Sunday, August 31, 2008

တတိယအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော်

ကိုရီးယားနှင့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား တို့၏ ဘ၀အခြေအနေနှင့် အနာဂတ်ကို ပုံဖော်ထားသော မှတ်တမ်း/ဇာတ်လမ်း ရုပ်ရှင်ကားများ ပြသမည့် ပွဲတော်သို့ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဖျော်ဖြေရေးအစီအစဉ် သက်သက်မျှ မဟုတ်မူဘဲ၊ မီဒီယာနှင့် ပတ်သက်သူတိုင်း၊ မီဒီယာနှင့် မကင်းသူတိုင်း၊ ရွှေ့ပြောင်းအလုပ်သမားတိုင်း၊ ရွှေ့ပြောင်းအလုပ်သမားနှင့် မကင်းသူတိုင်း၊ ကိုရီးယားရောက် မြန်မာတိုင်း တက်ရောက် ကြည့်ရှုလေ့လာသင့်သော အကျိုးပြု အစီအစဉ်များအဖြစ် ကြိုးစားစီစဉ်ထားပါကြောင်း ကြော်ငြာမောင်းခတ်လိုက်ပါသည်။

တတိယအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် (ပူချွန်းမြို့)

နေ့ရက် — ၂၀၀၈ သြဂုတ်လ ၃၁ ရက် (တနင်္ဂနွေနေ့ )
နေရာ — မြန်မာအသင်း (ကိုရီးယား)၊ ဧည့်ခံခန်းမ၊ ပူချွန်းမြို့
အချိန် — နေ့လယ် ၁၂ နာရီ မှ ညနေ ၄ နာရီထိ

အစီအစဉ်များ —

၁ ။ အခမ်းအနား ဖွင့်လှစ်ခြင်း
- ပွဲတော် ကျင်းပရေးကော်မတီ(MWFF) ၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း
- ပွဲတော် ကျင်းပရေးကော်မတီ (ပူချွန်း) မှ အဖွင့်အမှာစကား ပြောကြားခြင်း
- ပူချွန်း ရွေ့ပြောင်းအလုပ်သမားရိပ်သာ မှ အမှာစကား ပြောကြားခြင်း

၂ ။ ပထမပိုင်း အစီအစဉ် (ဧည့်ခံရုပ်ရှင် နှင့် Presentation)
- Growing Boy [소녀은 자란다] (ကျန်းမာရွှင်လန်းစွာ)
- Media, Global Village & Migrant Worker (မီဒီယာ၊ ကမ္ဘာ့ရွာ နှင့် ရွှေ့ပြောင်းလုပ်သား)
- Citizen Journalism (လူထု သတင်းပညာ)

၃ ။ ဒုတိယပိုင်း အစီအစဉ် (ဖျော်ဖြေရေး)
- ရိန်းဘိုး တေးဂီတအဖွဲ့ 
- ကိုနိုင်ဝင်း (အန်ဆန်)
- Don’t Fence Me In [나를 가두지마] (ငါ့ကို ချုပ်မထားပါနဲ့ )

၎ ။ ခေတ္တနားခြင်း ( ၅မိနစ် )

၅ ။ တတိယပိုင်း အစီအစဉ် (ရုပ်ရှင်)
- It goes on [계속된다] (ဆက်လက်၍ ...)

၆ ။ စတုတ္ထပိုင်း အစီအစဉ်
- မြန်မာ အစားအစာ မိတ်ဆက် (ညနေစာ သုံးဆောင်ခြင်း)
- အမှတ်တရ ဓာတ်ပုံရိုက်ခြင်း
- အခမ်းအနား ပြီးဆုံးခြင်း

ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော် ကျင်းပရေး ကော်မတီ (၂၀၀၈)
ပူချွန်းမြို့။

1 comment:

ဝင်းပေါ်မောင် said...

Growing Boy [소녀은 자란다] (ကျန်းမာရွှင်လန်းစွာ)
ဒီနေရာလေးမှာ နည်းနည်းပြောပါရစေ။ အစကတော့ အမှတ်တမဲ့ စာရိုက်မှားတယ်ထင်လို့ မိတ်ဆွေတစ်ယောက်ကို ဖတ်ရင်းကပြောပြီး မေ့ပျောက်သွားပေမဲ့ ရုပ်ရှင်ပွဲတော်မှာ ဒီကားလေးကို ကြည့်ပြီးမှ နည်းနည်းစိုးရိမ်တာနဲ့ ပြောပြတာပါ။ Growing Boy ဆိုတော့ 소녀 ဖြစ်ရမယ့်အစား 소년 ဖြစ်ရပါမယ်။ 소녀은 자란다 ဆိုတော့ကာ ဇာတ်ကောင်ဟာ ကောင်လေးအစား ကောင်မလေးဖြစ်သွားပါတယ်။ ရုပ်ရှင်အစပိုင်း စာတန်းထိုးတုန်းက 소년 လား 소녀 လား ဝေခွဲလို့ မရလိုက်ပါဘူး။ အဆုံးမှာတော့ 소년 ပါ။ အစကတော့ ကတ္တားနောက်ဆက်မှားတယ်ထင်လို့ ဘာမှမပြောတာပါ။ စိုးရိမ်တာက ရုပ်ရှင်မှာ စာတန်းထိုးတဲ့နေရာမှာ မှားသွားမှာကိုပါ။ ကျွန်တော့်အနေနဲ့ ရုပ်ရှင်ကို နောက်တစ်ကြိမ် ပြန်ကြည့်ပြီး အတည်ပြုဖို့ မလွယ်လို့ ဒီရုပ်ရှင်ကားလေးရဲ့စာတန်းထိုးတဲ့ နေရာလေးကို ပြန်စစ်ပေးစေချင်ပါတယ်။
(မိတ်ဆွေတယောက်က အီးမေးနဲ့ ပို့ပေးလိုက်တဲ့ မှတ်ချက်ကို တဆင့် တင်ပေးလိုက်တာ ဖြစ်ပါတယ်။)