Thursday, July 16, 2009

ကိုရီးယားရောက် မြန်မာများ နွေရာသီ အပန်းဖြေခရီးထွက်မည်

ကိုဝိုင်း(မိုးညှင်း)
ဇူလိုင် ၇ ၊ ဆောအူးလ်မြို့ ။

လာမည့် သြဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ၊ ဓမ္မဒူတဗုဒ္ဒသာအသင်း(ကိုရီးယား) က ကမကထပြုပြီး၊ နွေရာသီ အပန်းဖြေခရီးထွက်ကြမည်ဖြစ်ကြောင်း သိရသည် ။ သွားရောက်မည့်နေရာများမှာ (낙산대) နတ်ဆန်ပင်လယ်ကမ်းခြေ ၊ နတ်ဆန်ယဉ်ကျေးမှုနယ်မြေ (낙산사) ၊ နတ်ဆန်ပင်လယ်ငါးဈေးး(낙산어시장) နှင့် အာရှတွင် အလှပဆုံးတောင်ဟု နာမည်ရထားသော ဆောရတ်ဆန်(설악산) တို့ ဖြစ်ကြောင်း သိရသည် ။

လိုက်ပါလိုသူများ ဓမ္မဒူတဗုဒ္ဓဘာအသင်း(ကိုရီးယား) နှင့် မြန်မာဆိုင်များတွင် ယာဉ်နေရာများ ကြိုတင်မှာကြားရယူနိုင်ပြီဖြစ်ကြောင်း ၊ တစ်ဦးလျင် ခရီးစရိတ် ဝမ် ၃ သောင်း ၅ထောင်နှင့် တည်းခိုခန်းခ ၁သောင်း၅ထောင် (နှစ်မျိုးပေါင်း၅သောင်း)နှုန်း သတ်မှတ်ထားကြောင်း၊ မိမိအစီအစဉ်ဖြင့် တည်းခိုမည့်သူများ တည်းခိုခန်းခ ၁သောင်း၅ထောင် ထည့်ဝင်ဖို့မလိုကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့ နံနက် ၇နာရီဓမ္မဒူတကျောင်းမှ ယာဉ်များစတင်ထွက်ခွါမှာဖြစ်ပြီး ၊ နေ့လည် ၁၂ နာရီခန့်တွင် ဆုတ်ချိုအပန်းဖြေစခန်း (속초해수욕장) နတ်ဆန်ငါးဈေးတို့ မှတစ်ဆင့် ၊နတ်ဆန်ဆိပ်ကမ်းသို့ရောက်ရှိကာ ၊ ပင်လယ် ရေချိုး အနားယူပြီး ၊ ညနေပိုင်းတွင် နတ်ဆန်ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လှည့်လည် ကြည်ညိုပြီး ၊ ညဖက်တွင် ပင်လယ်ကမ်းခြေ၌ တစ်ညတာ အပမ်းဖြေကြမည်ဖြစ်ကြောင်း ၊ နောက်နေ့ ၈နာရီခန့်တွင် 낙산 မှ 설악산 သို့ထွက်ခွါမှာဖြစ်ကြောင်း ၊ ဆောရတ်ဆန်သို့ ၁၁ နာရီခန့်တွင် ရောက်ရှိကာ တောင်ခြေရှိ ကမ္ဘာကျော် ဆောရတ် မဟာဗုဒ္ဓရုပ်ပွါးတော်(설악대불)ကို ဖူးမျှော်ကြည်ညို ကုသိုလ်တော်ယူကြပြီး ၊ ဆောရတ်တောင်သို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ၊ သိလိုသည်များကို လက်မှတ်အရောင်းဌာနများတွင် မေးမြန်းနိုင်ကြောင်းနှင့် အသေးစိတ်အစီအစဉ်ကို ထပ်မံကြေငြာမည်ဖြစ်ကြောင်းသိရသည် ။

No comments: