Saturday, April 12, 2014

Let’s Study English by Singing Songs သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင်

အမှတ်စဉ်( ၅ )

ဒီတခါတော့ ဆွီးဒင်က ရော့ခ်အဖွဲ့ Europe ရဲ့သီချင်းလေးကို ဆိုကြည့်ကြဖို့ အကြောင်းတွေ ဖန်လာပါတယ်။ ကျနော်တို့နိုင်ငံမှာ မြေသိမ်းယာသိမ်း ကိစ္စတွေ နားနဲ့မဆံ့အောင် ကြားနေရလို့ပါ။ ဒီအဖွဲ့ကို ၁၉၇၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အဆိုတော်နာမည်က Joey Tempest ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Final Countdown အယ်လ်ဘမ်နဲ့ အောင်မြင်မှု သရဖူဆောင်းလာခဲ့ပါတယ်။ အယ်လ်ဘမ် (၉) ခု ထွက်ခဲ့ပြီးပါပြီ။ ဒီအဖွဲ့ရဲ့ သီချင်းတချို့ကတော့ The Final Countdown; Rock The Night; Open Your Heart; Superstitious; Hero; Prisoners In Paradise; Let The Times Rock; I’ll Cry For You; Tomorrow; Halfway To Heaven; Wish You Were Here ဖြစ်ပါတယ်။

CHEROKEE

They lived in peace not long ago A mighty Indian tribe
သူတို့တွေ အေးအေးချမ်းချမ်း နေလာခဲ့ကြတာ ဘာကြာသေးလို့တုန်း။ အင်ဒီးယန်း လူမျိုးစုကြီးပေါ့။
But the winds of change had made them realize
ဒါပေမဲ့ အပြောင်းအလဲတွေက
That the promises were lies ohh
(သူတို့ကို) ပေးခဲ့တဲ့ ကတိတွေဟာ အလိမ်အညာတွေလို့ သိသွားကြပြီလေ။
The white man's greed In search of gold made the nation bleed
လူဖြူတွေရဲ့ ရွှေလိုချင်တဲ့လောဘဇော တိုက်ချက်က (သူတို့)တိုင်းပြည်ကို ဒုက္ခသုက္ခတွေရောက်အောင် လုပ်ပစ်လိုက်တယ်။
They had lost their faith and now they had to learn
ယုံကြည်ကိုးစားမှုတွေ ပျောက်ဆုံးကုန်ပြီ။ အခုသူတို့ သိလိုက်ပြီ
There was no place to return Nowhere they could turn
ပြန်စရာ နေရာမရှိ၊ သွားစရာ နေရာမရှိဘူး ဆိုတာကို။
Cherokee (အမေရိကားက ဌာနေတိုင်းရင်းသား Red Indians တွေကို ခေါ်တဲ့နာမည်ပါ။)
Oh, marchin' on the trail of tears ( မျက်ရည်စက်လက်နဲ့ ထွက်သွားကြရပြီဗျာ။)
Cherokee
Oh, marchin' on the trail of tears
They were driven hard across the plains and walked for many moons
လွင်ပြင်တွေဆီကို အတင်းအကျပ် မောင်းထုတ်လိုက်ကြလို့ လနဲ့ချီပြီး လျှောက်လှမ်းခဲ့ကြရတယ်။
'Cause the winds of change
Had made them realize Had made them realize
That the promises were lies
So much to bear and all that pain left them in despair
ခံစားမှုတွေ တစ်လှေကြီးနဲ့ အဲဒီနာကျင်မှုတွေက မြှော်လင့်ချက်တွေ ခမ်းခြောက်စေခဲ့တယ်။
They have lost their faith And now they had to learn
There was no place to return Nowhere they could turn

ရှင်းလင်းချက်
Cherokee ဆိုတာကတော့ အမေရိကတိုက်ရဲ့ ဌာနေတိုင်းရင်းသားတွေကို ခေါ်တာပါ။ tribe ကတော့ လူရိုင်းတွေကို ခေါ်တာ။ ဒီမှာ Indian tribe က Red Indianတွေကို ဆိုလိုတာပေါ့။ သတိပြုရမဲ့ အချက်က Indianဆိုတဲ့ စကားလုံးက ဒီနေရာမှာ အိန္ဒိယလူမျိုးကို ပြောတာမဟုတ်။ ကျောင်းမှာ သမိုင်းသင်ခဲ့တုန်းက အရှေ့အိန္ဒိယကျွန်းစု(East Indies) ဆိုတာ စင်္ကာပူ၊ မလေး၊ ဘော်နီယိုစတဲ့ ကျွန်းစုတွေကိုခေါ်တာ။ အနောက်အိန္ဒိယကျွန်းစုက(West Indies) မြောက်အမေရိကနဲ့ တောင်အမေရိက(လက်တင်အမေရိကလို့လည်း ခေါ်ပါတယ်) ကြားမှာရှိတဲ့ ကျွန်းစုတွေကို ခေါ်တာပါ။ စာဖတ်သူက သိပြီးသားဆိုရင် ဆရာလုပ်တယ်လို့ မယူဆစေချင်ပါဘူး။ မသိသေးတဲ့ ဒါမှမဟုတ် မေ့နေတဲ့သူတွေအတွက် သိတာလေးကို မျှဝေပေးတာပါ။ စာရေးသူလည်း ဘုရားမဟုတ်တော့ ဘယ်အရာမှ အစအဆုံး မသိပါဘူး။
Mighty က powerful အားကြီးတာ။ နောက်အဓိပ္ပါယ်တစ်မျိုးက large ကြီးမားတာ။ a wind of change/winds of change က သူ့အသုံး(Usage)ပါ။ အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် အဖြစိအပျက်တွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်သွားတဲ့အခါ ဒီစကားကို သုံးပါတယ်။ realize ကတော့ I now realize that I’m in love with you. မင်းကိုချစ်နေတာကို အခုတော့ ကိုယ်သိလိုက်ပါပြီလို့ ဆိုလိုတာ။ Keep your promise. မင်းကတိ တည်ပါစေ။ lie က လိမ်တာ ညာတာ။ You are a liar.ဆိုရင် မင်းက လူလိမ်ပဲ။ Don’t bluff me. ငါ့ကို မညာနဲ့နော်။ greed လောဘ။ Don’t be so greedy. သိပ်ပြီး လောဘကြီးမနေနဲ့။ Don’t be so stingy/miserly. အဲဒီလောက်တောင် ကပ်စီးနှဲမနေနဲ့။ anger ဒေါသ။ delusion; ignorance မောဟ။ white man က လူဖြူတွေဆိုတာ သိမှာပါ။ in search of gold က ရွှေရှာတာပေါ့။ bleed က သွေးထွက်တာ။ ဒီနေရာမှာတော့ ဆီလျော်အောင် ပြန်ပေါ့။ faith က belief ယုံကြည်မှု။ I don’t believe in Socialism. ဆိုရှယ်လစ်ဝါဒကို မယုံဘူး။ I don’t trust you. နင့်ကို ငါမယုံဘူး။ a trail of blood ဆိုရင် သွေးစက်တွေ ကျသွားတဲ့လမ်းကြောင်း။ She had tears trailing down her cheeks. ပါးပြင်ပေါ်မှာ မျက်ရေတွေ စီးကျနေတယ်။ I can’t bear/stand/tolerate/ put up with it any longer. ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ put up with က idiom ပါ။ He gave up the struggle in despair. စိတ်ဓာတ်ကျပြီး သူ့ကြိုးစားမှုကို ရပ်ပစ်လိုက်တယ်။ He gave up/ stop/ quit smoking. ဆေးလိပ် ဖြတ်လိုက်တယ်။ Don’t despair. We’ll think of a way out of this. စိတ်ဓာတ်မကျနဲ့။ ငါတို့ ဒီအကျပ်အတည်းက ထွက်ပေါက်(နည်းလမ်း)ကို ရှာကြတာပေါ။ I’ve been waiting for you for hours. မင်းကို စောင့်နေရတာ နာရီနဲ့ချီ ကြာနေပြီ။ for years, for months, for decades(ဆယ်စုနှစ်နဲ့ချီ ကြာနေပြီ)။ ကြာချိန်ကို ပြောချင်ရင် for နဲ့ တွဲပြီး သုံးတာကို မှတ်ထားပါ။ လိုသလို အစားထိုးပြီး သုံးသွားတော့ပေါ့။
အင်္ဂလိပ်စာ တတ်ချင်ရင် များများဖတ်ပါ။ အစမှာတော့ လူတိုင်း အခက်အခဲနဲ့ ကြုံရမှာ သဘာဝဆိုတာကို ရိုးရိုးသားသား လက်ခံလိုက်ပါ။ ဘယ်ပညာမဆို ဒီအခက်အခဲကို ကျော်ဖြတ်ရမှာပါ။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ ဆန္ဒပြင်းပြရင် မအောင်မြင်တဲ့ အရာဆိုတာ မရှိပါဘူး။ စာဖတ်သူလည်း စာရေးသူနဲ့ ဥာဏ်ရည်ချင်း ဘာမှမကွာပါဘူး။ ကြိုးစားမှုက အဓိကပါ။

Let’s share our knowledge.
သက်နိုင် (၁၂. ၄. ၂၀၁၄)

No comments: