Korea International Cooperation Agency (KOICA) ရဲ့ သင်တန်းကျောင်းခွဲကို မြန်မာပြည်မှာ မကြာမီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ သဘောတူစာချုပ်ကို ဒီလ ၂၅ရက်၊ နေ့လည် ၁၁နာရီမှာ နေပြည်တော်မှာ ချုပ်ဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဆိုပါသင်တန်းကျောင်းမှာ စက်မှုဖွံဖြိုးတိုးတက်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ ခေတ်မီစက်ကိရိယာတွေကို မည်ကဲ့သို့ အသုံးပြုရမည်ဆိုသည်ကို သင်ကြားပြသပေးမယ့် ပြည်တွင်းသင်တန်းဖြစ်ပြီး၊ မြန်မာအလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ လုပ်ငန်းခွင် သင်တန်းကျောင်းအနေနဲ့ ယခုနှစ်တွင် ပုံမှန်သင်တန်းသား ၁၂၀ ဦးနဲ့ ကြားဖြတ်သင်တန်းသား ၂၇၀ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ ၃၉၀ အား လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ကိုရီးယားအစိုးရဟာ နာဂစ်ဆိုင်ကလုံးတိုက်ခိုက်ခံ လေဘေးသင့်ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၅ သန်းကို အဆိုပါ KOICA အဖွဲ့မှတစ်ဆင့် မြန်မာပြည်အစိုးရသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။
Friday, February 27, 2009
မြန်မာပြည် KOICA သင်တန်းကျောင်းဖွင့်လှစ်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment