Monday, February 8, 2010

ကိုရီးယား နှစ်သစ်ကူး အလှူပွဲများ ဖိတ်ကြားလွာ



ကိုရီးယား နှစ်သစ်ကူး (설날 ) ဆောလ ပိတ်ရက် ၌ မြန်မာ ဗုဒ္ဓသာသနာ ပြုကျောင်းတော်(ကိုရီးယား)တွင် အောက်ဖော်ပြပါ အလှူရှင်များ က အလှူ ဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာ မိတ်ဆွေ အပေါင်းအား ခင်မင် ရင်နှီး စွာဖြင့် ဖိတ်ကြားအပ်ပါသည်။

(၁၀.၂.၁၀)ဗုဒ္ဒဟူးနေ့၊ ၊ကွယ်လွန်သူ (မောင်ငြိမ်းချမ်း )၂၀နှစ် အားရည်စူးပြီး ကျန်ရစ်သူ မိသား(အရုဏ်ဆွမ်း ၊ ကြာဇံဆီချက်)
(၁၃.၂.၁၀)စနေနေ့၊ ၊၁၃ ရက်နေ့ ဂေါဂျယ် ဒေ၀ူးသင်္ဘောကျင်းအဖွဲ့ (အရုဏ်ဆွမ်း/နေ့ဆွမ်းနန်းကြီးသုတ်၊မြန်မာထမင်းဟင်း၊)
(၁၃.၂.၁၀)စနေနေ့၊ ၊ကျောက်တန်းသားညီအစ်ကိုများ (အုန်းနို့ခေါက်ဆွဲ)
(၁၄.၂.၁၀)တနင်္ဂနွေ နေ့၊ ၊ ကွယ်လွန်သူ ဖခင်ကြီး (ဦးအောင်လှမြင့်) ၆၆နှစ်အားရည်စူးပြီး က
ိုအောင်ထွန်းဇော် အရုဏ်ဆွမ်း(မြီးရှည်)
)(၁၄.၂.၁၀.)တနင်္ဂနွေ နေ့၊ ၊မြင်းခြံမြို့သူမြို့သားများ (နေ့ဆွမ်း ၊ဒံပေါက်ထမင်း)
(၁၅.၂.၁၀) တနင်္လာနေ့ ၊ ၊ကိုညီညီဦး (အရုဏ်/ နေ့ဆွမ်း ပလာတာ၊ အုန်းထမင်း)
ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁

No comments: