Saturday, February 8, 2014

Let’s Study English by Singing Songs

Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင်


အမှတ်စဉ်(၄)

အခု အမေရိကားက နာမည်ကြီး Hard Rock Bandတစ်ခုဖြစ်တဲ့ Aerosmith ရဲ့သီချင်းကို လေ့လာကြည့်ရအောင်။ ဒီအဖွဲ့ကို ၁၉၇၀ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီအဖွဲ့ရဲ့ အဆိုတော်က Steven Tyler ဖြစ်ပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ် မှာ မွေးဖွားပါတယ်။ ကိုယ်တိုင် သီချင်းရေးပြီး တူရိယာတော်တော်များများကို တီးတတ်သူပါ။ အခုအသက် ၆၅ နှစ်ကျော်လာတာတောင် စင်ပေါ်မှာ အားမာန်အပြည့်နဲ့ သီဆိုဖျော်ဖြေနိုင်ဆဲပါ။ သူတို့ဓာတ်ပြား သန်း ၁၅၀ ကျော် အရောင်းစွန်ခဲ့လို့ the best-selling American Rock Band of all time တခေတ်လုံးမှာ ရောင်းအကောင်းဆုံး အဖွဲ့ဖြစ်ပါတယ်။


Angel


I’m alone, yeah, I don’t know if I can face the night.
ကိုယ်တစ်ယောက်တည်း..အင်း.. ဒီညကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ဘူး။
I’m in tears, and the cryin’ that I do is for you.
ကိုယ်ငိုနေရတယ်။ ကိုယ်ငိုကြွေးနေရတာ မင်းလေးကြောင့်ပေါ့။
I want your love. Let’s break the walls between us.
မင်းအချစ်ကို လိုချင်တယ်။ တို့နှစ်ဦးကြားက နံရံတွေ(အတားအဆီးတွေ)ကို ဖြိုဖျက်ကြစို့။
Don’t make it tough. I’ll put away my pride.
မတင်းပါနဲ့ကွာ။ ကိုယ့်သိက္ခာ၊ ကိုယ့်မာနတွေကို လွှင့်ပစ်လိုက်ပါ့မယ်။
Enough’s enough. I’ve suffered and I’ve seen the light.
ဒီလောက်ဆို တော်လောက်ပါပြီ။ ဝေဒနာတွေ ရလိုက်ပါပြီ။ အလင်းရောင်လေး တွေ့လိုက်ပါပြီ။
Chrous : (Bayayby, you’re my angel, come and save me tonight.
ဘေဘီ မင်းဟာ ကိုယ့်နတ်သမီးလေးပဲ။ ဒီညကိုယ်ကို ကယ်တင်လှဲ့ပါ။
You’re my angel, come and make it all right.)
အားလုံးအဆင်ပြေအောင် လုပ်ပေးလှဲ့ပါ။
Don’t know what I’m gonna do about this feeling inside.
ရင်ထဲက ဒီဝေဒနာကို ဘယ်လိုလုပ်ရမှန်း ကိုယ်မသိတော့ဘူး။
Yes it’s true, loneliness took me for a ride.
ကိုယ်တကယ်ပြောတာပါ။ အထီးကျန်ခြင်းက ကိုယ့်ကို သေအောင်တွန်းပို့နေပြီ။
Without your love I’m nothing but a beggar.
မင်းအချစ်မရှိတော့ ကိုယ်လေ သူဖုန်းစားလိုပဲ။
Without your love a dog without a bone.
မင်းအချစ်မရှိတော့ ကိုယ်လေ အရိုး(ကိုက်စရာ)မရှိတဲ့ ခွေးလေးလိုပဲ။
What can I do? I’m sleeping in this bed alone.
ကိုယ် ဘာလုပ်ရမှာလဲ။ တစ်ယောက်တည်း အိပ်နေရတယ်။
( Cho ) Come and save me tonight ( Solo )
You’re the reason I live. You’re the reason I die
မင်းကြောင့် ကိုယ်အသက်ရှင်နေတာ။ မင့်ကြောင့် ကိုယ်သေအုံးမှာ။
You’re the reason I give
မင်းကြောင့် ကိုယ်ပေးဆပ်နေတာ
When I break down and cry, don’t need no reason why. Baby, baby, bayayby …
ကိုယ်ချုန်းချပြီးငိုကြွေးတဲ့အခါ ဘာအကြောင်းပြချက်မှ မလိုပါဘူး။

Aerosmith အဖွဲ့ရဲ့သီချင်းတချို့ ဖော်ပြပေးလိုက်ပါတယ်။ Crying; Amazing; Crazy; Blind man; Eat the rich; Love in an elevator; Pink; Janie’s got a gun; Living on the edge; Sweet emotion; Jaded. Visit at http://www.youtube.com/results?search_query=aerosmith+angel.

ရှင်းလင်းချက်

အင်္ဂလိပ်စာဖတ်တဲ့အခါ ထူးခြားလှပတဲ့ စာစုတွေတွေ့ရင် မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ခဏခဏပြန်ကြည့်ပါ။ ခေါင်းထဲ စွဲသွားဖို့လိုတယ်။ တစ်သက်လုံး မှတ်မိချင်ရင်တော့ တစ်သက်လုံး အင်္ဂလိပ်စာအုပ်တွေ ဖတ်ပေတော့။ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကိုယ်နဲ့ကင်းကွာတာနဲ့အမျှ တဖြည်းဖြည်းမေ့သွားမှာပဲ။ စာမေးပွဲမှာ အင်္ဂလိပ်စာဖြေတဲ့အခါ Comprehension ဖြေရမှာပေါ့။ comprehend (=understand)နားလည်ရည် ဘယ်လောက်ရှိမရှိ စစ်တာပါ။ ဒါကြောင့် စာပိုဒ်ထဲမှာ မသိတဲ့စကားလုံးတွေကို တမင်တကာထည့်ပြီး မေးထားတာ။ ကျောင်းသားဟာ ဒါကိုဖတ်ပြီင်္း ဘယ်လောက် ခြုံငုံဆက်စပ်ပြီး နားလည်နိုင်သလဲဆိုတာကို စစ်ဆေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါဆို အင်္ဂလိပ်စာအုပ် ဖတ်ဖို့ဘာလို့ ၀န်လေးနေရမှာလဲ။ ဒါပေမဲ့ စစချင်းတော့ ကိုယ်နားလည်နိုင်လောက်တဲ့ စာမျိုးကိုတော့ ရွေးဖတ်ဖို့လိုတာပေါ့။ Time မဂ္ဂဇင်းလိုဟာမျိုးကို စကိုင်လို့တော့ မရဘူးပေါ့။ စကားလုံးတွေ အကုန်လုံးသိမှ ဖတ်မယ်ဆိုရင်တော့ သေတဲ့အထိ ဘယ်တော့မှ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူး။

နောက်တစ်ခု ပြောချင်တာက အသံထွက်ကိစ္စပဲ။ အခုခေတ်ကလေးတွေ အသံထွက်ရင် ပြည့်ပြည့်စုံစုံ မထွက်ကြတာ တော်တော်မှားတယ်။ Physics ဆိုလည်း အသတ်သံကို ထည့်မဆိုကြတော့ဘူး။ အဲဒါတွေကို ဂရုတစိုက်ပြင်ပါ။ ကောင်းပြီ။ သီချင်းစာသားတွေ လေ့လာကြစို့ရဲ့။

ဒီသီချင်းမှာ angel က နတ်သမီးပေါ့။ ဘုရားသခင်ရဲ့ တမန်တော်ကိုလည်း ဒီလိုပဲခေါ်တယ်။ guardian angel ဆိုတာက ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ (အစောင့်)ပုဂ္ဂိုလ်ကို ပြောတာပါ။ သူတို့ဆီမှာလည်း ဒီအယူရှိတယ်။ ယုံတာ မယုံတာတော့ တစ်ပိုင်းပေါ့။ alone က ထီးထီးလို့ အနက်ထွက်သလို အထီးကျန်(lonely)လို့လည်း အနက်ထွက်ပါတယ်။ alone ဟာ တစ်ယောက်တည်းလို့ အဓိပ္ပါယ်ထွက်တဲ့အခါမှ ထွက်ပါတယ်။ The two men alone went into the forest. ဆိုရင် တောထဲကို နှစ်ယောက်တည်း ထွက်သွာတယ်။ I am not sure if (=whether or not) I can meet her tonight. ဒီည သူနဲ့တွေ့ မတွေ့ မသေချာဘူး။ ဒီမှာ if က (လျင်) မဟုတ်တာကို သတိပြုပါ။ face (=encounter) ရင်ဆိုင်သည်။ She’s in tears. (= She’s crying.) ငိုနေတာ။ Walls have ears. (saying ဆိုရိုးစကား) နံရံတွေမှာ နားတွေရှိတယ်။ Don’t make it tough (difficult).ခက်ခဲအောင် မလုပ်ပါနဲ့။ He’s tough (strict). သူက တင်းတင်း ပြတ်ပြတ်သမား(ညှိနှိုင်းဖို့မလွယ်)။ tough meat လှီးရခက်တဲ့ အသား။ tough ကိုအသံထွက်ရင် (f)အသတ်သံနဲ့ဆိုပါ။

His pride was hurt. သူ့သိက္ခာ ထိခိုက်သွားတာပေါ့။ It’s time to swallow your pride (=hide your feelings of pride) and ask for your job back. ဒီအချိန်မှာ အလုပ်ပြန်ရဖို့အတွက် မင်းသိက္ခာကို မြိုသိပ်ထားလိုက်ပါကွာ။ I take (a) pride in my work. ငါ့အလုပ်ကို ဂုဏ်ယူတယ်။ The new suspension bridge is the pride of the town. ဒီကြိုးတံတားအသစ်ဟာ မြို့ကျက်သရေဆောင်ပဲ။ အနက်ချင်း မတူတာကို သတိပြုပါ။ Enough is enough. ဆိုတာ ပြောလေ့ရှိတဲ့ ဆိုရိုးစကား(saying)ပါ။ take for a rideက (idiom)ပါ။ ဒီသီချင်းမှာ (to transfer to a place and kill)တနေရာကိုပို့ပြီး သတ်တာလို့ ဆိုပါတယ်။ nothing but ဆိုတာ only(မျှသာ) ဖြစ်ပါတယ်။ I used to love her but she’s nothing to me any more. အရင်ကတော့ချစ်ခဲ့ပေမဲ့ အခုတော့ သူဟာ ငါ့အတွက် ဘာမှအရေးမပါတော့ဘူး။ Nothing else matters to him apart from his job. သူ့အတွက်တော့ သူ့အလုပ်ကလွဲရင် တခြားဘာမှ အရေးမကြီးဘူး။ He’s always trying to get something for nothing. သူဟာ အလကားရဖို့ပဲ ချောင်းနေတယ်။ break down ရဲ့အသုံးကလည်း ကျယ်ပြန့်တယ်။ ဒီသီချင်းမှာတော့ ခံစားမှုတွေကို မမြိုသိပ်နိုင်တဲ့အဆုံးမှာ ငိုချပစ်လိုက်တာကို ဆိုလိုပါတယ်။ The car broke down. ကား စက်ပျက်တာ။ Negotiations between the two sides have broken down. နှစ်ဖက်ကြား ဆွေးနွေးပွဲတွေ ပျက်သွားတယ်။ Idiom Dictionary လည်း မရှိမဖြစ်လိုအပ်ပါတယ်။ မအားမလပ်လွန်းလို့ ဒီဆောင်းပါးကိုတော့ အရင်အတိုင်းပဲ တင်လိုက်ပါတယ်။ နောက်များမှာတော့ လေ့ကျင့်ခန်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ တင်ဆက်သွားပါ့မယ်။

ဝေဘန် အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ thetnaing1988@gmail.com


Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)

1 comment:

Unknown said...

ကိုသက်နိုင် စာအုပ်တစ်အုပ် အခွေတစ်ခွေ
ထုတ်ပြီးဖြန့်ချီသင့်ပါတယ်။ ကျွန်မလည်းလိုချင်
ပါတယ်။လိုက်ဆိုရင်အင်္ဂလိပ်အသံထွက်ကောင်း
ပြီးလျှာကိုသွက်စေပါတယ်။ဘာသာပြန်ကိုကြည့်ရင်လည်းအင်္ဂလိပ်ဝေါဟာရအဓိပ္ပါယ်သိကျွမ်း
မှုပိုပြီးကြွယ်ဝစေပါတယ်။ကျေးဇူးတင်ပါတယ်။