Friday, February 12, 2010

မတရားဖြတ်တောက်ငွေများ ပြန်လည်ရရှိရေး အမှုစွဲဆိုရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ လက်မှတ်ရေးထိုးကြရန်ကိစ္စ

ကိုဝိုင်း(မိုးညှင်း)

ဇန္နဝါရီလ ၂၁ ရက် ။

ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂသည် ၊ မြန်မာအလုပ်သမားများ မတရားဖြတ်တောက်ခံထားရသည့် အုပ်ချုပ်မှုစရိတ်နှင့် ပြည်တော်ပြန်စရိတ်များ ပြန်လည်ရရှိရေး အတွက် တင်ပြထားကြသည်များကို စုစည်းလျက် ၊ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ၊ အမှုတွဲကို ပြည်သူ့အကျိုးပြု ကိုရီးယားရှေ့နေများအဖွဲ့ (공익변호사그룹:공감) သို့ လွဲအပ်ခဲ့ကြောင်း ၊ အဆိုပါ ပြည်သူ့အကျိုးပြုကိုရီးယားရှေ့နေများအဖွဲ့ အနေဖြင့်လည်း အဖွဲ့အတွင်း အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်ရှေ့နေ Mr Jeong Jeong Hun, Mr Jang Seo Yeon, နှင့် Mr Hwang Phil Kyu တို့အား တာဝန်အပ်နှင်းခဲ့ကြောင်း သိရပါသည် ။


ဖော်ပြပါ တာဝန်ခံ အကျိုးဆောင်ရှေ့နေများ ၏ ညွှန်ကြားချက်အရ အမှုလွဲအပ်သည့် ပုဂ္ဂိုလ်များအနေဖြင့် တရားဝင် ရှေ့နေကိုယ်စားလှယ်လွဲစာ ပေးအပ်ရမည်ဖြစ်ပြီး ၊ တရားရုံးသို့ ဥပဒေနှင့်အညီ ခိုင်လုံစွာ တင်ပြနိုင်ရန် အောက်ပါစာရွက်စာတမ်းများလိုအပ်နေကြောင်းလည်း သိရပါသည်-

- ကိုယ်စားလှယ်လွှဲအပ်သူအမှုသည်၏ နိုင်ငံခြားသားကပ် (မိတ္တူ)

- အုပ်ချုပ်မှုစရိတ်ဖြတ်တောက်ငွေ အထောက်အထားများ(ငွေစုစာအုပ်ပါမှတ်တမ်း ၊ ဖြတ်တောက်ငွေစာရင်းပါသည့် လစာစာအိပ် သို့မဟုတ် Slip စသည်) မိတ္တူ ၊

- မည်သည့်အချိန်က ကိုရီးယားသို့ ရောက်ခဲ့ပြီး မည်သည့် အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သည် ၊ အုပ်ချုပ်မှုစရိတ်နှင့် အာမခံငွေကို မည်သို့ပေးသွင်းခဲ့သည် စသည့် မှတ်တမ်းအကျဉ်း ၊

ထို့ပြင် ၊ အမှုစွဲဆိုကြမည့် ပုဂ္ဂိုလ်များအနေဖြင့် ၊ ရှေ့နေကိုယ်စားလှယ်လွဲစာကို လက်မှတ်ရေးထိုး၍ လာမည့် ကိုရီးယားနှစ်ကူးပိတ်ရက်(ဖေဖော်ဝါရီ ၁၃ ၊ ၁၄ ၊ ၁၅ ) အတွင်း ၊ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ အပ်နှံပေးကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သိရပါသည် -

- ကိုစိုးမိုးသူ (၀၁၀-၇၁၅၅-၆၅၈၁) သို့မဟုတ်

- ကိုဝိုင်း (၀၁၀-၂၃၃၁-၂၄၅၇)

ယခင်အမည်စာရင်း ပေးထားပြီးသူများအပြင် ၊ အမှုသစ်စွဲဆို လိုသူများရှိပါကလည်း ၊ ယခု သတင်းလွှာတွင် ဖော်ပြထားသည့် လိုအပ်ချက်များကို ပြည့်စုံစွာ ဖြည့်စွက် တင်သွင်းနိုင်ကြကြောင်းသိရသည် ။

***

ရှေ့နေကိုယ်စားလှယ်လွှဲစာ (အောက်ပါနေရာ) တွင် ရရှိနိုင်ပါသည် ။

gong_gam_2010_power

No comments: