမှာပဲ လမ်းမဆုံးပါစေနဲ့။ စာကြောင်းတစ်ကြောင်းကို နည်းလမ်းတကျ နားလည်လာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ကွန့်မြူးပြီး ဒီထက်ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်တတ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ကို ပြဌာန်းထားပါ။ နေရာတကာ ဆရာကိုအားကိုးတဲ့စိတ်ကို ဖျောက်ပါ။ တကယ်တတ်ချင်ရင် ကိုယ်တိုင်လေ့လာ(self-study)ပါ။ အင်္ဂလိပ်စာ တတ်ချင်တဲ့လူ တော်တော်များများက သဒ္ဒါစာအုပ်၊ အီဒီယမ်(idiom) လေ့လာတာနဲ့ပဲလမ်းဆုံးနေကြတယ်။ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ဖို့တော့ စိတ်မကူးပုံမရကြဘူး။ အင်္ဂလိပ်စာသင်တဲ့ ဆရာတွေဆိုလည်း အများအားဖြင့်တော့ သူတို့သင်တဲ့ပြဌာန်းစာအုပ်ကိုတော့ ပိုင်ပိုင်နိုင်နိုင်သင်နိုင်ကြပေမဲ့ ကိုယ်တိုင် အင်္ဂလိပ်စာအုပ်တွေကို မဖတ်ကြတော့ တပည့်တွေကိုလည်း အင်္ဂလိပ်စာတတ်အောင် လမ်းမညွှန်နိုင်ကြတော့ တက်လူငယ်တွေလည်း အဲဒီနေရာမှာပဲ လမ်းဆုံးနေကြရရှာတယ်။ ဘယ်အကိစ္စ၊ ဘယ်အခြေအနေမှာမဆို (တရားအားထုတ်တာအဆုံး) ရောက်နေတဲ့နေရာလေးမှာပဲ သာယာကြေနပ်နေရင် ရှေ့မတက်နိုင်တော့ဘူး။ နားရည်ဝချင်ရင် များများနားထောင်၊ ပြောတတ်ချင်ရင် များများပြော၊ ရေးတတ်ချင်ရင် များများရေးပေါ့။ နားထောင်စမရှိရင် အစမှာတော့ သိပ်အရသာတွေ့မှာမဟုတ်ဘူး။ သီချင်းတွေကို စနစ်တကျလေ့လာ၊ လိုက်ဆိုရင်း အလွတ်ရလာပြီ ဒါမှမဟုတ် စကားလုံးတွေကို လိုက်ဖမ်းမိလာရင် နောက်ဆိုကိုယ်မသိတဲ့ သီချင်းတစ်ပုဒ်နားထောင်ရင် ဒီစကားလုံးပြီးရင် နောက်လာမဲ့ စကားလုံးကိုတောင် ခန့်မှန်းနိုင်လာပါလိမ့်မယ်။ နောက်မှ အလျဉ်းသင့်သလို ပြောသွားပါ့မယ်။

ဒီအဖွဲ့ရဲ့ သီချင်းတချို့ကို တွဲဖက်လေ့လာနိုင်အောင် ဖေါ်ပြပေးလိုက်ပါတယ်။ Every woman in the world; All out of love; Making love out of nothing at all; Even the nights are better; Just as a man; One more chance; Two less lonely people in the world; Goodbye; Without you; Young love (Visit at http://www.youtube.com/results?search_query=air+supply.)

Lonely is the night. Lonely am I. ဆိုတာတွေက အလေးအနက်ထား ပြောတဲ့အခါသုံးတဲ့ ပုံစံတွေပေါ့။ The night is lonely. I am lonely.ပါပဲ။ ကြော်ငြာတစ်ခုမှာဆိုရင် Impossible is nothing.လို့ရေးထားတာ မှတ်မိတယ်။ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ Permanent is nothing. ဘာမှ မမြဲဘူး။ I can make it on my own. ငါ့ဖာသာ ဖြေရှင်းနိုင်တယ်။ make it ဆိုတာ သူ့အသုံးပဲ။ ကိုင်တွယ် ဖြေရှင်းနိုင်တယ်ပေါ့။ (on his own; on her own) She did it on her own. အဲဒါကို သူ့ဟာသူ လုပ်တာ။ She lives on her own. ဆိုရင်တော့ သူ တစ်ယောက်တည်း နေတာ။ Let me know when he comes here. သူဒီကိုလာရင် ငါ့ကို ပြောပါ(ငါ သိပါရစေ)။ I’ll let you know about it. မင်းကို အဲဒီအကြောင်း ပြောပြမယ်။ Let me see. ကြည့်ပါရစေ။ ဒီသီချင်းမှာ lost (unable to deal successfully with a particular situation) အခြေအနေ တစ်ခုအောက်မှာ အောင်မြင်အောင် မလုပ်နိုင်တာ။ We would be lost without your help. မင်းအကူအညီမှမရရင် ငါတို့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ We are completely lost. ငါတို့တော့ လုံးလုံးလျားလျား မျက်စိလည်နေပြီ။ We always get lost in London. ငါတို့ လန်ဒန်မှာ အမြဲမျက်စိလည်တယ်။ အဓိပ္ပါယ် မတူတာကို သတိပြုပါ။ He regretted the lost (=wasted) opportunity to apologize to her. တောင်းပန်ဖို့ အခွင့်အရေး လက်လွတ်သွားတာကို နောင်တရသွားတာ။ the lost opportunity(ဆုံးရှုံးသွားတဲ့ အခွင့်အရေး)။ I wish you were in my arms. ကိုယ့်ရင်ခွင်ထဲမှာ မင်းရှိနေရင် ကောင်းမှာ။ Sit by me. ငါ့အနားမှာထိုင်။ by my side ကိုယ့်ဘေးမှာ။

I miss you so much. အရမ်းလွမ်းတယ်။ I missed the 9:30 train. ၉နာရီခွဲရထားကို မမီတော့ဘူး။ Don’t miss your opportunity. အခွင့်အရေးကို လက်လွတ်မခံနဲ့။ The police are looking for the missing child. ပျောက်နေတဲ့ ကလေးကို ရှာနေကြတာ။ အသုံး မတူတာကို သတိပြုပါ။ gotta (=has/have got to) ရမယ်။ I’ve just got to find her. သူ့ကို ရှာတွေ့မှ ဖြစ်မယ်။ When there is a will, there is a way. လိုလျင်ကြံဆ နည်းလမ်းရ။ ain’t (=is not/ are not/has not/have not) မဟုတ်တာ။ မရှိတာ။ ဒီနေရာမှာ fake က pretend ဟန်ဆောင်တာ။ fake leather ဆိုရင် သားရေအတု။ fake ရဲ့ antonym(ဆန့်ကျင်ဘက် စကားလုံး)က genuine ပါ။ genuine(authentic) leather သားရေအစစ်။ Are you alright?(= Are you OK?) အဆင်ပြေတယ် မဟုတ်လား။ shine through (of a quality) to be easy to see or notice အရည်အသွေးကို အလွယ်တကူ မြင်နိုင်၊ သတိပြုနိုင်တာ။ ဒီသီချင်းမှာ through က အစကနေ ဆုံးခန်းတိုင်အောင်လို့ ဆိုလိုတဲ့ ၀ိဘတ်ပေါ့။ The kids are too young to sit through a concert. ကလေးတွေက ငယ်လွန်းတော့ ပွဲပြီးတဲ့အထိ ဘယ်ထိုင်နိုင်မလဲ။ too….to ပုံစံကို သုံးရင် negative sense ပါတာကိုသတိထားပါ။ ကလေးတွေ မထိုင်နိုင်ဘူးလို့ပြောတာ။ အငြင်းအဓိပ္ပါယ်မဖြစ်ချင်ရင် The coffee is so hot. တော်တော်ပူတယ်။ သောက်လို့ ရနိုင်သေးတယ်။ The coffee is too hot for me/him/her to drink. ဒါဆိုရင် မသောက်နိုင်ဘူး ဆိုတဲ့အဓိပ္ပါယ် ဖြစ်သွားပြီ။

လူငယ်တွေ အင်္ဂလိပ်စာအုပ်တွေဖတ်တတ်ဖို့ဆိုရင် အင်္ဂလိပ်လိုရေးထားတာတွေကို တစ်နေ့ကို တစ်နာရီတော့ ဖတ်စေချင်တယ်။ နာရီဝက်ဆိုလည်း မဆိုးပါဘူး။ ပုံမှန်ဖတ်ဖို့ပဲ လိုပါတယ်။ စာအုပ်တွေ လက်လှမ်းမမီရင် အင်္ဂလိပ်သတင်းစာနဲ့ စပါ။ စစချင်း ကိုယ်နဲ့ ရင်းနှီးပြီးသား ပြည်တွင်းသတင်းကို စဖတ်ပါ။ အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ဟာ(ပုံမှန် လေ့လာခဲ့မယ်ဆိုရင်) အဓိပ္ပါယ်ကိုခြုံငုံမိအောင်တော့ ဖတ်နိုင်ပါလိမ့်မယ်။ အစမှာ ကြုံရမဲ့ အခက်အခဲကို မကြောက်ပါနဲ့။ ရဲရဲရင်ဆိုင်လိုက်ပါ။ စာရေးသူ ပြောတဲ့အတိုင်းသာလုပ်မယ်ဆိုရင် အသက် ၂၅၊ ၃၀ တန်းလောက်ရောက်ရင် အင်္ဂလိပ်စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်နိုင်လာမှာပါ။ လူငယ်တွေ ကြိုးစားကြစမ်းပါ။ ကုန်သွားရင် ပြန်မရနိုင်တော့တဲ့ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ပါစေ။ ဝေဘန် အကြံပြုတာတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com

Let’s share our knowledge. သက်နိုင် (၀ါးပျံကုန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 10, 2013

Let's study english by singing songs (2)

Micheal Learn To Rock





Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်

အမှတ်စဉ်(၂)

ဒီတခါ Michael Learns to Rock(MLTR) ဆိုတဲ့ ဒိန်းမတ်က Pop/Soft Rock Band အဖွဲ့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ (ဒိန်းမတ်နိုင်ငံသားက အင်္ဂလိပ်သီချင်းဆိုတယ်ဆိုတော့ သူ့ရဲ့ မိခင်ဘာသာစကား(Mother Language)မဟုတ်ဘူးပေါ့။ ဒါဆို သူရဲ့ ဒုတိယဘာသာစကား(Second Language)နဲ့ဆိုတာပေါ့။ ကိုယ်တွေရော ကြိုးစားရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ လူတုံးလူအဆိုတာ မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံရဲ့အခြေအနေတွေကြောင့်သာ အဆင့်အတန်းတွေ ကွာနေရတာပါ။ စိတ်မပျက်ပါနဲ့။ ဥာဏ်ရည်ချင်းက အတူတူပဲ။ ဒီနေရာမှာ စာရေးသူက အင်္ဂလိပ်လို ကြားညှပ်ပြောပြနေတာဟာ လူငယ်တွေ ဝေါဟာရတိုးအောင်သာ ရည်ရွယ်ပါတယ်။) မြန်မာပြည်ကို ဟိုတလောက လာဖျော်ဖြေသွားတဲ့အဖွဲ့ပေါ့။ ဒီအဖွဲ့ရဲ့ အဓိကအဆိုတော်(Lead Singer)က Jascha Richter ဖြစ်ပါတယ်။ ကီးဘုတ်တီးတဲ့သူပါ။ ၁၉၈၈ ခုနှစ်မှာ ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကတည်းက ဓာတ်ပြားချပ်ရေ ၁၁ သန်းကျော်ရောင်းရတယ်လို့ ဆိုပါတယ်။ အခုဒီအဖွဲ့ရဲ့ Sleeping Child ဆိုတဲ့ သီချင်းကို အတူတူဆိုကြည့်ရအောင်။

Sleeping Child (အိပ်ပျော်နေတဲ့ ကလေး)
The Milky Way upon the heavens is twinkling just for you
ထက်ကောင်းကင်က နဂါးငွေ့တန်း( ကြယ်တွေ)က မင်းအတွက် ပြိုးပြက်လက်နေတယ်။
And Mr. Moon he came by to say goodnight to you
ဖိုးလမင်းကြီးကတော့ မင်းဆီကို တာ့တာလို့ လာနှုတ်ဆက်သွားလေရဲ့။
I’ll sing for you, I’ll sing for mother
ငါ မင်းကို သီချင်းဆိုပြမယ်။ မင်းမိခင်ကိုရောပေါ့။
We’re praying for the world and for the people everywhere
ငါတို့ဟာ လောကကြီးအတွက် ဆုတောင်းပေးနေတယ်။ ကမ္ဘာ့လူသားတွေ အတွက်လေ။
Gonna show them all we care
ငါတို့ မေတ္တာဓာတ်တွေ ပြကြမယ်(ပို့ကြမယ်)။
Chorus (Oh my sleeping child, the world’s so wild
ကလေးရေ….လောကကြီးက သိပ်ရိုင်းစိုင်းတယ်ကွာ။
But you build your own paradise
ဒါပေမဲ့ မင်းရဲ့နိဗာန်ဘုံကို မင်းဟာမင်း တည်ဆောက်ထားလိုက်(ဇိမ်ကျကျ အိပ်နေပေတော့ကွာ)။.
That’s one reason why I’ll cover you sleeping child)
မင်းကို အကာအကွယ်ပေးချင်တဲ့ အကြောင်းက အဲဒါပဲ(မင်း လန့်နိုးသွားမှာ စိုးလို့ပါ)။
If all the people around the world
လူတွေသာ
They had a mind like yours
မင်းလိုစိတ်မျိုး ရှိကြမယ်ဆိုရင်
We’d have no fighting and no wars
တို့တွေ(ငါတို့ လူကြီးဆိုတဲ့ ကောင်တွေပေါ့) ခိုက်ရန်တွေ၊ စစ်ပွဲတွေ ဘယ်ရှိတော့မလဲကွာ။
There would be lasting peace on Earth
ဒီကမ္ဘာကြီးမှာ အရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေး ရလာမှာလေ။
If all the kings and all the leaders could see you here this way
ဘ၀ရှင်မင်းတရားကြီးတွေ၊ ခေါင်းဆောင်တွေသာ မင်းကို(မင်းရဲ့ဖြူစင်တဲ့စိတ်ကို) သိများသိရင်တော့
They would hold the Earth in their arms
ဒီကမ္ဘာကြီးကို သူတို့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမှာကွ။
They would learn to watch you play (Cho) I’d really cover you sleeping child
သူတို့က မင်းဆော့နေတာကို ကြည့်ဖို့ ပြန်သင်ယူကြလိမ့်မယ်။ (Cho) မင်းကို ငါတကယ် ကာကွယ်ပေးပါ့မယ် ကလေးရယ်။
Keep you away from the world so wild
ဒီရိုင်းစိုင်းတဲ့ လောကကြီးရဲ့အဝေးမှာ မင်းကို ထားပေးပါ့မယ်။

Visit at http://www.youtube.com/watch?v=zkSlZGCiJ8U. MLTR ရဲ့သီချင်းအချို့( Blue Night; 25 Minutes; The Actor; Someday Someway; Breaking My Heart; That’s Why You Go Away; You Took My Heart Away; More Than A Word)။

ရှင်းလင်းချက်
heaven ကတော့ paradise နဲ့ဆင်တူစကာလုံး(synonym)ပါ။ နိဗ္ဗာန်ပေါ့။ ဒါပေမဲ့ ဒီသီချင်းထဲက the heavens ကတော့ ကောင်းကင်(sky)ကိုပြောတာပါ။ စာပေအသုံးပါ။ မတူတာကို သေသေချာချာ မှတ်သားထားပါ။ just(exactly) for you မင်းအတွက်ပေါ့။ ဒီနေရာမှာ just က only; merely(မျှသာ)မဟုတ်ပါဘူး။Mr. Moon အစား Mrs. Moon လို့သာဆိုခဲ့ရင်တော့ ဖွားဖွားလမင်းပေါ့။ came by(made a short visit) တအောင့်တနား လာလည်လိုက်တာ။ Let’s not say goodbye. လမ်းခွဲစကား မပြောကြေး။ She prayed to God for an end to her sufferings. (pray to sb(for sb/ sth) သူဟာ ဘုရားသခင်ထံမှာ(to God) ဝေဒနာတွေ အကုန်ချုပ်ငြိမ်းဖို(for an end to her sufferings) ဆုတောင်းတယ်။ စကားစုတွဲတွေကို ကိုယ်တိုင်ပြန်ပြောတတ် ရေးတတ်ဖို့ ခေါင်းထဲစွဲအောင် မှတ်ထားပါ။ တခြားနည်းလမ်း မရှိဘူး။ ကိုယ့်ဘာသာသာစကားတောင် တကယ်တမ်းတော့ အဲဒီလိုမှတ်ထားရတာပဲ(သတိမထားမိလို့သာပါ)။ စကားလုံးတစ်လုံးရဲ့ အနက်ကိုပဲ ကျက်ထားရုံနဲ့ တတ်လာမှာမဟုတ်ဘူး။ အဲဒီစကားလုံးကိုသုံးပြီး ဘယ်လိုရေးတယ်၊ ပြောတယ်ဆိုတာကိုပါ မှတ်ထားရတယ်။ အဲဒါမှတတ်မှာ။ ကိုယ့်စကားလို ကိုယ့်ပတ်ဝန်းကျင်မှာ နေ့တဓူဝထိတွေ့နေတဲ့ စကားမဟုတ်တော့ ဒီနည်းကိုပဲသုံးရတယ်။

I’m gonna(going to) show you. I wanna(want to) show you. သီချင်းတွေမှာ သုံးလေ့ရှိတဲ့ စကားလုံးတွေပေါ့။ gotta က have got to or have got a ကိုဆိုလိုတာ။ He’s gotta go(He’s got to go). သူသွားရမယ်။ Gotta cigarette? စီကရက် ရှိလား။ the reason why ….က သူ့အသုံးပဲ။ I’d like to know the reason why you are so late. ခင်ဗျား ဘာလို့ ဒီလောက်တောင် နောက်ကျရတဲ့ အကြောင်း ကျနော်သိချင်တယ်။ cover က protect(ကာကွယ်တာ)ပါ။ ဒါပေမဲ့ He laughed to cover(hide) his nervousness. ဆိုရင်တော့ သူ့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ဖုန်းတဲ့အနေနဲ့ ရယ်ပြလိုက်တာ။ စကာလုံးတစ်လုံးမှာ အနက်တွေ အမျိုးမျိုး ရှိတတ်တယ်။ အဲဒါတွေ သိချင်ရင် အဘိဓာန်မှာကြည့်။ စာရေးသူလည်း ဒီလိုပဲကြည့်ရတာပဲ။ ဘုရားမှ မဟုတ်တာ။

around the world ဒါမှမဟုတ် around the globe အတူတူပဲ။ I have a book like yours. မင်းလို စာအုပ်မျိုး ငါ့မှာရှိတယ်။ ဒီမှာ like က ကြိုက်တာမဟုတ်ဘူး။ (ကဲ့သို့) ပါ။ everlasting(eternal) love ဆိုရင် ထာဝရအချစ်ပေါ့။ I don’t like the way she talked to me. သူငါ့ကို ပြောသွားတဲ့ပုံကို မကြိုက်ဘူး။ the way she sang/ the way she behaved လိုသလို အစားထိုး သုံးသွားတော့ပေါ့။ Come this way, please. ဒီက လာပါခင်ဗျာ။

လူငယ်တွေ နားယဉ်ပြီးသား ဒါမှမဟုတ် ကြိုက်တတ်တဲ့ သီချင်လေးတွေနဲ့ ကြိုးစားတင်ဆက်သွားပါ့မယ်။ Make sure you listen to the songs and sing them later. သီချင်းလေးတွေ နားထောင်ပြီးတော့ ဆိုလိုက်ကြပါ။ လုပ်ဖြစ်အောင်လုပ်ပါလို့ပဲ တိုက်တွန်းပါရစေ။ အချိန်ကုန်ရကျိုး နပ်ပါစေ။

ဝေဘန်အကြံပြုချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com
Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, November 18, 2013

Let’s Study English by Singing Songs

Bonnie Tyler



Let’s Study English by Singing Songs
သီချင်းလေးတွေဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်
အမှတ်စဉ် (၁)

လူငယ်တွေ အင်္ဂလိပ်စာ တိုးတက်လာအောင် တဖက်တလမ်းကနေ စာရေးသူလက်လှမ်းမှီသရွေ့ အင်္ဂလိပ်သီချင်းလေးတွေကို ဘာသာပြန်၊ ရှင်းလင်းချက်အချို့နဲ့အတူ မျှဝေပါရစေ။ ဖျော်ဖြေမှုလည်းရ၊ စာလည်းမလေးရအောင် အတတ်နိုင်ဆုံး ထိထိမိမိ ကြိုးစားတင်ဆက်သွားပါ့မယ်။ အင်္ဂလိပ်သီချင်းနဲ့ အင်္ဂလိပ်စာကို လေ့လာစေချင်တဲ့အကြောင်းက စကားပြောကို နားထောင်တာထက် သီချင်းကို ထပ်တလဲလဲ နားထောင်နိုင်တယ်။ ထပ်တလဲလဲ လိုက်ဆိုနိုင်လို့ပါပဲ။ စာရေးသူ ကိုယ်တွေ့ပြောရရင် သီချင်းတစ်ပုဒ်ကို ကြိုက်မိရင် ခဏခဏနားထောင်တယ်။ ခဏခဏလိုက်ဆိုတယ်။ နောက်တော့ သီချင်းစာသား(Lyrics လစ်ရစ်ခ်စ်) ကိုပါအလွတ်ရသွားတယ်။ စာရေးသူ တက္ကသိုလ်ပထမနှစ်တုန်းက သူငယ်ချင်းတစ်ယောက်ဆို အင်္ဂလိပ်လိုနားရည်အရမ်းဝ(Listening Skill)တယ်။ သူနဲ့ဂျိမ်း(စ်)ဘွန်းကား သွားကြည့်တာ မှတ်မိနေသေးတယ်။ ရုပ်ရှင်ထဲက ပြောတဲ့စကားတွေကို သူကောင်းကောင်းနားလည်တယ်။ ဘာလို့ဒီလိုနားလည်တာလဲလို့ မေးကြည့်တော့ သူကအင်္ဂလိပ်သီချင်းတွေကို နားထောင်လို့တဲ့။ ကိုယ်တိုင်လိုက်လုပ်ကြည့်တော့မှ သူပြောတာ တကယ့်လက်တွေ့ကျကျမှန်တယ်ဆိုတာ သိရတော့တယ်။

အစမှာတော့ မိခင်ဘာသာစကား မဟုတ်တဲ့အတွက် လက်တွန့်နေတတ်ပါတယ်။ သီချင်း ၃ ပုဒ်လောက်ကို အလွတ်ရသွားပြီးရင် ကိုယ့်ကိုယ်ကိုယုံကြည်မှု(Self-confidence)ရလာပြီး အရှိန်ရလာပါလိမ့်မယ်။ နားရည်ဝလာမယ်။ အပြော၊ အရေး၊ အဖတ်စတဲ့ Four Skills ကိုရလာပါလိမ့်မယ်။ ဒါတင်မက ယူတတ်ရင် စာရေးသူရဲ့ဘာသာပြန်ဟန်ကိုပါ တစေ့တစောင်း လေ့လာနိုင်ပါတယ်။ ဒီထက်နက်နက်ရှိုင်းရှိုင်းပြောရရင် နောင်လူငယ်ဂီတမျိုးဆက်တွေ ကိုယ်တိုင်ရေးတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ်တိုင်ဆိုတဲ့ နိုင်ငံတကာအဆင့်မီ ဂီတသမားတွေအထိ ဖြစ်စေချင်တယ်။ သီချင်းတွေကိုတော့ MP3 နဲ့ဒေါင်းလုပ် လုပ်ထားပြီး စာသားနဲ့တွဲပြီး နားထောင်၊ လိုက်ဆိုဖို့တော့ သတိပေးပါရစေ။ မိမိကိုယ်တိုင် စကားဘယ်လိုပြောတတ်လာတာလဲလို့ စဉ်းစာကြည့်လေ။ ကလေးဘ၀က အဖေ၊ အမေတွေဆီက စကားတွေစကြားရတယ်။ ပြီးတော့ ဖေဖေ၊ မေမေဆိုပြီးမိဘတွေက ထပ်ကာထပ်ကာ ဆိုပြတော့ နားယဉ်လာရာကနေ ကိုယ်ပါမပီကလာနဲ့ ဖေဖေ၊ မေမေ လိုက်ဆိုရာက စတာပဲမဟုတ်လား။ ရိုးရိုးလေးပဲ။ အခုလည်း အစမှာ သေသေချာချာနားထောင်၊ ပြီးတော့ လိုက်ဆို၊ နောက်တော့ အလွတ်ရသွားမှာပါ။ အချိန်ကုန်ရကျိုးလည်း နပ်မယ်လို့မျှော်လင့်ပါတယ်။

ပွဲဦးထွက်အနေနဲ့ အချစ်သီချင်းလေး(Love Song) တစ်ပုဒ်နဲ့ စလိုက်ကြရအောင်။ အမျိုးသမီး အဆိုတော်နာမည်က Bonnie Tyler(Stage Name) ပါ။ နာမည်အရင်းကတော့ Gaynor Hopkins ပါ။ သူ့ကိုဗြိတိန်မှာ ၁၉၅၁ ခုမှာမွေးဖွားပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာ (“It’s a Heartache,” “Total Eclipse of The Heart,” “Holding Out For A Hero”) သီချင်းတွေနဲ့ နာမည်ကြီးလာတာပါ။ ၁၉၇၇ ခုမှာ အသံကြိုးနဲ့ဆိုင်တဲ့ ခွဲစိပ်ကုသမှု(Surgery on Vocal Cords) ခံယူပြီး သူ့ရဲ့သူမတူတဲ့ ကွဲရှရှအသံလေး(Her distinctively husky voice)နဲ့လူကြိုက်များလာခဲ့ပါတယ်။ အခုတင်ဆက်မဲ့ သီချင်းက If I Sing You A Love Song ဖြစ်ပါတယ်။

If I Sing You A Love Song

Verse 1 If I sing you a love song, will you always remember
ကိုယ်အချစ်သီချင်းလေးဆိုပြရင် မင်းအမြဲသတိရနေမှာလား။
Will you hear it on lonely nights when I’m not around
ကိုယ်မရှိတဲ့ အထီးကျန်ညတွေမှာ ကြားယောင်နေမှာလား။
Verse 2 If I sing you a love song, will you hear it forever
ကိုယ်အချစ်သီချင်းလေးဆိုပြရင် အမြဲကြားယောင်နေမှာလား။
To remind you how much I cared and how I needed you
မင်းကို ကိုယ်ဘယ်လောက် အရိပ်တကြည့်ကြည့်ဖြစ်နေတယ်၊ လိုအပ်နေတယ်ဆိုတာ မင်းသိဖို့လေ။
Chorus: Love songs last longer than lovers ever do
အချစ်သီချင်းလေးတွေဟာ ချစ်သူတွေထက် ကြာရှည်ခံတယ်။
So baby, let me sing a love song for you
ဒါကြောင့် အချစ်ရယ်… ကိုယ်မင်းကို အချစ်သီချင်းလေး ဆိုပြပါရစေ။
Love songs don’t leave you but lovers often do
အချစ်သီချင်းလေးတွေက မင်းကိုပစ်သွားမှာ မဟုတ်ဘူး။ ချစ်သူတွေကသာ ပစ်သွားတတ်ကြတာ။
Oh baby, I’m afraid it could happen to me and you
အို အချစ်ရယ်… မင်းနဲ့ ကိုယ်တို့ကြားမှာ အဲဒီလိုမျိုးဖြစ်မှာကို စိုးတယ်ကွယ်။
Verse 3 If I sing you a love song, let it always be with you
ကိုယ်အချစ်သီချင်းလေးဆိုပြရင် ဒီသီချင်းလေးဟာ မင်းနဲ့အမြဲရှိနေပါစေကွယ်။
When the others have gone away, let it still be there
တခြားသူတွေ အဝေးကိုထွက်သွားကြတဲ့အခါ ဒီသီချင်းလေးဟာ မင်းနဲ့အမြဲရှိနေပါစေကွယ်။
Solo, Cho

Oh, oh romance….Oh, lonely nights when I’m not around
အို…အချစ်ဇာတ်လမ်းလေး…အို.. ကိုယ်မရှိတဲ့ အထီးကျန်ညတွေမှာ
Baby, it’s a love song so always remember on lonely nights
အချစ်ရယ်..အထီးကျန်ညတွေမှာ အမြဲသတိတရ ရှိနေပါကွယ်။
I’ll sing you a love song to keep you close to me
မင်းနဲ့ အမြဲနီးနီးကပ်ကပ်ရှိနေဖို့ (ချစ်နေဖို့) ကိုယ်အချစ်သီချင်းလေး ဆိုပြပါ့မယ်ကွယ်။

ရှင်းလင်းချက်

အခြေခံပညာ အထက်တန်းအင်္ဂလိပ်စာ အဆင့်ရှိသူတွေကို ရည်ရွယ်တာဖြစ်လို့ ၏ သည် မရွေး မရှင်းပြတော့ဘူး။ ထူးခြာတဲ့ မှတ်သားသင့်တဲ့ အသုံးအနှုန်းတွေ(Usage)ကိုပဲ ရှင်းပြပါ့မယ်။ ဒီသီချင်းမှာ မသိတဲ့စကားလုံးတော့ နည်းမှာပါ။

Will you remember me when I’m not around (available)? ကိုယ်မရှိရင် သတိရနေမှာလား။ remember အစား forget ကိုပြောင်းသုံးကြည့်ပေါ့။ မေ့နေမှာလား ဆိုတာဖြစ်သွားပြီ။ ဒီစာကြောင်းမှာ not around ဆိုတာ person not in a place; not available ပါ။ အင်္ဂလိပ်စာ တကယ်ထဲထဲဝင်ဝင် တတ်ချင်ရင် အင်္ဂလိပ်လိုအနက်နဲ့ အသုံးတွေကိုရှင်းပြထားတဲ့ Eng-Eng Dictionary ကိုသုံးဖြစ်အောင်သုံးပါ။ အစမှာတော့ ခက်မှာပေါ့။ နောက်ဆို အဆင်ပြေသွားမှာပါ။ ဆန္ဒပြင်းပြရင် ဖြစ်ကိုဖြစ်တယ်။ နောက်မှတ်ရမှာက (on) lonely nights ပါ။ (on) the night of 10 January ဆိုရင် (ဇန္န၀ါရီ ၁၀ ရက်နေ့ညက) ပေါ့။ ဒီလိုအသုံးတွေမှာ on ကို ချန်ထားလို့မရဘူး။ ခေါင်းထဲစွဲနေအောင် တစ်တွဲလုံးကို ကျက်ကိုထားရတယ်။ အဲဒီလိုမှ မကျက်ထားရင် သူများရေးထားတာကိုတော့ ဖတ်ကောင်းဖတ်နိုင်ပေမဲ့ ကိုယ်တိုင်တော့ ပြောနိုင်၊ ရေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ These animals come out at night. ဆိုရင်တော့ ဒီတိရစ္ဆာန်တွေဟာ ညကျမှထွက်လာကြတာ။ ဒီနေရာမှာ at night ဖြစ်သွားတာကို သတိပြုပါ။ night နဲ့ပတ်သက်တဲ့ အသုံးတွေသိချင်ရင် အဘိဓာန်မှာရှာကြည့်ပေါ့။

I’ll love you forever. အမြဲတမ်း (တစ်သက်လုံး) ချစ်နေမှာ။ It won’t last forever. မမြဲပါဘူးကွာ။ last ဆိုတာ ကြာညောင်းတာကိုဆိုလိုတာပေါ့။ စကားလုံးတစ်လုံးမှာ အဓိပ္ပါယ် တစ်မျိုးမက ရှိတတ်တာကို သတိပြုပါ။ remind က သတိပေးတာ။ warn နဲ့မတူတာကို သတိပြုပါ။ Remind me to meet John on Sunday. တနင်္ဂနွေနေ့ကျရင် ဂျွန်နဲ့တွေ့ဖို့ ကျနော့ကိုသတိပေးပါဗျာ။ She was warned that she would lose her job if she did it again. နောက်ဒါမျိုးထပ်လုပ်ရင် အလုပ်ပြုတ်မယ်လို့ သူ့ကိုပြောတယ်။ Do you know how much I love (care for) you? ကိုယ်ဘယ်လောက်ချစ်တာ မင်းသိလား။ I don’t know where he is. သူဘယ်မှာလဲ မသိဘူး။

Love songs last longer than lovers ever do(last). အင်္ဂလိပ်စာမှာ ကြိယာကိုထပ်သုံးလေ့ မရှိဘူး။ do နဲ့အစားထိုးသုံးထားတာကို သတိပြုပါ။ Don’t leave me. ငါ့ကို မထားခဲ့ပါနဲ့။ Just leave it to me. အဲဒါ ငါ့ကိစ္စထားလိုက်။ Leave me alone. ငါတစ်ယောက်တည်း နေပါရစေ(သွားပါ။ လာမနှောက်ယှက်ပါနဲ့ကွာ ဟုဆိုလို)။ Let me see. ကြည့်ပါရစေ။ see နေရာမှာ တခြားကြိယာတွေနဲ့ အစားထိုး သုံးသွားတော့ပေါ့။ Let it be. ရှိပါစေတာ့။ I’m afraid I will not win her love. သူ့အချစ်ကို မရမှာကြောက်တယ်။ What happened to you? မင်းဘာဖြစ်လို့လဲ။ to မကျန်ခဲ့ပါစေနဲ့။ What’s going on here?(What’s happening here?) ဒီမှာ ဘာတွေဖြစ်နေကြတာလဲ။ (close to sb) She is very close to her father. သူ့အဖေကို သိပ်ချစ်တာ။ We are a very close family. ကျနော်တို့မိသားစုက သိပ်ချစ်ကြတာ။ အဘိဓာန်ရှင်းလင်းချက်တွေမှာ sb ဟာ somebody ဖြစ်ပြီး sth ဟာ something ဖြစ်ပါတယ်။

ဒီနေရာမှာ စာရေးသူရဲ့ ဘာသာပြန်ပုံကို မျှဝေပါ့မယ်။ သီချင်းတပုဒ်လုံးရဲ့ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းနားလည်အောင် ဖတ်ဖို့လိုပါတယ်။ နားမလည်သေးရင် ထပ်ကာထပ်ကာဖတ်ပါ။ ပြီးမှ ဒီသီချင်းရဲ့ဆိုလိုရင်းကို မြန်မာလို(မြန်မာလို ကိုယ်ပြောလေ့ရှိတဲ့ဟန်အတိုင်း) ဆီလျော်အောင် ပြန်လိုက်တာပါပဲ။ ဥာဏ်ကွန့်မြူးနိုင်သလောက်၊ စကာလုံးကြွယ်သလောက် အခုစာရေးသူဘာသာပြန်ထက် ပိုပြီးလှပသေသပ်တဲ့ ဘာသာပြန်တစ်ပုဒ်ဖြစ်နိုင်ပါတယ်။ ဒါလည်း ဖြစ်ကိုဖြစ်သင့်တဲ့ ကိစ္စပါ။ နောက်လူတွေ ဆင့်ကဲဆင့်ကဲတော်လာမှ လူ့လောကတိုးတက်မှာမို့လား။ a love song ကို သီချင်းလေးလို့ ဘာသာပြန်လိုက်တာ သတိပြုမိမယ်ထင်ပါတယ်။ သီချင်းတစ်ပုဒ်လို့ ဆိုရင်လည်းမှားပါဘူး။ ဆိုလိုရင်း မိဖို့ပဲလိုရင်းပါ။ ဘာသာစကား တစ်ခုနဲ့တစ်ခု သဘောသဘာဝမတူပုံကို သတိပြုပါ။ ဥပမာ What do you do? မင်းက ဘာလုပ်လဲ။ I am a teacher. ကျနော်က ကျောင်းဆရာပါ လို့ပဲပြောတာလေ။ ကျောင်းဆရာ တစ်ယောက်ပါလို့ မပြောဘူး။

နောက်လည်း သက်ဆိုင်ရာအကြောင်းအရာအလိုက် အလျဉ်းသင့်သလို စာရေးသူသိသမျှ အိတ်သွန်ဖာမှောက် မျှဝေပါ့မယ်။ နည်းကောင်းလေးတွေတွေ့ရင် နည်းလမ်းပေါင်းစုံနဲ့ မျှဝေပေးကြပါ။ ဒီထက်ပိုကောင်းတဲ့ နည်းတွေကိုလည်းထပ်ဆင့်ရှာဖွေပြီး နောက်လူငယ်တွေ ကိုယ့်ထက် အစစသာအောင်(စိတ်ဓာတ်ကအစ) လှုပ်နှိုးပေးရင်း သူတို့ကိုပါ အဲဒီလိုအသိတွေ မျှဝေပေးဖို့ တိုက်တွန်းပေးစေချင်ပါတယ်။ အင်္ဂလိပ်သီချင်းလေးတွေ ဆိုငြီးရင်း ဂီတ၊ ရသ၊ အလှအပ၊ ဒဿန၊ ပညာတိုးပွါးအောင် အားထုတ်နိုင်ကြပါစေ။ Utube မှာ သူ့သီချင်းတွေကို Bonnie Tyler songsဆိုပြီး ရှာရင် ရပါတယ်။ ဝေဖန်အကြံပြုတာတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

(thetnaing1988@gmail.com) (010-8632-1966)

Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>