Wednesday, February 17, 2010

မြန်မာအလုပ်သမား ၃ ဦး အလိုရှိသည်။













အလုပ်အမျိုးအစား။ ။ CNC လုပ်ငန်းခွင် ၊ MCT လုပ်ငန်းခွင်။
(လုပ်ငန်းခွင်အတွေ့အကြုံရှိလျှင် ပိုကောင်းသည်။)


စက်ရုံနေရာ။ ။ ဂါဂျွာဒုန်၊ မို့ကျဲးဒန်းဂျီ။(가좌동, 목재단지)

(ဘူဖြောင်းနှင့် ဘတ်၊စ်၊ကားစီးလျှင် ၂၀ မီးနစ်ခန့်)


လိုအပ်ချက်။ ။ ဗီဇာရှိသူ။

(ရိုးသား ကြိုးစားသူ၊ အခက်အခဲရှိသူ ဦးစားပေးမည်။)


ဆက်သွယ်ရန် 010-5717 5424


ပျမ်းမျှလစာ ။ ။ ၁၅ သိန်း၊ ၁၆ သိန်း၊ ၁၇ သိန်း၊ ၁၈ သိန်း၊…

( ရွှေခံ ရှိသည်။ နေ့ဆိုင်း ညဆိုင်း။ နေရန် အပြင်တွင် အခန်းရှိသည်။ အလုပ်ဆင်းရက်တွင် ထမင်း ၂ နပ်ကျွေးသည်။ အိမ်လခ စက်ရုံမှ ပေးမည်။ အခန်းနှင့် စက်ရုံ အနည်းငယ် သွားရသည်။)

4 comments:

ကောက်ရိုး said...

ကျေးဇူးပြုပြီးအကိုရေ
CNC ဆိုတာဘာလဲဆိုတာကို တဆိတ်လောက်ရှင်းပြပေးပါခင်ဗျာ
ပြီးတော့ အဲဒီအလုပ်က လစာနဲ့ပေးတာလားဗျ
လစာနဲ့ပေးတယ်ဆိုရင် တနေ့အလုပ်ချိန်ဘယ်လောက်ထိလုပ်ပေးရပါသလဲဗျ

ဇေဇော် said...

ကိုကောက်ရိုးခင်ဗျာ…။ အလုပ်ကြော်ငြာက အဲဒီ စက်ရုံက ရွှေခံတွေက အကူအညီတောင်းပြီး ကြော်ငြာထည့်ပေးပါဆိုလို့ ထည့်ပေးလိုက်တာပါ။ ကျနော်လည်း CNC ဆိုတာကြီးကို ကောင်းကောင်း မသိပါဘူး အကိုရေ…။ အကို မေးတော့မှ မနည်း ပြူးပြဲ ရှာကြည့်မိပါတယ်။ ကွန်ပြူတာဆိုတာ ဘာလဲလို့ မေးတဲ့သူကို ကွန်ပြူတာဆိုတာ တယ်လီဗေးရှင်းနဲ့ လက်နှိပ်စက် ပေါင်းထားတဲ့ဟာမျိုးလို့ ဖြေမယ်ဆိုရင် CNC ဆိုတာ တွင်ခုံနဲ့ ကွန်ပြူတာ ပေါင်းထားတဲ့ဟာမျိုးလို့ ဖြေရမလား မသိဘူးခင်ဗျာ့။ CNC ရဲ့ အပြည့်အစုံကတော့ Computerized Numerical Control တဲ့ဗျ။ CNC ဆိုပေမဲ့ CNC အမျိုးအစားပေါင်း မြောက်များစွာ ရှိတယ်တဲ့ခင်ဗျ။ Wikipedia မှာ ရှာကြည့်တာတော့ ဒီလို ရေးထားပါတယ်ဗျာ။ http://en.wikipedia.org/wiki/CNC ။ ဗြိတိသျှလိုရေးထားတော့ ဖတ်လို့ အဆင်ပြေမယ် ထင်ပါတယ်။

အလုပ်အကြောင်းက အဲဒီစက်ရုံက ရွှေခံကို မေးပေးဖို့ ဖုန်းဆက်တာ မကိုင်ပါဘူး။ ညဆိုင်း ၀င်နေရလို့ နေ့ဘက်အိပ်နေတာ ဖြစ်မယ်ထင်ပါတယ်။ ဟိုနေ့က မေးကြည့်တုန်းကတော့ မနက် ၈နာရီ ၃၀၊ ည ၈ နာရီ ၃၀ နေ့ဆိုင်း၊ ညဆိုင်း ချိန်းတယ်လို့ ပြောပါတယ်။ လစာက အလုပ်သမား ဥပဒေအတိုင်း ပေးတယ်လို့ ပြောပါတယ်။ သူ့ဆီက အခြေအနေသိတာနဲ့ ဆက်တင်ပေးပါ့မယ်။

ကျနော်သိတာကတော့ CNC စက်တွေကို တကယ် ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်သွားပြီဆိုရင် အလုပ်မရှားသလို လစာလည်း ကောင်းကြပါတယ်။

ဇေဇော် said...

ကိုနဂါးနီခင်ဗျာ

ဗီဇာမရှိတဲ့သူတွေလည်း တတ်နိုင်သလောက်တော့ ရှာပေးပါတယ်ခင်ဗျာ။ လွန်ခဲ့တဲ့ ၃ လလောက်က တစ်ခြားရုံက ရွှေတွေ အလုပ်လုပ်တာ ကြိုက်လို့ဆိုပြီး စက်ရုံတစ်ရုံက မန်နေဂျာက ရွှေရှိရင် ထည့်ပေးပါလို့ ပြောပါတယ်။ အဲဒီအချိန် အဲဒီစက်ရုံကို ရွှေတစ်ယောက် ရောက်သွားပါတယ်။ သိုင်းဝတ္ထုထဲကစာသားနဲ့ ပြောရမယ်ဆို မည်သို့ လုပ်လိုက်သည်မသိပေါ့ခင်ဗျာ။ စက်ရုံက အလုပ်မရှိလို့ အလုပ်ထွက်ပါလို့ ပြောပြီးထုတ်လိုက်ပါတယ်။ ကိုယ့်စက်ရုံမှာလည်း ခေါ်ထည့်ပေးပါတယ်။ ကိုယ်က ပင်ပင်ပန်းပန်းနဲ့ စက်တွေအများကြီး လုပ်နေရချိန်မှာ ကိုယ့်လူတွေက အေးအေးဆေးဆေး ငြိမ့်နေတာခင်ဗျ။ ကိုယ့်လစာ နောက်ကျမှ ပေးချင်ပေးပါလို့၊ သူတို့တွေကို လစာ တစ်ရက်တောင် နောက်မကျပါစေနဲ့လို့ ပြောပေးထားတာပါ။ လစာက ပုံမှန် ၁၈ သိန်းအထက်မှာ ရနေတာပါ။ ဒါပေမဲ့ နေ့ဆိုင်း၊ ညဆိုင်း အကူး ပိတ်ရက်ဆို အရက်သောက်ပြီး နောက်နေ့အလုပ်မဆင်းတာနဲ့၊ အဆောင်မှာ မူးပြီး အပေါက်လုပ်တာနဲ့၊ မျိုးကိုစုံနေတာပါပဲ။ မရိုသေစကားဗျာ။ ဖင်က ချေးပါ လိုက်ကုန်းပေးရတယ်ဗျာ။ အမူးလွန်ပြီး အိမ်သာထဲမှာ အိပ်ပျော်နေလို့။ ဘယ်လိုလုပ်မလဲ…အဲဒါ။ တစ်ခါ တစ်ခါ သတ်ပစ်ချင်စိတ်တောင် ပေါက်တယ်။ ဒါပေသိ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံသားအချင်းချင်း မပြောရက်ဘူးလေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်နိုင်ငံသားပဲ မဟုတ်လား။ အတတ်နိုင်ဆုံး ကူညီဖေးမပေးပါတယ်။ ကိုယ်သိသလောက် ကိုယ်တတ်သလောက် ပြောပြပေးပါတယ်။ ပြောတဲ့အခါတိုင်းမှာလည်း တစ်ဖက်သား ကောင်းစေချင်တဲ့ စေတနာနဲ့ပဲ ပြောပြပေးပါတယ်။ တစ်ခါ တစ်ခါ လုံးဝ မပြောချင်တာပါ။ ဒါပေမဲ့ မိမိ ပြောသင့်ပြောထိုက်၊ အသိပေးသင့်ပေးထိုက်တဲ့ လမ်းညွှန်မှုတွေ၊ သတိပေးစကားတွေကိုတော့ ပြောဖြစ်အောင်ကို ပြောပြပါတယ်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပြီးမှ ငါသာ ကြိုပြောပြလိုက်ရင် ဒီလိုအဖြစ်မျိုးဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ နောင်တမျိုး မရချင်လို့ပါ။ ကိုယ့်ကိုယ်ကို ရှက်လို့ပါ။ ကိုယ့်ရှေ့မှာ ကကြီးတွေက ကိုယ့်နိုင်ငံသားတွေကို “ဟေ…၊ ရှီး” ဆိုတာမျိုး၊ မျက်စောင်းထိုး ပွစိပွစိလုပ်တာမျိုးတောင် ကြိုက်တာမဟုတ်ပါဘူး။ ကျနော် ဒီလို ပြောလို့ အထင်မကြီးပါနဲ့ခင်ဗျာ။ တကယ့်ကို လူမသိ သူမသိ အနစ်နာခံပြီး ကိုယ့်အိတ်ထဲကစိုက်ပြီးတော့ ကိုယ့်နိုင်ငံသားတွေအကျိုးကို လိုက်လုပ်ပေးနေတဲ့ ရွှေတွေ အများကြီးရှိပါတယ်။ ကျနော် ကူညီနိုင်တာက နှမ်းတစ်စေ့လောက်ပါ၊ အဲဒီ နောင်တော်များ ကူညီခဲ့တာ ဆီပေပါ တန်နဲ့ချီပြီး မရေမတွက်နိုင်အောင် ဖြစ်နေပါပြီ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ကျေးဇူးတင်ကြပါခင်ဗျာ။

ကောက်ရိုး said...

ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ် ကိုဇေဇော်