Friday, January 31, 2014

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူး အထူး ဓမ္မသဘင် ဖိတ်ကြားလွှာ

ဇန္နဝါရီ ၃၁ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကို ဓမ္မဒူတဆင်တာ(ကိုရီးယား)တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ၊ တရားနာကြွရောက်တော်မူကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်-

ရက်စွဲ-
၂၀၁၄-ဖေဖော်ဝါရီ၁ (စနေ)
အချိန်-
နေ့လည် ၁နာရီခွဲမှ ၃ နာရီထိ
နေရာ-
ဓမ္မဒူတခမ်းမ

- ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူပါမည် ။
- ယနေ့ ဓမ္မဒူတလူငယ်များနှင့်အတူ ရေခဲတောင်အပမ်းဖြေခရီးစဉ်လိုက်ပါခဲ့ကြသည့် မိတ်ဆွေအပေါင်းတို့၏ စုပေါင်းအလှူငွေကိုလည်း ဓမ္မသဘင်တွင် ရေစက်ချလှူဒါန်းပါမည်။

ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၃၁

No comments: