Sunday, July 19, 2009

မြန်မာ့စီးပွားရေးလုပ်ငန်းများလိပ်စာ Gtalk အသုံးပြုရှာဖွေနိုင်

ရန်ကုန် ၊ ဇူလိုင် ၁ဝ

စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီ များ၏ လိပ်စာနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို Gtalk အသုံးပြု၍ ရှာဖွေနိုင်မည်ဖြစ်ကြောင်း ယင်းသို့ ရှာဖွေနိုင်ရန်အတွက်ဝန်ဆောင်မှုများ ပြုလုပ်ထားသည့် Technomation Studio မှ အမှုဆောင် အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောကြားသည်။

Gtalk မှတစ်ဆင့် gtalk@themyanmardirectory.com နှင့် mydirectory@bot.im ကို invite လုပ်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါလိပ်စာနှစ်ခုတွင် ရှာဖွေလိုသောလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းအမည်၊ ကုန်ပစ္စည်း အမည် ၊ လုပ်ငန်းအမျိုးအစားတို့ကို ရိုက်ထည့်လိုက်ရုံဖြင့် အလိုအလျောက်ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
''Gtalk ကို Chatting အတွက်တင် မဟုတ်ဘဲလုပ်ငန်းအတွက်ပါ အကျိုးရှိရှိ သုံးနိုင်ဖို့ပါ''ဟု ၄င်းကဆိုသည်။
ပြန်လည်ဖြေကြားပေးသည့်အချက်အလက်များကို မြန်မာ့စက်မှုလက်မှုနှင့် စီးပွားရေးလမ်းညွှန် ၊ မြန်မာ့ လေကြောင်းခရီးစဉ်များ လမ်းညွှန်တို့ကို ထုတ်ဝေလျက်ရှိသော Novel Light Media Ltd ကပံ့ပိုးပေးမည်ဖြစ်ကြောင်း
Novel Light ၏ အကြီးအကဲဖြစ်သူ ဦးစိုးပိုင်က ပြောကြားသည် ။



Ref:
The Voice Weekly,(5-37)

No comments: