အခြားတဖက်
ဒုက္ခတရားရဲ့ ကြီးထွားလာမှုမှာ
အနုပညာကိုပဲ ကျုံ့ကျုံ့ပေးနေရတယ်။
ညနေခင်း အိမ်အပြန်မှာ
ဆည်းဆာ လှပုံထူးရဲ့။
ရိပ်ကနဲ ရိပ်ကနဲ
ထုထည်နဲ့ အရောင်များ ရွေ့လျားမှုမှာ
ပင့်သက်အခါခါ ချမိ။
မေ့လျော့ခဲ့တာကြာပါပြီ…
သောက်လက်စမီးကို လက်စသိမ်းလိုက်တယ်
ငါတို့ ဝေးကွာခဲ့ခြင်းများ။ ။
No comments:
Post a Comment