ကျဆုံးနေလေပြီးသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် သူရဲကောင်းအပေါင်းတို့အားရည်စူး၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ အာဇာနည်နေ့(JULY 19)အောက်မေ့ဖွယ်အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ကြမည်ဖြစ်ပါသည်။ သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊နေ့ ဆွမ်း၊အလှူဖွယ်ဝထ္ထုအစုစု တို့ကိုဆပ်ကပ်လှူဒါန်းကာ ကြွရောက်လာကြမည့် ညီအစ်ကိုမိတ်ဆွေအပေါင်းတို့အား မုန့်ဟင်းခါး၊မြန်မာထမင်းဟင်းတို့ ဖြင့်ဧည့်ခံကျွေးမွေးပါမည်။သို့ပါ၍ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် သူရဲကောင်း အပေါင်းတို့အားလေးစားသောအားဖြင့်ကျွန်တော်တို့ နှင့် အတူ အထိမ်းအမှတ် ဆွမ်းကျွှေးဆုတောင်းပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
လေးစားစွာဖြင့်
ကျောင်းအကျိုးတော်ဆောင်အဖွဲ့
ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၁၉.၀၇.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၈ နာရီ မှ မွန်းလွဲ ၃နာရီ အထိ။
ဧည့်ခံ ကျွေးမွေးရေး ၊ ၊ မုန့်ဟင်းခါး၊မြန်မာထမင်းဟင်း
အလှူရှင်များ ၊ ၊အကျိုးတော်ဆောင်အဖွဲ့
Type rest of the post here
Saturday, July 18, 2009
အာဇာနည်နေ့(JULY 19)အထိမ်းအမှတ် ဆွမ်းကျွှေး ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment