ဆိုးလ် နိုင်ငံတကာ မီးပုံးပြပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပနေပါတယ်။ မနှစ်က ပိုပြီး ကောင်းသလိုပါပဲ။ ဒါပေမယ့် ဒီနှစ်က ဂျီ-၂၀ အစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေတဲ့အချိန်မို့လား မသိပါဘူး။ မနှစ်ကထက် ပိုစည်ကားပါတယ်။ မနေ့ညကဆို တိုးလို့တောင် မပေါက်အောင်ပါပဲ။ မနှစ်ကလိုပဲ လူရှင်းမယ်ထင်ပြီး နေလိုက်တာ ညမှောင်ချိန် ဓာတ်ပုံရိုက်ဖို့ ပြန်လာတော့ နေရာတောင် မရှိတော့ပါဘူး။ အောက်ဆင်းပြီး ဓာတ်ပုံရိုက်ဖို့လုပ်ပေမယ့် လူတွေများလို့ဆိုပြီး လှေကားပေါက်တိုင်းမှာ ရဲတွေက စောင့်နေတော့ တန်းစီနေရတာနဲ့ အချိန်က ကုန်ကုန်လာတယ်။ ဒါနဲ့ စိတ်လျှော့ပြီး အပေါ်ကနေပဲ ရိုက်ပြီးတော့ ပြန်ခဲ့ပါတယ်။ မနှစ်ကနဲ့ မီးပုံးတွေက သိပ်မကွာပါဘူး။ မနှစ်ကတောင် ပိုပြီး စုံသလိုပါပဲ။ အပျင်းပြေ ကြည့်လို့ရအောင်တော့ တင်ပေးလိုက်ပါတယ်။
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ… … …
မနှစ်က ပြပွဲကို ပြန်ကြည့်လိုပါက…
No comments:
Post a Comment