Saturday, February 28, 2009

အီးနိုင်းသမားတွေ ကိုယ်တိုင်ပြောပါ

ရေးသားသူ — အောင်တင်ထွန်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၄-နာရီခွဲတွင် ဆိုလ်းမြို့အနောက် လုပ်ငန်းရှုင် အကူအညီပေးရေး စင်တာ ဆွေးနွေးခန်းမ၌ အီး-9 အလုပ်သမားများ၏ လက်ရှိ အခြေအနေရ လုပ်ငန်းရှာဖွေမှု အခက်အခဲကြောင့် တရားမ၀င် အလုပ်သမား ဖြစ်နိုင်မှုကိစ္စ နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

ထို အစည်းအဝေးသို့

အလုပ်သမားစင်တာချုပ်မှာ ဦးဆောင်သည့် ကင်ဟဲဆောင်း၊ ဂိုဂီဘုတ်၊ အူဆမ်းရောနှင့် အတွင်းရေမှုး လီယောင် တို့သည် အလုပ်သမားရုံးမှ အန်ဂယောင်းဒေါက်၊ ဟာချန်းယွန်း 외노협대표 3인(김해성, 고기복, 우삼열), 사무처장
외국인력정책과 (안경덕, 하창용) တို့ တက်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အီ-9 (သူဌေးမှပေးသည့် ဗီဇာစနစ်)၏ အလုပ်ပြောင်းရွှေ့နိုင်မှု အကြိမ်ကို တိုးပေးရန်၊ အလုပ်ရှာဖွေကာလ (၂-လ) ထက်ပို၍ အချိန်တိုးပေးရန် အတွက် တောင်းဆိုခဲ့ပါသည်။

သို့သော် အစိုးရ အလုပ်သမားရုံးမှ လက်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေကို နားလည်သော်လည်း ဥပဒေ ပြောင်းလည်း၍ ကူညီခြင်း မပြုနိုင်ဟု ပြောဆိုခဲ့ပါသည်။

ထို့ကြောင့် လာမည့် မတ်လ ၃-ရက်နေ့ မနက် ၁၁-နာရီတွင် ဂွန်းဟွားမုန်း အစိုးရရုံး ရှေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ ထို သတင်းစာရှင်းလင်းပွဲသို့ ကျနော် (အောင်တင်ထွန်း) တက်ရောက်၍ အလုပ်သမားများ၏ လက်ရှိ အနေအထားအား ရှင်းလင်း ပြောကြားမည် ဖြစ်ပါသည်။

၎င်း အခြေအနေအား လက်တွေ့ တွေ့ကြုံနေရသည့် အလုပ်သမားများ တက်ရောက်၍ အလုပ်အကိုင် ရှာဖွေရန် အခက်အခဲ၊ နေထိုင်ရေး စသည့် အခြေအနေများအား ကိုယ်တိုင်ပါဝင် လာရောက်ပြောဆိုရန် နိုးဆော်အပ်ပါသည်။

သတင်းစာရှင်းလင်းပွဲ ကျင်ပမည့်နေရာ ဂွန်းဟွားမုန်း ဘူတာ နံပါတ်-၁-အပေါက် အစိုးရရုံးရှေ့  မနက် ၁၁ နာရီ

일시 : 2009년 3월 3일(화) / 장소 : 광화문 정부종합청사 앞
주최 : 외노협, 이주공동행동

ဆက်သွယ်ရန် -
အောင်တင်ထွန်း
ဖုန်းနံပါတ် 010 5472 2826

No comments: