Tuesday, December 10, 2013

Let's study english by singing songs (2)

Micheal Learn To Rock





Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်

အမှတ်စဉ်(၂)

ဒီတခါ Michael Learns to Rock(MLTR) ဆိုတဲ့ ဒိန်းမတ်က Pop/Soft Rock Band အဖွဲ့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ (ဒိန်းမတ်နိုင်ငံသားက အင်္ဂလိပ်သီချင်းဆိုတယ်ဆိုတော့ သူ့ရဲ့ မိခင်ဘာသာစကား(Mother Language)မဟုတ်ဘူးပေါ့။ ဒါဆို သူရဲ့ ဒုတိယဘာသာစကား(Second Language)နဲ့ဆိုတာပေါ့။ ကိုယ်တွေရော ကြိုးစားရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ လူတုံးလူအဆိုတာ မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံရဲ့အခြေအနေတွေကြောင့်သာ အဆင့်အတန်းတွေ ကွာနေရတာပါ။ စိတ်မပျက်ပါနဲ့။ ဥာဏ်ရည်ချင်းက အတူတူပဲ။ ဒီနေရာမှာ စာရေးသူက အင်္ဂလိပ်လို ကြားညှပ်ပြောပြနေတာဟာ လူငယ်တွေ ဝေါဟာရတိုးအောင်သာ ရည်ရွယ်ပါတယ်။) မြန်မာပြည်ကို ဟိုတလောက လာဖျော်ဖြေသွားတဲ့အဖွဲ့ပေါ့။ ဒီအဖွဲ့ရဲ့ အဓိကအဆိုတော်(Lead Singer)က Jascha Richter ဖြစ်ပါတယ်။ ကီးဘုတ်တီးတဲ့သူပါ။ ၁၉၈၈ ခုနှစ်မှာ ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကတည်းက ဓာတ်ပြားချပ်ရေ ၁၁ သန်းကျော်ရောင်းရတယ်လို့ ဆိုပါတယ်။ အခုဒီအဖွဲ့ရဲ့ Sleeping Child ဆိုတဲ့ သီချင်းကို အတူတူဆိုကြည့်ရအောင်။

Sleeping Child (အိပ်ပျော်နေတဲ့ ကလေး)
The Milky Way upon the heavens is twinkling just for you
ထက်ကောင်းကင်က နဂါးငွေ့တန်း( ကြယ်တွေ)က မင်းအတွက် ပြိုးပြက်လက်နေတယ်။
And Mr. Moon he came by to say goodnight to you
ဖိုးလမင်းကြီးကတော့ မင်းဆီကို တာ့တာလို့ လာနှုတ်ဆက်သွားလေရဲ့။
I’ll sing for you, I’ll sing for mother
ငါ မင်းကို သီချင်းဆိုပြမယ်။ မင်းမိခင်ကိုရောပေါ့။
We’re praying for the world and for the people everywhere
ငါတို့ဟာ လောကကြီးအတွက် ဆုတောင်းပေးနေတယ်။ ကမ္ဘာ့လူသားတွေ အတွက်လေ။
Gonna show them all we care
ငါတို့ မေတ္တာဓာတ်တွေ ပြကြမယ်(ပို့ကြမယ်)။
Chorus (Oh my sleeping child, the world’s so wild
ကလေးရေ….လောကကြီးက သိပ်ရိုင်းစိုင်းတယ်ကွာ။
But you build your own paradise
ဒါပေမဲ့ မင်းရဲ့နိဗာန်ဘုံကို မင်းဟာမင်း တည်ဆောက်ထားလိုက်(ဇိမ်ကျကျ အိပ်နေပေတော့ကွာ)။.
That’s one reason why I’ll cover you sleeping child)
မင်းကို အကာအကွယ်ပေးချင်တဲ့ အကြောင်းက အဲဒါပဲ(မင်း လန့်နိုးသွားမှာ စိုးလို့ပါ)။
If all the people around the world
လူတွေသာ
They had a mind like yours
မင်းလိုစိတ်မျိုး ရှိကြမယ်ဆိုရင်
We’d have no fighting and no wars
တို့တွေ(ငါတို့ လူကြီးဆိုတဲ့ ကောင်တွေပေါ့) ခိုက်ရန်တွေ၊ စစ်ပွဲတွေ ဘယ်ရှိတော့မလဲကွာ။
There would be lasting peace on Earth
ဒီကမ္ဘာကြီးမှာ အရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေး ရလာမှာလေ။
If all the kings and all the leaders could see you here this way
ဘ၀ရှင်မင်းတရားကြီးတွေ၊ ခေါင်းဆောင်တွေသာ မင်းကို(မင်းရဲ့ဖြူစင်တဲ့စိတ်ကို) သိများသိရင်တော့
They would hold the Earth in their arms
ဒီကမ္ဘာကြီးကို သူတို့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမှာကွ။
They would learn to watch you play (Cho) I’d really cover you sleeping child
သူတို့က မင်းဆော့နေတာကို ကြည့်ဖို့ ပြန်သင်ယူကြလိမ့်မယ်။ (Cho) မင်းကို ငါတကယ် ကာကွယ်ပေးပါ့မယ် ကလေးရယ်။
Keep you away from the world so wild
ဒီရိုင်းစိုင်းတဲ့ လောကကြီးရဲ့အဝေးမှာ မင်းကို ထားပေးပါ့မယ်။

Visit at http://www.youtube.com/watch?v=zkSlZGCiJ8U. MLTR ရဲ့သီချင်းအချို့( Blue Night; 25 Minutes; The Actor; Someday Someway; Breaking My Heart; That’s Why You Go Away; You Took My Heart Away; More Than A Word)။

ရှင်းလင်းချက်
heaven ကတော့ paradise နဲ့ဆင်တူစကာလုံး(synonym)ပါ။ နိဗ္ဗာန်ပေါ့။ ဒါပေမဲ့ ဒီသီချင်းထဲက the heavens ကတော့ ကောင်းကင်(sky)ကိုပြောတာပါ။ စာပေအသုံးပါ။ မတူတာကို သေသေချာချာ မှတ်သားထားပါ။ just(exactly) for you မင်းအတွက်ပေါ့။ ဒီနေရာမှာ just က only; merely(မျှသာ)မဟုတ်ပါဘူး။Mr. Moon အစား Mrs. Moon လို့သာဆိုခဲ့ရင်တော့ ဖွားဖွားလမင်းပေါ့။ came by(made a short visit) တအောင့်တနား လာလည်လိုက်တာ။ Let’s not say goodbye. လမ်းခွဲစကား မပြောကြေး။ She prayed to God for an end to her sufferings. (pray to sb(for sb/ sth) သူဟာ ဘုရားသခင်ထံမှာ(to God) ဝေဒနာတွေ အကုန်ချုပ်ငြိမ်းဖို(for an end to her sufferings) ဆုတောင်းတယ်။ စကားစုတွဲတွေကို ကိုယ်တိုင်ပြန်ပြောတတ် ရေးတတ်ဖို့ ခေါင်းထဲစွဲအောင် မှတ်ထားပါ။ တခြားနည်းလမ်း မရှိဘူး။ ကိုယ့်ဘာသာသာစကားတောင် တကယ်တမ်းတော့ အဲဒီလိုမှတ်ထားရတာပဲ(သတိမထားမိလို့သာပါ)။ စကားလုံးတစ်လုံးရဲ့ အနက်ကိုပဲ ကျက်ထားရုံနဲ့ တတ်လာမှာမဟုတ်ဘူး။ အဲဒီစကားလုံးကိုသုံးပြီး ဘယ်လိုရေးတယ်၊ ပြောတယ်ဆိုတာကိုပါ မှတ်ထားရတယ်။ အဲဒါမှတတ်မှာ။ ကိုယ့်စကားလို ကိုယ့်ပတ်ဝန်းကျင်မှာ နေ့တဓူဝထိတွေ့နေတဲ့ စကားမဟုတ်တော့ ဒီနည်းကိုပဲသုံးရတယ်။

I’m gonna(going to) show you. I wanna(want to) show you. သီချင်းတွေမှာ သုံးလေ့ရှိတဲ့ စကားလုံးတွေပေါ့။ gotta က have got to or have got a ကိုဆိုလိုတာ။ He’s gotta go(He’s got to go). သူသွားရမယ်။ Gotta cigarette? စီကရက် ရှိလား။ the reason why ….က သူ့အသုံးပဲ။ I’d like to know the reason why you are so late. ခင်ဗျား ဘာလို့ ဒီလောက်တောင် နောက်ကျရတဲ့ အကြောင်း ကျနော်သိချင်တယ်။ cover က protect(ကာကွယ်တာ)ပါ။ ဒါပေမဲ့ He laughed to cover(hide) his nervousness. ဆိုရင်တော့ သူ့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ဖုန်းတဲ့အနေနဲ့ ရယ်ပြလိုက်တာ။ စကာလုံးတစ်လုံးမှာ အနက်တွေ အမျိုးမျိုး ရှိတတ်တယ်။ အဲဒါတွေ သိချင်ရင် အဘိဓာန်မှာကြည့်။ စာရေးသူလည်း ဒီလိုပဲကြည့်ရတာပဲ။ ဘုရားမှ မဟုတ်တာ။

around the world ဒါမှမဟုတ် around the globe အတူတူပဲ။ I have a book like yours. မင်းလို စာအုပ်မျိုး ငါ့မှာရှိတယ်။ ဒီမှာ like က ကြိုက်တာမဟုတ်ဘူး။ (ကဲ့သို့) ပါ။ everlasting(eternal) love ဆိုရင် ထာဝရအချစ်ပေါ့။ I don’t like the way she talked to me. သူငါ့ကို ပြောသွားတဲ့ပုံကို မကြိုက်ဘူး။ the way she sang/ the way she behaved လိုသလို အစားထိုး သုံးသွားတော့ပေါ့။ Come this way, please. ဒီက လာပါခင်ဗျာ။

လူငယ်တွေ နားယဉ်ပြီးသား ဒါမှမဟုတ် ကြိုက်တတ်တဲ့ သီချင်လေးတွေနဲ့ ကြိုးစားတင်ဆက်သွားပါ့မယ်။ Make sure you listen to the songs and sing them later. သီချင်းလေးတွေ နားထောင်ပြီးတော့ ဆိုလိုက်ကြပါ။ လုပ်ဖြစ်အောင်လုပ်ပါလို့ပဲ တိုက်တွန်းပါရစေ။ အချိန်ကုန်ရကျိုး နပ်ပါစေ။

ဝေဘန်အကြံပြုချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com
Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

No comments: