Thursday, March 31, 2011

လာမည့် ရက်သတ္တပတ်အတွင်း မြန်မာအပါအဝင် အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) ပေးမည်

တောင်ကိုရီးယားအစိုးရသည် မြန်မာအပါအဝင် အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ပါကစ္စတန် ၊ နီပေါလ် ၊ လာအို ၊ အင်ဒိုနီရှား ၊ သီရိလင်္ကာ နှင့် ကမ္ဘောဒီးယား အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) စနစ်ဖြင့် ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောသည် ။

အဆိုပါဗီဇာသည် ကိုရီးယားနိုင်ငံသို့ ၆ လအတွင်း ၂ ကြိမ်ဝင်ခွင့်ရသည့်ဗီဇာ (double-entry visa) စနစ်ဖြစ်သည်ဟု ဆိုပါသည် ။

အဆိုပါ ဗီဇာ ရရှိရန် ၊ ဗီဇာ လျှောက်ထားသူအနေဖြင့် လုပ်ငန်းအခြေအနေ သို့မဟုတ် ဘဏ္ဍာရေးအခြေအနေပြ အထောက်အထား တင်ပြဖို့လိုအပ်ကြောင်း ၊ အုပ်စုဖွဲ့ခရီးသွားများ (Group tourists) ကိုမူ ခရီးသွားကုမ္ပဏီက အာမခံသည့်စနစ်ဖြင့် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း ၊ ထို့ပြင် ကိုရီးယားနိုင်ငံသားများ၏ နိုင်ငံခြားသား အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ ၊ ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) ကိုမူ ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ထုတ်ပေးမည်ဟု ဆိုပါသည် ။

လက်ရှိအခြေအနေတွင် အဆိုပါ အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ကို (၁) နှစ်ဝင်ငွေ ဒေါ်လာ၁သောင်းအထက် ဝင်ငွေရှိသူများ ၊ ဆရာဝန်စသည့် အတတ်ပညာရှင်များ နှင့် မီဒီယာလုပ်သားများ(media-related employees) ကို သာ ထုတ်ပေးထားသည်ဟု ဆိုပါသည် ။
ကမ္ဘာ့လူဦးရေ၏ ၅ ပုံ ၁ ပုံရှိသည့် အာရှဒေသ ပြည်သူများအား တက်ကြွသည့် အနာဂါတ် ခရီးသွားဧည့်သည်တော်များအဖြစ် ကိုရီးယားအစိုးရက မျှော်လင့်ထားသည်ဟု ဆိုပါသည် ။


ကိုရီးယားအစိုးရအနေဖြင့် ယခင်နှစ်က အဆိုပါ အထူးဗီဇာ စနစ်ကို တရုတ်နိုင်ငံ သို့ ထုတ်ပေးခဲ့ရာ လွန်ခဲ့သည့် နှစ်ထက် တရုတ် ခရီးသွား ၄၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟု ဆိုပါသည် ။

ရည်ညွှန်းသတင်းများ -
- http://www.koreaherald.com/national/Detail.jsp?newsMLId=20110329000790
- http://joongangdaily.joins.com/article/view.asp?aid=2934121
- http://media.joinsmsn.com/article/604/5264604.html

2 comments:

ကိုဝိုင်း (မိုးညှင်း) said...

ဘာသာပြန် ချွတ်ချော်မှုရှိနေသည်ကို ညွှန်ပြပေးသည့် ကိုစိုးမိုးသူ(အမ်ဒဗလျူတီဗီ)ကို အထူးကျေးဇူးတင်ပါသည်

သခင်ပြေငြိမ်းအေး said...

ကိုဝိုင်းခင်ဗျာ
ဝေဖန်သံတွေကြားနေ၇ပါတယ် ။ ဒွေးဗီဇာဆိုတာ ဓါတ်ရှင်မင်းသားဒွေးကို ဂုန်ပြုပြီးပေးတဲ့ ဗီဇာဆိုတာ ဟုတ်ပါသလားခင်ဗျာ။ ဖြေကြားပေးပါ ။