Thursday, January 7, 2010

ဒေါ်မမလေး (အသက်၈၅နှစ်)နာရေးဆွမ်းကျွှေးပွဲ ဖိတ်ကြားလွှာ

ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီက ဘဝ တပါးသို့ ကူးပြောင်းသွားသော မြင်းခြံမြို့နေ ကျနော်၏ မွေးသမိခင် ဒေါ်မမလေး (သုခိတာ ဆေးလိပ်ခုံ)အသက်၈၅နှစ် နာရေးဆွမ်းသွတ်ပွဲကို ( ၁၀.၁.၁၀ ) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၌ မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကွယ်လွန်သူအတွက် ရည်စူး၍ အမျှအတန်း ပေးဝေမည် ဖြစ်ပါသဖြင့် ကျနော်များ နှင့်အတူ တရားတော်နာ ကြွရောက်ကြပါရန် ညိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစု
ကိုဇော်လွင်အောင် (မြင်းခြံ)
တရားပွဲ အချိန် ၊ ၊ နံနက်၉ နာရီ စတင်ပါမည်။
အရုဏ်ဆွမ်း ၊ ၊ ကွယ်လွန်သူ ဒေါ်မမလေး ကောင်းမှု့
နေ့ဆွမ်း ၊ ၊မမြမြစိုး ၏ မွေးနေ့ အလှူတော်
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
၀၃၂ ၅၁၁ ၂၈၄၁

1 comment:

စိုးမိုးသူ said...
This comment has been removed by the author.