Wednesday, February 17, 2010

ဘူဆန်မြို့တွင် ပြည်တော်ဦး ကိုရီးယား မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ကျောင်းသစ်တက်

ပြည်တော်ဦး ဆရာတော်ကို အမှူးထား၍ ကိုရီးယားယောဂီ၊ဒါယကာ ဒါယိကာမများ နှင့်ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာသူတော်ကောင်းများစုပေါင်း၍တူညီသော အသိတရားတူညီသောစိတ်ထားနှင့် သဒ္ဓါတရားထက်သန်စွာဖြင့် ဘူဆန်မြို့၌ ပြည်တော်ဦး ကိုရီးယား မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို ယမန်နေ့ (မြန်မာ သက္ကရာဇ် ၁၃၇၁ခု၊တန်ပေါင်းလဆန်း ၃ရက် ၊ ခရစ်သက္ကရာဇ် ၁၅ရက် ၂လ ၂၀၁၀ခု၊ တနလာင်္နေ့) နံနက် ၁၀နာရီက ကျောင်းတက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။


အခမ်းအနားသို့ ကိုရီးယားနိုင်ငံ ထေရ၀ါဒ သံဃရာဇာ ဒိုဆုန်းဘုန်းတော်ကြီး ၊ ဘူဆန်မြို့ ဂျွန်းဒုန်းဆာ ဟန်ဗိုဂွမ်း ဘုန်းတော်ကြီး ၊ ဂယောင်ဂျူး မဟာဗောဓိရိပ်သာ ဆရာတော်ဦးဥာဏလောက ၊ ဒယ်ဂူးမြို့ စိတ္တသုခ ဆရာတော် ဦးဝိစိတ္တ ၊ ကိုရီးယား ဆရာတော် ဦးမဟာမူလ ၊ ယောယောဆွန်းဝမ်း ဟရိုဆောင်း ဆုနင်းမ်နှင့်မြန်မာသီလရှင် ၂ပါးအပါအ၀င် ကိုရီးယား မြန်မာ ဗုဒ္ဓဘာသာဝင် သူတော်စင် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထို့ပြင် ၊ ပြည်တော်ဦးသို့ အောက်ပါအတိုင်းဆက်သွယ်နိုင်ကြောင်းလည်းသိရသည် -
비도우 한국-미얀마 불교세터
부산 광역시 수영구 남천 2 148-4버지
삼익 비치 아파트 213 205
Ph: 070-8741-7002
Hp: 010-4045-7002
E-mail ashinpandicca@gmial.com

ပြည်တော်ဦးအနေဖြင့် သူတော်စင်အပေါင်းတို့အား အောက်ပါအတိုင်း နှိုးဆော်ထားပါသည်-

ပြည်တော်-နိဗ္ဗာန် ၊

ဦး-မဂ္ဂံ
ပြည်တော်ဦးက မဂ်ရှစ်တန်၊
ရွှေပြည်နိဗ္ဗာန် ဆိုက်ရောက်ရန်၊
ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်...။
ရွှေပြည်တော် နိဗ္ဗ္ဗာန်နန်းကိုလ၊
မှန်းဆမျှော်မြင်၊
ဦးအစ ၊ မဂ်ရှစ်အင်၊
ပြည်တော်ဦး မဂ်လမ်းစဉ်ကို ၊

ရွှေဘုန်းရှင်တွင်တွင်ပွားကြပါဆို့လေး...။

No comments: