Wednesday, December 12, 2012
Friday, December 7, 2012
အီးနိုင်းလုပ်သားတိုင်း ကြည့်ရှုသင့်သည့် သတ္တမအကြိမ်ရွှေ့ပြောင်းသူတို့ ရုပ်ရှင်ပွဲတော်
ရက်စွဲ
၂၀၁၂ခုနှစ် ၊ ဒီဇင်္ဘာလ ၁၆ ရက် ၊ တနင်္ဂနွေနေ့
ပွဲတော်အချိန်
နံနက် ၁၁-နာရီ
နေရာ
(ဆောအူးလ်-အင်ချောန်း ဓါတ်ရထားလိုင်း) ဆုန်နဲ ဘူတာ (Songnae Station) မြောက်ဖက်ခြမ်း ၁၀ မိနစ် အကွာ
ဘူချောန်း မီဒီယာစင်တာ အနုပညာ ခမ်းမ
အစီအစဉ်များ
- ပြောခွင့်ပေးပါ
- မျှော်လင့်ချက် သီချင်း
- ကျနော့်ရဲ့ သီချင်း
- လူ့အခွင့်အရေး နှင့် ဒေါ်အောင်ဆန်းစုကြည်
- ကျနော်အညတြလူ
- နိုင်ငံရပ်ခြားဘဝ စသည်များ
မှတ်ချက်-
- အီးနိုင်းလုပ်သားများကိုယ်တိုင် ၊ လုပ်ငန်းခွင်တွင် တွေ့ကြုံခဲ့ကြရသည့် အခက်အခဲများနှင့် အခက်အခဲများကို မည်သို့ ကျော်ဖြတ်ခဲ့ကြရကြောင်း တင်ပြထားသဖြင့် ၊ ၃-နှစ်စာချုပ်ကြောင့် အလုပ်ပြောင်းမရသည့်အခက်အခဲများ ၊ အချိန်ပိုမဆင်းမနေရအခက်အခဲများ ၊ လစာမရသည့်အခဲများ ကြုံလာပါက မည်ကဲ့သို့ဆောင်ရွက်ရမည်တို့ကို သင်ခန်းစာကောင်းရစေမည့် ရုပ်ရှင်ဗီဒီယို ကားများဖြစ်သဖြင့် အီးနိုင်းလုပ်သားတိုင်း ကြည့်ရှုကြရမည့်ရုပ်ရှင်ကားများဖြစ်ပါသည် ။
- မြန်မာစာတန်းထိုးကားများဖြစ်သဖြင့်လည်း ဘာသာစကားပြဿနာကို ဖြေရှင်းထားပြီးဖြစ်ပါသည် ။
- မိတ်ဆက်အကြောင်းအရာအကျဉ်းချုပ်ကို (ဤနေရာ)တွင် ကြည့်ရှုနိုင်ပါသည် ။
လေးစားချစ်ခင်မှုဖြင့်-
အမ်ဒဗလျူတီဗီ
လမ်းညွှန်-
၀၁၀-၅၄၇၂-၂၈၂၆
www.mwff.org
www.mwtv.kr
Saturday, December 1, 2012
MWTV မီဒီယာသင်တန်း (၂၀၁၂) သင်တန်းဆင်းပွဲ ကျင်းပမည်
MWTV အနေဖြင့် ၊ ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းနှင့် သတင်းလုပ်ငန်းများတွင် စိတ်ပါဝင်စားသည့် ရွှေ့ပြောင်းသူများအားဖိတ်ခေါ်ပြီး မီဒီယာသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည် ။ နိုင်ငံစုံမှ သင်တန်းသားများ တက်ရောက်လေ့လာ သင်ာူခဲ့ကြပါသည် ။ ယခုအခါ သင်တန်းသားများ သင်တန်းဆင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် -
ရက်စွဲ-
၂၀၁၂ခုနှစ် ဒီဇင်္ဘာလ ၂ ရက် (တနင်္ဂနွေ)
အချိန် -
နေ့လည် ၁၂ နာရီ မှ ၄ နာရီထိ
နေရာ-
서울시 용산구 두텁 바위로 160 (후암동 30-90) 용산도서관 (ယုံဆန် စာကြည့်တိုက်)
လမ်းညွှန်-
덤벌 수바 010-8906-7664
김범철 010-7459-3200
အစီအစဉ်-
- အဖွင့်အမှာစကားပြောကြားခြင်း
- သင်တန်းသားများ ၏ သင်တန်းဆင်း(လက်ရာ) ကားများပြသခြင်း
- ဝေဖန်ဆန်းစစ် တင်ပြခြင်း နှင့်
- သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း
မှတ်ချက် -
- သင်တန်းသားများ လက်ရာများတွင် မြန်မာ သင်တန်းသားများဖြစ်ကြသည့် ကိုတင်ထွန်းလတ် ၊ ကိုထွန်းမြင့်အောင်နှင့် ကို အောင်ထိုက်တို့၏ လက်ရာမွန်များကို ရွေးချယ်စီစစ် တင်ပြထားပါသည် ။
- အကြောင်းအမျိုးမျိုးကြောင့် မီဒီယာသင်တန်း တက်ရောက်ရန် ပျက်ကွက်ခဲ့ကြသော်လည်း ၊ သင်တန်းဆင်းပွဲ လက်ရာများနှင့် ဝေဖန်ဆန်းစစ်ချက်များကို လေ့လာ နာယူမှတ်သားဖြင်းဖြင့် ၊ မီဒီယာအသိနှင့် မီဒီယာပညာကို များစွာ အထောက်အကူ ပြုနိုင်ပါသည် ။
လေးစားချစ်ခင်မှုဖြင့်-
အမ်ဒဗလျူတီဗီ
Tuesday, October 9, 2012
7 ကြိမ်မြောက် ရွှေ့ ပြောင်းသူများရုပ်ရှင်ပွဲတော်
၂၀၁၂ခုနှစ် ရွှေ့ပြောင်းသူများရုပ်ရှင်ပွဲတော်(2012 제7회 이주민영화제ါ်
MWFF) 7th MIGRANT WORLD FILM FESTIVAL) ကို နေကာမျက်မှန်ချွတ်ကြစို့
(색안경을 벗자) ဆိုတဲ့ ခေါင်းစဉ်နှင့် ပြသဖို့စီစဉ်ထားပြီး ၊ ဖွင့်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ကြောင်း သိရသည်-
ပွဲတော် ရက် ၊
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက် (စနေနေ့ )
ပွဲတော်နေရာ ၊
ဟဲဟွာ စီဂျီဗွီ (혜화 CGV)
ပွဲတော်အချိန် ၊
ညနေ ၅ နာရီမှ ည ၇ နာရီထိ
ပွဲတော် အစီအစဉ် -
희망을 위해 노래를 부른다 6’28”( မျှောလင့်ချက်သီချင်း)
환영합니다 18’38”( ကြိုဆိုပါ၏)
마침내 난 당신을 만났다 5’30” (အဆုံးမတော့ နင့်ကိုတွေ့တာပါပဲ)
외국 6’30”( နိုင်ငံခြား)
친국네 기숙사 4’40”( သူငယ်ချင်းရဲ့ အခန်း)
라이의 바꿔주세요 17’(လဲပေးပါ)
우리가 원하는 것 62’(ငါတို့လိုချင်တာက)
လမ်းညွှန်-
၀၁၀-၅၄၇၂-၂၈၂၆
www.mwff.org
www.mwtv.kr
Thursday, October 27, 2011
6 ကြိမ်မြောက် ရွှေ့ ပြောင်းသူများရုပ်ရှင်ပွဲတော် (ဘူချောန်းဒေသ)
ပွဲတော် ရက် ၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက် (တနင်္ဂနွေနေ့ )
ပွဲတော်နေရာ ၊ ဘုတ်ဆာဂိုးလ်ခမ်းမ (복사골문화센터 2층 아트홀)
ပွဲတော်အချိန် ၊ နေ့ လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ
ပွဲတော် အစီအစဉ် -
ပထမပိုင်း
- 샤방샤방샤랄라, 아름다운당신, 오프사이드
ဒုတိယပိုင်း
- 내 인생 한국에서, 애리조나, 1700%프로젝트:무슬림착각, 나홀로, 섞인말들
တတိယပိုင်း (Talk-show )
- 우리동네 이주민들과 나누는 이야기
- 스탠딩 파티
Saturday, October 16, 2010
ပဉ္စမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် ပိတ်ပွဲဖိတ်ကြားလွှာ
ပဉ္စမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် (MWFF-2010) ပိတ်ပွဲ အစီအစဉ်ကို အောက်ပါ အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ရှုစား အားပေးတော်မူကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက် ၊ တနင်္ဂနွေနေ့
အချိန် ။ ညနေ ၆နာရီခွဲမှ ၇ နာရီ ၄၅ မိနစ်ထိ ။
နေရာ ။ ဘူချောန်းမြို့တော်ခမ်းမ (Bucheon City Hall) ၊ တတိယထပ် ။
လေးစားမှုဖြင့်-
MWFF-2010
Tuesday, August 31, 2010
ကိုရီးယားတွင်း မြန်မာအဖွဲ့အစည်းအသီးသီးမှ မိတ်ဆွေများအား လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
ရေးသားသူ — စိုးမိုးသူ
ကိုရီးယားတွင်းရှိ အဖွဲ့အစည်းများသို့
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မင်္ဂလာပါခင်ဗျား
ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများ တန်းတူညီမျှသော အလုပ်သမားအခွင့်အရေးရရှိရေးအတွက် မီဒီယာဖြင့် ကြိုးစားဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမား အသံလွှင့်ဌာနMWTVမှ ခေါင်းဆောင် စိုးမိုးသူဖြစ်ပါတယ်။
နှစ်စဉ် ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀များကို သရုပ်ဖော်သည့် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၅ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။
ယခုနှစ် ရုပ်ရှင်ပြပွဲကို လာမည့် စက်တင်ဘာလ၄ရက်နဲ့ ၅ရက်တွင် ၂ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ရုပ်ရှင်ပြပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ၄ရက် (စနေနေ့)ညနေ ၆နာရီခွဲ တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရုပ်ရှင်ပြပွဲ ဖွင့်ပွဲနှင့် ဖွင့်ပွဲရုပ်ရှင်ကားကို အတူတကွ ကြည့်ရှုပြီးနောက် ဖွင့်ပွဲ အထိမ်းအမှတ် ပါတီပွဲကို ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။
ပါတီပွဲမှာ ကိုရီးယာ၊ နီပေါ၊ မြန်မာအစားအစာများဖြင့် တည်ခင်းဧည့်ခံသွားမှာဖြစ်ပြီး ကိုရီးယားနှင့် ရွှေ့ပြောင်းအလုပ်သမား အဆိုတော်များမှ တေးသီချင်းများဖြင့် ရုပ်ရှင်ပြပွဲအား ဂုဏ်ပြု သီဆိုပေးသွားမှာ ဖြစ်ပါတယ်။
ဆိုးလ်မြို့တွင်း ၂ရက်တာ ရုပ်ရှင်ပြပွဲအား ကျင်းပပြီးသည့်နောက် အောက်တိုဘာလကုန်အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မာဆောက်၊ ကင်ပို၊ ဖိုချွန်း၊ အန်ဆန်း၊ ဂိုဟရန်းနှင့် ဘူချွန်း(ပိတ်ပွဲ)ဒေသရှိ ရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများနှင့်အတူ နယ်လှည့် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပြပွဲအား ဆက်လက် ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းများအနေဖြင့်လည်း ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားတို့ ဘ၀များ လက်ရှိ အခြေအနေမှ တဆင့်တက် အဆင်ပြေနိုင်စေရန်အတွက် ကျနော်တို့နှင့် အတူတကွ တတ်နိုင်သလောက် ပူးပေါင်း ပါဝင် ဆောင်ရွက်စေလိုပါသည်။
ကိုရီးယားရောက် မြန်မာအလုပ်သမားများ ဘ၀အဆင်ပြေမှ မြန်မာပြည်ကြီး တိုးတက်ရေးအတွက် သူတို့အနေဖြင့် ငွေအား၊ လူအားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်များသည်လည်း ပိုမို တိုးတက် အဆင်ပြေလာမည် ဖြစ်ပါသည်။
ထို့ကြောင့် လာမည့် စက်တင်ဘာလ စနေနေ့ ညနေတွင် ကျင်းပမည့် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲသို့ တက်ရောက် ပေးပါရန် အဖွဲ့အစည်း အသီးသီးမှ မိတ်ဆွေများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
စိုးမိုးသူ(ခေါင်းဆောင်)
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန
MWTV
နေရာ။ မြေအောက်ရထားလိုင်း အပြာရောင်လိုင်းအမှတ်(၄)ကိုစီးပြီး
ဟရဲ့ဟွာဘူတာ(혜화) ထွက်ပေါက် ၄ မှထွက်ပါ။
လမ်းညွှန်များအတိုင်း မီတာ၁၀၀လျှောက်ပါ။
CGVရုပ်ရှင်ရုံ ရုံအမှတ်၅
အချိန်။ စက်တင်ဘာလ ၄ရက် စနေနေ့ ညနေ၆နာရီ ၃၀မိနစ်
အစီအစဉ်။ ဖွင့်ပွဲအခမ်းအနား ညနေ ၆နာရီ ၃၀မိနစ်
ဖွင့်ပွဲရုပ်ရှင် ညနေ ၇နာရီ
ဖွင့်ပွဲပါတီ ည ၉ နာရီ မှ ၁၁နာရီအထိ။
ဆက်သွယ်ရန်ဖုန်း။ 010 7155 6581
ရုပ်ရှင်ပြပွဲနှင့်ပတ်သက်သည်များ လေ့လာရန်
အင်တာနက်ဆိုဒ် www.mwff.org
Monday, August 31, 2009
မြန်မာအသင်း-ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် ပြမည်
သြဂုတ်လ ၂၃ ၊ ဘူချောန်း ။
စတုတ္ထအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် (MWFF-2009) ၊ ဘူချောန်ဒေသအစီအစဉ်ကို၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ၊ ဘူချောန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ (Bucheon Migrant Workers’ House) တွင် သြဂုတ်လ ၃၀ ရက် (တနင်္ဂနွေနေ့) နေ့လည် ၃နာရီမှ ၆နာရီထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည် ။
ပွဲတော် ပဏာမ အစီအစဉ်အဖြစ် ၊ မြန်မာလူငယ်များ၏ မြန်မာ့လက်ရွေးစဉ် တေးသံသာ ၊ ဘင်္ဂလားဒေ့ရှ် လူငယ်များ၏ ဘင်္ဂလားဒေ့ရှ် အံ့ဖွယ်တူရိယာ နှင့် ဖိလစ်ပိုင် လှပျိုဖြူများ၏ ဖိလစ်ပိုင် ဟာဝေယန် သဘာအလှ သဘာဝအက တို့ဖြင့် တင်ဆက်မည်ဖြစ်ကြောင်း ၊ ပြသမည့် ရုပ်ရှင်ကားများမှာ-
- Feeling of Filipino Workers abroad

- Marley from India
- Returnee
- Hello
- Moondy
- Please stop the Train
တို့ဖြစ်ကြောင်း သိရသည် ။
ရွှေ့ပြောင်း အလုပ်သမား ရုပ်ရှင်ပွဲတော် ကျင်းပရေးကော်မတီသည် ၊ နိုင်ငံတကာရှိ ရွှေ့ပြောင်း အလုပ်သမားတို့၏ အတွေ့အကြုံ ၊ ခံစားချက်များ ၊ အခက်အခဲစသည်တို့ကို ၊ ကမ္ဘာ့ပြည်သူတို့ နားလည်သိရှိခံစားနိုင်စေရန် ၊ မိမိတို့တတ်ကျွမ်းရာ အနုပညာဖြင့် ဖန်တီး တင်ပြထားသော အစီအစဉ်ဖြစ်ကြောင်း ၊ အဆိုပါပွဲတော်မှ တစ်ဆင့် ၊ ကမ္ဘာတွင် အသွင်မတူ ကွဲပြားခြားနားနေသော ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံ ၊ အယူဝါဒ ၊ လူမှုဘဝပုံစံ အမျိုးမျိုးတို့ကို ၊ အချင်းချင်း နားလည် သဘောပေါက် သိရှိစေခြင်းအားဖြင့် ၊ ကမ္ဘာ့ လူသားအချင်းချင်း နားလည်မှုရှိရှိ အဆင်ပြေပြေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ကြစေရန် ရည်ရွယ်ချက်ထားရှိကြောင်း ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောသည် ။
ပွဲတော်တွင်ပြသာမည့် ရုပ်ရှင်ကား အမြည်းကြည့်ရှုလိုလျင်အင်တာနက်စာမျက်နှာ http://www.mwff.org/ တွင် ကြည့်ရှုနိုင်သည်ဟုဆိုသည် ။
Sunday, April 5, 2009
စတုတ္ထအကြိမ် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် ကျင်းပမည်
ကိုဝိုင်း(မိုးညှင်း)
ဧပြီလ ၅ ရက် ၊ ဆောအူးလ်မြို့။
စတုတ္ထအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော်(Migrant Worker Film Festival-2009: MWFF-2009) ကိုမကြာမှီ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ၊ ပွဲတော်ကို ကမ္ဘာ့ရေစီးကြောင်းတွင် လိုက်ပါနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ၊ ပွဲတော်တွင် ရွှေ့ပြေင်းအလုပ်သမားများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသည့် ဘဝသရုပ်ဖော် ဇာတ်လမ်းများ ၊ အလုပ်သမားအရေးလှုပ်ရှားမှု ၊ ရိုးရာ ယဉ်ကျေးမှု ၊ လုပ်ငန်းခွင်အကျိုးပြု ၊ ဖျော်ဖြေရေး စသည့် အစီအစဉ်များ ပါရှိမည်ဖြစ်ရာ ၊ စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားများအနေဖြင့် အနုပညာ ဖန်တီးတင်ဆက်လိုသူများ သို့မဟုတ် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်လိုသူများ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားအသံလွင့်ဌာန(MWTV)သို့ဆက်သွယ်နိုင်ကြောင်း သိရသည် ။
ထို့ပြင် ၊ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ၊ ယခင်နှစ်ကကဲ့သို့ ပင် ဒေသဆိုင်ရာ ပွဲတော်ကျင်းပရေးကော်မတီများကိုလည်း မကြာမီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
Sunday, August 31, 2008
တတိယအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော်
ကိုရီးယားနှင့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား တို့၏ ဘ၀အခြေအနေနှင့် အနာဂတ်ကို ပုံဖော်ထားသော မှတ်တမ်း/ဇာတ်လမ်း ရုပ်ရှင်ကားများ ပြသမည့် ပွဲတော်သို့ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
ဖျော်ဖြေရေးအစီအစဉ် သက်သက်မျှ မဟုတ်မူဘဲ၊ မီဒီယာနှင့် ပတ်သက်သူတိုင်း၊ မီဒီယာနှင့် မကင်းသူတိုင်း၊ ရွှေ့ပြောင်းအလုပ်သမားတိုင်း၊ ရွှေ့ပြောင်းအလုပ်သမားနှင့် မကင်းသူတိုင်း၊ ကိုရီးယားရောက် မြန်မာတိုင်း တက်ရောက် ကြည့်ရှုလေ့လာသင့်သော အကျိုးပြု အစီအစဉ်များအဖြစ် ကြိုးစားစီစဉ်ထားပါကြောင်း ကြော်ငြာမောင်းခတ်လိုက်ပါသည်။
တတိယအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် (ပူချွန်းမြို့)
နေ့ရက် — ၂၀၀၈ သြဂုတ်လ ၃၁ ရက် (တနင်္ဂနွေနေ့ )
နေရာ — မြန်မာအသင်း (ကိုရီးယား)၊ ဧည့်ခံခန်းမ၊ ပူချွန်းမြို့
အချိန် — နေ့လယ် ၁၂ နာရီ မှ ညနေ ၄ နာရီထိ
အစီအစဉ်များ —
၁ ။ အခမ်းအနား ဖွင့်လှစ်ခြင်း
- ပွဲတော် ကျင်းပရေးကော်မတီ(MWFF) ၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း
- ပွဲတော် ကျင်းပရေးကော်မတီ (ပူချွန်း) မှ အဖွင့်အမှာစကား ပြောကြားခြင်း
- ပူချွန်း ရွေ့ပြောင်းအလုပ်သမားရိပ်သာ မှ အမှာစကား ပြောကြားခြင်း
၂ ။ ပထမပိုင်း အစီအစဉ် (ဧည့်ခံရုပ်ရှင် နှင့် Presentation)
- Growing Boy [소녀은 자란다] (ကျန်းမာရွှင်လန်းစွာ)
- Media, Global Village & Migrant Worker (မီဒီယာ၊ ကမ္ဘာ့ရွာ နှင့် ရွှေ့ပြောင်းလုပ်သား)
- Citizen Journalism (လူထု သတင်းပညာ)
၃ ။ ဒုတိယပိုင်း အစီအစဉ် (ဖျော်ဖြေရေး)
- ရိန်းဘိုး တေးဂီတအဖွဲ့ 
- ကိုနိုင်ဝင်း (အန်ဆန်)
- Don’t Fence Me In [나를 가두지마] (ငါ့ကို ချုပ်မထားပါနဲ့ )
၎ ။ ခေတ္တနားခြင်း ( ၅မိနစ် )
၅ ။ တတိယပိုင်း အစီအစဉ် (ရုပ်ရှင်)
- It goes on [계속된다] (ဆက်လက်၍ ...)
၆ ။ စတုတ္ထပိုင်း အစီအစဉ်
- မြန်မာ အစားအစာ မိတ်ဆက် (ညနေစာ သုံးဆောင်ခြင်း)
- အမှတ်တရ ဓာတ်ပုံရိုက်ခြင်း
- အခမ်းအနား ပြီးဆုံးခြင်း
ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် ကျင်းပရေး ကော်မတီ (၂၀၀၈)
ပူချွန်းမြို့။
Thursday, August 21, 2008
တတိယအကြိမ် ရွှေ့ ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် ( ဘူချောန်းဒေသ)
တတိယအကြိမ် ရွှေ့ ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် (ဘူချောန်းဒေသ)
ပွဲတော် အစီအစဉ်
ပွဲတော် ရက် ၊ ၂၀၀၈ ခုနှစ် သြဂုတ်လ ၃၁ ရက် (တနင်္ဂနွေနေ့ )
ပွဲတော်နေရာ ၊ မြန်မာအသင်း (ကိုရီးယား) ၊ မင်္ဂလာခမ်းမ
ပွဲတော်အချိန် ၊ နေ့ လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ။
ပွဲတော် အစီအစဉ် -
၁ ။ အခမ်းအနားဖွင့်လှစ်ခြင်း ( ၁၀ မိနစ် လျာထားပါသည် )
- အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း (အခမ်းအနားမှူး)
- ပွဲတော် ကျင်းပရေးကော်မတီ၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း(ဦးစိုးမိုးသူ)
- ပွဲတော် ကျင်းပရေးကော်မတီ (ဘူချောန်း)မှ အဖွင့်အမှာစကားပြောကြားခြင်း ( ဦးခင်မောင်ရင်)
- ဘူချောန်းရွေ့ ပြောင်းအလုပ်သမားရပ်သာ ၊ ရုံးအဖွဲ့ မှူး အမှာစကား ပြောကြားခြင်း
၂ ။ ပထမပိုင်းအစီအစဉ်(ဧည့်ခံရုပ်ရှင် နှင့် Presentation) ( ၁နာရီ လျာထားပါသည် )
- Growing Boy [소녀은 자란다](ကျန်းမာရွှင်လန်းစွာ)(၂၆ မိနစ်)
- Media, Global Village & Migrant Worker (ကိုဝိုင်း)
- Citizen Journalism (ကိုပေါ်)
၃ ။ ဒုတိယပိုင်းအစီအစဉ် (ဖျော်ဖြေရေး) ( မိနစ် ၃၀ လျာထားပါသည် )
- ရိန်းဘိုး တေးဂီတအဖွဲ့ ၊
- ကိုနိုင်ဝင်း (အန်ဆန်) ၊
- Don’t Fence Me In [나를 가두지마](ငါ့ကို ချုပ်မထားပါနဲ့ )(၃၀ မိနစ်)
၎ ။ ခေတ္တနားခြင်း ( ၅မိနစ် )
၅ ။ တတိယပိုင်း အစီအစဉ် ( ရုပ်ရှင် )
- It goes on [계속된다](ဆက်လက်၍့  )(၇၄ မိနစ်)
၆ ။ စတုတ္ထပိုင်းအစီအစဉ် ( မိနစ် ၃၀ လျာထားပါသည် )
- မြန်မာ အစားအစာမိတ်ဆက် (ညနေစာ သုံးဆောင်ခြင်း)
- အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
- အခမ်းအနားပြီးဆုံးခြင်း
ဘူချောန်းဒေသ ရွေ့ ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီ

