Monday, June 9, 2014

Let’s Study English by Singing Songs

သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင် ( ၆ )





ဒီတစ်ခေါက်တော့ အမေရိကန် Hard Rock / Heavy Metal အဖွဲ့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့ကို ၁၉၈၅ ခုနှစ် ဘော့စတွန်မြို့မှာ ဖွဲ့ခဲ့တာပါ။ အဓိက အဆိုတော် (Frontman)က Gary Cherone ဖြစ်ပြီး သီချင်းလည်း ရေးပါတယ်။ Lyricist ဆိုတာက သီချင်းရေးတဲ့သူပါ။ Nuno Bettencourt ကတော့ သီချင်းလည်းဆို၊ ဂစ်တာမှာလည်း ဆရာတစ်ဆူ (Guitar Virtuoso) ဖြစ်ပါတယ်။ တူရိယာပစ္စည်း တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့သူကို Virtuoso လို့ခေါ်ပါတယ်။ ဥပမာ He is a piano virtuoso.

အခုတင်ဆက်လိုက်တဲ့ သီချင်းကတော့ ဒီအဖွဲ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါ။ More Than Words ကတော့ အရမ်းကို နာမည်ကြီးတဲ့သီချင်း။ Utube မှာ ရှိပါတယ်။ များများနားထောင်၊ များများလိုက်ဆို၊ များများလည်း ဖတ်ရင် သေချာပေါက် တိုးတက်လာမှာပါ။

"Hole Hearted"


Life's ambition occupy my time ( ဘ၀ရဲ့ အလိုဆန္ဒတွေက ငါ့အချိန်တွေကို သိမ်းပိုက်ထားတယ်။)
Priorities confuse the mind ( ဦးစားပေး ကိစ္စတွေက စိတ်ကိုေ၀၀ါးထွေပြားစေတယ်။)
Happiness one step behind ( ပျော်ရွှင်မှုက နောက်မှာ ခြေတစ်လှမ်းစာ ပြတ်ကျန်ခဲ့ပေါ့။)
This inner peace I've yet to find ( ဒီအဇ္ဈတ္တငြိမ်းချမ်းရေးကို ငါရှာမတွေ့သေးပါလား။)

Rivers flow into the sea ( မြစ်တွေက ပင်လယ်ထဲကို စီးဝင်ကြတယ်။)
Yet even the sea is not so full of me ( ဒါတောင်မှ ပင်လယ်ကြီးက ငါနဲ့ မပြည့်သေးပါလား။)
If I'm not blind why can't I see ( ငါဟာ အကန်းတစ်ယောက် မဟုတ်ဘဲနဲ့…….)
That a circle can't fit ( အ၀ိုင်းက ….)
Where a square should be ( လေးထောင့်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့နေရာမှာ တပ်လို့မရတာကို ငါဘာလို့ မမြင်နိုင်ရတာလဲ။)

There's a hole in my heart ( ငါ့နှလုံးသားထဲက ကွက်လပ်ကို….)
That can only be filled by you ( နင်ဖြည့်မှပဲ ရမှာ။)
And this hole in my heart ( ငါ့နှလုံးသားထဲက ဒီကွက်လပ်က…)
Can't be filled with the things I do ( ငါလုပ်သမျှအရာတွေနဲ့ ဖြည့်လို ရကိုမရဘူး။)
Hole hearted Hole hearted

This heart of stone is where I hide ( နှလုံးသားမှာ မာကျောသယောင် ဆောင်ထားတဲ့)
These feet of clay kept warm inside (ဒီအားနည်းချက်က ရင်ထဲကို နှိပ်စက်နေဆဲပဲ။)
Day by day less satisfied ( တစ်နေ့ပြီးတစ်နေ့ ပိုဆိုးဆိုးလာတယ်။)
Not fade away before I die ( ငါသေတဲ့အထိ ပျောက်သွားမှာလည်း မဟုတ်ပါဘူး။)
Rivers flow into the sea ………………
Should have known from the start ( အစကတည်းက သိဖို့ကောင်းတာ…..)
I’d fall short with the things I do ( ငါလုပ်သမျှ အရာတွေက ငါလိုချင်တာကို ဖြည့်မပေးနိုင်တာကို)


ရှင်းလင်းချက်


ဒီသီချင်းက တော်တော်လေးနက်တယ်။ ဘ၀ဒဿနနဲ့ ဆိုင်တယ်လို့ နားလည်ပါတယ်။ အပေါ်ယံကြည့်ရင် အချစ်သီချင်းလို့ ယူဆနိုင်ပေမဲ့ သီချင်းထဲက မင်း(You)က ကိုယ့်နှလုံးသားကို အမှန်တကယ်ကော ဖြည့်ဆည်းနိုင်ပါ့မလားဆိုတာတော့ စဉ်းစားစရာပဲ။ ဒီနေရာမှာ စာဖတ်သူကို စေတနာနဲ့ ကိုယ့်အယူအဆကို အရိပ်အမြွက်တော့ မျှဝေချင်လွန်းလို့ပါ။ စကားဦးသန်းလိုက်သလို ဖြစ်သွားရင်တော့ ကြိုတင်တောင်းပန်ပါရစေ။ ကိုယ့်နှလုံးသားကို အမှန်အကန် ပြည့်ဝသွားစေမဲ့ အရာကတော့ စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှု(Spiritual Growth)လို့ ဆိုပါရစေ။ အကြာင်းညီညွတ်ရင်တော့ ဒီအကြောင်းကိုပဲ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်မှာပါ။ အခုတော့ ဒီလောက်ပဲ ဆိုပါရစေ။

ဒီသီချင်းထဲက ambitionဆိုတာကို ကျောင်းမှာကျက်မှတ်ထားတဲ့ အဓိပ္ပါယ်နဲ့ ဖော်ရင်တော့ ရည်မှန်းချက်လို့ ထွက်လာမှပေါ့။ ဒါကို ပိုရှင်းအောင်ပြောရင် အလိုဆန္ဒ(Desire)ပါပဲ။ အင်္ဂလိပ်လို ပြည့်ပြည့်စုံစုံ အနက်ပေးထားတဲ့ အဘိဓာန်မှာ ရှာကြည့်ပါ။ ဒီစကားပြောလိုက်တာနဲ့ကို စာဖတ်သူက အကင်းပါးရင် ဒီစာရေးသူလည်း စာဖတ်ရတာပဲဆိုတာကို သိမှာပါ။ ဒါဆို စာဖတ်သူကော တကယ်တတ်ချင်ရင် သေသေချာချာ လေ့လာရမယ်ဆိုတာကို သိရုံနဲ့မရပ်ထားဘဲ တကယ်လုပ်ဖို့လိုတယ်ဆိုတဲ့အသိက ရင်ထဲမှာ ရှိပြီးတော့ သိတဲ့အတိုင်း အတိအကျလိုက်လုပ်ဖို့ လိုပါတယ်။ ဘယ်အရာမှ အလကား မရပါဘူး။ စကားပုံရှိတယ်။ No pain, no gain. အနာခံမှ အသာစံရမယ်တဲ့။ Israel occupied Gaza strip and Golan Heights.ဆိုရင် အစ္စရေး ဂါဇာကမ်းမြောင်ဒေသနဲ့ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တယ်ပေါ့။ Roman occupation of Britainဆိုရင် ဗြိတိန်ကို ရောမက သိမ်းပိုက်လိုက်တာကို ဆိုပေမဲ့ occupationရဲ့ နောက်အဓိပ္ပါယ်က အလုပ်အကိုင် ဖြစ်ပြန်ကော။ ဒါတွေတော့ သတိထားရမယ်။ တချို့အိမ်သာတံခါးမှာ occupiedလို့ဆိုရင် အထဲမှာ လူရှိနေတယ်။ Vacantဆိုရင်တော့ အထဲမှာ လူမရှိဘူးပေါ့။ ဖတ်ရင်း မှတ်ရင်း လေ့လာရင်းနဲ့ သိကိုသိလာမှာ။ can ဆိုရင် နိုင်တယ်( be able)လို့ အဓိပ္ပါယ်ထွက်ပေမဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက သံဗူး ဖြစ်ပြန်ကော။ ဒါတွေကို သံတူကြောင်းကွဲ( Homonym)လို့ခေါ်ပါတယ်။ ဗမာစကားမှာလည်း ကိုကိုရေလို့ဆိုရင် ကိုကို့ကို ရေတောင်းတာမှ မဟုတ်တာ။

This is my first priority. ဒီအလုပ်က ငါ့ရဲ့ ပထမဦးစားပေးပဲ။ Be careful not to confuse quantity with quality. အရည်အတွက်နဲ့ အရည်အသွေး မရောစေနဲ့(ခွဲခွဲခြားခြား သိပါစေ)။ All sectors in our country has lagged behind. ကျနော်တို့နိုင်ငံမှာ ကဏ္ဍပေါင်းစုံ နောက်ကျကျန်ခဲ့ပြီ။ innerရဲ့ ဆန့်ကျင်ဘက်စကားလုံးက outer(ဗဟိဒ္ဓ)။ ပြင်ပအရာတွေကို ဆိုလိုတာပါ။ Hillary Clinton has yet to declare that she is running for presidency. ဒီအမျိုးသမီးဟာ သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်လို့ မကြေညာသေးဘူး။ Finished your job? Not yet.မပြီးသေးဘူး။ He has a good job, and yet he never seems to have any money. ဒီစာကြောင်းမှာ yet က nevertheless(ဒါပေမဲ့) အနေနဲ့ ရေးထားတာပါ။ အလုပ်ကောင်းကောင်းသာ ရှိတယ်။ သူ့ကြည့်ရတာ ပိုက်ဆံလည်း ဘယ်တော့မှ ရှိပုံမရဘူး။ feet of clay ဆိုတာ failure; weakness ချွတ်ယွင်းချက်၊ အားနည်းချက်ပါ။ fade away က disappear gradually တဖြည်းဖြည်း ကွယ်ပျောက်သွားတာ။

I could have bought such a car at that time. ဟိုတုန်းက ဒီလိုကားမျိုးကို ၀ယ်မယ်ဆိုရင် ၀ယ်လို့ရသားပဲ (ဒါပေမဲ့ မ၀ယ်လိုက်ခဲ့ဘူး)။ I should have known from the start that you really loved me so dearly. မင်းကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တာကို အစကတည်းက သိဖို့ကောင်းတာ (ဒါပေမဲ့ မသိလိုက်ရဘူး)။ fall short က အီဒီယမ်(idiom) မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ ဆိုလိုတာပါ။ hole hearted ဆိုတာ ဆာလောင်နေတဲ့သဘော၊ ဘယ်တော့မှ အလိုမပြည့်တဲ့ သဘော၊ ဟာနေတဲ့ နှလုံးသားလို့ ဆိုနိုင်ပါတယ်။ ခပ်ကြမ်းကြမ်း ပြောရရင် နှလုံးသားကြွက်တွင်းလို့သာ ဆိုလိုက်ချင်ပါတယ်။


Let’s share our knowledge.
သက်နိုင် (၀ါးပျံကုန်း)
၉. ၆. ၂၀၁၄

No comments: