Wednesday, September 30, 2009

ချူးဆောက်ပွဲတော်ပိတ်ရက်တွင် ဘလော့ဖန်တီးခြင်းသင်တန်းဖွင့်မည်

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာလ ၂၉ ။ ဆောအူးလ် ။

ဓမ္မဒူတ(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမား များ အတွက် ၊ Weblog ဖန်တီးခြင်းသင်တန်းကို ၂၀၀၉-ခုနှစ် ချူးဆောက်ပိတ်ရက် ကာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည် ။

အင်တာနက်အသုံးပြုသူ(Netizen) တစ်ဦးအနေဖြင့် မိမိတို့၏ အတွေ့အကြုံ ၊ ဗဟုသုတ ၊ အဖြစ်အပျက် ၊ သတင်းအချက်အလက် ၊ အတွေးအခေါ်အယူအဆ ၊ ခံစားချက် နှင့် အနုပညာဖန်တီးမှု စသည်တို့ကို ဘလော့(Weblog)မှတစ်ဆင့် လူထု ပရိတ်သတ်ထံ တင်ပြနိုင်တတ်စေရန် ရည်ရွယ်လျက် ဤ သင်တန်းကို စေတနာဖြင့် အခမဲ့ ဖွင့်လှစ်ပေးခြင်း ဖြစ်သည် ဟု ဆိုသည် ။


သင်တန်းကာလမှာ -
-၂၀၀၉ခုနှစ် အောက်တိုဘာလ ၂ ရက် (သောကြာ) ၊ ၃ ရက်(စနေ) နှင့် ၄ ရက်(တနင်္ဂနွေ) ။ (၃-ရက်)။
သင်တန်းအချိန်မှာ-
- နေ့စဉ် ညနေ ၇ နာရီမှ ည ၁၀နာရီထိ ။

ကြိုတင် စာရင်းပေးသွင်းရန်-
- လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ၊ သင်သန်းသားလောင်းများသည် အောက်တိုဘာလ ၁ ရက် (ကြာသပတေး) ညနေ ၇ နာရီထက် နောက်မကျစေဘဲ ၊ လက်ကိုင်ဖုန်းနံပတ် ၀၁၀-၂၃၃၁-၂၄၅၇ ထံဖြစ်စေ ၊ အီးမေးလ် wyne1969@gmail.com ထံဖြစ်စေ မိမိတို့ အဆင်သင့်ရာနည်းဖြင့် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည် ။


No comments: