Monday, November 8, 2010

Migrants’ Photograph Program

"ကိုယ်တိုင် ဖန်တီးသော ပုံရိပ်များဖြင့် ပိုမို တိုးတက် ပြည့်စုံမည့် အလုပ်မားဘဝကို တည်ဆောက်ကြပါစို့ ။"

ယခုလာမည့် နိုဝင်္ဘာ ၁၄ ရက် (တနင်္ဂနွေနေ့) မှ စတင်၍ ရွှေ့ပြောင်းသူများ ဓါတ်ပုံအစီအစဉ် (Migrants’ Photograph Program) ကို ကိုရီးယားရွှေ့ပြောင်းသူများလူ့အခွင့်အရေးဆင်တာ (Korea Migrant Human Rights Center) က ကြီးမှူး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ အစီအစဉ်သည် ကိုရီးယားနိုင်ငံတွင်း၌ အခက်အခဲ အမျိုးမျိုး တွေ့ကြုံ ခံစားနေကြရသည့် ရွှေ့ပြောင်းသူများ အနေဖြင့် မိမိတို့၏ ဘဝအခြေအနေကို မိမိတို့ကိုယ်တိုင် ဖန်တီးသည့် ဓါတ်ပုံများဖြင့် ကိုရီးယား လူမှု အသိုက်အဝန်း ၊ ကိုရီးယားအစိုးရနှင့် ၊ နိုင်ငံတကာ လူမှုအသိုက်အဝန်းထံသို့ တင်ပြပေးသွားရန် အဓိက ရည်ရွယ်ချက်ထားရှိကြောင်း ၊ ရွှေ့ပြောင်းသူတို့ ကိုယ်တိုင် ရိုက်ကူး ဖန်တီး သည့် ပုံရိပ်များကို စုစည်းကာ ဓါတ်ပုံပြပွဲတစ်ခုကို စုပေါင်း ကျင်းပသွား ကြရန်နှင့် ၊ လက်ရွေးစင် ဓါတ်ပုံများ စုစည်းပြီး ဓါတ်ပုံ အယ်ဘမ်စာအုပ်ထုတ်ဝေသွားကြရန် ၊ ထိုသို့ ဓါတ်ပုံ ရိုက်ကူးသည့် အစီအစဉ် အစမှ အယ်ဘမ်စာအုပ်ထုတ်ဝေသည့် အစီအစဉ် အဆုံးထိ ရွှေ့ပြောင်းသူများကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆောင်ရွက်ကြစေရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုပါသည် ။
အဆိုပါအစီအစဉ်တွင် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းအားဖြင့် ရွှေ့ပြောင်းသူများ (သင်တန်းသားများ) အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်လည်း ရည်ရွယ်ထားပြီး ၊ ရွှေ့ပြောင်းသူများအတွက် လိုအပ်သည့် ဓါတ်ပုံရိုက်ကူးခြင်း ၊ ဓါတ်ပုံ ပြုပြင် ဖန်တီးခြင်းနှင့် အယ်ဘမ်စာအုပ်ထုတ်လုပ်ခြင်းပညာ တို့ကိုပါ တစ်ပါတည်း သင်ကြားပေးသွားမည်ဟု ဆိုပါသည် ။

စိတ်ပါဝင်စားသူ (မြန်မာ) များ 010-2331-2457 သို့ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းကြရန် နှင့် ပရိုဂရမ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာထားပါသည် -

ရိုက်ကူးခြင်းအစီအစဉ် ဒီအပါတ် တနင်္ဂနွေ စတင်ပါမည် ။
ကင်မရာများ ယူလာရပါမည် ။
ဆင်တာမှ နေ့လည် ၁၂ နာရီခွဲ ထွက်ခွါပါမည် ။
ဒီအပါတ် ရိုက်ကူးခြင်းအစီအစဉ်မှာ အင်ချောန်း တရုတ်တန်း (China Town of Incheon) နှင့် စက်မှုဇုံ တစ်ခု ။
(သင်တန်းအစီအစဉ်မှ နေ့လည်စာ ကျွေးမွေးပါမည် ။)

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နိုင်သော ကိုရီးယားနိုင်ငံတဝှမ်းမှ ညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း ၊ မိမိတို့နှင့် ဆက်နွယ်နေသည့် အလုပ်ခွင်စသည်များနှင့် ကိုရီးယား ယဉ်ကျေးမှု သို့မဟုတ် လူနေမှုဘဝကိုထင်ဟပ်စေမည့် ပုံများ ရိုက်ကူးပြီး wyne1969@gmail.com ထံ ပေးပို့နိုင်ပါသည် ။ (ရိုက်ကူးသူအမည်နှင့် မည်သည့်နေရာမှ မည်သည့်ပုံ ဖြစ်ကြောင်း ဖော်ပြပေးစေလိုပါသည် ။)

(မိမိအစီအစဉ်ဖြင့် စင်တာသို့ လာမည့်သူများအတွက်) လမ်းညွှန်

လိုင်းကားများ
မြို့တွင်းကားများ ။ ၁၂ ၊ ၃၀ ၊ ၃၂ ၊ ၃၄ ၊ ၃၅ ၊ ၄၅ ၊ ၈၁ ။
နယ်ကားများ ။ ၁၁၁ ၊ ၁၁၁-၂ ၊ ၇၈၀ ။
ရပ်ကွက်တွင်းကားများ။ ၅၅၄ ၊ ၅၅၅ ၊ ၅၆၈ ၊ ၅၈၂ ၊ ၅၈၃ ၊ ၅၈၅ ၊ ၅၈၅ ၊ ၅၈၆ ၊ ၅၉၀ ။
ရထား
အင်ချောန်းမြေအောက်ရထား ဘူဖြောင်းဂုချောင်းဘူတာ (Bupyeong Gucheong Station) ထွက်ပေါက် အမှတ်(၃)မှထွက် ။

လမ်းကူးပြီး ဆဲရီ(မ်)ဆေးရုံနံဘေး ၊ ဘု(က်)ကဲချောန်း ကားဝင်း ဝင်ပေါက် ၊ သက်သာချောင်ချိရေးအရောင်းဆိုင် အဆောက်အဦး ၄ ထပ် ။ (건너 세림병원 옆 복개천 주차장 입구 편의점 건물 4층)





ကိုရီးယားရွှေ့ပြောင်းသူများလူ့အခွင့်အရေးဆင်တာ
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့ ၊ ချောင်ချောန်းရပ်ကွက်-၂ ။ အမှတ် ၃၀၂-၆၅ ။ ၄ ထပ် ။
(한국이주인권센터,인천시 부평구 청천2동 302-65 4층)
တယ်လီဖုန်း။ ၀၃၂-၅၇၆-၈၁၁၄ ။ ဖက်စ် ၀၃၂-၅၇၆-၈၁၁၃ ။
အင်တာနက်။ www.migrant114.org
အီးမေးလ် ။ yhjung96@hanmail.net

No comments: