သူငယ်ချင်း
ကိုရီးယားမှာ ...
မင်းလိုချင်တာ မှန်သမျှ
အကုန်ရတယ်။
ဒါပေမဲ့
တစ်ခုတော့ မရဘူး
အဲဒါ
နားလည်မှု့ပဲ။
ခံစားချက်ဆိုတာကလည်း
ရေမြေအလိုက် ပြောင်းလဲတတ်တဲ့
တေးသွားတစ်ပုဒ်ပဲ မဟုတ်လား၊
တစ်ဖက်သားဘ၀ကို မေ့ထားပြီး
ကိုယ့်အတွက်ပဲ
မျက်တောင်မခတ်
ကြည့်ကြတဲ့ အခါတိုင်း
လူတွေရဲ့ ဆက်ဆံရေးဟာ
ညှီစော်နံတတ်တာ သဘာဝပဲလေ။
ကျန်းမာရေးကို ဂရုစိုက်နော်
တို့ တစ်တွေက
ကိုယ့်အတောင်ပံ ကိုယ်ခတ်လို့ 
လေဆန်ကို ပျံသန်းနေကြတာလေ။
သူငယ်ချင်း
နှင်းဖွေးဖွေးလေးတွေကျ အေးစစရာသီမှာ
နွေးနွေးထွေးထွေးနေနော်
စောင်ခြုံပေးတတ်တဲ့ မင့်မေမေက
အဝေးမှာ မဟုတ်လား၊
အစားအသောက်လည်း ဆင်ခြင်
ရင်ပြည့်ရင် အစာကြေဆေးတိုက်တတ်တဲ့
မင့်မေမေက အဝေးမှာမဟုတ်လား။
ငွေကို ကြက်လို ယှက်ရှာရတဲ့
တို့ တစ်တွေရဲ့ နေ့စွဲတိုင်းမှာ
ချမ်းသာတာဆိုလို့ 
မိသားစုကို လွမ်းပြရတာ တစ်ခုပဲရှိတယ်။
မောင်မောင် ( အိမ်လွမ်းသူ )
28.1.2014
Type rest of the post here
No comments:
Post a Comment