Tuesday, June 10, 2014

တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရသည် ကိုရီးယားနိုင်ငံသို့ ကြွချီတော်မူ

  
၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက် နံနက် ၈နာရီအချိန်က မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတနှင့် ဒါယိကာ၊ ဒါယိကာမတို့၏ ပင့်ဖိတ်ချက်အရ ကြွချီတော်မူလာသော တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ (ဝေါဆရာတော်၊ ပဲခူး)က စွန်းလွန်း ဆရာတော် ဘုရားကြီး၏ တရားတော်များကို နားယူလိုကြောင်း လျှောက်ထားသည့်အခါ စွန်းလွန်း ဆရတော်က အစဉ်ပြေသည့် ရက်ကို ပြုလုပ်နိုင်ကြောင်း ခွင့်ပေးခဲ့ပါသည်။ ဘောရီစု ဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတအား စွန်းလွန်း ဆရာတော်ထံ တရားဟောခွင့်ရရှိကြောင်း လျှောက်ထားသည့်အခါ အောက်ပါအတိုင်း အစီအစဉ်များကို ဟောပြောလာပါသည်။  

၁။ ဇွန် ၁၁ ရက် ဗုဒ္ဓဟူးနေ့ နေ့လည် ၂နာရီမှ ည ၇နာရီအချိန်အထိ ဘူဆာန် ( မြေအောက်ရထားလမ်း ဘောမ်နဲဂုလ် ဘူတာအနီး (범내골역) ဆာန်ဂုန်ဟွဲအွင်းဆို 상공회의소 대강당 ဟောပြော ခန်းမ) 
2014년 6월 11일 수요일 오후 2시부터 7시까비 바른 집중 국제 심포지엄 부산 상공회의소 대강당 
၂။ ဇွန် ၁၂ ရက် ကြာသပတေးနေ့ နေ့လည် ၃နာရီမှ ညနေ ၆နာရီ အချိန်အထိ ဂယောန်နာမ်၊ ဟာဘ်ချောန် 
2014년 6월 12일 목요일 오후 3시부터 6시까미 바른 집중 국제 심포지업 - 경남 합천 
၃။ ဇွန် ၁၃ ရက် သောကြာနေ့ ည ၇နာရီမှ ၁၀နာရီ အချိန်အထိ ဂျောန်နာမ် ဂွာန်ဂျူ ဒုန်ဂုချောန် ၆လွှာ 
2014년 6월 13일 금요일 오후 7시부터 10시까지 바른 집중 국제 심포지업 전남 광주 동구청 6층 
၎။ ဇွန် ၁၄ ရက် စနေနေ့ နေ့လည် ၂နာရီမှ ည ၈နာရီအချိန်အထိ ဆောအုလ်မြို့တော်ခန်းမ ၈ လွှာ 
2014년 6월 14일 토요일 오후 2시부터 5시까지, 오후 5시 20분부터 7시까지 어떻게 마음을 다스릴 수 있는까 ? 서울시청 다목적홀 8층 
၅။ ဇွန် ၁၅ ရက် တနင်္ဂနွေနေ့ တနင်္ဂနွေနေ့ နံနက် ၁၀နာရီမှ ည ၈ နာရီအချိန်အထိ ဆောအုလ် မြို့တော် ခန်းမ ၈ လွှာ 
2014년 6월 15일 일요일 오전 10시부터 8시까지 국가별 바른집중 지도 및 실제 체험 서울시청 다목적홀 8층 
 ၆။ ဇွန် ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ဂီမ်ဂါန်ဆာတွင် တရားစခန်း တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ တိဘက် ဆရာတော် Gedun Shakya၊ တရုတ် ဆရာတော် မာန့်ရှောန်း၊ ကိုရီးယား ဆရာတော် ၀ါန်ဒာမ်တို့က ဦးဆောင်၍ သီလ၊ သမာဓိအကြောင်းများကို ဟောကြား၊ ပြသသွားမှာ ဖြစ်ပါသည်။ 
2014년 6월 16일부터 22일까지 충남 금강사 7일간 삼장법사님 특별 집중수행 
အစီအစဉ် ၁မှ ၆အထိ 
၇။ ဇွန် ၂၂ ရက် ညနေ ၅နာရီ ခွဲခန့်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) ဓမ္မသဘင်ခန်းမတွင် တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား ပူဇော်ပွဲ 
2014년 6월 22일 오후 5시반 미얀마불교전법사원 (한국) 
၈။ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း (ဒဲဂု)တွင် တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား ပူဇော်ပွဲ ကျင်းပနိုင်ရန် ဘဒ္ဒန္တ ၀ိစိတ္တ (ဒိုက်ဦး)က စီစဉ်နေကြောင်း သိရပါသည်။ 대구에 예산 

ဆက်သွယ်ရန် 
၁။ ဝေါဆရာတော် - ( ၀၁၀ ) ၆၅၅၇ ၀၂၂၂ 
၂။ မနာပဒါယီ အသျှင် ၀ိစိတ္တ (ဒိုက်ဦး) - ( ၀၁၀ ) ၃၇၈၇ ၉၆၉၃ ( မနာပဒါယီ ဆရာတော်သည် စွန်းလွန်း ဆရာတော်၏ ဟောပြောချက်များကို ကိုရီးယား ဘာသာ ပြန်ဆိုရမည်ဖြစ်သဖြင့် ဟောပြောချိန်များတွင် ဖုန်း ဆက်သွယ်ခြင်း မပြုကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ) 
၃။ ဦးကျော်ဇင် (ဥက္ကဌ၊ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) ( ၀၁၀ ) ၈၈၉၄ ၄၇၇၀

No comments: