Monday, February 8, 2010

ဂျဲဂျူးခရီး လိုက်မည့်သူများအတွက် သတိပေးချက်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

နှစ်ကူးပိတ်ရက် ဂျဲဂျူးကျွန်းသို့ သွားမည့် ခရီးစဉ်တွင် လိုက်ပါမည့်သူများသည် အောက်ပါအချက်များကို ပြည့်စုံအောင် ပြင်ဆင် ယူဆောင်လာကြရန် ကြိုတင် သတိပေးအပ်ပါသည်။

၁) နေထိုင်ခွင့် ဗီဇာကတ်ပြား ID card
၂) အသားကပ်ဝတ်စုံ၊ လက်အိတ်၊ ဦးထုပ်/ခေါင်းစွပ်၊ နားကာ၊ မာဖလာ
၃) အအေးဒဏ် ခံနိုင်သည့် အနွေးထည်
၎) လမ်းလျှောက်ဖိနပ် (walking shoe)သို့မဟုတ် တောင်တက်ဖိနပ်
၅) ရေကူးလိုသူများ ရေကူးဝတ်စုံ
၆) တောင်တက်လိုသူများ တောင်တက်ဝတ်စုံ


ခရီးစဉ်
၁) စုရပ်ဖြစ်သည့် ပူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ (မြန်မာအသင်းရုံးခန်း) သို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (သောကြာနေ့) ညနေ ၄း၀၀ နာရီ အရောက် လာရောက်ရမည်။
၂) ညနေ ၆း၃၀ တွင် အင်ချွန်းဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး နောက်တနေ့ မနက် ၈း၀၀ နာရီတွင် ဂျဲဂျူးကျွန်းသို့ ရောက်ရှိမည်။
၃) ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ နှစ်ရက် ကျွန်းပေါ်တွင် အပမ်းဖြေ နေထိုင်မည်။
(한라산 등반 (1 일) , 제주관광 버스투어 (1 일))
၎) ၁၄ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ဂျဲဂျူးမှ ပြန်လည် ထွက်ခွာပြီး နောက်တနေ့ မနက် အင်ချွန်းသို့ ပြန်ရောက်မည်။

(မှတ်ချက်= ပူချွန်းမှ အင်ချွန်းသို့ သွားသည့် ခရီးစရိတ် ၀မ် ၇၀၀၀ ကို သီးခြားပေးရပါမည်။)

No comments: