Monday, January 13, 2014

ဓမ္မဒူတ လူငယ်များ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး ထွက်မည်

ဇန္နဝါရီ ၁၃ ၊ အင်ချောန်း

ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၄-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် ဇန္နဝါရီလ ၂၆ ရက်(တနင်္ဂနွေ) နှင့် ၃၁ ရက်နေ့ (ဆောလားပိတ်ရက်)တို့တွင် ဂန်ဝေါန်ဒို (Ganweon Do) ရှိ vivaldipark (ဤနေရာနှိပ်ပါ) သို့ အပမ်းဖြေခရီး ထွက်ခွါရန် စီစဉ်ထားပါသည် ။

အဆိုပါ ရေခဲတောင် အပမ်းဖြေ ခရီးစဉ်သို့ လိုက်ပါလိုသူများ ကားခ အသွားအပြန်စရိတ် တစ်ဦးလျင် ဝမ် ၂ သောင်း ၅ထောင်(ဝမ်နှစ်သောင်းငါးထောင်) နှုန်းဖြင့် လိုက်ပါနိုင်ပါသည်။

ဝမ်နှစ်သောင်းငါးထောင်မှာ အသွားအပြန်ကားခ သက်သက်သာ ဖြစ်ပြီး ၊ အခြားစရိတ်များမှာ ညီအစ်ကို ခရီးသည်များ၏ လွတ်လပ်သည့်ဆန္ဒအရ ရွေးချယ်အသုံးပြုနိုင်ပါသည် ။

ဝင်ကြေးမရှိပါ။

လိုက်ပါလိုသူများ အောက်ဖော်ပြနေရာများတွင် ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါသည်-
- 032-521-7571: Sagawar
- 032-518-1792: Myanmar Thagyi
- 032-521-2290: Mother’s House
- 032-507-3236: Son See Yar
- 070-7761-2457: Teletalki
- 010-4303-0399: Ywet Hla Ein


အသက်သာဆုံးသော ဝန်ဆောင်မှုများဖြင့် ၊ မြန်မာတို့၏ အကျိုးကိုဆောင်ပါအံ့ ။

လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)လူငယ်များ
http://www.vivaldipark.com/

No comments: