Saturday, February 1, 2014

မွန်၊ ဖားအောက်တိုက်နယ်ရဲ့ အလှူ သာဓု ခေါ်

မွန်ပြည်နယ် ဖားအောက်တိုက်နယ်အသင်းဧ။် ပထမအကြိမ် အလှူတော်မင်္ဂလာ အောင်ပွဲ 

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စနေနေ့ ကိုရီးယားနှစ်သစ်ကူး (설날) တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ဖားအောက်တိုက်နယ် ညီအကိုများအသင်းက တူညီသောစိတ်ထား တူညီသောသဒ္ဓါတရားတို.ဖြင့် အညီအညွတ် စုပေါင်း၍ ဖူဆန်းမြို့၊ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် မြန်မာပိုင်ကျောင်းတော်ကြီး ပြည့်စုံပြီးမြောက်စေရန် စိတ်ရည်သန်လျက် ကျောင်းမြေနှင့် ဘုရားခန်းအတွက် ပထမအကြိမ် ဝိဟာရဒါန အလှူတော်ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြပါသည်။ ကျောင်းအလှူတော်မင်္ဂလာပွဲတွင် ဘုရားအမှူးရှိသော ပင့်သံဃာများဖြစ်ကြသည့် ဖူဆန်းဓမ္မယာန ပြည်တော်ဦး ဆရာတော်၊ ဆာ့ဆန်ဓမ္မယာန ဆရာတော် အရှင်မဏ္ဍလနှင့် ကင်မ်ဟဲဓမ္မယာန ဆရာတော် အရှင်သြဒါတာလကာင်္ရ (၃)ပါးတို့အား ဆွမ်းဘောဇဉ်တို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ကြွရောက်လာသည့် ဧည့်ပရိသတ်တို.ကို ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံကာ အလှူအောင်ပွဲအဖြစ် ဓမ္မမိတ်ဆွေများနှင့် အတူတကွ သီလယူ အလှူပေး၍ အနုမောဒနာတရားကို နာကြားခဲ့ကြပါသည်။ အသင်းသူ၊အသင်းသားအားလုံး ၀မ်းမြောက်နုမော်သာဓုခေါ်ယူနိုင်ကြပါစေ။ 

ယနေ့လှူဒါန်းသောကုသိုလ်အစုစုမှာ-- 
စုပေါင်းကောက်ခံရရှိငွေ ---    ၂၃၀၀၀၀၀ 
ဆရာတော်သုံးပါးအတွက် ၀တ္ထုကပ်လှူငွေ ၆၀၀၀၀၀
ပည်တော်ဦးကျောင်းသစ်အတွက် ကျောင်းမြေအလှူငွေ ၃၆၀၀၀၀
ပြည်တော်ဦးကျောင်းသစ်ဘုရားခန်းအလှူငွေ ၃၆၀၀၀၀ 
ဂင်ဟဲလ် ဓမ္မယာနကျောင်းအတွက်ဝေယျာဝစ္စအလှူတော်ငွေ ၁၉၀၀၀၀ 
ဧည့်ခံကျွေးမွေးအထွေထွေအလှူငွေ ၇၉၀၀၀၀ 

ကိုရီးယားရောက် ဖားအောက်တိုက်နယ် ညီအစ်ကိုများ 


No comments: